# Trang 136 — ဝီထိမုတ်ပိုင်း

**ကာမသုဂတိ ၇ ဘုံ**

မနုဿလူ့ ဘုံ၎င်း၊ စာတုမဟာရာဇိကာ — စာတုမဟာရာဇ် ဘုံ၎င်း၊ တာဝတိံသာ — တာဝတိံသာဘုံ၎င်း၊ ယာမာ — ယာမာဘုံ၎င်း၊ တုသိတာ — တုသိတာဘုံ၎င်း၊ နိမ္မာနရတိ — နိမ္မာနရတိဘုံ၎င်း၊ ပရနိမ္မိတဝသဝတ္တိ — ပရနိမ္မိတဝသဝတ္တိဘုံ၎င်း၊ ဣတိ — ဤသို့၊ ကာမသုဂတိဘူမိ — ကာမသုဂတိဘုံသည်၊ သတ္တဝိဓာ — ခုနစ်ပါးအပြားရှိသည်၊ ဟောတိ — ၏။

ပေါင်း ကာမ ၁၁ ဘုံ

ပန — ဆက်ဦးအံ့၊ ဧကာဒသဝိဓာပိ — တဆဲ့တပါး အပြားရှိသည်လည်းဖြစ်သော၊ သော အယံ — ထိုဘုံသည်၊ ကာမာဝစရဘူမိန္တွေဝ — ကာမာဝစရဘုံဟူ၍သာလျှင်၊ သင်္ခံ — ခေါ်ဝေါ်အပ်သည်၏အဖြစ်သို့၊ ဂစ္ဆတိ — ရောက်၏။

ကာမသုဂတိ ၇ ဘုံ။ ။ [သု = ကောင်းသော + ဂတိ = လားရာဘုံ။] ကောင်းသော လာရောက်ရာဘုံကို "သုဂတိဘုံ" ဟု ဆိုသည်။ ဤကာမသုဂတိ ၇ ဘုံ၏ သရုပ်ကို ပါဠိကြည့်၍ ရေတွက်လေ။

ကာမ ၁၁ ဘုံ။ ။ အပါယ် (ဒုဂ္ဂတိ) ၄ ဘုံနှင့် ဤသုဂတိ ၇ ဘုံကို ကာမ ၁၁ ဘုံ ဟု ခေါ်သည်၊ ပါဠိကြည့်၍ သရုပ်ရေတွက်လေ။

> စာတုမဟာရာဇ်ဘုံသည် မြင့်မိုရ်တောင်၏ အလယ်လေခံမှ စ၍ မြေပြင်ရောက်အောင် ပြန့်နှံ့၏၊ တာဝတိံသာဘုံသည် မြင့်မိုရ်တောင်ထိပ်၌ ယာမာစသောဘုံသည် ထိုအထက် ကောင်းကင်၌ အဆင့်ဆင့်မြင့်လျက် တည်ကြ၏၊ ထက်ဝန်းကျင်၌ကား နတ်ပြည်ခြောက်ထပ်လုံးပင် စကြာဝဠာတံတိုင်းထိအောင် ပြန့်နှံ့တည်နေကြသော ဟူ၏။

---

## လေ့ကျင့်ခဏ်း မေးခွန်းများ

**က။** အဘယ့်ကြောင့် ဝီထိမုတ်ပိုင်းဟု ခေါ်သနည်း။

**ခ။** အဘယ့်ကြောင့် ဘုံင်း ဟု ခေါ်သနည်း။

**ဂ။** ဝီထိစိတ္တဝသေနေဝံ ဂါထာသည် အဘယ်ကို ပြသောဂါထာနည်း၊ ၎င်းဂါထာကို အနက်ပေး၍ စကားပြေကို ပြပါ။

**ဃ။** ပဝတ္တိသင်္ဂဟောနာမသန္ဒိယံ-ဟု ဆိုသောကြောင့် ပဋိသန္ဓေအခါ၌သာ ဖြစ်ပုံကို ပြမည်လော၊ ဥပမာဆောင်၍ ထင်ရှားပြပါ။

**င။** စတ္တာရိစတုက္ကာနိ အရ စတုက္က ၄ပါးကို ကောက်ပြပါ။

**စ။** အဘယ်ကို "ဘုံ"ဟု ခေါ်သနည်း၊ ဘုံလေးပါးကို ရေတွက်ပါ။

**ဆ။** အဘယ်ဘုံမျိုးကို "အပါယ်ဘုံ"ဟု ခေါ်သနည်း၊ အပါယ်ဘုံ ၄ ပါးကို သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။

**ဇ။** နိရဲကြီး ၈ ထပ်ကို လင်္ကာထောက်၍ ရေတွက်ပါ။

**ဈ။** တထပ် တထပ်၌ "ဥဿဒ" ခေါ် ငရဲငယ်များကို ရေတွက်ပါ။

**ည။** ထို ငရဲဘုံများသည် အဘယ်အရပ်၌ ရှိသနည်း။

**ဋ။** အဘယ် သတ္တဝါမျိုးကို တိရစ္ဆာန် ဟု ခေါ်သနည်း။

**ဌ။** အဘယ် သတ္တဝါမျိုးကို ပြိတ္တာ ဟု ခေါ်သနည်း။

**ဍ။** အဘယ် သတ္တဝါမျိုးကို အသုရကာယ် ဟု ခေါ်သနည်း။

**ဎ။** ကာမသုဂတိ ၇ ဘုံကို သင်္ဂြိုဟ်ထောက်၍ ရေတွက်ပါ။

**ဏ။** ကာမ ၁၁ ဘုံတွင် သုဂတိဘုံ ဒုဂ္ဂတိဘုံ မည်မျှစီ ရှိသနည်း။

**တ။** စာတုမဟာရာဇ် စသော ဘုံများ အဘယ်အရပ်၌ တည်သနည်း။
