## PAGE 208 လတံ့။ ဣတိ၊ ဤသို့ နှလုံးပြု၍။ **ပိဏ္ဍပါတံ**၊ ဆွမ်းအစရှိသော အာဟာရကို။ **ပဋိသေဝါမိ**၊ မှီဝဲပါ၏။ ### သေနာသန ပစ္စဝေက္ခဏာ **ပဋိသင်္ခါ ယောနိသော သေနာသနံ ပဋိသေဝါမိ၊ ယာဝဒေဝ သီတဿ ပဋိဃာတာယ၊ ဥဏှဿ ပဋိဃာတာယ၊ ဋံသ မကသ ဝါတာတပ သရီသပ သမ္ဖဿာနံ ပဋိဃာတာယ၊ ယာဝဒေဝ ဥတုပရိဿယ ဝိနောဒန ပဋိသလ္လာနာရာမတ္ထံ။** **ယောနိသော**၊ သင့်သောအကြောင်းအားဖြင့်။ **ပဋိသင်္ခါ** (**ပဋိသင်္ခါယ**)၊ ပညာဖြင့် ဆင်ခြင်၍။ **သေနာသနံ**၊ ကျောင်းအိပ်ရာနေရာကို။ **ပဋိသေဝါမိ**၊ မှီဝဲပါ၏။ **သီတဿ**၊ အအေးကို။ ယာဝ ပဋိဃာတာယ ဧဝ၊ ပယ်ဖျောက်နိုင်ရုံ အကျိုးငှာသာလျှင်။ **ဥဏှဿ**၊ မီးပူကို။ ယာဝ ပဋိဃာတာယ ဧဝ၊ ပယ်ဖျောက်နိုင်ရုံ အကျိုးငှာသာလျှင်။ **ဋံသ မကသ ဝါတာတပ သရီသပ သမ္ဖဿာနံ**၊ မှက် ခြင် လေ နေပူ မြွေ ကင်းတို့၏ အတွေ့တို့ကို။ ယာဝ ပဋိဃာတာယ ဧဝ၊ ပယ်ဖျောက်နိုင်ရုံ အကျိုးငှာသာလျှင်။ **သေနာသနံ**၊ ကျောင်းအိပ်ရာနေရာကို **ပဋိသေဝါမိ**၊ မှီဝဲပါ၏။ ယာဝ ဥတုပရိဿယ ဝိနောဒန ပဋိ- --- ဝိသုဒ္ဓိမဂ်။ ။**ပရိဿယနဋ္ဌေန** (**အဘိဘဝနဋ္ဌေန**) **ဥတုယေဝ ဥတုပရိဿယော**- လွှမ်းမိုးနှိပ်စက်တတ်သော ဥတု၊ **ပဋိသလ္လာနာရာမတ္တံ**- **ဧကီဘာဝသုခတ္တံ**- [ တစ်ခုတည်းသော ကမ္မဋ္ဌာန်း အာရုံကို ယူနေသဖြင့် ] တစ်ယောက်တည်းကဲ့သို့ ဖြစ်ခြင်း၌ ချမ်းသာခြင်းအကျိုးငှာ။ ## PAGE 209 သလ္လာနာရာမထံ ဧဝ၊ ဥတုဘေးရန်ကို ပယ်ဖျောက်နိုင်ရုံ တစ်ပါးတည်း ကิန်းအောင်းခြင်း၌ မွေ့လျော်နိုင်ရုံ အကျိုးငှာ သာလျှင်။ **သေနာသနံ**၊ ကျောင်းအိပ်ရာ နေရာကို။ **ပဋိ-** ### ဘေသဇ္ဇ ပစ္စဝေက္ခဏာ **ပဋိသင်္ခါ ယောနိသော ဂိလာန ပစ္စယ ဘေသဇ္ဇ ပရိက္ခာရံ ပဋိသေဝါမိ၊ ယာဝဒေဝ ဥပ္ပန္နာနံ ဝေယာဗာဓိကာနံ ဝေဒနာနံ ပဋိဃာတာယ အဗျာဗဇ္ဈပရမတာယ။** **ယောနိသော**၊ သင့်သောအကြောင်းအားဖြင့်။ **ပဋိသင်္ခါ** (**ပဋိသင်္ခါယ**)၊ ပညာဖြင့် ဆင်ခြင်၍။ **ဂိလာနပစ္စယဘေသဇ္ဇ ပရိက္ခာရံ**၊ ဂိလာန၏ ရောဂါအတွက် ဆန့်ကျင်ဘက်ဖြစ်၍ အသက်၏ အရံအကာ အဆောက်အဦးဖြစ်သော ဆေးကို။ --- ဝိသုဒ္ဓိမဂ်။ ။**ရောဂဿ ပဋိအယနဋ္ဌေန ပစ္စယော**၊ **ဂိလာနပစ္စယောဝ ဘေသဇ္ဇ ဂိလာနပစ္စယဘေသဇ္ဇ**- ဂိလာန၏ ရောဂါ၏ ဆန့်ကျင်ဘက်ဖြစ်သော ဆေး၊ **ပရိက္ခာရောတိ**။ပ။ ဣဓ **သမ္ဘာရောပိ** (အကြောင်း အဆောက်အဦး) **ပရိဝါရောပိ** (အရံအကာ) ဝဋ္ဋတိ။ **ဥပ္ပန္နာနံတိ ဇာတာနံ ဘူတာနံ နိဗ္ဗတ္တာနံ**။ [ ဖြစ်ပြီးသော ဒုက္خဝေဒနာတို့သည် သူ့အလိုလို ဥပါဒ်ရှီဘင်စေ့က ချုပ်ပျောက်မြဲဖြစ်၍ ဆေးဖြင့် တားမြစ်ဖွယ် မလို၊ ထို့ကြောင့် ဖြစ်ပြီးဝေဒနာနှင့်တူသော ဖြစ်လတံ့ ဝေဒနာများကို ယူ၊ ထို ## PAGE 210 ဝေဒနာများကိုသာ နောင်မဖြစ်လာအောင် ဆေးဖြင့် တားမြစ်နိုင်၏၊ ထို့ကြောင့် “**ဥပ္ပန္နသဒိသာ ပန ဥပ္ပန္နောတိ ဝုစ္စန္တိ**” စသည်ဖြင့် ဋီကာ ဖွင့်သည်။] **ပဋိသေဝါမိ**၊ မှီဝဲပါ၏။ **ဥပ္ပန္နာနံ**၊ ဖြစ်ပြီး ဝေဒနာနှင့် တူကုန်သော။ **ဝေယာဗာဓိကာနံ**၊ ဓာတ်ချောက်ချားခြင်း အရင်းခံရှိသော အနာကြောင့် ဖြစ်ကုန်သော။ **ဝေဒနာနံ**၊ ဆင်းရဲဝေဒနာတို့ကို။ ယာဝ ပဋိဃာတာယ ဧဝ၊ ပယ်ဖျောက်နိုင်ရုံ အကျိုးငှာသာလျှင်။ ယာဝ အဗျာဗဇ္ဈပရမတာယ ဧဝ၊ ဆင်းရဲကင်းကွာ ကျန်းမာ ချမ်းသာခြင်း အတိုင်းအရှည် တိုင်ရုံ အကျိုးငှาသာလျှင်။ **ဂိလာနပစ္စယ ဘေသဇ္ဇ ပရိက္ခာရံ**၊ ဂိလာန၏ ရောဂါအတွက် ဆန့်ကျင်ဘက်ဖြစ်၍ အသက်၏ အရံအကာ အဆောက်အဦးဖြစ်သော ဆေးကို။ **ပဋိသေဝါမိ**၊ မှီဝဲပါ၏။ **ဝေယာဗာဓိကာနန္တိ ဧတ္ထ ဗျာဗာဓောတိ** (**ဝေယာဗာဓော** နှင့် **ဗျာဗာဓော** တူသည်၊ **ဝေယာကရဏ** နှင့် **ဗျာကရဏ** တို့ တူသကဲ့သို့ตည်း၊) **ဓာတုက္ခောဘော**၊ **တံသမုဋ္ဌာနာ စ ကုဋ္ဌ ဂဠကာဒယော**၊ **ဗျာဗာဓတော ဥပ္ပန္နော ဝေယာဗာဓိကာ**၊ [ ခန္ဓာကိုယ်၌ ဓာတ် ၄-ပါးပျက်မှုကို "ဓာတုက္ခောဘ" ဟု ခေါ်၏၊ ထိုသို့ ဓာတ်ချောက်ချားမှုကြောင့်လည်း ညောင်းမှု ကိုက်မှု စသော ဒုက္ခဝေဒနာ ဖြစ်တတ်သည်၊ ဓာတ်ချောက်ချားလျှင် အနာပေါက်တတ်၏၊ ထိုအနာကြောင့်လည်း ဒုက္ခဝေဒနာ ဖြစ်လာတတ်၏-ဟူလို။ ] "**ဝေယာဗျာဓိကာနံ**" ဟု ရှိသည်ကား အဋ္ဌကထာဖွင့်နှင့် မညီ။