## PAGE 1

**အရှင်ဇနကာဘိဝံသ**
၏
# <mark>ရုပ်ပုံရှင်ကျင့်ဝတ်</mark>

ပြည်ထောင်စု မြန်မာနိုင်ငံ

ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် သာသနာရေးဦးစီးဌာန ဗုဒ္ဓသာသနာအဖွဲ့ပုံနှိပ်တိုက်

သာသနာ ၂၅၁၉
ကောဇာ ၁၃၃၇
ဩဂုတ် ၁၉၇၅

## PAGE 2

<mark>ရုပ်ပုံရှင်ကျင့်ဝတ်</mark>

## PAGE 3

၂၁၉၉၁

**အရှင်ဇနကာဘိဝံသ**
၏
# <mark>ရုပ်ပုံရှင်ကျင့်ဝတ်</mark>

ပြည်ထောင်စု မြန်မာနိုင်ငံ

ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် သာသနာရေးဦးစီးဌာန ဗုဒ္ဓသာသနာအဖွဲ့ပုံနှိပ်တိုက်

သာသနာ ၂၅၁၉
ကောဇာ ၁၃၃၇
ဩဂုတ် ၁၉၇၅

## PAGE 4

ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် သာသနာရေး ဦးစီးဌာန ဗုဒ္ဓသာသနာအဖွဲ့ပုံနှိပ်တိုက်တွင် ညွှန်ကြားရေးမှူး ဦးလှမောင် M.A., M.S.,B,L ( မှတ်ပုံတင်အမှတ် ၀၀၇၉/၀၅၂၂)က ပုံနှိပ်ထုတ်ဝေသည်။

## PAGE 5

# ရုပ်ပုံ ရှင်ကျင့်ဝတ် အခြေခံ <mark>နိဒါန်း</mark>

**ရှင်သာမဏေ အစ။** ။ဘုရားပွင့်တော်မူစ၌ သာသနာဝင်လို သူများသည် ရှင်သာမဏေ ဘဝ၌ ရပ်နားခြင်းမရှိဘဲ <mark>တစ်ခါတည်း</mark> ရဟန်းဘဝသို့ ရောက်ကြကုန်၏၊ နောက်မှသာ “အသက်-၂၀ မပြည့်လျှင် ရဟန်းမပြုရ”ဟု ပညတ်တော်မူသောကြောင့် ရှင်သာမဏေများ ဖြစ်ပေါ်လာ ရပေသည်။

ထိုအခါ သာမဏေအရွယ် အစားစားရှိနေပြန်ရာ အမျိုးတစ်မျိုး၌ “အဟိဝါတ” မည်သော ကူးစက်တတ်သော ရောဂါကြောင့် <mark>တစ်မျိုးလုံး</mark> သေဆုံး၍ သားအဘ ၂-ယောက် သာ ကျန်ရစ်သဖြင့် ထိုသားအဘ ၂-ယောက်လုံးပင် ရှင် ရဟန်း ပြုကြလေသည်။

ထို့နောက် နံနက်အခါ ဆွမ်းခံသွားလတ်သော် အဘ ရဟန်းအား ဆွမ်းလောင်းသောအခါ နောက်ကျန်ရစ်သော ကိုရင်ကလေးသည် ပြေးလာ၍ “အဘေ….အဘေရတဲ့ ထမင်းကို ကျုပ်လဲ ပေးပါဦး”ဟု တောင်းရှာ၏၊ ထိုသို့ဖြစ်ပုံကို မြင်၍ သနားတတ်သူတို့က သနားကြမည် ဖြစ်သော်လည်း အတွေးနက်သူတို့ကမူ“ဤရဟန်းတွေဟာ မေထုန်ကို မရှောင် ကြ၊ ဒီ ကိုရင်ကလေးလဲ ဘိက္ခုနီမက မွေးတာဘဲ” ဟု အလွဲ ထင်၍ ပြစ်တင် ကဲ့ရဲ့ကြလေသည်။ ထိုအကြောင်းကို ဘုရားရှင် ကြားသိတော်မူ၍

## PAGE 6

“<mark>တစ်ဆယ့်ငါးနှစ်</mark> အသက်ပြည့်မှ ကိုရင်ဝတ် ပေးရမည်”ဟု <mark>ပထမ</mark> ပညတ်တော်မူသည်။

**ကျီးချောက်နိုင်လျှင် ရှင်ပြုတော့။** ။ထိုသို့ပညတ်တော်မူပြီး နောက် အရှင်အာနန္ဒာ၏ ဒါယကာ အမျိုးလည်း ထို“အဟိဝါတ” ရောဂါဆိုးကြောင့် ပင် ပျက်စီးကြလေရာ လူမမယ်ကလေး ၂-ယောက်သာ <mark>ကျန်ရစ်၏</mark>၊ ထိုကလေး ၂-ယောက်သည် မိဘများ လက်ထက်က ရဟန်းများနှင့် အရောတဝင်နေလေ့ ရှိသည့်အတိုင်း ထိုအချိန် မှာ ရဟန်းတော်များကို သာ၍ အားကိုးရှာသဖြင့် ရဟန်း တော်များ မြင်လျှင် ပြေးလာကြကုန်၏၊ ထိုအခါ ကရုဏာ ကင်းမဲ့သော ရဟန်းတို့က ငေါက်ငမ်းကြသောကြောင့် ကလေးတွေ ငိုကြရှာလေသည်။

ထိုဖြစ်ပုံကို အရှင်အာနန္ဒာ မြင်ရ၍ သနားခြင်း ပြင်းပြ သော်လည်း <mark>တစ်ဆယ့်ငါးနှစ်</mark> မပြည့်သေးရကား ရှင်ပြုပေးလိုပါ လျက် မပေးသာသောကြောင့် ဘုရားရှင်အား အကြောင်းစုံ ကို လျှောက်ရလေသည်၊ ထိုအခါ “ကျီးချောက်နိုင်လောက်ပြီ = (မိမိရှေ့၌ ချထားသော ဆွမ်းကို ကျီးမနှိုက်အောင် ချောက်၍ စားနိုင်လောက်ပြီလား”” ဟု မေးတော်မူ၍ “ချောက်နိုင်လောက်ပါပြီ” ဟု လျှောက်ထားသဖြင့် “ကျီး ချောက်နိုင်လောက်သော ကလေးကို <mark>တစ်ဆယ့်ငါးနှစ်</mark> မပြည့် သေးသော်လည်း ရှင်ပြုပေးနိုင်၏”ဟု ခွင့်ပြုတော်မူသည်။

**ကျင့်နိုင်ခြင်းသာ ပဓာန။** ။ဤ ခွင့်ပြုတော် မူချက်သည် သနားစဘွယ် ကလေးများ၏

## PAGE 7

အားကိုးရာမဲ့ပုံကို <mark>သင့်တော်</mark>မူသောကြောင့် ဖြစ်၏။ ယခုကာလ၌ကား ဤခွင့်ပြုတော်မူချက်အရ အရွယ်ကို ပမာဏ မထားတော့ဘဲ ရှင်ပြုလေ့ရှိကြ၏။ သို့သော် အရှင်အာနန္ဒာကဲ့သို့ ဆရာကောင်းဖြစ်သူတို့က အမြဲ ကြည့်ရှုနိုင်မှ ရှင်ပြုရကျိုးနပ်ပေလိမ့်မည်။

ထိုသို့ မကြည့်ရှုနိုင်လျှင်<mark>လည်းကောင်း</mark>၊ ကြည့်ရှုနိုင်သော်လည်း ကိုရင်ကလေးက မလိုက်နာလျှင်<mark>လည်းကောင်း</mark> ယခုပြမည့် ရှင်ကျင့်ဝတ်နှင့် ပြဒါး<mark>တစ်လမ်း</mark> သံ<mark>တစ်လမ်း</mark> ဖြစ်<mark>ဖွယ်</mark>ရှိရကား မိမိသားငယ် တပည့်ငယ်များကို လောကဓမ္မ မနစ်နာရအောင် (သနားစဘွယ် ငယ်လွန်းသောကလေးများကို ကျောင်းသား ဖိုးသူတော်အဖြစ်ဖြင့် ထိန်းသိမ်းထား၍) ရှင်ကျင့်ဝတ်အတိုင်း နေနိုင်လောက်မှသာ ရှင်ပြုပေးသင့်ကြပါသည်။ ဤသို့ တိုက်တွန်းရခြင်း အကြောင်းကို အောက်ပါအချက်များဖြင့် ရှင်းပြပါဦးမည်။

၁။ လွတ်လပ်ပြီးသော ပြည်ထောင်စု မြန်မာနိုင်ငံတော်ဝယ် ဌာနတိုင်း၌ စံနစ်တကျရှိအောင် ရှေး<mark>ဦးစွာ</mark> ထူထောင်ပြီးလျှင် စံနစ်တကျရှိပြီးသော ဌာနကိုလည်း ဆင့်တက်တိုး<mark>ပွား</mark>အောင် ကြိုးစားဘို့ အရေးကြီးပါသည်။ ထိုဌာနပေါင်း များစွာတို့တွင် ဗုဒ္ဓမြတ်စွာ၏ သာသနာရေးဌာနလည်း အပါအဝင် ဖြစ်၏။ ဤဌာနကို စံနစ်တကျ ဖြစ်စေပြီးနောက် တိုးတက်အောင် ပြုပြင်နိုင်ပါလျှင် နိုင်ငံတော်မှာ လွန်စွာ ကျေးဇူးများသော အထွတ်အထိပ်ဌာန ဖြစ်နိုင်ပါသည်။

## PAGE 8

မှန်၏ … များစွာသော တိုင်းသူပြည်သားတို့သည် ဗုဒ္ဓမြတ်စွာ၏ တရားတော်ကို လေးစားသော ဗုဒ္ဓဘာသာဝင်တို့သာ ဖြစ်ကြသည်။ ထိုဗုဒ္ဓဘာသာဝင် အများတို့သည် ကောင်းမွန်စွာ နေထိုင်သော ရဟန်းသံဃာတော်များကို ကြည်ညိုကိုးစား အားထားကြသဖြင့် ထိုသံဃာတော်များ၏ ဩဝါဒကိုလည်း လေးစား ယုံကြည်ကြတုန်းပင် ဖြစ်သည်။

၂။ ယခုအခါ နိုင်ငံတော်၌ ကိုယ်ကျင့်စာရိတ္တ ပြုပြင်ဘို့ရာ ကျယ်လောင်စွာ ကြွေးကြော်လျက်ရှိ၏။ ဗုဒ္ဓရှင်တော်မြတ်၏ ဩဝါဒဒေသနာတော်သည် ထိုစာရိတ္တပြုပြင်မှုကို အခြေအမြစ်ကစ၍ တိကျပြတ်သားစွာ ညွှန်ပြတော်မူ၏။ ထိုဝါဒအတိုင်း မလိုက်နာသူ၊ သို့မဟုတ် ပင်ကိုယ်ကောင်းမဟုတ်သူသည် ထိုစာရိတ္တကို ပြုပြင်ကားစေကာမူ “ခွေးမြီးကောက် ကျည်တောက်စွပ်” သကဲ့သို့ မကြာမီပင် နဂိုရ်ပျက်မြဲတိုင်း ပျက်<mark>ဖွယ်</mark>ရှိ၏။ ဗုဒ္ဓရှင်တော်မြတ်၏ ဩဝါဒကို လိုက်နာသူကား <mark>တမင်တကာ</mark> ဖျက်စေကာမူ စာရိတ္တမပျက်ရုံသာမက ဆတက်တိုး ထမ်းပိုးသာ၍ ပြောင်ပါလိမ့်မည်။

[ပင်ကိုယ်ကောင်းနေသူလည်း မည်သည့် ဘာသာဝင်မဆို ဘုရားအလိုတော်နှင့် သင့်လျော်ပြီးသူပင် ဖြစ်၏။]

၃။ ဩဝါဒကို အခြေအမြစ်ကစ၍ ထိန်းသိမ်းစောင့်ရှောက်ရသော ဆရာတော် သံဃာတော်များသည် တိုင်းသူပြည်သားတို့၏ စာရိတ္တပြုပြင်မှု၌ အထူး ကြောင့်ကြစိုက်ကြပါမူ တိုင်းသူပြည်သားတို့သည် အဘယ်မှာ

## PAGE 9

စာရိတ္တမကောင်းဘဲ ရှိနိုင်ပါမည်နည်း။ သို့သော် တိုင်းသူပြည်သားတို့၏ စာရိတ္တကို ပြုပြင်ကြတော့မည်” ဟု ကြံစည်သည်နှင့်<mark>တစ်ပြိုင်နက်</mark> မိမိတို့၏ စာရိတ္တကိုလည်း အဘက်ဘက်က အချက်ကျအောင် ပြုပြင်ပြီးဖြစ်မှသာ အပြုပြင်ခံရသော တိုင်းသူပြည်သားတို့ လိုက်နာလိုကြပေမည်။ မိမိတို့ စာရိတ္တက မလုံလောက်ပါဘဲ “ငါဆို-မဆိုနဲ့ နင်ဆို-ဆို” ဟူသော ပြောဟော ပြုပြင်ခြင်းမျိုးကား အကျိုးမရသည့်ပြင် အပြစ်တင်သာ ခံရတတ်ပါသည်။

**အတ္တာနေမဝ ပဌမံ၊ ပဋိရူပေ <mark>နိဝေသေ</mark>။**
**အထညမနုသာသေယျ၊ န ကိလိဿယျ ပဏ္ဍိတော။**

**ပဌမ** = ရှေး<mark>ဦးစွာ</mark> မိမိကိုယ်ကို <mark>သင့်တော်</mark>သော ဂုဏ်၌ သွင်းထားရမည်။ ထို့နောက်မှ <mark>သူတစ်ပါး</mark>ကို မိမိကဲ့သို့ ဖြစ်အောင် သွန်သင် ဆုံးမ နည်းလမ်းပြရမည်။ မိမိသော်မှ မပြုနိုင်သော ကိစ္စဝယ် <mark>သူတစ်ပါး</mark>ကို တိုက်တွန်းလျှင် အကျိုးမရဘဲ <mark>သူတစ်ပါး</mark>အထံမှ အကဲ့ရဲ့ကိုသာ ခံရတတ်သည်။ အကြောင်းအကျိုး မြင်သိသော ပညာရှိသည် ထိုသို့ အကဲ့ရဲ့ခံရခြင်းဖြင့် မိမိကိုယ်ကို မပင်ပန်းပါစေလင့်။ (ဓမ္မပဒ၊ အတ္တဝဂ်၊ ဥပနန္ဒဝတ္ထု)

၄။ ထို့ကြောင့် တိုင်းသူပြည်သားတို့ အကိုးကွယ်ကို ခံယူကာ ဆရာလုပ်၍ နေကြရသော ရဟန်း သံဃာတော်များသည် မိမိတို့၏ ကိုယ်ကျင့်စာရိတ္တကို <mark>ဦးစွာ</mark> ပြုပြင်ရာ၌ ရှင်သာမဏေဘဝမှစ၍ ပြုပြင်သင့်သော

## PAGE 10

ကိုယ်ကျင့်များကို ပြုပြင်နှင့်ဘို့ရာ ရှေးဆရာတော်များသည် “ရှင်ကျင့်ဝတ်” ဟူသော နာမည်ဖြင့် (ရဟန်းတော်များလည်း ကျင့်ရမည့်) **သိက္ခာပုဒ်**များကို ဝိနည်းပါဠိတော်ကြီးမှ ထုတ်ဖော်ညွှန်ပြခဲ့ကြပေသည်၊ ထိုရှင်ကျင့်ဝတ်၌ သင်္ကန်းဝတ်ပုံ၊ ရုံပုံ၊ စားပုံ၊ သောက်ပုံ၊ မြို့ရွာအတွင်း နေထိုင်ပုံမှစ၍ စုံလင်စွာပင် ဘုရားရှင် ပညတ်တော်မူထားပေသည်။

၅။ ထိုရှင်ကျင့်ဝတ်အတိုင်းသာ နေထိုင်သွားလာ စားသောက်ကြပါလျှင် “ရဟန်းကျင့်ဝတ်၊ <mark>တစ်ပါးတတ်က</mark>၊ လူနတ်<mark>ဦးခိုက်</mark>၊ ရှိခိုးထိုက်၏” <mark>ဟု</mark> ရှေးဆရာမြတ်တို့ မိန့်တော်မူအပ်သည်နှင့်အညီ လူကြီးလူကောင်းအများပင် ရှိခိုးဦးချချင်စရာ လွန်စွာကြည်ညို<mark>ဖွယ်</mark>ကောင်းသော ရှင်သာမဏေကလေး<mark>တစ်ပါး</mark> <mark>ဖြစ်ပါ</mark>လိမ့်မည်။

၆။ ထိုရှင်ကျင့်ဝတ်များကို <mark>တစ်ပါးတလေ</mark> ချွတ်ယွင်းနေပြန်လျှင်လည်း “ရဟန်းကျင့်ဝတ်၊ <mark>တစ်ပါးချွတ်က</mark>၊ လူနတ်မကြိုက်၊ ကဲ့ရဲ့ထိုက်၏” ဟူသော ရှေးဆရာတော်ကြီးများ၏ အမိန့်တော်နှင့်အညီ မြန်မာ<mark>တိုင်းဖွား</mark> ဗုဒ္ဓဘာသာဝင်များပင် ကြည်ညိုချင်<mark>ဖွယ်</mark>မကောင်းသော မောင်ရှင်ကလေး ဖြစ်မည်သာမက နိုင်ငံခြားသားတို့ကမူ ပြည်ထောင်စုအမျိုးသားအားလုံးကိုပင် သိမ်းကျုံး၍ “ဤလူမျိုးကား အဝတ်ဝါဝတ်သူတို့ကို <mark>ကိုးကွယ်ကြသောလူမျိုး”</mark> <mark>ဟု</mark> <mark>ရှိခိုးဦးချသူတွေကို</mark> <mark>လက်ညှိုးထိုးကြပါလိမ့်မည်။</mark>

## PAGE 11


၇။ ဤပြခဲ့သော အကြောင်းများကို အခြေခံထားပြီးလျှင် ရှင်သာမဏေဘဝမှစ၍ နေပုံထိုင်ပုံ၊ ဝတ်ပုံ၊ စားပုံအားဖြင့် သာသနာတော်နှင့် အမျိုး၏ကျက်သရေဆောင် ဖြစ်ကြစေလိုခြင်း၊ ထိုသို့ ကျက်သရေဆောင် သံဃတော်များ၏ ဩဝါဒကို နာယူရသော အမျိုးသား အမျိုးသမီးများ၏ ကိုယ်ကျင့်စာရိတ္တ မြင့်စေလိုခြင်းကြောင့် “ရှင်ကျင့်ဝတ်” <mark>ဟု</mark> ထင်ရှားပြီးသော သိက္ခာပုဒ်များကို လေးစားသောစိတ်ဖြင့် သားနားသစ်လွင်အောင် ရုပ်ပုံပေါင်းများစွာ တန်ဆာဆင်၍ “ရုပ်ပုံ ရှင်ကျင့်ဝတ်” ဟူသော အမည်သစ်ထွင်ကာ စီစဉ်ရေးသားလိုက်ရပါသည်။

**ရေးသားပုံ အစီအစဉ်**

(က) ရှေးဦးစွာ ခေါင်းရိတ်မှုမှစ၍ ပါဠိတော်နှင့် အဋ္ဌကထာလာသည့်အတိုင်း မြန်မာလို နားလည်အောင် ရေးသားထား၏၊ စိတ်ဝင်စား<mark>ဖွယ်</mark>ကောင်းသော <mark>တစ်ချို့</mark>အချက်၌ ရုပ်ပုံများကိုလည်း ပြထား၏၊ [ ရုပ်ပုံများကို သားသားနားနားနှင့် များများထည့်မည်<mark>ဟု</mark> ရည်ရွယ်သော်လည်း ရည်ရွယ်ချက် မကိုက်ဘဲ ဖြစ်နေပါသည်။ ]

## PAGE 12

(ခ) ထို့နောက် ရှင်သာမဏေများ အတုယူ<mark>ဖွယ်</mark>ကောင်း၍ (အလှူကြီးမှ မပေးရလျှင် ကိုရင်မဝတ်ကောင်း<mark>သလောက်</mark> အထင်ရောက်နေရှာသော) မိဘတို့လည်း သတိပြု<mark>ဖွယ်</mark>ကောင်းသော ရှေးရှေးက ရှင်သာမဏေများ၏ ဝတ္ထုကြောင်းကိုလည်း ပြထား၏။

(ဂ) ထို့နောက် ရှင်သာမဏေများကို ဩဝါဒပေးရမည့် ဆရာသမားတို့အတွက် လေးနက်သော မှတ်ချက် အဓိပ္ပါယ်များကို နောက်ဆက်တွဲ အနေအားဖြင့် ပါဠိ၊ အဋ္ဌကထာ၊ ဋီကာတို့မှ ထုတ်ဖော်ညွှန်ပြထား၏။

(ဃ) ထို့နောက် အမြဲနေနိုင်လောက်သော ရဟန်းလောင်း သာမဏေများနှင့် ဝိနည်းစာပြန်ပွဲများအတွက် လက်မလွတ်ရအောင် ရှင်ကျင့်ဝတ် ပါဌ်အနက် စသည်ကိုလည်း ပြထားပါသည်။

(င) ဤသို့ စုံလင်စွာ ပြထားသဖြင့် ဤရုပ်ပုံ ရှင်ကျင့်ဝတ် ကျမ်းစာသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို မြှင့်တင်ရာဝယ် သာသနာရေးဌာနအတွက် လေးနက်သော အထောက်အပံ့ <mark>ဖြစ်ပါ</mark>စေသတည်း။

**အရှင် ဇနကာဘိဝံသ**

ကဆုန်လဆန်း ၅-ရက် ၁၃၁၄-ခုနှစ်။

## PAGE 13

## မာတိကာ

| <mark>ဦး</mark>ရေ | အကြောင်းအရာ                                           | စာမျက်နှာ |
| :--- | :---------------------------------------------------- | :-------- |
| ၁။   | **ခေါင်းရိတ် ဆံချခဏ်း**                               |           |
|      | (က) သံဃာ့အထံ ခွင့်ပန်ခြင်း                            | ၁         |
|      | (ခ) ကမ္မဋ္ဌာန်း ပြောပြပုံ                             | ၅         |
|      | (ဂ) ခေါင်းရိတ်ပြီးနောက် နံ့သာဖြင့် ပွတ်တိုက် ပေးခြင်း | ဂ         |
| ၂။   | **သင်္ကန်း ဝတ်ပေးခဏ်း**                               |           |
|      | (က) ဆရာ့အထံ သင်္ကန်းကပ်ခြင်း                          | ၉         |
|      | (ခ) ဆရာ့ထံမှ သင်္ကန်းကို ပြန်၍တောင်းခြင်း             | ၁၁        |
|      | (ဂ) သင်္ကန်းဝတ်ခါနီး ဩဝါဒပေးခြင်း                     | ၁၂        |
|      | (ဃ) သင်္ကန်း ဝတ်ပေးပုံ                                | ၁၂        |
| ၃။   | **သရဏဂုံပေးခဏ်း**                                     |           |
|      | (က) သရဏဂုံနှင့် သီလတောင်းခြင်း                        | ၁၆        |
|      | (ခ) သရဏဂုံ ပေးခြင်း                                   |           |
|      | (ဂ) ဆယ်ပါးသီလ ပြောပြခြင်း                             | ၂၀        |
|      | (ဃ) ဥပဇ္ဈာယ် ယူစေခြင်း                                | ၂၂        |

## PAGE 14

( ည )

| <mark>ဦး</mark>ရေ | အကြောင်းအရာ                                     | စာမျက်နှာ |
| :--- | :---------------------------------------------- | :-------- |
| ၄။   | **ပစ္စည်း ၄-ပါး ဆင်ခြင်ပုံ သင်ပြခဏ်း**          | ၂၅        |
|      | (က) သင်္ကန်းလင်္ကာ (အဓိပ္ပါယ်နှင့်တကွ)          | ၂၇        |
|      | (ခ) ဆွမ်းလင်္ကာ                                 | ၂၉        |
|      | (ဂ) ကျောင်းလင်္ကာ                               | ၃၁        |
|      | (ဃ) ဆေးလင်္ကာ                                   | <mark>၃၅</mark>        |
| ၅။   | **လိင်ဆယ်ပါး ဒဏ်ဆယ်ပါး သင်ပြခဏ်း**              | ၃၇        |
|      | (က) လိင်ကျခြင်း                                 | ၄၁        |
|      | (ခ) ဒဏ်ထိုက်ခြင်း                               | <mark>၅၀</mark>        |
| ၆။   | **သေခိယ သိက္ခာပုဒ်များကို သင်ပြခဏ်း**           | ၅၁        |
|      | (က) ပရိမဏ္ဍလဝဂ် သိက္ခာပုဒ်ဆယ်ပါး                | ၅၆        |
|      | (ခ) ဥတ္ထိကဝဂ် သိက္ခာပုဒ် ဆယ်ပါး                 | ၆၂        |
|      | (ဂ) ခမ္ဘကတဝဂ် သိက္ခာပုဒ် ဆယ်ပါး                 | ၆၅        |
|      | (ဃ) သက္ကစ္စဝဂ် သိက္ခာပုဒ် ဆယ်ပါး                | ၆၉        |
|      | (င) ကဗဠဝဂ်သိက္ခာပုဒ် ဆယ်ပါး                     | ၇၂        |
|      | (စ) သုရုသုရုဝဂ် သိက္ခာပုဒ် <mark>၁၀-ပါး</mark>               | ၇၈        |
|      | (ဆ) ပါဒုကဝဂ် သိက္ခာပုဒ် ၁၅-ပါး                  | ၈၅        |
| ၇။   | **ခန္ဓကဝတ် ၁၄-ပါးကို သင်ပြခဏ်း**                | ၉၃        |
| ၈။   | **ကိုယ်ကျင့်တရားတော်များ ဒသဓမ္မသုတ် ပါဌ်-အနက်** |           |

## PAGE 15

| <mark>ဦး</mark>ရေ | အကြောင်းအရာ | စာမျက်နှာ |
| :--- | :--- | :--- |
| ၉။ | **ကမ္မဋ္ဌာန်းဘာဝနာကို သင်ပြခဏ်း** | ၉၇ |
| | **၃၂-ကောဋ္ဌာသ** ကမ္မဋ္ဌာန်း | ၁၀၀ |
| ၁၀။ | **ရှင်သာမဏေများ ဝတ္ထု** | ၁၀၃ |
| | (က) ရှင်ရာဟုလာ အကြောင်း | ၁၂၇ |
| | (ခ) ရှင်ရေဝတ အကြောင်း | ၁၃၉ |
| | (ဂ) ရှင်ပဏ္ဍိတ အကြောင်း | ၁၄၄ |
| ၁၁။ | **ဆရာများအတွက် မှတ်ဘွယ်** | ၁၅၄ |
| ၁၂။ | **ရှင်ကျင့်ဝတ် ပါဌ်-အနက် စသည်** | <mark>၁၈၀</mark> |
| ၁၃။ | **ကျမ်းပြီး နိဂုံး** | ၂၃၇ |

## PAGE 16

**ရုပ်ပုံရှင်ကျင့်ဝတ်**

**နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။**

## အခန်း (၁)။ ခေါင်း<mark>ရိတ်</mark>ခဏ်း

#### (ရှင်လောင်း ကျက်ရန်)

**တစပဉ္စက ကမ္မဋ္ဌာန်းလင်္ကာ**

ငါ၏ကိုယ်မှာ၊ နံ့သာမွှေးကြိုင်၊ မြဲခိုင်လှစွာ၊ ကောင်းရာမမြင်၊ ဆံပင်သာရှိ၊ အမွေးရှိ၍၊ ရှိသည့် လက်သည်း၊ <mark>ခြေသည်း</mark>နှင့်၊ သွားလည်း<mark>တစ်ထွေ</mark>၊ အရေ<mark>တစ်မျိုး</mark>၊ ညှီနံ့ဆိုးသည်၊ အသိုးအပုပ်ချည်းပါတကား။

---
### (က) သံဃာ့ထံ ခွင့်ပန်ခြင်း

ရှင်သာမဏေလောင်းအား ဦးခေါင်း<mark>ရိတ်</mark>ခြင်းကို “ဆံချခြင်း” ဟု ခေါ်၏၊ “ဆံပင်ကို အောက်သို့ <mark>ရိတ်</mark>၍ ချခြင်း” ဟု ဆိုလိုသည်၊ ထိုသို့ ဆံမချမီ သာသနာတော်မှာ ထုံးစံ<mark>တစ်ခု</mark> ရှိသေး၏၊ ထိုထုံးစံကား ကျောင်းတိုက်ရှိ သံဃာတော်အများထံ ရှင်လောင်းကို ဆံချမည့်အကြောင်း လျှောက်ထား ခွင့်ပန်ရခြင်းတည်း။

## PAGE 17

#### ရွှေပန်းထိမ်သည်သား ဝတ္ထု

ဘုရားလက်ထက်တော်၌ ရွှေပန်းထိမ်သည်၏ သားကလေး <mark>တစ်ယောက်</mark>သည် မိဘနှင့် စိတ်ဆိုး၍ ကျောင်းသို့ ထွက်ပြေးကာ ရှင်သာမဏေပြုနေ၏၊ မိဘတို့သည် ကျောင်းတိုက်သို့ လာ၍ ကလေး၏ ပုံသဏ္ဌာန်ကို ပြောပြပြီးလျှင် “သည်လို ပုံသဏ္ဌာန်ရှိသော ကလေး<mark>တစ်ယောက်</mark>ကို မမြင်ကြပါဘူးလား ဘုရား” ဟု လိုက်၍ မေးကြလေသည်၊ ရဟန်းတော်များကလည်း အမှန်ပင် မမြင်သောကြောင့် “မမြင်ဘူး” ဟု ပြောလိုက်ကြလေသည်။

ထိုနောက် လိုက်၍ ရှာသော မိဘတို့သည် ရှင်သာမဏေ ဖြစ်နေသည်ကို တွေ့ရသောအခါ “ကိုယ်တော်တွေ လိမ်တယ်” ကဲ့ရဲ့ကြလေသည်၊ ထိုဝတ္ထုကို အကြောင်းပြု၍ ဆံချခါနီး၌ ဆံချမည့်အကြောင်းကို (သို့မဟုတ် ရှင်ပြုမည့်အကြောင်းကို) သံဃာများထံ ခွင့်ပန် လျှောက်ထား<mark>ဖို့ရာ</mark> ဘုရားရှင် ပညတ်တော်မူလေသည်။ [ ဝိနည်းမဟာဝါ၊ မဟာခန္ဓက၊ ကမ္မာရဘုတ္တဝတ္ထု။ ]

ထိုသို့ ခွင့်ပန်ရာ၌ —

(၁) ရဟန်းသံဃာ နည်းပါးသော ကျောင်းဖြစ်လျှင် ထိုရဟန်းတော်များ နေရာအသီးအသီးသို့ (ရဟန်း<mark>တစ်ပါးပါး</mark> ဖြစ်စေ၊ သာမဏေ<mark>တစ်ပါးပါး</mark> ဖြစ်စေ) ရှင်လောင်းကို ခေါ်သွား၍ “ဤကလေးကို ဆံချ<mark>မလို</mark>့ပါ” ဟု ဖြစ်စေ၊ “ဤကလေးကို ရှင်သာမဏေ ဝတ်ပေး<mark>မလို</mark>့ပါ” ဟု ဖြစ်စေ လျှောက်ထားရသည်။

## PAGE 18

(၂) သံဃာများသော ကျောင်းတိုက်ဖြစ်လျှင် သံဃာတော် အားလုံးကို <mark>တစ်နေရာ</mark>၌ စုဝေးစေ၍ ရှေးနည်းအတိုင်း လျှောက်ထား ခွင့်ပန်နိုင်၏။

(၃) ရှင်လောင်းကို သံဃာ့အထံ မခေါ်ဘဲလည်း ရဟန်း<mark>တစ်ပါးပါး</mark> သို့မဟုတ် ကိုရင်<mark>တစ်ပါးပါး</mark>ကို စေလွှတ်၍ “မည်သည့်ကလေးကို ရှင်ပြုပေး<mark>မလို</mark>့ပါ” စသည်ဖြင့် ရှေးနည်းအတိုင်း ခွင့်ပန်နိုင်၏။

(၄) သာ၍ များသော ကျောင်းတိုက်ဖြစ်၍ အားလုံးကို ခွင့်ပန်<mark>ဖို့</mark> ခဲယဉ်းလျှင် ကျောင်းတိုက်အတွင်းရှိ “ခဏ္ဍသိမ်” ခေါ်သော သိမ်အတွင်းသို့ ခေါ်သွား၍လည်း မည်သူကိုမျှ ခွင့်မပန်ဘဲ ဆံချနိုင်၏။ [ ထိုသိမ်၌ ရဟန်းရှိလျှင်ကား ထိုရဟန်းကို ခွင့်ပန်ရဦးမည်။ ]

(၅) အိမ်တုန်းကပင် ဆံချပြီးခဲ့သူ သို့မဟုတ် လက်နှစ်သစ်မျှ ဆံပင် မရှည်သေးသူဖြစ်လျှင် ဆံချ<mark>ဖွယ်</mark><mark>မလို</mark>၊ ဆံကို တပ်၍ <mark>ရိတ်</mark>စေကာမူ ခွင့်ပန်<mark>ဖွယ်</mark>လည်း <mark>မလို</mark>။ ရဟန်းသာမဏေများမှာ ဆံပင်ကို လက် ၂ သစ်ထက် ရှည်အောင် မထားရ။

**တစပဉ္စက ကမ္မဋ္ဌာန်း** ။ ။ သံဃာ့ထံ ခွင့်ပန်ပြီးနောက် ရှင်လောင်းကို ဆံချခါနီး၌ ဆရာ့ရှေ့မှာ ရိုသေစွာ ထိုင်စေ၍ **တစပဉ္စက ကမ္မဋ္ဌာန်း** ကို ပြောပြပါ၊ ထိုသို့ ပြောပြခိုက်၌ မိဘဉာတိများ လာနိုင်လျှင် မိဘဉာတိတို့ သဒ္ဓါတရား ဖြစ်အောင် အနားမှာ နေပါစေ၊ မအား၍ မလာနိုင်သူကိုကား မခေါ်ပါနှင့်။

## PAGE 19

**အမှာ။**  
**“ကေသာ လောမာ နခါ ဒန္တာ တစော”** ဟု **တစော** ကို အဆုံးထားသော ငါးပါးကို **“တစပဉ္စက = တစလျှင် ငါးခုမြောက်ရှိသော အစု”** ဟု ခေါ်၏၊ ထို ကမ္မဋ္ဌာန်းကို ပါဠိလို နားလည်မည် မဟုတ်သောကြောင့် မြန်မာလိုသာ အကျဉ်းမျှ နားလည်အောင် ပြောပြပါလေ။

[ရုပ်ပုံ: မိဘများရှေ့မှာ ဆရာဘုန်းတော်ကြီးက ရှင်လောင်းအား ကမ္မဋ္ဌာန်း ပြောနေပုံ။]

## PAGE 20

#### ကမ္မဋ္ဌာန်း အကျဉ်းမျှ ပြောပုံ။
(ရှင်လောင်း၏ နာမည် ခေါ်၍) “မောင်ဌေး…… <mark>မင်းကိုယ်မှာ</mark> ဘာတွေ ရှိသလဲလို့ ခဏလောက် စဉ်းစားလို့၊ ဆံပင်<mark>ရှိတယ်</mark>၊ <mark>အမွှေးအမျှင်</mark><mark>ရှိတယ်</mark>၊ ခြေသည်း လက်သည်း <mark>ရှိတယ်</mark>၊ သွား<mark>ရှိတယ်</mark>၊ <mark>တစ်ကိုယ်လုံး</mark>မှာ ဖုံးထားတဲ့ အရေ<mark>ရှိတယ်</mark>၊ အဲဒီ အားလုံးကိုစုပြီး <mark>ခွက်တစ်ခုတည်း</mark>မှာ ထည့်ထားလျှင် ဒီဟာတွေဟာ <mark>ရွံ့စရာ</mark>တွေလား သိမ်းထားစရာတွေလား”။

မောင်ဌေး။ ။ <mark>ရွံ့စရာ</mark>တွေပါဘုရား။

ဆရာ။ ။ <mark>အေး</mark>၊ အားလုံး… <mark>ရွံ့စရာ</mark>တွေ<mark>ပဲ</mark>၊ ဒီ အားလုံးရဲ့ အဆင်းအရောင်တွေကလဲ မလှဘူး၊ အနံ့ကလဲ မကောင်းဘူး၊ ဤ “ဆံပင် အမွှေး ခြေသည်း၊ လက်သည်း သွား အရေ” တို့လို မကောင်းတာတွေ သင်၏ ကိုယ်ထဲမှာ ပြည့်နေတာ<mark>ပဲ</mark>၊ နံ့သာတို့ အမွှေးအကြိုင်တို့ <mark>ဘာတစ်ခုမျှ</mark> မရှိဘူးနော်။

မောင်ဌေး။ ။ မှန်ပါ့ဘုရား။

ဆရာ။ ။ အဲဒီမကောင်းတာတွေ စုပေါင်းနေတဲ့မင့်ကိုယ်ဟာလဲ ခိုင်မြဲတဲ့ အနှစ်တုံး မဟုတ်ဘူး၊ <mark>တဖြည်းဖြည်း</mark> ရွတ်တူ ယိုယွင်း အိုမင်း ဆွေးမြေ့ရမယ်၊ ဒါကြောင့် <mark>ခေါင်းရိတ်</mark>နေတုန်းမှာ အစ၌ ပြခဲ့သော ကမ္မဋ္ဌာန်းလင်္ကာကလေးကို ရွတ်ရင်း စိတ်ထဲမှာ စဉ်းစားနေပါကွယ်။

## PAGE 21

**အမှာ။**  
ဤ **တစပဉ္စက** ကမ္မဋ္ဌာန်း လင်္ကာကလေးကို အရ မကျက်ရသေးလျှင် လက်ရေးကောင်းကောင်းနှင့် ရေးပေး၍ဖြစ်စေ၊ ဤ <mark>ရှင်ကျင့်ဝတ်</mark> စာအုပ်ကို ကြည့်၍ဖြစ်စေ၊ <mark>ခေါင်းရိတ်</mark>တုန်းမှာ ခပ်တိုးတိုး ရွတ်ဆိုနေပါစေ။

#### ကမ္မဋ္ဌာန်းအကျိုး။
ဤကမ္မဋ္ဌာန်းအကျိုးကို ဝိနည်းမဟာဝါ <mark>အဋ္ဌကထာ</mark>၌ အလွန်အားတက်ဖွယ်ရာ ညွှန်ပြလျက်ရှိ၏၊ ရှေးရှေးဘဝများစွာက ကမ္မဋ္ဌာန်း အခြေခံပါလာသူဖြစ်လျှင် မိုးကြိုးစက်သည် ကျောက်တောင်ကို ခွဲဖျက်လိုက်သကဲ့သို့ ကလေးမှာရှိသော ကိလေသာ အတုံးအခဲတွေ အမှုန့်အမှုန့်ပြိုကွဲကာ <mark>ခေါင်းရိတ်</mark>အပြီးမှာပင် ရဟန္တာဖြစ်နိုင်ပါသည်။ ဘုရားလက်ထက်တော်၌ <mark>ခေါင်းရိတ်</mark>အဆုံးမှာ ရဟန္တာဖြစ်သွားသော သာမဏေတို့သည် ဤကဲ့သို့ ကမ္မဋ္ဌာန်းပေး၍ <mark>ခေါင်းရိတ်</mark>ကြသော ဆရာကောင်းများကို အမှီရကြသူများသာ ဖြစ်ပါသည်။

ထို့ကြောင့် <mark>ခေါင်းရိတ်</mark>ခါနီး၌ ဤ **တစပဉ္စက** ကမ္မဋ္ဌာန်းမျှကို ပြောပြပါလေ ဟု <mark>အဋ္ဌကထာ</mark>ဆရာတို့ တိုက်တွန်းကြပါသည်၊ ယခုခေတ် ကလေးများသည် ရှေးရှေးဘဝက ကမ္မဋ္ဌာန်း အထုံမရ၍ ရဟန္တာမဖြစ်စေကာမူ ဤ ကမ္မဋ္ဌာန်းသည်ပင် သာမဏေဘဝ၌ နေသမျှ နှလုံးသွင်းကာ အထုံပါစေရမည်ဖြစ်၍ နောက် သာသနာအတွက် အဆက်ကောင်းရဖို့ရာ ယခုခေတ် ဆရာကောင်းဖြစ်သူများသည် ယခုခေတ် ကလေးများအား ပြောပြဖြစ်အောင် ကြိုးစားကြပါလေ။

## PAGE 22

**ကမ္မဋ္ဌာန်း ရွတ်ဆို၍ ခေါင်းရိတ်ခံနေပုံ။**

[ရုပ်ပုံ]

## PAGE 23

**ခေါင်းရိတ်ပြီးနောက်။** ။<mark>တစ်ချို့</mark> မိဘများသည် ရှင်လောင်း ကိုကျောင်းပို့သောအခါ ကလေးကို ပန်းနံ့သာတို့ဖြင့် လိမ်းကျံ ပြင်ဆင်ကာ ပို့တတ်ကြ၏၊ ထိုအခါ ကလေး၏ကိုယ်၌ လူတို့၏ အမွှေးအကြိုင် အနံ့တွေ ရှိနေရကား ဦးခေါင်းရိတ်ပြီးသောအခါ ထို အနံ့တွေ ပျောက်ကင်းအောင် ဦးခေါင်းနှင့်တကွ ကိုယ်ကို နနွင်းမှုန့်ဖြင့် ဖြစ်စေ နံ့သာမှုန့်ဖြင့် ဖြစ်စေ ပွတ်တိုက်ပေးရမည်-ဟု **<mark>မဟာဝါ</mark> <mark>အဋ္ဌကထာ</mark> (ပဗ္ဗဇ္ဇကထာ)** ၌ ဆိုထားပါသည်၊ [နံ့သာမှုန့်ဟူရာ၌ ကား သနပ်ခါးမှုန့် ပေါင်ဒါမှုန့်မျိုး စသော လူသုံးအမှုန့်မျိုး မဟုတ်တန်ရာ၊ ယခုခေတ်အတိုင်းဆိုသော် ဆပ်ပြာမွှေးဖြင့် ပွတ်တိုက်၍ ရေချိုးပေးလိုက်လျှင် လူနံ့ပျောက်သွားဘွယ် ရှိ၏၊ ဤ အချိန်မှာ နံ့သာမှုန့် စသည်ကို ပွတ်တိုက်ပေးသော်လည်း ကိုရင် မဝတ်ရသေး၍ မာလာဂန္ဓ သိက္ခာပုဒ်အရ အပြစ်မရှိသေးပါ။]

**နိဂုံး။** ။ဤမျှသော စကားအစဉ်ဖြင့် ဆံချခြင်းနှင့်ဆိုင်ရာ အစီအစဉ်များ ပြီးပါပြီ၊ ကလေး၏ မိဘများသည် သာသနာတော်၏ ထုံးစံအတိုင်း ကမ္မဋ္ဌာန်းရွတ်ဆိုလျက် ဆံချ (ခေါင်းရိတ်) ခံနေသော ကလေး၏ မြင့်မြတ်သော အခြေအနေကို မရရအောင် ကြိုးစားကြပါလေ၊ သားကလေး အတွက် ဤ ကုသိုလ်ကား ... နောက် သာသနာတော်ဝယ် ရဟန္တာဖြစ်ဘို့အကြောင်း အလွန်ကောင်းသော အထုံဖြစ်ပါသည်၊ မိမိတို့ကိုယ်တိုင်လည်း ဤ အချက်ကို အလွန်နှစ်သက် ကြည်နူးပါမူ ဤ အထုံသည် မဏ္ဍပ်ကြီးထိုး၍ အလှူပေးရခြင်းမျိုးထက် သာလွန်သော ကုသိုလ် ဖြစ်ကြောင်း ကို ကောင်းကောင်းကြီး ယုံကြည်ကြပါလေ။

## PAGE 24

## (၂)။ သင်္ကန်းဝတ်ပေးခဏ်း

#### (ရှင်လောင်း ကျက်ရန်)

#### သင်္ကန်းကပ်လှူရန် ပါဠိ

**သကလ <mark>ဝဋ္ဋဒုက္ခ</mark> နိဿရဏ နိဗ္ဗာနဿ <mark>သစ္ဆိကရဏတ္ထာယ</mark> ဣမံ ကာသာဝံ ဂဟေတွာ ပဗ္ဗာဇေထ မံ ဘန္တေ, အနုကမ္မံ ဥပါဒါယ။**

**သင်္ကန်းကပ်မြန်မာ။** ။အရှင်ဘုရား... အလုံးစုံသော ဝဋ်ဒုက္ခ၏ <mark>ထွက်မြောက်ရာ</mark> နိဗ္ဗာန်ကို မျက်မှောက်ပြုပါရခြင်း<mark>အကျိုးငှာ</mark> တပည့်တော်၏<mark>လက်၌</mark> <mark>ရှိသော</mark> ဤသင်္ကန်းကို ယူတော်မူ၍ တပည့်တော်ကို သနား စောင့်ရှောက် ချီးမြှောက်သောအားဖြင့် ရှင်သာမဏေ ပြုပေး တော်မူပါကုန်ဘုရား။

ဤသို့ဆိုပြီးလျှင် ရှင်သာမဏေလောင်း၏လက်မှာ<mark>ရှိသော</mark> သင်္ကန်းကို ဆရာဘုန်းတော်ကြီး၏လက်သို့ ကပ်လိုက်ရသည်။

---

**အမှာ။** ။မိဘစသူတို့ ဝယ်ပေးထားသဖြင့် ရှင်လောင်း သင်္ကန်းပင်ဖြစ်သော်လည်း ဆရာဖြစ်သော ဘုန်းတော်ကြီးက ဝတ်ခွင့် မပြုလျှင် မိမိဘာသာ သင်္ကန်း မဝတ်ကောင်း သောကြောင့် မိမိလက်မှာ<mark>ရှိသော</mark>သင်္ကန်းကို ဆရာ့ထံကပ်ပြီးမှ ပြန်တောင်း၍ ဝတ်ရသည်။

## PAGE 25

ဆရာဘုန်းတော်ကြီးအား သင်္ကန်းကပ်နေပုံ။

## PAGE 26

**(ရှင်လောင်း ကျက်ရန်)**

**သင်္ကန်းတောင်းပါဠိ**။ ။ **သကလ <mark>ဝဋ္ဋ</mark>ဒုက္ခ <mark>နိဿရဏ</mark> <mark>နိဗ္ဗာနဿ</mark> သစ္ဆိကရဏတ္ထာယ ဧတံ ကာသာဝံ ဒတွာ, ပဗ္ဗာဇေထ မံ ဘန္တေ, အနုကမ္မံ ဥပါဒါယ။**

**သင်္ကန်းတောင်းမြန်မာ**။ ။ အရှင်ဘုရား…. အလုံးစုံသော သံသရာဝဋ်ဒုက္ခ၏ လွတ်မြောက်ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုပါရခြင်း<mark>အကျိုးငှာ</mark> အရှင်ဘုရားလက်၌ ရှိသော ထိုသင်္ကန်းကို ပေးတော်မူ၍ တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှောက်သောအားဖြင့် ရှင်သာမဏေပြုပေးတော်မူပါကုန်ဘုရား။

ဤသို့ ဆိုစေပြီးလျှင် ဆရာက မိမိလက်မှာရှိသောသင်္ကန်းကို ရှင်လောင်းအား ပေးလိုက်ရသည်။

---

#### အမှာ
ဤသင်္ကန်းကပ်และသင်္ကန်းတောင်းကိစ္စသည် အရေးကြီးသောကိစ္စ မဟုတ်သေးပါ၊ ဘာမျှ အထူးမဆိုဘဲ ဆရာက “ဝတ်တော့” ဟု ခွင့်ပြုလိုက်လျှင်ပင် ကိုယ့်ဘာသာ ဝတ်ကောင်းပါသည်၊ <mark>ထို့ကြောင့်</mark> ဤသင်္ကန်းကပ်မှ သင်္ကန်းတောင်းမှုကို မြန်မာလို ဆိုနိုင်သည်ဟု ယုံကြည်စွာ မှတ်ပါလေ၊

ကျက်ချိန်ရသော ကလေးများကို မြန်မာလိုသာ ကျက်ပါစေ၊ ကျက်ချိန်မရသော ကလေးတို့အား မြန်မာလိုသာ ချပေးကြပါလေ၊ သို့သော် ပါဠိကို ဆိုစေရမှ ကျေနပ်မည့် ပုဂ္ဂိုလ်များအတွက် ပါဠိကို အထက်က ပြထားပါသည်။

## PAGE 27

**(ရှင်လောင်း ကျက်ရန်)**

ချမ်းပူကို ပယ်ဖျောက်၍ အရှက်အကြောက်ကို <mark>ဖုံးလွှမ်းခြင်းငှာ</mark> ဤသင်္ကန်းကို ဝတ်ရုံပါ၏။

---
#### သင်္ကန်းဝတ်ခါနီး ဩဝါဒ
သင်္ကန်းကို ရှင်လောင်းအား ပေးပြီးနောက် သင်္ကန်းဝတ်ခါနီး၌ ဆင်ခြင်ဘို့ရန် ဆရာက ပြောပြဘွယ် ရှိပါသေးသည်၊

(နာမည်ကို ခေါ်၍) မောင်ဌေး.. ဤသင်္ကန်းသည် အပူကိုလည်း ကာကွယ်နိုင်၏၊ မှက် ခြင် လေ နေတို့ကိုလည်း ကာကွယ်နိုင်၏၊ သင်္ကန်းမဝတ်ဘဲ ကိုယ်တုံးလုံးနေလျှင် <mark>ရှက်စရာ</mark>ကိုယ်အင်္ဂါတွေ ပေါ်နေ၏၊ ထို<mark>ရှက်စရာ</mark>ကိုယ်အင်္ဂါကိုလည်း ဤသင်္ကန်းသည် ဖုံးထားနိုင်၏၊ <mark>ထိုအေး</mark>, အပူ လေ နေတို့နှင့် <mark>ရှက်စရာ</mark>ကိုယ်အင်္ဂါကို ကွယ်ကာဖုံးလွှမ်းဘို့ရာ ဤသင်္ကန်းကို ဝတ်ရုံပါသည်၊ လှပအောင် ဝတ်ဆင်ခြင်း မဟုတ်ပါ-ဟု စိတ်ထဲမှာ ဆင်ခြင်ပါ၊ ဒီလို ဆင်ခြင်ပြီးဝတ်မှ အပြစ်လွတ်ကင်းတယ်။

#### သင်္ကန်းဝတ်ပုံ
အထက်၌ ပြထားသော စကားအတိုကလေးအတိုင်း စိတ်ကလည်း ဆင်ခြင် နှုတ်ကလည်း ရွတ်စေပြီးမှ သင်္ကန်းကို ဝတ်ပါစေ၊

ကိုယ်တိုင် ဝတ်ပေးဘို့ရန် အားလပ်ခွင့် ရပါလျှင်လည်း ကိုယ်တိုင် ဝတ်ပေးပါ၊ သို့မဟုတ် ကောင်းမွန်စွာ ဝတ်ပေးတတ်သော ရဟန်း, ကိုရင်, လူဝတ်ကြောင်တယောက်ယောက်ကို ဝတ်ပေးဘို့ရန် စေခိုင်းပါ၊ သို့မဟုတ် ရှင်သာမဏေလောင်း ကိုယ်တိုင် ညီညွှတ်စွာ ဝတ်တတ်လျှင်လည်း “ဝတ်တော့” ဟု ခွင့်ပြုလိုက်ပါ။

## PAGE 28

ရဟန်းတော်<mark>တစ်ပါး</mark>က သင်္ကန်းဝတ်ပေးနေပုံ။

## PAGE 29

၁- လေ့ကျင့်ခဏ်း မေးခွန်း 

(ဘုရားလက်ထက်တော်မှ စ၍) ရှင်လောင်းကို ဆံချခါနီး၌ အဘယ် ကမ္မဋ္ဌာန်းကိုပေး၍ ဆံချလေ့ရှိပါသနည်း။

(ခ) ဆံချခါနီးပေးသော ကမ္မဋ္ဌာန်း လင်္ကာကလေးကို <mark>ရွတ်</mark>ပြပါ။
[ စာဖြင့်ရေး၍ ပုစ္ဆာထုတ်ရာ၌ “ရေးပြပါ” ဟု ပြင်ပါ။ ]

(ဂ) ရှင်သာမဏေလောင်းတို့သည် ဆရာက “ဝတ်တော့” ဟု ခွင့်မပြုဘဲ (သို့မဟုတ် ရဟန်း<mark>တစ်ပါး</mark>က ဝတ်မပေးဘဲ) မိမိဘာသာ သင်္ကန်းကို ဝတ်ကောင်းပါသလော။

မည်ကဲ့သို့ဆို၍ မိမိလက်မှာရှိသော သင်္ကန်းကို ဆရာ့အား ကပ်ရသနည်း၊ ဆိုပုံ <mark>စကားအစဉ်</mark>ကို ပြပါ။

မည်ကဲ့သို့ဆို၍ ဆရာ့လက်မှ သင်္ကန်းကို ပြန်၍ တောင်းရသနည်း၊ ဆိုပုံ <mark>စကားအစဉ်</mark>ကို ပြပါ။

(စ) သင်္ကန်းဝတ်သောအခါ မည်ကဲ့သို့ ဆင်ခြင်၍ ဝတ်ရသနည်း၊ ဆင်ခြင်ပုံ <mark>စကားအစဉ်</mark>ကလေးကို ပြပါ။

(ဆ) သင်္ကန်းဝတ်သောအခါ မည်ကဲ့သို့ ဝတ်ရမည်နည်း။

---

**အမှာ။** ။ သင်္ကန်း ဝတ်ပြီးသောအခါ လက်အုပ်ချီလျက် ဆောင့်ကြောင့် ထိုင်ပါစေ၊ ထို့နောက် (၁) **အဟံ ဘန္တေ-** စသော သရဏဂုံနှင့် သီလတောင်း၊ (၂) **နမော တဿ ဘဂဝတော-** စသော ဘုရားရှိခိုး၊ (၃) **သရဏဂုံ**၊ (၄) **ဆယ်ပါး သီလ** တို့ကို အစဉ်အတိုင်း ဆိုပါစေ။

## PAGE 30

**သင်္ကန်းဝတ်ပေးခဏ်း**

ဆရာဘုန်းတော်ကြီးက သရဏဂုံ ပေးနေပုံ။

## PAGE 31

### ၃။ သရဏဂုံပေးခဏ်း

(ရှင်လောင်း ကျက်ရန်)

#### သရဏဂုံ သီလတောင်း

၁။ **အဟံ ဘန္တေ <mark>တိသရဏေန</mark> <mark>သဟ</mark> <mark>သာမဏေရ</mark> <mark>ပဗ္ဗဇ္ဇသီလံ</mark> ဓမ္မံ <mark>ယာစာမိ</mark>၊ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ။**

၂။ **ဒုတိယမ္ပိ အဟံ ဘန္တေ…မေ ဘန္တေ။**

၃။ **<mark>တတိယမ္ပိ</mark> အဟံ ဘန္တေ…မေ ဘန္တေ။**

#### မြန်မာပြန်

၁။ အရှင်ဘုရား... တပည့်တော်သည် သရဏဂုံ သုံးပါးနှင့် တကွ ရှင်သာမဏေ၏ ဆယ်ပါးသီလကို တောင်းပါ၏၊ တပည့်တော်အား သနားသောအားဖြင့် ဆယ်ပါး သီလ ပေးတော်မူပါကုန်ဘုရား။

၂။ အရှင်ဘုရား... တပည့်တော်သည် သရဏဂုံသုံးပါး và တကွ ရှင်သာမဏေ၏ ဆယ်ပါးသီလကို ၂-ကြိမ် မြောက် တောင်းပါ၏၊ တပည့်တော်အား သနား သောအားဖြင့် ဆယ်ပါးသီလ ပေးတော်မူပါကုန် ဘုရား။

## PAGE 32

၃။ အရှင်ဘုရား... တပည့်တော်သည် သရဏဂုံသုံးပါးနှင့် တကွ ရှင်သာမဏေ၏ ဆယ်ပါးသီလကို ၃-ကြိမ် မြောက် တောင်းပါ၏၊ တပည့်တော်အား သနား သောအားဖြင့် ဆယ်ပါးသီလ ပေးတော်မူပါကုန် ဘုရား။

**ယမဟံ ဝဒါမိ၊ <mark>တံ</mark> ဝဒေဟိ။**
(ရှင်လောင်းအများဖြစ်လျှင် “<mark>တံ</mark> <mark>ဝဒေထ</mark>” ဟု ဆို။)

(က) ဆရာ။ ။ **ယမဟံ ဝဒါမိ၊ <mark>တံ</mark> ဝဒေဟိ။**
(ခ) ရှင်လောင်း။ ။ **အာမ ဘန္တေ။**
(ဂ) ဆရာ။ ။ **နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။**
(ဃ) ရှင်လောင်း။ ။ လိုက်၍ ၃-ခေါက်ဆို။

---

#### မြန်မာလို အဓိပ္ပါယ်

(က) **ယမဟံ ဝဒါမိ** = အကြင်စကားကို ငါဆို၏၊ **<mark>တံ</mark> ဝဒေဟိ** = ထိုစကားကို လိုက်၍ဆို၊ “ငါဆိုတာကို လိုက်၍ဆို”။
(ခ) **အာမ ဘန္တေ** = မှန်ပါအရှင်ဘုရား။
(ဂ) **အရဟတော** = ပူဇော်အထူးကို ခံတော်မူထိုက် သော။ **သမ္မာသမ္ဗုဒ္ဓဿ** = မဖောက်မပြန် ကိုယ်တော် တိုင်သာ သိတော်မူနိုင်သော။ **တဿ ဘဂဝတော** = ထို မြတ်စွာဘုရားအား။ **နမော** = ရှိခိုးပါ၏။

## PAGE 33

အမှာ။ ။ “အဟံ ဘန္တေ <mark>တိသရဏေန</mark>” မှစ၍ “နမော တဿ” တိုင်အောင် ဤစကားစုလည်း ရှင်သာမဏေ ဖြစ်မှုနှင့် အရေးတကြီး မဆိုင်သေးပါ၊ ထို့ကြောင့် ဌာန်ကရိုဏ်း မကျန သော်လည်း ပြီးနိုင်ပါ၏၊ နောက်၌ လာမည့် သရဏဂုံပါဠိသာ အရေးအကြီးဆုံး ဖြစ်ပါသည်။
### သရဏဂုံပေးခြင်း

ဆရာ။ ။ **ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ။**
ရှင်လောင်း။ ။ ဆရာဆိုသလို လိုက်၍ဆို။

ဆရာ။ ။ **ဒုတိယမ္ပိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဒုတိယမ္ပိ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ ဒုတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ။**
ရှင်လောင်း။ ။ ဆရာဆိုသလို လိုက်၍ဆို။

ဆရာ။ ။ **<mark>တတိယမ္ပိ</mark> ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ <mark>တတိယမ္ပိ</mark> ဓမ္မံ သရဏံ ဂစ္ဆာမိ၊ <mark>တတိယမ္ပိ</mark> သံဃံ သရဏံ ဂစ္ဆာမိ။**
ရှင်လောင်း။ ။ ဆရာဆိုသလို လိုက်၍ဆို။

ဆရာ။ ။ **<mark>သရဏဂမနံ</mark> <mark>ပရိပုဏ္ဏံ</mark>။** (သရဏဂုံ ပြည့်စုံပြီ။)
ရှင်လောင်း။ ။ **အာမ ဘန္တေ။**

အမှာ။ ။ ဘုရား တရား သံဃာ (ဤ ရတနာ) ၃-ပါး သာ ကိုးကွယ်ရာ အစစ်အမှန်ဟု သိတတ်သော စိတ်ကို …

## PAGE 34

သရဏဂမန (**သရဏဂုံ**) ဟု ခေါ်၏၊ မိမိမှာ ထို သရဏဂုံစိတ် ရှိနေပါသည် ဟု ဝန်ခံသောအားဖြင့် **ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ** စသည်ဖြင့် ရွတ်ဆိုမှုကို “သရဏဂုံ ဆောက်တည်ခြင်း” ဟူ၍ ခေါ်ကြ၏၊ သာ၍ လေးစားရာ ရောက်အောင် ၃-ခေါက် ဆိုကြရသည်။

ဤသရဏဂုံပါဠိဝယ် **ဒ္ဓံ ဓမ္မံ သံစ္ဆာ** တို့၌ ခပ်ပြင်းပြင်း <mark>ရွတ်ရကြောင်း</mark> သိဘို့ရန် စaလုံးမဲဖြင့် ပြထား၏၊ ရွတ်ပုံကို ဆရာက သင်ပြပါ၊ ဤ သရဏဂုံ ၃-ပါးကို ပီပီသသ ရွတ်<mark>နိုင်လျှင်</mark> “တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ” <mark>လည်း</mark>ဆုံးရော ရှင်သာမဏေ<mark>လည်း</mark> ဖြစ်ရော ဟု မှတ်၊ သို့သော် ဆရာရော တပည့်ပါ <mark>၂-ဦးလုံး</mark> ပီဘို့ အရေးကြီး၏၊ <mark>တစ်ဦးက</mark> မပီလျှင်<mark>လည်း</mark> ရှင်သာမဏေအစစ် မဖြစ်သေး၊ ထို့ကြောင့် ဤ သရဏဂုံနှင့်စပ်၍ လေးလေးနက်နက် မှတ်ဘွယ်တွေ များသေးသောကြောင့် နောက်၌ “သရဏဂုံနှင့်စပ်၍ မှတ်ဘွယ်” ဟု <mark>အခန်း</mark> သီးခြား ပြထားပါသည်။

#### ၂-လေ့ကျင့်ခန်း မေးခွန်း

က။ သရဏဂုံနှင့် <mark>သီလတောင်း</mark>သော ပါဠိကို ရွတ်ပြပါ။
ခ။ ထို သရဏဂုံနှင့် သီလကောင်းပုံကို မြန်မာလို ပြောပြပါ။
ဂ။ **ယမဟံ ဝဒါမိ တံ ဝဒေဟိ** ပါဠိကို မြန်မာလို ပြောပြပါ။
ဃ။ **အာမ ဘန္တေ** ဆိုသော ပါဠိကို မြန်မာလို ပြောပြပါ။

## PAGE 35

င။ **နမော တဿ** စသော ပါဠိကို မြန်မာလို ပြောပြပါ။
စ။ သရဏဂုံ <mark>သီလတောင်း</mark>နှင့် **နမော တဿ** ပါဠိကို ဌာန်ကရိုဏ်းကျအောင် မရွတ်တတ်လျှင် ကိုရင် ဖြစ်ပါ့မလား။
ဆ။ **ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ** စသည်ဖြင့် သရဏဂုံယူရာ၌ ခပ်ပြင်းပြင်းရွတ်ရမည့် အက္ခရာ (စာလုံး) များကို ဖော်ပြပါ။

## <mark>အခန်း</mark> ( )။ ဆယ်ပါးသီလ ပြောပြခြင်း

အမှာ။ ။ သရဏဂုံ ပေးပြီးနောက် အောက်ပါအတိုင်း ၁၀-ပါးသီလ <mark>ပြောပြပါလေ</mark>၊ ရအောင် ကျက်ချိန်ရလျှင် တဖြည်းဖြည်းချင်းရော မြန်မာလိုပါ <mark>အလွတ်ကျက်ပါ</mark>၊ “သိက္ခာပဒံ သမာဒိယာမိ” မပါခြင်း၏ အကြောင်းကိုကား နောက်ဆက်တွဲမှာ ကြည့်ပါ။

၁။ **ပါဏာတိပါတာ ဝေရမဏိ** = သူ့အသက် သတ်ခြင်းမှ <mark>ရှောင်ကြဉ်ရခြင်း။</mark>
၂။ **အဒိန္နာဒါနာ ဝေရမဏိ** = သူ့ဥစ္စာကို ခိုးဝှက်တိုက်ခိုက် လုယူခြင်းမှ <mark>ရှောင်ကြဉ်ရခြင်း။</mark>
၃။ **အဗြဟ္မစရိယာ ဝေရမဏိ** = မေထုန်အကျင့်မှ <mark>ရှောင်ကြဉ်ရခြင်း။</mark>
၄။ **မုသာဝါဒါ ဝေရမဏိ** = လိမ်လည် လှည့်ပတ်ခြင်းမှ <mark>ရှောင်ကြဉ်ရခြင်း။</mark>

## PAGE 36

၅။ **သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ** = မူးယစ်စေတတ်၍ မေ့လျော့ခြင်း၏ အကြောင်းဖြစ်သော သေရည်အရက်ကို သောက်စားခြင်းမှ <mark>ရှောင်ကြဉ်ရခြင်း။</mark>
၆။ **ဝိကာလဘောဇနာ ဝေရမဏိ** = မွန်းလွဲအခါ၌ ထမင်း <mark>မုန့်</mark> စသောအစာကို စားခြင်းမှ <mark>ရှောင်ကြဉ်ရခြင်း။</mark>
၇။ **နစ္စ ဂီတ ဝါဒိတ ဝိသူကဒဿနာ ဝေရမဏိ** =
(**နစ္စ**) ကိုယ်တိုင် ကခြင်း <mark>သူတစ်ပါး</mark>ကို အကခိုင်းခြင်း၊
(**ဂီတာ**) ကိုယ်တိုင် သီချင်းဆိုခြင်း <mark>သူတစ်ပါး</mark>ကို အဆိုခိုင်းခြင်း၊
(**ဝါဒိတ**) ကိုယ်တိုင် တီးမှုတ်ခြင်း <mark>သူတစ်ပါး</mark>ကို တီးမှုတ်ခိုင်းခြင်း၊
(**ဝိသူကဒဿန**) ဘုရား အဆုံးအမတော်၏ ဆန့်ကျင်ဘက် <mark>စူးပမာ</mark> ဖီလာဖြစ်သော ကြည့်ရှု နားထောင်ခြင်းမှ <mark>ရှောင်ကြဉ်ရခြင်း။</mark>

၈။ **မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနဋ္ဌာနာ ဝေရမဏိ** =
(**မာလာဓာရဏ**) ရွှေပန်း ငွေပန်းမှ စ၍ ပန်းအမျိုးမျိုးကို ပန်ဆင်ခြင်း၊
(**ဂန္ဓမဏ္ဍန**) <mark>နံ့သာခြစ်</mark>တို့ဖြင့် နိမ့်ရာအရပ်၌ ပြည့်ဖြိုးအောင် သိပ်ခြင်း၊
(**ဂန္ဓ ဝိလေပန ဝိဘူသန**) အရောင်တင်ဆေး ရေမွှေးနံ့သာဆီ မျက်နှာချေ ပေါင်ဒါမှုန့်တို့ကို လိမ်းကျံခြယ်လှယ်ခြင်းဟူသော (**ဌာန**) <mark>ကိလေသာပွား</mark>ကြောင်းအမှုတို့မှ <mark>ရှောင်ကြဉ်ရခြင်း။</mark>

## PAGE 37

**၉။ ဥစ္စာသယနမဟာသယနာ ဝေရမဏိ**= မြင့်သော နေရာ ကြီးကျယ်ซန်းပြား ခမ်းနားသော နေရာ၌ နေထိုင် အိပ်စက်ခြင်းမှ ရှောင်ကြဉ်ရခြင်း။

**၁၀။ ဇာတရူပရဇတ ပဋိဂ္ဂဟဏာ ဝေရမဏိ**= <mark>ရွှေ</mark>ငွေကို ခံယူခြင်းမှ ရှောင်ကြဉ်ရခြင်း။

ဤဆယ်ပါးသីl၌ <mark>မှတ်ဖွယ်</mark>ကို <mark>နောက်ဆက်တွဲ</mark>မှာ ပြထားသည်။

## ဥပဇ္ဈာယ် ယူစေခြင်း

ဆယ်ပါးသီလကို ပြောပြပြီးနောက် ဥပဇ္ဈာယ်ဆရာ၏အကြောင်းကို ပြောပြ၍ ဥပဇ္ဈာယ်ယူပါစေ၊ ဥပဇ္ဈာယ်ယူရခြင်း၏ အကြောင်းကို နောက်ဆက်တို့၌ အကျယ်ပြထားသည်။

ကိုရင်…. **“ဥပဇ္ဈာယော မေ ဘန္တေ ဟောဟိ”** ဤသို့ ၃-ခေါက်ဆို၍ ဥပဇ္ဈာယ်ယူပါ၊ [ မြန်မာလို – “<mark>တပည့်တော်၏</mark> ဥပဇ္ဈာယ်ဆရာ ဖြစ်တော်မူပါဘုရား”… ဟု ဆိုလိုသည်။ ]

ဆရာ... **“ပါသာဒိကေန သမ္ပာဒေဟိ”** ဤသို့ ဆရာကဆို၍ ဥပဇ္ဈာယ်ယူခြင်းကို လက်ခံလိုက်ရသည်၊ [ မြန်မာလို- <mark>ကြည်ညိုဖွယ်</mark>ကို ဆောင်သော ကိုယ်အမူအရာ နှုတ်အမူအရာဖြင့် သီလ သမာဓိ ပညာ သိက္ခာ ၃-ပါးကို ပြည့်စုံစေလော”…ဟု ဆိုလိုသည်၊ တပည့် ၂-ပါး ၃-ပါးစသည်များလျှင် **“သမ္ပာဒေထ”**-ဟု ဆိုပါ။ ]

ဤမျှသော အစဉ်ဖြင့် ရှင်သာမဏေပြုပေးခြင်းနှင့် စပ်သော ကิစ္စများ ပြီးပေပြီ၊ <mark>ထို့နောက်</mark> ရှင်သာမဏေဘဝ၌ ပြုကျင့်ရမည့် တာဝန်များကို ဆက်လက် သင်ပြပါဦး။

## PAGE 38

---

#### <mark>လေ့ကျင့်ခန်း</mark> မေးခွန်း

က။ ဆယ်ပါးသီလကို ပါဠိလိုသက်သက် ရေတွက်ပြပါ။ [ **“ပါဏာတိပါတာ ဝေရမဏိ”** စသည်ဖြင့် ရေတွက်ပါစေ။ ]

ခ။ ဆယ်ပါးသီလတွင် **“ဝိကာလဘောဇနာ ဝေရမဏိ”** အထိ ၆-ပါးကို မြန်မာလိုသက်သက် ပြောပြပါ။

ဂ။ **နစ္စ**, **ဂီတ**, **ဝါဒိတ** ၃-မျိုးကို မြန်မာလို ပြောပြပါ။

ဃ။ **ဝိသူကဒဿန**ကို မြန်မာလို ပြောပြပါ။

င။ **မာလ**, **ဂန္ဓ**, **ဝိလေပန** ၃-ပုဒ်ကို **ဓာရဏ**, **မဏ္ဍန**, **ဝိဘူသန** ၃-ပုဒ်နှင့်တွဲ၍ မြန်မာလို ပြောပြပါ။

<mark>စ။</mark> **ဥစ္စာသယန မဟာသယန** သိက္ခာပုဒ်ကို မြန်မာလို ပြောပြပါ။

ဆ။ ရှင်သာမဏေများသည် အဘယ်သိက္ခာပုဒ်ကြောင့် <mark>ရွှေ</mark>ငွေ ပိုက်ဆံကို အလှူမခံကောင်းပါသနည်း။

<mark>ဇ။</mark> ရှင်သာမဏေများသည် အဘယ်သိက္ခာပုဒ်ကြောင့် ပွဲမကြည့်ရ မက သီချင်းမဆိုရပါသနည်း။

ဈ။ ဥပဇ္ဈာယ်ယူပုံကို ပြပါ။

## PAGE 39

## ပစ္စည်း ၄-ပါး <mark>ဆင်ခြင်ပုံ</mark> သင်ပြခန်း

ရှင်သာမဏေများနှင့် ရဟန်းတော်များ၏ အရေးတကြီး လိုလားအပ်သော (မရှိလျှင်မဖြစ်သော) ပစ္စည်းများသည် သင်္ကန်း, ဆွမ်း, ကျောင်း, ဆေး အားဖြင့် ၄-ပါး ရှိ၏၊ ထိုပစ္စည်းလေးပါးသည် မိမိကိုယ်တိုင် လုပ်ကိုင်ရှာဖွေ၍ ရသော ပစ္စည်းများမဟုတ်ကြ၊ လူဝတ်ကြောင်များက (“ငါတို့ထက် ကောင်းမွန်စွာ နေထိုင်ကြသည်”ဟု ယုံကြည်၍) ပေးလှူအပ်သော ပစ္စည်းများ ဖြစ်ကြသည်၊ <mark>ထို့ကြောင့်</mark> ထိုပစ္စည်းများကို သုံးစွဲသောအခါ အမှတ်တမဲ့ သုံးစွဲလျှင်သော်လည်းကောင်း အဆင်းလှပအောင် သုံးစွဲလျှင်သော်လည်းကောင်း သုံးစွဲသော ရဟန်းသာမဏေတို့မှာ အပြစ်မကင်းတော့ချေ။

**“ဣဏပရိဘောဂ = ကြွေးယူ၍ သုံးစွဲခြင်း”** ဟု ကျမ်းဂန်တို့၌ ဆို၏၊ ကြွေးတင်လျှင် ကြွေးဆပ်ရ၏၊ မဆပ်နိုင်လျှင် ထောင်ချခံရသကဲ့သို့ နောက်သံသရာရေးအတွက် တาဝန်တက်လျက် ရှိလေသည်၊ <mark>ထို့ကြောင့်</mark> ပစ္စည်း ၄-ပါးနှင့်စပ်၍ ဆင်ခြင်သုံးစွဲဖို့ရာ ဗုဒ္ဓမြတ်စွာသည် **“ပစ္စဝေက္ခဏာ”** ဟု ခေါ်သော ၄-ပုဒ်ကို ဟောပြတော်မူ၏၊ ထို ၄-ပုဒ်ကို ရှေးရှေး သာมဏေတို့သည် ပုတီးစိပ်ရင်း ဆင်ခြင်ကြသောကြောင့် ပုတီးစိပ် ၄-ပုဒ်ဟုလည်း ခေါ်ကြသည်၊ ထို ၄-ပုဒ်အတွက် ဤနေရာ၌ ဆရာတော်ကြီးများ၏ လင်္ကာကို အဓိပ္ပါယ်နှင့်တကွ ပြ၍ <mark>နောက်ဆက်တွဲ</mark>ကျမှ ပါဠိအနက်ကို ပြပါမည်။

## PAGE 40

#### (<mark>အရကျက်ရန်</mark> သင်္ကန်းလင်္ကာ)

**ချမ်းပူကိုဖျက်၊ ခြင် မှက် လေ နေ၊ ကင်းမြွေလွှဲသုဉ်၊ ဟိရီ ဂုဏ်ကို၊ ကုန်စေတတ်စွာ၊ ကိုယ်အင်္ဂါကို၊ လုံပါစေလို၊ ကိုယ်ကို စံပါယ်၊ ဆင်ပြင်မယ်ဟု၊ စိတ်ဝယ်မမှန်း၊ ဤသင်္ကန်းကို၊ ဖုံးလွှမ်း ဝတ်ရုံပါသတည်း။**

---
#### လင်္ကာ၏ အဓိပ္ပါယ်ပြ ဖတ်စာ

(က) ငါသည် <mark>အချမ်းကို</mark> ပယ်ဖျောက်၍ နွေးစေခြင်း <mark>အကျိုးငှာ</mark> ဤသင်္ကန်းကို ဝတ်ပါသည်။

(ခ) ငါသည် မီးနှင့်စပ်သော အပူနှင့် လေပူ နေပူကို ကွယ်ကာခြင်း<mark>အကျိုးငှာ</mark> ဤသင်္ကန်းကို ဝတ်ပါသည်။

(ဂ) ငါသည် မှက် ခြင်နှင့် မြွေကင်းတို့ကို ကွယ်ကာခြင်း <mark>အကျိုးငှာ</mark> ဤသင်္ကန်းကို ဝတ်ပါသည်။

(ဃ) ရှက်သင့်သော အရာဌာန၌ ရှက်တတ်ခြင်းကို ပါဠိလို **ဟိရီ**ဟု ခေါ်၏။ ထိုသို့ ရှက်တတ်ခြင်းကား အမျိုးကောင်းသားသမီးတို့၏ <mark>ဂုဏ်တစ်မျိုး</mark> ဖြစ်လေသည်။

(င) လူတို့၏ ကိုယ်အင်္ဂါအရပ်ရပ်တွင် အင်္ဂါဇာတ် ပေါ်နေလျှင် ထိုဟိရီဂုဏ်ကို ကုန်စေ ပျက်စေတော့၏။

(စ) ငါသည် ထိုဟိရီဂုဏ်ကို ကုန်စေ ပျက်စေ တတ်သော ကိုယ်အင်္ဂါကို လုံခြုံစေခြင်း <mark>အကျိုးငှာ</mark> ဤသင်္ကန်းကို ဝတ်ပါသည်။

## PAGE 41

(ဆ) ငါသည် ဤသင်္ကန်းကို ဝတ်၍ ကိုယ်ကို လှပ တင့်တယ် အောင် ဆင်ပြင်မယ် ဟူသော ရည်ရွယ်ချက်ဖြင့် ဝတ်ခြင်းမဟုတ်ပါ။

#### သူ့နေရာနှင့်သူ အတိုချုပ် ဆင်ခြင်ပုံ

အေး၍ ချမ်း၍ သင်္ကန်း<mark>ခြုံလိုလျှင်</mark>- "အေး <mark>အချမ်းကို</mark> ကွယ်ကာဘို့ရာ ဤသင်္ကန်းကို ဝတ်ပါ၏"-ဟု ဆင်ခြင်ပါ။

လေပူ နေပူကြောင့် <mark>ခြုံလိုလျှင်</mark>- "အပူကို ကွယ်ကာဘို့ရာ ဤသင်္ကန်းကို ဝတ်ပါ၏"-ဟု ဆင်ခြင်ပါ။

မှက် ခြင် ကိုက်၍ <mark>ခြုံလိုလျှင်</mark>- "မှက် ခြင်ကို ကွယ်ကာ ဘို့ရာ ဤသင်္ကန်းကို ဝတ်ပါ၏"-ဟု ဆင်ခြင်ပါ။

အပူ အေး မှက် ခြင် မရှိဘဲ ဝတ်သောအခါ- "အရှက် အကြောက်ကို <mark>ဖုံးလွှမ်းခြင်းငှာ</mark> ဤသင်္ကန်းကို ဝတ်ပါ၏"-ဟု ဆင်ခြင်ပါ။

ဤသို့ သူ့နေရာနှင့် သူ ဆင်ခြင်သွားလျှင် နောက်ထပ် မဆင်чивသော်လည်း အပြစ်မရှိတော့ပါ။ သို့သော် ဘုရားဝတ်တက်သော အခါဖြစ်စေ၊ ပုတီးစိပ်ရင်းဖြစ်စေ ပြခဲ့သော သင်္ကန်းလင်္ကာကို ဖြည်းဖြည်းချွတ်၍ ရှင်သာမဏေကလေးများ ဆင်ခြင်ပါစေ။

## PAGE 42

#### (<mark>အရကျက်ရန်</mark> ဆွမ်းလင်္ကာ)

**ဤသည့်စားဘွယ်၊ အမယ်မယ်ကို၊ မြူးရယ် မာန်ကြွ၊ လှပ ရေဆင်း၊ ပြည့်ဖြိုးခြင်းငှါ၊ မသုံးပါဘူး၊ ၄-ဖြာဓာတ်ဆောင်၊ ဤကိုယ်ကောင်သည်၊ ရှည်အောင်တည်လျက်၊ အသက်မျှတမ်း၊ မမောပန်းသား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါ နိုင်စေ၊ ဝေဒနာဟောင်းသစ်၊ မဖြစ်စေရ၊ ယာပိုလ်မျှသစ် ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊ သုံးဆောင် မှီဝဲပါသတည်း။**

---
#### လင်္ကာ၏ အဓိပ္ပါယ်ပြဖတ်စာ

(က) ငါ၏ရှေ့မှောက် ရောက်ရှိနေသော ဤ စားသောက်ဘွယ် အမယ်မယ်ကို မြူးတူးပျော်ပါးခြင်း ရယ်ရွှင်ခြင်း မာန်မာန တက်ကြွ၍ အရေအဆင်း လှပပြည့်ဖြိုးခြင်းငှာ စားသောက်သည် မဟုတ်ပါ။

(ခ) ပထဝီ အာပေါ တေဇော ဝါယော ဟူသော ဓာတ်ကြီးလေးပါးတို့ စုပေါင်း ဆောင်ရွက်လျက် ရှိသော ဤကိုယ်ကောင်၏ တာရှည် တည်နေ နိုင်အောင် <mark>အကျိုးငှာ</mark> စားသောက်ပါသည်။

(ဂ) အသက်တမ်းပြည့်အောင် တည်နေသမျှ ကျမ်းစာ ပိဋကတ်ကို သင်အံလေ့ကျက် ဆောင်ရွက်ပို့ချခြင်း ဟူသော ဂန္တဓုရ တาဝန်ကို၎င်း၊ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခြင်းဟူသော ဝိပဿနာဓုရ တာဝန်ကို၎င်း မမောမပန်း ထမ်းဆောင်နိုင်ခြင်း <mark>အကျိုးငှာ</mark>လည်း သုံးဆောင်စားသောက်ပါသည်။

## PAGE 43

(ဃ) မစားသောက်ဘဲနေလျှင် ရောဂါဝေဒနာ အဟောင်း အသစ် ဖြစ်ပေါ်လာတတ်သောကြောင့် ထိုရောဂါ အဟောင်း, အသစ် တို့ မဖြစ်စေနိုင်<mark>ခြင်</mark>း<mark>ငှာ</mark>၎င်း၊ ဣရိယာပုထ် ၄-ပါး၌ မျှတ၍ ရောဂါအပြစ်, ကိလေသာ အပြစ်တို့ မဖြစ်စေဘဲ ချမ်းမြေ့ ကြည်လင်စွာ နေနိုင်<mark>ခြင်</mark>း<mark>ငှာ</mark>၎င်း သုံးဆောင်စားသောက်ပါသည်။

**ဆွမ်းစားသောအခါ အတိုချုပ် ဆင်<mark>ခြင်</mark>ပုံ**

“မွတ်သိပ်ซာလောင်<mark>ခြင်</mark>းကို ပယ်ဖျောက်၍ သာသနာ့ဝန်ကို ထမ်းဆောင်နိုင်<mark>ခြင်</mark>းအကျိုး<mark>ငှာ</mark> ဤ ခဲဘွယ် ဘောဇဉ်ကို သုံးဆောင်စားသောက်ပါသည်”။

ဆွမ်း <mark>ဆွမ်းဟင်း</mark> ခဲဘွယ်များကို စားခါနီးဖြစ်စေ၊ စားနေတုန်း ဖြစ်စေ၊ စားပြီးနောက်မှဖြစ်စေ၊ ဤ <mark>စကားစဉ်</mark>အတိုင်း နှုတ်ဖြင့် တိုးတိုး<mark>ရွတ်</mark>၍ဖြစ်စေ၊ နှုတ်က <mark>ရွတ်</mark>ဘဲ စိတ်ထဲမှာဖြစ်စေ ဆင်<mark>ခြင်</mark>ပါ၊ ဤသို့ <mark>တစ်ကြိမ်တစ်ခါ</mark> ဆင်<mark>ခြင်</mark>ပြီးလျှင် နောက်ထပ် မဆင်<mark>ခြင်</mark>သော်လည်း အပြစ်မရှိတော့ပါ၊ သို့ရာတွင် ဘုရား<mark>ဝတ်တက်</mark>ရင်းဖြစ်စေ၊ ပုတီးစိပ်ရင်းဖြစ်စေ ပြအပ်ခဲ့သော ဆွမ်းလင်္ကာကို ဖြည်းဖြည်း <mark>ရွတ်</mark>ဆို၍လည်း ဆင်<mark>ခြင်</mark>ပါစေ။

## PAGE 44

**(အရကျက်ရန် ကျောင်းလင်္ကာ)**

**ချမ်းပူကိုဖျက်၊ <mark>ခြင်</mark> <mark>မှက်</mark> လေ နေ၊ ကင်း မြွေ ဝေးမှု၊**
**ဥတု ဘေးဘျမ်း၊ မသန်း ကင်းစင်၊ စိတ်ကြည်လင်ကြောင်း၊**
**နေရာကျောင်းကို၊ ကိန်းအောင်း မှီခိုပါသတည်း။**

---

**လင်္ကာ၏ အဓိပ္ပါယ်ပြ ဖတ်စာ**

(က) <mark>ချမ်းသော</mark>အခါ ကျောင်းတွင်းသို့ ဝင်နေလျှင် အချမ်းသက်သာ၏၊ ပူသောအခါလည်း ကျောင်းအောက်စသည်မှာနေလျှင် အပူသက်သာ၏။

(ခ) <mark>ခြင်</mark> <mark>မှက်</mark>ကိုက်သောအခါ ကျောင်းတံခါးကို ပိတ်၍ ကျောင်းတွင်းမှာနေလျှင် <mark>ခြင်</mark> <mark>မှက်</mark> မကိုက်နိုင်၊ လေပူ လေအေးနှင့် နေပူတို့ကို၎င်း၊ မြွေကင်းတို့ကို၎င်း ကျောင်းသည် ကာကွယ်နိုင်၏။

(ဂ) <mark>တစ်ရံတစ်ခါ</mark> မခံသာအောင် ဥတုဖောက်ပြန်လာသဖြင့် အပူလွန်<mark>ခြင်</mark>း <mark>အေးလွန်ခြင်း</mark>များကိုလည်း ကာကွယ်နိုင်၏။

(ဃ) ထိုသို့ အချမ်းအပူမှစ၍ ဥတုဘေးရန် အန္တရာယ်တို့ကို ကာကွယ်နိုင်<mark>ခြင်</mark>း, မိမိ၌ မကပ် မရောက် မယှက်မသန်းနိုင်<mark>ခြင်</mark>းအကျိုး<mark>ငှာ</mark> ဤကျောင်းကို သုံးဆောင်မှီခိုပါ၏။

(င) ကျောင်းတွင်း၌ နေထိုင်ရသောအခါ ပြခဲ့သော ဘေးရန်အန္တရာယ်တို့မှ လွတ်ကင်းသောကြောင့်

## PAGE 45

စိတ်ကြည်လင်၏၊ ထိုသို့ စိတ်ကြည်လင်<mark>ခြင်</mark>း၏ အကြောင်းဖြစ်သောကြောင့်လည်း ဤကျောင်း၌ ကိန်းအောင်း မှီခိုပါသည်။

**သူ့နေရာနှင့်သူ အတိုချုပ် ဆင်<mark>ခြင်</mark>ပုံ**

ကျောင်းထဲသို့ ဝင်ချင်လျှင် “အေး၍ ချမ်း၍ အချမ်းကို ကွယ်ကာဘို့ရာ ဤကျောင်းကို သုံးစွဲပါသည်” – ဟု ဆင်<mark>ခြင်</mark>ပါ။

ကျောင်းထဲသို့ ဝင်လိုလျှင် “အပူ လေပူ နေပူ၍ ကွယ်ကာဘို့ရာ ဤကျောင်းကို သုံးစွဲပါသည်” ဟု ဆင်<mark>ခြင်</mark>ပါ။

<mark>မှက်</mark> <mark>ခြင်</mark>စသည်တို့ ကိုက်မည်စိုး၍ ကျောင်းထဲသို့ ဝင်သောအခါ “<mark>ခြင်</mark> <mark>မှက်</mark>စသော ဘေးရန်ကို ကွယ်ကာဘို့ရာ ဤကျောင်းကို သုံးစွဲပါသည်” ဟု ဆင်<mark>ခြင်</mark>ပါ။

ဤသို့ သူ့နေရာနှင့်သူ ဆင်<mark>ခြင်</mark>သွားလျှင် နောက်ထပ် မဆင်<mark>ခြင်</mark>သော်လည်း အပြစ်မရှိတော့ပါ၊ သို့သော် ဘုရား<mark>ဝတ်တက်</mark>သောအခါဖြစ်စေ ပုတီးစိပ်ရင်းဖြစ်စေ ပြခဲ့သော ကျောင်းလင်္ကာကို ဖြည်းဖြည်း<mark>ရွတ်</mark>၍ ဆင်<mark>ခြင်</mark>ပါစေ။

## PAGE 46

#### (အရကျက်ရန် ဆေးလင်္ကာ)

**ကျင်နာခံခက်၊ နှိပ်စက်ဖိစီး၊ ဖြစ်ပြီးဖြစ်လာ၊ ဝေဒနာကို၊ စွန့်ခွါပယ်လျင်း၊ ဆင်းရဲကင်း၍၊ လူမင်းမြတ်စွာ၊ သာသနာကို၊ ကြည့်သာရွှင်လန်း၊ ဖြည့်ကျင့်စွမ်းနိုင်ဘို့၊ ရည်မှန်း သုံးဆောင် ပါသတည်း။**

---
#### လင်္ကာ၏ အဓိပ္ပါယ်ပြ ဖတ်စာ

(က) လျက်ဆားစသော ဆေးနှင့် ထောပတ် ဆီဦး ပျားရည် သကြား သကာ ထန်းလျက်များကို “ဆေး” ဟု ခေါ်ပါသည်။

(ခ) ထိုဆေးများကို လေနာ၍ အခံခက်အောင် ကျင်နာခြင်း, အားနည်းသော ရောဂါတို့၏ နှိပ်စက် ဖိစီးခြင်း ရှိမှသာ သုံးဆောင်ကောင်းပါသည်။

(ဂ) ထိုကဲ့သို့ ရောဂါဝေဒနာ <mark>တစ်ခုခု</mark>ဖြစ်နေခြင်း, သို့မဟုတ် ဖြစ်လာတော့မည်ဟု သိသာ ထင်ရှားခြင်း ဟူသော အကြောင်း<mark>ရှိလျှင်လည်း</mark> သုံးစွဲကောင်းပါသည်။

(ဃ) ထိုရောဂါဝေဒနာကို စွန့်ခွါ ပယ်ရှင်း၍ ဆင်းရဲ ကင်းရှင်းစွာဖြင့် ဗုဒ္ဓမြတ်စွာ သာသနာတော်ကို ကြည်သာ ရွှင်လန်း ဖြည့်ကျင့်စွမ်းနိုင်ဘို့ <mark>အကျိုးငှာသာ</mark> ဤဆေးများကို သုံးစွဲ ကောင်းပါသည်။

(င) မွတ်သိပ် ဆာလောင်ရုံ သက်သက်ဖြင့် ထန်းလျက် ကြံသကာ ချိုချဉ် သကြားလုံး စသည်များကို နေလွှဲ အခါ၌ မသုံးဆောင်ကောင်းပါ၊ ထန်းလျက်ရည်

## PAGE 47

သကြားရည် ဘိလပ်ရည်နှင့် သန့်ရှင်း စင်ကြယ်စွာ စစ်ထားသော (မီးနှင့် ချက်ထားသည်လည်း မဟုတ်သော) <mark>ဖျော်ရည်</mark>ကိုသာ သောက်ကောင်းပါသည်။

(စ) ယခုအခါ <mark>တစ်ချို့</mark>နေရာ၌ ဆီ ကြက်သွန် စသည်ဖြင့် ရောစပ်၍ ညချင်းသုတ်ကို စားသောက်လေ့ရှိပါသည်၊ ထိုချင်းသုတ်ကား လက်သုတ် <mark>သရည်စာတစ်မျိုး</mark>ဖြစ် နေသောကြောင့် လုံးလုံး မစားအပ်ပါ၊ ချင်းနှင့် သင့်မြတ်သော ရောဂါ<mark>ရှိလျှင်ကား</mark> ချင်းရည်နှင့် ချင်းသက်သက်ကိုသာ သောက်စားအပ်ပါသည်။

#### သူ့နေရာနှင့်သူ အတိုချုပ် ဆင်ခြင်ပုံ

<mark>ဖျော်ရည်</mark> ဘိလပ်ရည် စသည်ကို သုံးဆောင်သောအခါ… မွတ်သိပ် ဆာလောင်ခြင်းကို ပယ်ဖျောက်၍ သာသနာ့ဝန်ကို ထမ်းဆောင်နိုင်ခြင်း<mark>အကျိုးငှာ</mark> ဤ<mark>ဖျော်ရည်</mark> (ဘိလပ်ရည်) ကို သုံးဆောင်ပါ၏။

လေနာခြင်း အစာမကြေခြင်း စသည်တို့ကြောင့် ဆေးကို သုံးဆောင်သောအခါ – ဤရောဂါ ကင်းပျောက်၍ သာသနာ့ဝန်ကို ထမ်းဆောင်နိုင်ခြင်း<mark>အကျိုးငှာ</mark> ဤဆေးကို သုံးဆောင်ပါ၏။

ဤဆေးအတွက်ကား သူ့နေရာနှင့်သူ မဆင်ခြင်ဘဲ မသုံးစွဲရ၊ အကြောင်းမရှိဘဲ စားသောက်မိလျှင် ရဟန်းများမှာ အာပတ်သင့်၍ ကိုရင်များမှာ ဒဏ်ထိုက်၏၊ ထို့ကြောင့် ဆေးကို စားခါနီး၌ “ဘာ့ကြောင့် စားပါသည်” ဟု အကြောင်း

## PAGE 48

ကို ဆင်ခြင်မိအောင် သတိပြုပါ၊ ထိုသို့ ဆင်ခြင်ပြီးသော်လည်း ဘုရားဝတ်တက်ရင်း ပုတီးစိပ်ရင်း ပြခဲ့သော ဆေးလင်္ကာကို ဖြည်းဖြည်းလွှတ်၍ ဆင်ခြင်ပါစေ။

[ ကိုရင်များ တောစပ်နား၌ ပုတီးစိပ်ရင်း ပစ္စဝေက္ခဏာ ဆင်ခြင်နေပုံ။ ]

## PAGE 49

လေ့ကျင့်ခဏ်း မေးခွန်း

(က) သင်္ကန်းကို ဆင်ခြင်သော လင်္ကာကို ပြပါ။
(ခ) ချမ်း၍ သင်္ကန်းခြုံလိုသောအခါ အဘယ်သို့ ဆင်ခြင်မည်နည်း။
(ဂ) လေ နေပူကြောင့် သင်္ကန်းခြုံလိုသောအခါ အဘယ်သို့ ဆင်ခြင်မည်နည်း။
(ဃ) အပူ အအေး မှက် ခြင် မရှိဘဲ ရိုးရိုးသင်္ကန်းဝတ်သောအခါ အဘယ်သို့ ဆင်ခြင်မည်နည်း။

(င) ဆွမ်းကို ဆင်ခြင်သော လင်္ကာကို ပြပါ။
(စ) ဆွမ်းစားသောအခါ အတိုချုပ် ဆင်ခြင်ပုံကို ပြပါ။

(ဆ) ကျောင်းကိုဆင်ခြင်သော လင်္ကာကို ပြပါ။
(ဇ) ချမ်း၍ ကျောင်းထဲသို့ဝင်လျှင် အဘယ်သို့ ဆင်ခြင်မည်နည်း။
(ဈ) ပူ၍ ကျောင်းထဲသို့ဝင်လျှင် အဘယ်သို့ ဆင်ခြင်မည်နည်း။

(ည) ဆေးကို ဆင်ခြင်သော လင်္ကာကို ပြပါ။
(ဋ) ဆာ၍ ဖျော်ရည် ဘိလပ်ရည် စသည်ကို သောက်လိုလျှင် အဘယ်သို့ ဆင်ခြင်မည်နည်း။
(ဌ) ရောဂါကြောင့် ဆေးကို သုံးဆောင်သောအခါ အဘယ်သို့ ဆင်ခြင်မည်နည်း။

(ဍ) တစ်စုံတစ်ခုမျှ အကြောင်းမရှိဘဲ ဖျော်ရည် ဘိလပ်ရည် သောက်ကောင်းသလား။
(ဎ) ရောဂါမရှိဘဲ စတုမဓု ထန်းလျက် ကြံသကာ သကြားလုံး စသည်တို့ကို 吃ကောင်းသလား။

**ပစ္စည်း ၄-ပါး ဆင်ခြင်ပုံ ပြီး၏။**

## PAGE 50

## (၅)။ <mark>လိင်ဆယ်ပါး</mark> <mark>ဒဏ်ဆယ်ပါး</mark> <mark>သင်ပြခဏ်း</mark>

**လိင်ကျခြင်း။** ။ရှင်သာမဏေ၏ အသွင်ကို ပါဠိလို “လိင်္ဂ”ဟု ခေါ်၏၊ “သူ့အသက်ကိုသတ်မှု”စသော ပြစ်မှု ဆယ်ပါးတွင် <mark>တစ်ပါးပါး</mark>ကို ပြုကျင့်သော သာမဏေသည် ထို ရှင်သာမဏေ အသွင်ဖြင့် (သင်္ကန်းဝတ်လျက်) မနေကောင်း၊ ထိုသာမဏေ၏ အသွင်ကို ဖျက်၍ လူဝတ်လဲပေးရသည်၊ ထိုသို့ လူဝတ်လဲရလောက်အောင် ပြစ်မှုကျူးลွန်မိခြင်းကို “လိင်ကျသည်”ဟု ခေါ်ကြသည်၊ ပြစ်မှုဆယ်ပါးကား—

၁။ **ပါဏာတိပါတ** = သူ့အသက်ကို သတ်ခြင်း။ [ ပိုးကောင်ကလေးများကိုသော်လည်း မသတ်ရ။ ]

၂။ **အဒိန္နာဒါန** = သူ့ဥစ္စာကို ခိုးခြင်း။ [ <mark>မြက်တစ်ပင်</mark>ကိုသော်မှ လိမ်၍ ညာ၍ ခိုး၍ လု၍ မယူရ။ ]

၃။ **အဗြဟ္မစရိယ** = မေထုန်အကျင့်ကို ကျင့်ခြင်း။ [ တိရစ္ဆာန်မ၌သော်မှ မမှီဝဲရ။ ]

၄။ **မုသာဝါဒ** = မုသားပြောခြင်း။ [ ပြောင်လှောင် ကျီစားလို၍သော်မှ လိမ်၍ မပြောရ။ ]

၅။ **သုရာမေရယ** = သေရည်အရက်ကို သောက်ခြင်း။

၆။ **ဗုဒ္ဓဿ အဝဏ္ဏ ဘာသန** = ဗုဒ္ဓမြတ်စွာ၏ အပြစ်ကို ပြောခြင်း။ [ ဘုရားမဟုတ်ဘူး, အလုံးစုံကို မသိနိုင်ဘူး စသည်ဖြင့် မပြောရ။ ]

## PAGE 51

၇။ **ဓမ္မဿ အဝဏ္ဏ ဘာသန** = တရားတော်၏ အပြစ်ကို ပြောခြင်း။ [ ဤ တရားအတိုင်း ကျင့်လို့ ဝဋ်ဆင်းရဲမှ မလွတ်နိုင်ဘူး စသည်ဖြင့် မပြောရ။ ]

၈။ **သံဃဿ အဝဏ္ဏ ဘာသန** = သံဃာတော်၏ အပြစ်ကို ပြောခြင်း။ [ အရိယာ ဖြစ်ပြီးသော သံဃာတော်ကို “ကောင်းမွန်စွာ ကျင့်သူ မဟုတ်ဘူး” စသည်ဖြင့် သံဃာတော်ကို ထိခိုက်၍ မပြောရ။ ]

၉။ **မိစ္ဆာဒိဋ္ဌိ** = မိစ္ဆာအယူရှိခြင်း။ [ ကံနှင့် ကံ၏ အကျိုးကို မယုံခြင်း, “မည်သူမဆို ဤဘဝမှ သေလျှင် ဘဝ ပြတ်တော့၏၊ နောက်ထပ် မဖြစ်ရ” ဟု ဥစ္ဆေဒဒိဋ္ဌိ စသော အယူရှိခြင်း။ ]

၁၀။ **<mark>ဘိက္ခုနီဒူသန</mark>** = ဘိက္ခုနီမ၌ မေထုန်ကျင့်ခြင်း။
#### မှတ်ချက်

ဤပြစ်မှု ၁၀-ပါးတွင် <mark>တစ်ပါးပါး</mark>ကို ကျူးလွန်လျှင် ရှင်သာမဏေ အစစ် မဟုတ်တော့၊ ရှေးကယူထားသော သရဏဂုံ ပျက်တော့၏။ သင်္ကန်းဝတ်နှင့်နေသော်လည်း သရဏဂုံမတည်တော့၊ ထို့ကြောင့် ပြောဆို ဆုံးမ၍ ရမည့်သူမဟုတ်လျှင် လူဝတ်လဲစေ၍ ကျောင်းမှ နှင်ထုတ်ရမည်၊ ပြောဆိုဆုံးမ၍ ရလောက်သူဖြစ်လျှင်ကား လူဝတ်မလဲဘဲ ချက်ချင်း သရဏဂုံထပ်၍ ယူစေရမည်။

ယခုခေတ်၌ မကြာမကြာ သရဏဂုံ ထပ်ယူလေ့ရှိသည်ကား ထိုပြစ်မှုများကို မကျူးလွန်မိဘဲ ထပ်လျှင် အကျိုးမထူးလှ၊ ကျူးလွန်မိ၍ နောက်ထပ် မဖြစ်အောင် စောင့်စည်းမည့်သူ

## PAGE 52

ဖြစ်လျှင် အပြစ်ရှိသည်နှင့်တပြိုင်နက် ဆရာ့ထံသွား၍ **<mark>သရဏဂုံ</mark>**ထပ်သင့်သည်။ [ လိင်ဆယ်ပါး ပါဠိနှင့် အနက်ကို နောက်ဆက်တွဲကျမှ ပြမည်။ ]
#### ရှင်းလင်းချက်။

ပြခဲ့သော ပြစ်မှုဆယ်ပါးတွင် <mark>ရှေ့ငါးပါး</mark>သည် ဆယ်ပါးသီလတွင် ပါဝင်သော သိက္ခာပုဒ်များတည်း၊ ဘိက္ခုနီမကို မေထုန်ကျင့်မှုသည် ၃-နံပါတ် (**အဗြဟ္မစရိယ**) သိက္ခာပုဒ်နှင့် ထပ်နေသော်လည်း ဘိက္ခုနီမ၌ ကျင့်မှု၏ သာ၍ အပြစ်ကြီးကြောင်း ပြလိုသောကြောင့် သီးခြားပညတ်ထားတော်မူသည်။

မှန်၏… **အဗြဟ္မစရိယ** ရိုးရိုးကို ပြုကျင့်သူသည် နောင်ခါ စောင့်စည်းလိုသောစိတ် ရှိလျှင် ရှင်သာမဏေ ထပ်၍ ဖြစ်ခွင့်ရ၏၊ အသက်စေ့လျှင် ရဟန်းပြုခွင့်လည်း ရ၏၊ ဘိက္ခုနီမ၌ ကျင့်မိသူကား (ရဟန်းပြုဘို့ မဆိုထားဘိ) ရှင်သာမဏေ ထပ်၍ ပြuခွင့်မျှ မရတော့ချေ။

#### ဒဏ်ထိုက်ခြင်း။

“ရေဒဏ် ဆယ်ခေါက် ထမ်းရမည်, သဲဒဏ် ငါးခေါက် ထမ်းရမည်, ကျောင်းဝိုင်းအတွင်း၌ အမှိုက်ရှင်းရမည်” စသည်ဖြင့် အပြစ်ပေးမှု (နောင်မပြုဝံ့အောင် နှိပ်ကွပ်မှု)ကို “ဒဏ်ပေးခြင်း”ဟု ခေါ်၏။ ထိုသို့ ဒဏ်ပေးခံရလောက်အောင် ပြစ်မှု ကျူးလွန်မိခြင်းကို “ဒဏ်ထိုက်သည်”ဟု ခေါ်၏။ “ဒဏ်ပေးခြင်း<mark>ငှာ</mark> ထိုက်သည်” ဟု ဆိုလိုသည်၊ ထို ဒဏ်ထိုက်လောက်သော ပြစ်မှု ဆယ်ပါးကား—

## PAGE 53

၁။ **ဝိကာလဘောဇန သိက္ခာပုဒ်**ကို မစောင့်ရှောက်ခြင်း။
၂။ **နစ္စ ဂီတ သိက္ခာပုဒ်**ကို မစောင့်ရှောက်ခြင်း။
၃။ **မာလာဂန္ဓ သိက္ခာပုဒ်**ကို မစောင့်ရှောက်ခြင်း။
၄။ **ဥစ္စာသယန မဟာသယန သိက္ခာပုဒ်**ကို မစောင့်ရှောက်ခြင်း။
၅။ **ဇာတရူပသိက္ခာပုဒ်**ကို မစောင့်ရှောက်ခြင်း။
[ ဤ ငါးပါးသည် ဆယ်ပါးသီလတွင် ပါဝင်သော သိက္ခာပုဒ်များတည်း။ ]

၆။ ရဟန်းတော်များကို လာဘ်မရအောင် အားထုတ်ခြင်း။ [ ဆွမ်း သင်္ကန်း စသည်ကို မလှူချင်အောင် မဟုတ်မမှန်သော အပြစ်ကို လုပ်ကြံ၍ လူတို့အား ပြောဆိုခြင်း။ ]

၇။ ရဟန်းတော်များကို နေမြဲ ကျောင်း၌ မနေနိုင်အောင် အားထုတ်ခြင်း။ [ <mark>တစ်စုံတစ်ခုသော</mark> အမှုအပြစ်ကြောင့် ထိုကျောင်းမှ ထွက်သွားရအောင် အားထုတ်ခြင်း, ကောင်းမွန်စွာ မနေသူကို ထွက်သွားအောင် ပြုလုပ်ခြင်း၌ ဒဏ်မထိုက်။ ]

<mark>၈။</mark> ရဟန်းတော်များကို အကျိုးမဲ့ (အကျိုးမရှိ) ဖြစ်အောင် (ဘေးအန္တရာယ်ဖြစ်အောင်) အားထုတ်ခြင်း။

၉။ ရဟန်းတို့ကို ဆဲခြင်း, ရိုက်မည် နှက်မည် စသည်ဖြင့် ခြိမ်းချောက်ခြင်း။

## PAGE 54

၁၀။ ရဟန်းတော်ချင်း ကွဲပြားအောင် (မသင့်အောင်) ဂုံးတိုက်ခြင်း = ရန်တိုက်ခြင်း။

ဤ ဆယ်ပါးတွင် <mark>တစ်ပါးပါး</mark>ကျူးလွန်သော ရှင်သာမဏေကို “ဤကျောင်းသို့ မလာနှင့်”ဟု တားမြစ်သောအားဖြင့်၎င်း သဲဒဏ် ရေဒဏ် ပေးသောအားဖြင့်၎င်း နှိပ်ကွပ် ဆုံးm ရမည်။ [ ဒဏ် ၁၀-ပါး ပါဠိအနက်ကို နောက်ဆက်တွဲကျမှ ပြမည်။ ]

#### လေ့ကျင့်ခဏ်း မေးခွန်း

က။ လိင်ဆယ်ပါးကို ရေတွက်ပြပါ။

ခ။ လိင်ဆယ်ပါးတွင် ဆယ်ပါးသီလနှင့်တူသော သိက္ခာများကို ပြပါ။

ဂ။ ဒဏ်ဆယ်ပါးကို ရေတွက်ပြပါ။

<mark>ဃ။</mark> ဒဏ်ဆယ်ပါးတွင် ဆယ်ပါးသီလနှင့်တူသော သိက္ခာများကို ပြပါ။

<mark>င။</mark> လိင်ဆယ်ပါးတွင် <mark>တစ်ပါးပါး</mark> ကျူးလွန်သူကို အဘယ်သို့ ပြုရမည်နည်း။

စ။ ဘိက္ခုနီမ၌ မေထုန်ကျင့်မှုသည် အဗြဟ္မစရိယနှင့် တူပါလျက် ဘာ့ကြောင့် သီးခြားပြရသနည်း။

ဆ။ ဒဏ်ဆယ်ပါးတွင် <mark>တစ်ပါးပါး</mark> ကျူးလွန်သူကို အဘယ်သို့ ပြုရမည်နည်း။

## PAGE 55

## (၅)။ သေခိယသိက္ခာပုဒ်များကို သင်ပြခဏ်း

**သေခိယခေါ်ပုံ။** = “**သေခိယ**” ဟူသော ပါဠိစကားသည် “သင်ထိုက် ကျင့်ထိုက်” ဟူသောအနက်ကို ဟော၏။ “ယခုပြမည့် ကျင့်ဝတ်များကို ရဟန်းတော်များနှင့် ရှင်သာမဏေများပါ နားလည်အောင် ဆရာ့အထံ၌ ပဌမဆုံး သင်ယူရမည်၊ နားလည်သောအခါ ထိုသိက္ခာပုဒ်များအတိုင်း ကျင့်ရမည်” ဟု ဆိုလိုသည်၊ ထို့ကြောင့် ဤသေခိယသိက္ခာပုဒ်တော်များကို ရှင်သာမဏေတို့အား အရကျက်ရုံမျှဖြင့် ကိစ္စမပြီးစေဘဲ အမှန်နားလည်အောင် ဆရာကိုယ်တိုင် လက်ထပ်သင်ပြထိုက်ပါသည်။

**တိုက်တွန်းချက်။** = ယခုခေတ်သည် ရွေးချယ် စိစစ်လေ့ရှိသော ခေတ်ဖြစ်၏၊ ဤခေတ်မျိုး၌ ရဟန်းသာမဏေများသည် သေခိယကျင့်ဝတ်အတိုင်း သွားလာ နေထိုင်ကြမှသာ လူအများ၏ လေးစားခြင်းကို ဆက်လက် ရရှိကြပေလိမ့်မည်၊ ဤအတိုင်း မနေကြလျှင်ကား ဧကန်မုချ အထင်သေးခံကြရမည်သာမက၊ လောကီဘက်က တိုးတက်လာသလောက် သာသနာဘက်က တဖြည်းဖြည်း ဆုတ်ယုတ်ပြီးလျှင် နှစ်ပေါင်းအတော်ကြာသော် အောက်တန်းလူများ၏ ကိုးကွယ်ရာလောက်သာ ဖြစ်သွားစရာ ရှိပါသည်၊ ထို့ကြောင့် မိမိတို့ အခြေအနေကို ခိုင်မြဲစေဘို့ရန် အချိန်မလွန်ခင်က ဤသေခိယသိက္ခာပုဒ်အတိုင်း ပြင်ဆင်ကြပါစို့။

## PAGE 56

### (က) ပရိမဏ္ဍလဝဂ်

#### အမှာ

သိက္ခာပုဒ်အစုကို ပါဠိလို “**ဝဂ္ဂ**” ဟု ခေါ်၍ မြန်မာလို “**ဝဂ်** = အပေါင်းအစု” ဟု ခေါ်၏။ **ပရိမဏ္ဍလ**သိက္ခာပုဒ်ကို အစထားသောဝဂ်ကို “**ပရိမဏ္ဍလဝဂ်**” ဟု ခေါ်၏။ ဤဝဂ်၌ သိက္ခာပုဒ်ပေါင်း ဆယ်ပါးရှိသည်။ ဤသေခိယသိက္ခာပုဒ်များကို <mark>ကိုရင်</mark>ကလေးများအတွက် ဖတ်စာဖြစ်အောင် ရေးထားပါသည်၊ <mark>ကိုရင်</mark>ကလေးများကို အဖတ်ခိုင်း၍ ဆရာဘုန်းကြီးက အဓိပ္ပါယ်နားလည်အောင် သင်ပြပါလေ။ ကျောက်သင်ပုန်းမှာဖြစ်စေ ဗလာစာအုပ်မှာဖြစ်စေ အကူးခိုင်း၍ <mark>ဖတ်စေလျှင်</mark> လက်ရေးသင်ပြီးလည်း ဖြစ်နိုင်ပါသည်။ [ <mark>ကိုရင်</mark>၏ နာမည်ကို “ဗုဒ္ဓရက္ခိတ” ဟု မှည့်ထားကြပါစို့ ]

#### ပရိမဏ္ဍလသိက္ခာပုဒ် ၂-ပါး

**သင်းပိုင်ဝတ်ပုံ။** = <mark>ကိုရင်</mark>ဗုဒ္ဓရက္ခိတခါးမှာ ဝတ်အပ်သော အဝတ်ကို “သင်းပိုင်” ဟု ခေါ်သည်။ အဲဒီ သင်းပိုင်ကို ဝတ်သောအခါ ချက်ကို ဖုံးมิအောင် ဝတ်ရ၏၊ ခါးဘက်က အပေါ်မှာတက်နေ၍ ချက်ဘက်က အောက်လျှောကျနေအောင် မဝတ်ရပါ၊ အောက်ပိုင်းမှာလဲ ဒူးဆစ်အောက် <mark>လက်သစ်ရှစ်သစ်လောက်ချပြီး</mark> ရှေ့ရောနောက်ရော (ကတ်ကျေးနှင့် ညှိ၍ ဖြတ်ထားသလို) ဝိုင်းနေအောင် ဝတ်ရသည်။ အဲဒီလို ဝတ်ခြင်းကို “ပရိမဏ္ဍလဖြစ်အောင် ဝတ်ခြင်း” ဟု ခေါ်ပါသည်၊

**ပရိ** = အထက် အောက် ပတ်ဝန်းကျင် + **မဏ္ဍလ** = ဝိုင်းနေသည်။

## PAGE 57

[ <mark>ကိုရင်</mark> ဗုဒ္ဓရက္ခိတ ……………… ပရိမဏ္ဍလ ဖြစ်အောင် သင်းပိုင်ဝတ်ထားသော <mark>ကိုရင်</mark>ကလေးများ၏ ပုံ ]

ပုံကို ကြည့်ပြီး သင်းပိုင်ကို ဝတ်စမ်းပါ။

(၁) သင်းပိုင်အစ ၂-ဖက်ကို ညီညီထားပါ။

(၂) မခေါက်ခင် ဗိုက်နှင့်ကပ်နေသော သင်းပိုင်၏ ယာဘက်အဖျားကို အထက်သို့ နဲနဲဆွဲတင်ပါ။

(၃) ၂-လွှာ ပူးထားသော သင်းပိုင်ကို ၂-ခေါက်ဖြစ်အောင် ခေါက်၍ ဗိုက်မှာ ကပ်ပါ။

(၄) ထိုအခေါက်၏ အဖျားကို ညီညီကိုင်ပြီး အထက်သို့ နဲနဲဆွဲ၍ လိပ်ပါ။

(၅) လိပ်သောအခါ ဒူးဆစ်အောက် လက်သစ်ရှစ်သစ်လောက် ကျနေအောင် မှန်းပြီး လိပ်ပါ။
#### အမှာ

အလိပ်မှာ ၂-လိပ် သို့မဟုတ် ၃-လိပ်လောက်သာ တော်၏။ ထို့ထက် များနေလျှင် ဘုကြီးဖြစ်နေ၍ ကြည့်လို့လည်း မကောင်း, နေလို့လည်း မကောင်းပါ။ ထို့ကြောင့် သင်းပိုင်က ရှည်လွန်းလျှင် <mark>ကိုရင်</mark>နှင့် သင့်တော်အောင် ဖြတ်ပေးကြပါလေ။

<mark>ဧကသီ</mark>ကိုလည်း <mark>ကိုရင်</mark>နှင့် အရွယ်တော်သော <mark>ဧကသီ</mark>ကိုသာ ဝတ်ပါစေ၊ အလွန်ရှည်နေသော <mark>ဧကသီ</mark>ကို ညီအောင် ရုန်းသော် bởiလည်း ညီညီညွတ်ညွတ်ဖြစ်အောင် မရှန်းနိုင်ကြသဖြင့် အချိုးမကျဘဲ ဖြစ်ပါလိမ့်မည်။

## PAGE 58

## အခန်း (၇)။ သေခိယသိက္ခာပုဒ်များကို သင်ပြခဏ်း

**သင်းပိုင်ကို အထက် အောက် ညီနေအောင် ဝတ်ထားပုံ။**

## PAGE 59

**ဧကသီ ရှန်းပုံ။**

။ကိုရင် **ဗုဒ္ဓရက္ခိတ**...ကိုယ်မှာ ခြုံထားသော သင်္ကန်းကို “**ဧကသီ**” လို့ ခေါ်သည်၊ ကိုယ်ပေါ်မှာ **ဧကသီ**ခြုံထားခြင်းကို “သင်္ကန်းရန်းခြင်း”ဟု ခေါ်သည်။

(၁) **ဧကသီ**၏ အထက်ပိုင်းအဖျားကို လက် <mark>၂-ဖက်</mark>ဖြင့် ခပ်စုစုကိုင်၍ ဆန့်တန်းပါ၊ အောက်မှာလည်း <mark>ညီနေပါစေ။</mark>

(၂) **ဧကသီ** ဝဲယာ <mark>၂-ဖက်</mark>၏ အလယ်ပိုင်းလောက်သည် ကျောနှင့် တည့်နေပါစေ။

(၃) ညာဘက်အစကို (ချိုင်းအောက်) သွင်းပြီး ဝဲဘက် ပခုံးပေါ်တင်ပါ။

(၄) ဝဲဘက်အစကိုလည်း ဝဲဘက်ပခုံးပေါ် ထပ်၍ တင်ပါ။

(၅) ဤသို့ ရှန်းထားသောသင်္ကန်းသည် အောက်ပိုင်းမှာလည်း သင်းပိုင်အထက်၌ လက် ၄-သစ်လောက် <mark>တက်လျက်</mark> ပတ်ဝန်းကျင် ညီနေပါစေ၊ ဤကား ယခုခေတ် သင်္ကန်းရန်းပုံ ဖြစ်၏။ (စာ၌ပါသော ရန်းပုံ<mark>တစ်မျိုး</mark>ကိုမူ နားလည်သောဆရာများထံ သင်ကြပါလေ။)

---

#### ညီစွာ<mark>ဝတ်ရ</mark>မည့်ဌာန

“ဝန်းဝိုင်း ညီညွတ်အောင် သင်းပိုင် <mark>ဧကသီကို</mark> <mark>ဝတ်ရ</mark>မည်”ဟု ပညတ်တော်မူသည့်အတိုင်း (တစ်ပါးတည်းနေသောအခါ အိပ်သောအခါ စသည်တို့၌ ညီစွာ မဝတ်နိုင် မရန်းနိုင်သော်လည်း) သံဃာ့အစည်းအဝေး၊ <mark>ဘုရား</mark>ဝတ်တက် စာတက်၊ ဆွမ်းစားကျောင်း၊ <mark>ဘုရား</mark>ရှေ့တော်၊ <mark>ဆရာသမားနှင့်</mark>၊ <mark>မထေရ်ကြီးများ</mark> အထံသို့ သွားသောအခါတို့၌ ဤသိက္ခာပုဒ် ၂ ပါး và ညီအောင် ဝန်းဝိုင်း ညီညွတ်စွာ <mark>ဝတ်ရ</mark> <mark>ရန်းရ</mark>ပါသည်။

## PAGE 60

**သင်းပိုင် <mark>ဧကသီကို</mark> ညီစွာဝတ်ထားပုံ။**

## PAGE 61

**သုပ္ပဋိစ္ဆန္နသိက္ခာပုဒ် ၂-ပါး။** ။ကိုရင် ဗုဒ္ဓရက္ခိတ... မြို့တွင်း ရွာတွင်းသို့ သွားသောအခါ သင်္ကန်းရုံ၍ သွားရသည်၊ “သင်္ကန်းရုံ” ဆိုသည်မှာ - လည်ပင်း၏နောက်ပိုင်းကိုလည်း ဖုံးမိအောင်, လက်ကောက်ဝတ်အထိ လက်ကိုလည်း ဖုံးမိအောင် ဧကသီခြုံခြင်းတမျိုးကို ဆိုလိုသည်၊ သင်းပိုင်ဝတ်ပုံမှာ ပရိမဏ္ဍလသိက္ခာပုဒ်အတိုင်းပင် ဖြစ်သည်။

**သင်္ကန်းရုံပုံ။** ။ကိုရင် ဗုဒ္ဓရက္ခိတ... သင်္ကန်းရုံသောအခါ ဧကသီကို သိပ်လဲ မပူစေရ၊ သိပ်လဲ မကြပ်စေရ၊ “ဂုတ်ပိုး”ဟု ခေါ်သော လည်ပင်းအဖုံးကိုလည်း မကြပ်စေရ၊ လက်လိပ်ကိုလည်း လက်အောက်မှာ အရှည်ကြီး တွဲ၍ မကျစေရ၊ အကောင်းဆုံးရုံတတ်သော ရဟန်းသာမဏေများထံ နည်းခံ၍ သပ်သပ်ယပ်ယပ်ဖြစ်အောင် သင်္ကန်းရုံပုံကို သင်ပါ။

**သင်္ကန်းရုံ၍ ထိုင်ပုံ။** ။ကိုရင် ဗုဒ္ဓရက္ခိတ... မြို့တွင်းရွာတွင်း၌ ထိုင်နေသောအခါ <mark>သိက္ခာပုဒ်တော်နှင့်</mark> <mark>ညီညွတ်အောင်</mark> ထိုင်ရသည်၊ လည်ပင်းအထက်က <mark>ဦးခေါင်း</mark>၊ လက်ကောက်ဝတ်ပြင်ဘက်က လက်ဖျား၊ ခြေသလုံး ကြွက်သားပြင်ဘက်က ခြေအဖျား ဤ ၃-နေရာလောက်သာ ဖော်ထား၍ ကျန်သောကိုယ်အစိတ်အပိုင်း ဖုံး၍ ထိုင်ခြင်းကို “သုပ္ပဋိစ္ဆန္န <mark>သိက္ခာပုဒ်တော်နှင့်</mark>အညီ ထိုင်ခြင်း”ဟု ခေါ်သည်၊ [ **သု**=ကောင်းစွာ + **ပဋိစ္ဆန္န**=ကိုယ်ကို ဖုံးထားခြင်း။ ]
(ထိုင်ပုံကို ဆရာက သင်ပြပါ။)

## PAGE 62

**သုသံဝုတသိက္ခာပုဒ် ၂-ပါး။** ။ကိုရင် ဗုဒ္ဓရက္ခိတ... မြို့တွင်း ရွာတွင်းသို့ သွားသောအခါ လက်ရော ခြေရော ဟိုယမ်း သည်ယမ်းနှင့် လက်ဆော့ခြေဆော့ လုပ်မသွားရ၊ ထိုင်တဲ့အခါလည်း လက် ခြေတို့ကို ငြိမ်ငြိမ် သက်သက်ထား၍ ထိုင်ရသည်။ [ **သု**=ကောင်းစွာ + **သံဝုတ**=လက် ခြေတို့ကို စောင့်စည်းသူ။ ]

**ဩက္ခိတ္တစက္ခုသိက္ခာပုဒ် ၂-ပါး။** ။ကိုရင် ဗုဒ္ဓရက္ခိတ... မြို့တွင်း ရွာတွင်းသို့သွားသောအခါ ဟိုကြည့် သည်ကြည့် မကြည့်ရ၊ ရထားထမ်းပိုး၏ <mark>တစ်ပြန်</mark>လောက်သာ (၄-တောင်ခန့်လောက်သာ) ကြည့်၍သွားရသည်၊ ဤနည်းဖြင့် သွားခြင်း ထိုင်ခြင်းကို “စက္ခုန္ဒြေချပြီး သွားခြင်း ထိုင်ခြင်း”ဟု ခေါ်သည်။ [ **ဩက္ခိတ္တ**=အောက်၌ ချအပ်သော + **စက္ခု**=မျက်စိ ရှိသူ။ ]

**ဥက္ခိတ္တကသိက္ခာပုဒ် ၂-ပါး။** ။ ကိုရင် ဗုဒ္ဓရက္ခိတ... မြို့တွင်း ရွာတွင်းသို့ သွားသောအခါ သင်းပိုင်ကိုဖြစ်စေ ဧကသီကိုဖြစ်စေ အထက်သို့ မြှောက်ပင့်၍ (စွန်တောင်ဆွဲ၍) မသွားရ၊ ထိုင်ခါနီးမှာလည်း ဧကသီကို ခါးပေါ်နေအောင် မြှောက်ပင့်၍ မထိုင်ရ။ [ **ဥက္ခိတ္တ**=မြှောက်ပင့်။ ]

**အမှာ။** ။သွားခြင်းအတွက် ၁-ပါး၊ ထိုင်ခြင်းအတွက် ၁-ပါး၊ ဤသို့အားဖြင့် သုပ္ပဋိစ္ဆန္န သိက္ခာပုဒ်မှ စ၍ ၂-ပါးစီ ရှိသည်။

## PAGE 63

ပြခဲ့သော သိက္ခာပုဒ်များနှင့်အညီ မြို့ရွာတွင်းသို့ စက္ခုချပြီး သင်္ကန်းရုံ၍ သွားပုံ။

## PAGE 64

#### လေ့ကျင့်ခဏ်း မေးခွန်း

(က) ဘာကြောင့် “သေခိယ”ဟု ခေါ်သနည်း။

(ခ) သေခိယ ကျင့်ဝတ်များကို မသင်ဘဲနေလျှင် အပြစ် ကင်းပါမည်လော။

(ဂ) သင်းပိုင်ကို ဝတ်သောအခါ ဒူးဆစ်အောက်၌ ဘယ်လောက်ချပြီး <mark>ဝတ်ရမည်နည်း</mark>။

(ဃ) သင်းပိုင်ကို **ပရိမဏ္ဍလ** (ထက်ဝန်းကျင်ဝိုင်းဝိုင်းစက်စက်) ဖြစ်အောင် ဘယ်လို<mark>ဝတ်ရမည်နည်း</mark>။

(င) ဧကသီကို **ပရိမဏ္ဍလ** ဖြစ်အောင် ဘယ်လို<mark>ရုံရမည်နည်း</mark>။

(စ) မြို့ရွာအတွင်းသို့ သွားသောအခါ **သုပ္ပဋိစ္ဆန္န** သိက္ခာပုဒ်နှင့် ညီအောင် ဘယ်လိုသွားရမည်နည်း။

(ဆ) မြို့ရွာအတွင်း၌ ထိုင်သောအခါ **သုပ္ပဋိစ္ဆန္န** သိက္ခာပုဒ်နှင့် ညီအောင် ဘယ်လိုထိုင်ရမည်နည်း။

(ဇ) မြို့ရွာအတွင်း၌ သွားလာနေထိုင်သောအခါ **ဩက္ခိတ္တစက္ခု** သိက္ခာပုဒ်နှင့် ညီအောင် ဘယ်လိုသွားရ ထိုင်ရသနည်း။

(ဈ) မြို့ရွာအတွင်း၌ သွားလာနေထိုင်သောအခါ သင်းပိုင် ဧကသီကို မြှောက်ပင့်ကောင်းသလော၊ ဘယ်သိက္ခာပုဒ်က မမြှောက် မပင့်ဘို့ရန် တားမြစ်ပါသနည်း။

## PAGE 65

### <mark>ဥစ္စာဝဂ်</mark>

**<mark>ဥစ္စာသဒ္ဒက</mark>သိက္ခာပုဒ် ၂-ပါး။** ။ ကိုရင် <mark>ဗုဒ္ဓရက္ခိတ</mark> … မြို့တွင်း ရွာတွင်း၌ သွားသောအခါ ကျယ်လောင်စွာရယ်၍ မသွားရ၊ ထိုင်သောအခါလည်း ကျယ်လောင်စွာ ရယ်မနေရ၊ အကယ်၍ <mark>ရယ်စရာ</mark>တွေ့ကြုံလျှင် ပြုံးရုံသာ ပြုံးရသည်၊ **ဥ** = ကျယ်စွာ၊ **ဖလ္လိက** = ရယ်ခြင်း။

---

**<mark>အပ္ပ</mark>သဒ္ဒသိက္ခာပုဒ် ၂-ပါး။** ။ ကိုရင် <mark>ဗုဒ္ဓရက္ခိတ</mark> … မြို့တွင်း ရွာတွင်း၌ သွားသောအခါ (အချို့လူတွေ ကျယ်လောင် ကျယ်လောင်နှင့် စကားပြောသလို) ရဟန်း သာမဏေ အချင်းချင်း အသံကျယ်စွာ မပြောရ၊ <mark>ထိုင်နေသော</mark>အခါလည်း အသံကျယ်စွာ စကားပြော၍ မနေရ၊ စကားပြောစရာကิစ္စရှိလျှင် အနီးအပါး ကြားလောက်ရုံသာ ပြောရသည်၊ တရားကိုကား အများကြားအောင် ဟောကောင်းပါ၏။ **<mark>အပ္ပ</mark>** = တိုးသော + **သဒ္ဒ** = အသံ။

**ကာယပ္ပစာလကသိက္ခာပုဒ် ၂-ပါး။** ။ ကိုရင် <mark>ဗုဒ္ဓရက္ခိတ</mark> … မြို့တွင်း ရွာတွင်း၌ သွားသောအခါ ကိုယ်ကို လှုပ်၍ ယမ်း၍ မသွားရ၊ ထိုင်သောအခါလည်း ကိုယ်ကို မလှုပ်မယှက် ငြိမ်သက်စွာထား၍ ထိုင်ရသည်၊ “ကိုယ်” သော်လည်း သွားတဲ့အခါ <mark>တစ်ကိုယ်လုံး</mark>ကို မဆိုလို၊ အထက်ပိုင်းကိုယ်ကိုသာ ဆိုလိုသည်။ အောက်ပိုင်းကိုယ်ကား လှုပ်လှုပ်ရှားရှား သွားနိုင်ပါသည်။ [ **ကာယ** = ကိုယ် + **ပစာလက** = အမျိုးမျိုးလှုပ်စေ၍။ ]

## PAGE 66

**ဗာဟုပ္ပစာလက သိက္ခာပုဒ် ၂-ပါး။** ။ ကိုရင် <mark>ဗုဒ္ဓရက္ခိတ</mark>... မြို့ရွာအတွင်း၌ သွားသောအခါ လက်ရုံး လက်မောင်းကို မလှုပ်မရှား ငြိမ်သက်စွာ ထား၍ သွားရသည်၊ ထိုင်သောအခါလည်း လက်ရုံး လက်မောင်းကို မလှုပ်မရှားဘဲ ထိုင်ရသည်၊ [ **ဗာဟု** = လက်ရုံး လက်မောင်း။ ]

**သီသပ္ပစာလက သိက္ခာပုဒ် ၂-ပါး။** ။ ကိုရင် <mark>ဗုဒ္ဓရက္ခိတ</mark>... မြို့တွင်း ရွာတွင်း၌ သွားသောအခါ <mark>ဦးခေါင်း</mark>ကို လှုပ်၍ ခါ၍ သွားလည်း မသွားရ၊ ထိုင်လည်း မထိုင်ရ၊ <mark>ဦးခေါင်း</mark>ကို ငြိမ်ငြိမ်သက်သက်ထား၍ သွားရ ထိုင်ရသည်။ **သီသ** = <mark>ဦးခေါင်း</mark>။

### ၇။ <mark>ခမ္ဘကတဝဂ်</mark>

**<mark>ခမ္ဘကတ</mark> သိက္ခာပုဒ် ၂-ပါး။** ။ ကိုရင် <mark>ဗုဒ္ဓရက္ခိတ</mark> ... မြို့တွင်း ရွာတွင်း၌ သွားသောအခါ ခါးကို လက်ဖြင့် ထောက်၍ မသွားရ၊ ထိုင်သောအခါလည်း ခါးထောက်၍ မထိုင်ရ၊ **<mark>ခမ္ဘက</mark>** = ကက်နဲထောက်ခြင်း။

---

**ဩဂုဏ္ဏိတ သိက္ခာပုဒ် ၂-ပါး။** ။ ကိုရင် <mark>ဗုဒ္ဓရက္ခိတ</mark>... မြို့တွင်း ရွာတွင်း၌ သွားသောအခါ <mark>ဦးခေါင်း</mark>ကို ခြုံ၍ မသွားရ၊ ထိုင်သောအခါလည်း ခေါင်းမြီးခြုံ၍ မထိုင်ရ၊ **ဩဂုဏ္ဏိတ** = ခြုံအပ်သော <mark>ဦးခေါင်း</mark>ရှိသူ။

**<mark>ဥက္ကုဋိက</mark> သိက္ခာပုဒ်။** ။ ကိုရင် <mark>ဗုဒ္ဓရက္ခိတ</mark>.. ခြေဖျားဖြင့်သာ မြေ၌ နင်း၍ <mark>ခြေဖနောင့်ကို</mark> မြေ၌ မထိစေဘဲ...
## PAGE 67

မသိဘဲ (ခြေဖျားထောက်၍) သွားခြင်း, ခြေဖနောင့်ဖြင့်သာ မြေ၌နင်း၍ ခြေဖျားက မြေ၌မထိဘဲ (ခြေဖနောင့်ထောက်၍) သွားခြင်းကို “ဖဝါးအစွန်ဖြင့် နင်းခြင်း” ဟု ခေါ်သည်။ မြို့တွင်း ရွာတွင်း၌ သွားသောအခါ ထိုကဲ့သို့ ဖဝါးစွန်နင်း၍ မသွားကောင်းပါ။

[ **<mark>ဥပရိ</mark>** = <mark>အထက်၌၊</mark> **<mark>ကုဋိက</mark>** = <mark>အစွန်းရှိသည်။</mark> ]

---

#### ပတ္ထိက သိက္ခာပုဒ်

ကိုရင် ဗုဒ္ဓရက္ခိတ... အချို့လူများ ထိုင်သောအခါ ဒူး ၂-ဖက်ကို ထောင်ပြီးလျှင် ထိုဒူးကို လက် ၂-ဖက်ဖြင့် ပတ်၍ဖြစ်စေ၊ အဝတ်ဖြင့် ပတ်၍ဖြစ်စေ၊ အဝတ်ကို ကျစ်ထားသော ကြိုးဖြင့် ပတ်၍ဖြစ်စေ ထိုင်လေ့ရှိကြသည်။ ထိုသို့ <mark>ထိုင်ခြင်း</mark>ကို “လက်အာယောဂပတ်၊ ပုဆိုး (အဝတ်) အာယောဂပတ်” ဟု ခေါ်ကြ၏။ မြို့တွင်း ရွာတွင်း၌ ထိုကဲ့သို့ ပတ်၍ မထိုင်ကောင်းပါ။

**ပလ္လတ္ထိ** = ပတ်ဖွဲ့ခြင်း။

---

#### သက္ကစ္စ <mark>ပတိဂ္ဂဟဏ</mark> သိက္ခာပုဒ်

ကိုရင် ဗုဒ္ဓရက္ခိတ…. ဆွမ်းခံသောအခါ ဆွမ်းကိုဖြစ်စေ၊ ဟင်းကိုဖြစ်စေ မလိုချင်သလို သွန်ပစ်ချင်သလိုအနေမျိုးဖြင့် မခံယူရ။ ဆွမ်းကိုဖြစ်စေ၊ ဟင်းကိုဖြစ်စေ လေးလေးစားစား ခံယူရပါသည်။

[ **သက္ကစ္စ** = ကောင်းစွာပြု၍ + **<mark>ပတိဂ္ဂဟဏ</mark>** = <mark>ခံယူခြင်း။</mark> ]

---

#### ပတ္တသညီ <mark>ပတိဂ္ဂဟဏ</mark>

ကိုရင် ဗုဒ္ဓရက္ခိတ.. ဆွမ်းခံသောအခါ ဟိုကြည့်သည်ကြည့် မကြည့်ရ၊ ငေး၍လည်း မနေရ။ ဟိုကြည့်သည်ကြည့် ကြည့်နေလျှင်၊ ငေး၍နေလျှင် ဆွမ်းလောင်းနေမှန်းလည်း မသိ၊ ဆွမ်းလောင်းပြီးမှန်းလည်း မသိဘဲ

## PAGE 68

ဖြစ်တတ်သည်။ ထို့ကြောင့် သပိတ်၌ အမှတ်သညာထား၍ (သပိတ်၌ စိတ်စိုက်၍) ဆွမ်းခံရသည်။

[ **ပတ္တသညီ** = သပိတ်၌ သညာရှိသည်ဖြစ်၍ + **<mark>ပတိဂ္ဂဟဏ</mark>** = <mark>ခံယူခြင်း။</mark> ]

---

#### သမသူပက သိက္ခာပုဒ်

ကိုရင် ဗုဒ္ဓရက္ခိတ... <mark>အိန္ဒိယ</mark>နိုင်ငံ၌ ကုလားလူမျိုးတို့သည် ပဲဟင်းကို လက်ဖြင့် ကော်ယူလျှင် ရလောက်အောင် မပြစ်မကျဲချက်၍ ထိုပဲဟင်းဖြင့် ထမင်းစားလေ့ရှိကြ၏။ သံဃာတော်အားလည်း ပဲဟင်းကိုပင် လောင်းလေ့ရှိကြသည်။

ဆွမ်းခံရာ၌ ထိုပဲဟင်းမျိုးကို ခံယူသောအခါ အလွန်များစွာ မခံယူရ။ ဆွမ်း၏ ၄ <mark>ပုံ</mark>လျှင် <mark>တစ်ပုံ</mark>လောက်သာ ခံယူရသည်။ ပဲဟင်းမှ<mark>တစ်ပါးသော</mark> သားဟင်း ငါးဟင်းများကိုကား တတ်နိုင်သူတွေက လောင်းတာဖြစ်၍ အလိုရှိသလောက် ခံယူကောင်းပါသည်။

[ **သမ** = ဆွမ်းနှင့်မျှသော + **သူပက** = ပဲဟင်းရှိအောင်။ ]

---

#### သမတိတ္ထိက သိက္ခာပုဒ်

ကိုရင် ဗုဒ္ဓရက္ခိတ….. သပိတ်မှာ အတွင်းနခမ်း၊ အပြင်နခမ်း ၂ မျိုးရှိ၏။ <mark>အတွင်းနခမ်းထက်</mark> အပြင်နခမ်းက မြင့်သည်။ ဆွမ်းခံသောအခါ သပိတ်၏ အတွင်းနခမ်းနှင့် ညီရုံသာ ခံရသည်။ <mark>အတွင်းနခမ်းထက်</mark> <mark>ပို၍</mark> မို့မောက်လျှံတက်နေအောင် မခံယူရ။

[ **သမတိတ္ထိက** = သပိတ်၏ အတွင်းနခမ်းနှင့် ညီမျှသော ဆွမ်းရှိသည်။ ]

## PAGE 69

ပြခဲ့သော သိက္ခာပုဒ်များနှင့်အညီ ဆွမ်းခံနေကြ<mark>ပုံ</mark>။

## PAGE 70

#### လေ့ကျင့်ခဏ်း မေးခွန်းများ

၁။ မြို့တွင်း ရွာတွင်း၌ ကျယ်လောင်စွာ <mark>ရယ်ကောင်း</mark>သလား၊ အသံကျယ်ကျယ်နှင့် ရဟန်း သာမဏေ အချင်းချင်း စကားပြောကောင်းသလား။

၂။ မြို့ရွာအတွင်း၌ ကိုယ်၊ လက်မောင်း၊ ဦးခေါင်းတို့ကို လှုပ်ရှား၍ သွားကောင်း ထိုင်ကောင်းသလော။

၃။ မြို့ရွာအတွင်း၌ ခါးကိုထောက်၍ သွားကောင်း ထိုင်ကောင်းသလော။

၄။ မြို့ရွာအတွင်း၌ ခေါင်းမြီးခြုံ၍ မနေဘို့ရန် ဘယ်သိက္ခာပုဒ်က တားမြစ်သနည်း။

၅။ ဘယ်လိုနင်း၍ သွားခြင်းကို “ဖဝါးအစွန် နင်းခြင်း” ဟု ခေါ်သနည်း။

၆။ ဘယ်လိုထိုင်<mark>နေမှုကို</mark> “အာယောဂပတ်” ဟု ခေါ်သနည်း၊ လက်အာယောဂပတ်နှင့် အဝတ်အာယောဂပတ်ကို ခွဲခြားပြပါ။

၇။ ဆွမ်းခံသောအခါ ဘယ်လိုဆွမ်းခံမှ သက္ကစ္စဖြစ်၍၊ ဘယ်လိုဆွမ်းခံမှ ပတ္တသညီ <mark>ဂ္ဂဟဏ</mark> ဖြစ်သနည်း။ လက်ကော်ရပဲဟင်းကို ဆွမ်း၏ ဘယ်နှစ်ပုံလောက်သာ ခံယူကောင်းသနည်း။

၈။ ဆွမ်းခံသောအခါ သပိတ်အပေါ် မောက်တက်နေအောင် ခံကောင်းသလော၊ ဘယ်လောက်အထိသာ ခံကောင်းသနည်း။

## PAGE 71

### ဃ။ သက္ကစ္စဝဂ်

[ ဤမှနောက်၌ ဆွမ်းစားမှုနှင့် စပ်သော သိက္ခာပုဒ်များ လာလိမ့်မည်။ ]

**သက္ကစ္စဘုဉ္စနသိက္ခာပုဒ်**။ ။ <mark>ကိုရင်</mark> ဗုဒ္ဓရက္ခိတ... ကျန်းမာသူတို့သည် ထမင်းစားသောအခါ မစားချင့်စားချင် စားလေ့ရှိကြ၏၊ ရဟန်း သာမဏေတို့မှာ ကျန်းမာနေလျှင် ထိုကဲ့သို့ မစားချင့်စားချင် မစားဘဲ ကောင်းမွန်စွာ (စိတ်ပါလက်ပါ) စားရသည်၊ [ **သက္ကစ္စ** = လေးလေးစားစား + **ဘုဉ္ဇန** = စားခြင်း ]

**ပတ္တသညီဘုဉ္ဇနသိက္ခာပုဒ်**။ ။ <mark>ကိုရင်</mark> ဗုဒ္ဓရက္ခိတ... ဆွမ်းစားသောအခါ ဟိုကြည့်သည်ကြည့် ကြည့်၍၎င်း၊ ငေး၍၎င်း မစားရ၊ ဟိုကြည့်သည်ကြည့် ကြည့်၍၎င်း ငေး၍၎င်း စားနေလျှင် သပိတ်ထဲသို့ ဆွမ်းဖြစ်စေ ဟင်းဖြစ်စေ ထည့်နေသည်ကိုလည်း မသိ၊ ထည့်ပြီးသည်ကိုလည်း မသိဘဲ ဖြစ်တတ်သည်၊ ထို့ကြောင့် သပိတ်၌ အမှတ်သညာထား၍ စားရသည်၊ [ **ပတ္တသညီ** = သပိတ်၌ သညာရှိသည်ဖြစ်၍ + **ဘုဉ္ဇန** = စားခြင်း။ ]

**သပဒါနသိက္ခာပုဒ်**။ ။ <mark>ကိုရင်</mark> ဗုဒ္ဓရက္ခိတ... ဆွမ်းစားသောအခါ သပိတ်ထဲမှာရှိသော (ပန်းကန်ပြားထဲမှာ ရှိသော) ဆွမ်းကို ဟိုနားကယူလိုက် သည်နားက ယူလိုက်နှင့် မစားရ၊ အစမှစ၍ အစဉ်အတိုင်း ယူစားရသည်၊ <mark>သူတစ်ပါး</mark>အား ပေးလိုလျှင်ကား ယူချင်တဲ့အပိုင်းကို ယူ၍ ပေးနိုင်ပါသည်။ [ **သပဒါန** = အစဉ်အတိုင်း။ ]

## PAGE 72

**သမသူပကသိက္ခာပုဒ်**။ ။ <mark>ကိုရင်</mark> ဗုဒ္ဓရက္ခိတ... ဆွေမျိုးလည်းမဟုတ်၊ အလိုရှိတာကို တောင်းပါဟု ဖိတ်ထားသူလည်းမဟုတ်သော လူများက လှူသောဆွမ်းကို စားသောအခါ လက်ကော်၍ရအောင် ချက်ထားသော ပဲဟင်းကို ဆွမ်း၏ <mark>၄-ပုံတစ်ပုံ</mark>လောက်သာ စားရသည်၊ အလွန်များများ မစားရ၊ ဆွေမျိုးနှင့် ဖိတ်ထားသူတို့ ဆွမ်းကျွေးသောအခါ၌ကား ပဲဟင်းကို များများစားသော်လည်း အပြစ်မရှိ။ [ **သမ** = ဆွမ်းနှင့် တော်လောက်ရုံဖြစ်သော + **သူပက** = ပဲဟင်းရှိသည်။ ]

**ထူပကသိက္ခာပုဒ်**။ ။ <mark>ကိုရင်</mark> ဗုဒ္ဓရက္ခိတ... ဆွမ်းခွက်အလယ်ဗဟိုက မိုမောက်နေသောနေရာကို “ဆွမ်းဦး ဆွမ်းထိပ်” ဟု ခေါ်၏၊ ဆွမ်းစားသောအခါ ထိုဆွမ်းဦးဆွမ်းထိပ်ကို နှိပ်၍ (နှိုက်၍) မယူဘဲ၊ အစမှစ၍ အစဉ်အတိုင်းယူပြီး စားရသည်။ [ **ထူပက** = မိုမောက်သောနေရာ။ ]

**ပဋိစ္ဆာဒနသိက္ခာပုဒ်**။ ။ <mark>ကိုရင်</mark> ဗုဒ္ဓရက္ခိတ... ဆွမ်းလောင်းသူ ဆွမ်းလိုက်သူတို့သည် ဟင်းမရသေးသော ကိုယ်တော်ကို သာ၍ လောင်းချင်ကြ၏၊ ထို့ကြောင့် ရပြီးသော ပဲဟင်း သားငါးဟင်းတို့ကို လောင်းသူ ဟင်းလိုက်သူတို့ မမြင်ရအောင် နောက်ထပ်အလိုရှိသည်ဖြစ်၍ ဆွမ်းဖြင့် ဖုံးမထားရ၊ သူတို့ဘာသာ လူမြင်မှာစိုး၍ နွားသားစသည်ကို ဖုံးပြီးလောင်းလိုက်လျှင်ကား အပြစ်မရှိ။ [ **ပဋိစ္ဆာဒန** = ဖုံးခြင်း။ ]

**သူပေါဒနဝိညတ္တိသိက္ခာပုဒ်**။ ။ <mark>ကိုရင်</mark> ဗုဒ္ဓရက္ခိတ... ဆွေမျိုးလည်းမဟုတ်၊ ပစ္စည်းလေးပါး...

## PAGE 73

ပါးအလိုရှိလျှင် တောင်းတော်မူပါ-ဟု ဖိတ်မန်ထားသူလည်း မဟုတ်သော လူတို့အား ဆွမ်းကိုဖြစ်စေ ဟင်းကိုဖြစ်စေ <mark>မတောင်းကောင်း</mark> <mark>မဖိတ်ကောင်းပါ</mark>၊ ဟင်း-ဆွမ်းသာမက အခြား<mark>ပစ္စည်းများကိုလည်း</mark> <mark>မတောင်းကောင်း</mark>။**<mark>သူပောဒန</mark> = ဟင်း ဆွမ်းကို ၊ ဝိညတ္တိ = တောင်းခြင်း။**

---

#### မှတ်ချက်

ဆွမ်းဖြစ်စေ အခြားပစ္စည်းကို ဖြစ်စေ (ရေကို ဖြစ်စေ) အလိုရှိလျှင် ဆွမ်းရပ်သလို သူတို့၏ အနားသို့ သွား၍ ရပ်ရသည်။ “ဘာ အလိုရှိပါတုန်း”ဟု မေးမှ ဆွမ်းအလိုရှိသည် ဟင်းအလိုရှိသည်, ဆေးအလိုရှိသည် စသည်ဖြင့် ပြောရသည်၊ ထိုသို့ ပြော၍ လှူလျှင် အပြစ် မရှိပါ၊ မလှူလျှင် လှူချလာအောင် ဆက်၍ မပြောကောင်း၊ ထိုသို့ ကပ်၍ ပြောရအပ်သောပစ္စည်းကား ရဟန်းသာမဏေ ဟူသမျှ မသုံးကောင်းတော့ချေ။ ဤသိက္ခာပုဒ်တော်ကို ရဟန်းသာမဏေများသာမက၊ သာသနာ့ဒါယကာဖြစ်သော <mark>ဗုဒ္ဓဘာသာဝင်တို့</mark> နားလည်သင့်ကြပေသည်။

**ဥဇ္ဈာနသညီသိက္ခာပုဒ်။** ။<mark>ကိုရင်</mark> <mark>ဗုဒ္ဓရက္ခိတ</mark> ဆွမ်းခံပြန်လာသောအခါ <mark>တစ်ချို့က</mark> <mark>ကဲ့ရဲ့လို၍</mark> သူများသပိတ်ကို ကြည့်တတ်ကြ၏၊ ဆွမ်းကို ဟင်းတို့ နည်းနေလျှင် လှောင်လိုပြောင်လိုခြင်း, ဆွမ်းကို ဟင်းတို့ များနေလျှင် “ဒကာ ဒကာမတို့ကို ကြည်ညိုအောင် <mark>ပေါင်းတတ်လို့</mark> ဆွမ်းတွေ ဟင်းတွေ ရတာဘဲ”ဟု ကဲ့ရဲ့လိုခြင်း ဤသို့ ယုတ်မာသော စိတ်ဖြင့် ကြည့်ခြင်းကို “<mark>ကဲ့ရဲ့လို၍</mark> ကြည့်ခြင်း”ဟု ဆိုသည်၊ ထိုသို့ ကဲ့ရဲ့လိုသောစိတ်ဖြင့် သူ့သပိတ်ကို မကြည့်ကောင်းပါ၊ ဆွမ်းမရလျှင် ပေးလိုသော စိတ်, များလျှင် အလှူခံလိုသော

## PAGE 74

<mark>စိတ်ဖြင့်ကား</mark> ကြည့်ကောင်း၏။ [ **ဥဇ္ဈာန**သည် ကဲ့ရဲ့ခြင်း၌ သညာရှိသည်။ ]

**အတိမဟန္တသိက္ခာပုဒ်။** ။<mark>ကိုရင်</mark> <mark>ဗုဒ္ဓရက္ခိတ….</mark> ဆွမ်းစားသောအခါ ဆွမ်းလုပ်ကို <mark>အလွန်ကြီးကြီး</mark> ပြုလုပ်၍ မစားရ၊ <mark>မိမိပါးစပ်အတွင်းမှာ</mark> တော်ရုံလောက် မှန်း၍ ဆွမ်းလုပ်ကို ပြုလုပ်ရသည်၊ ကျမ်းစာတို့၌ “<mark>ဒေါင်းဥ</mark> လောက် မကြီးစေရ”ဟု သတ်မှတ်၏၊ သို့သော် “ပါးစပ်ထဲ၌ ပြည့်သိပ်နေအောင် မစားရ”ဟုသာ မှတ်ပါ။ [ **အတိမဟန္တ** = အလွန်ကြီးသည်။ ]

**<mark>ပရိမဏ္ဍလ</mark>အာလောပသိက္ခာပုဒ်။** (ခေါ်) **<mark>ပရိမဏ္ဍလ</mark>အာလောပ။** ။<mark>ကိုရင်</mark> <mark>ဗုဒ္ဓရက္ခိတ….</mark> ဆွမ်းလုပ်ကို ရှည်ရှည်လျားလျား မဖြစ်စေဘဲ ခပ်ဒိုင်းဝိုင်းနေအောင် ပြင်ပြီးမှ ပါးစပ်တွင်းသို့ သွင်းရသည် <mark>ထို့ကြောင့်</mark> ဆွမ်းစားသောအခါ ဆွမ်းလုပ်ကို လက်ထဲ၌ ထည့်ပြီးလျှင် လက်မကလေးနှင့် လှည့်ပက်၍ ပြင်လိုက်ပါ ဆွမ်းလုပ်ပြင်ရင်း (ရှေး၌ပြခဲ့ပြီးသော ပစ္စဝေက္ခဏာကိုလည်း အတိုချုပ် ဆင်ခြင်နိုင်ပါသည်၊) ဤကဲ့သို့ ဆွမ်းလုပ်ပြင်၍ စားလေ့ရှိသော ရဟန်းသာမဏေများကို လူတို့က အလွန် ကျနပ်ကြည်ညိုကြသည်။ **<mark>ပရိမဏ္ဍလ</mark>** = ထက်ဝန်းကျင် ဝိုင်းသော + **အာလောပ** = ဆွမ်းလုပ်။

## PAGE 75

[ **ရုပ်ပုံ:** ဆွမ်းစားသောအခါ ပစ္စဝေက္ခဏာ ဆင်ခြင်၍ ဆွမ်းလုပ်ပြင်နေပုံ။ ]

## PAGE 76

လေ့ကျင့်ခဏ်း မေးခွန်း

က။ <mark>ဆွမ်းစားသောအခါ</mark> အဘယ်သို့စားမှ **သက္ကစ္စ** (လေးစားသော) စားခြင်း ဖြစ်သနည်း။

ခ။ <mark>ဆွမ်းစားသောအခါ</mark> ဆွမ်းကို ဟိုနားကယူ <mark>သည်နားက</mark>ယူ ယူ၍ စားကောင်းသလော၊ ဘယ်သို့ ယူ၍ စားရမည်နည်း။

ဂ။ ဆွမ်းစားခွက်၏ အလယ်ဗဟို မိုမောက်နေသော နေရာကစ၍ နှိုက်ကောင်းပါသလော၊ ဘယ်သို့ ယူ၍ စားရမည်နည်း။

ဃ။ များများလိုချင်၍ ရပြီးဟင်းကို မရသေးဘူးထင်အောင် ဆွမ်းဖြင့် မဖုံးကောင်းဟု ဘယ်သိက္ခာပုဒ်က တားမြစ်သနည်း။

င။ ဆွေမျိုးလည်း မတော် အလိုရှိရာ တောင်းပါဟု ဖိတ်လည်း မဖိတ်သူ့ထံ ဆွမ်းကို၎င်း ဟင်းကို၎င်း တောင်းကောင်းသလား။

စ။ ဆွမ်းကိုဖြစ်စေ ဟင်းကိုဖြစ်စေ အလိုရှိ<mark>လျှင်</mark> ဝိနည်းတော်နှင့် လျော်အောင် ဘယ်သို့ ပြုလုပ်ရမည်နည်း။

ဆ။ ဆွမ်းလုပ်ကို အလွန် ကြီးကြီးလုပ်၍ စားကောင်းသလော၊ ဘယ်လောက်သာ ကြီးစေရမည်နည်း။

ဇ။ ဆွမ်းလုပ်ကို လူများ စားသလို မပြင်ဘဲနှင့် စားကောင်းသလား၊ ဘယ်လို ပြင်၍ စားရမည်နည်း။

## PAGE 77

င။ ကဗဠဝဂ်

**ကဗဠသိက္ခာပုဒ်**။ ။ <mark>ကိုရင်</mark> <mark>ဗုဒ္ဓရက္ခိတ</mark>... <mark>ဆွမ်းစားသောအခါ</mark> ပါးစပ်ပေါက်နားသို့ ဆွမ်းလုပ်မရောက်ခင် ပါးစပ်ကို ဖွင့်ဟထားခြင်းသည် မယဉ်ကျေးသော အမူအရာဖြစ်၏၊ ထို့ကြောင့် ပါးစပ်ပေါက်သို့ ဆွမ်းလုပ်မရောက်မီ ပါးစပ်ပေါက်ကို ဖွင့်၍ (ဟ၍) မစားရ။ (**နကဗဠ** ဆွမ်းလုပ်။)

**ဘုဉ္စမာနသိက္ခာပုဒ်**။ ။ <mark>ကိုရင်</mark> <mark>ဗုဒ္ဓရက္ခိတ</mark>... <mark>ဆွမ်းစားသောအခါ</mark> လက်ချောင်းများကို (<mark>တစ်ချောင်းတလေမျှ</mark>) ခံတွင်းသို့ <mark>မသွင်းရ</mark>။ [ ခံတွင်းဆိုသည်မှာ နှုတ်ခမ်းသားတို့၏ အတွင်းဘက်ကို ဆိုလိုသည်။ ]

**သကဗဠသိက္ခာပုဒ်**။ ။ <mark>ကိုရင်</mark> <mark>ဗုဒ္ဓရက္ခိတ</mark>... ခံတွင်းထဲ၌ ဆွမ်းလုပ်ရှိနေတုန်းမှာ စကားမပြောရ၊ စကားပြောချင်<mark>လျှင်</mark> ခံတွင်းမှာရှိသော ဆွမ်းလုပ်ကို မျိုချပြီးမှ ပြောရသည်၊ ခံတွင်းထဲ၌ <mark>နည်းနည်းပါးပါး</mark>ရှိ၍ စကားလုံးပီအောင် ပြောနိုင်<mark>လျှင်</mark>ကား ပြောကောင်းပါ၏။

**ပိဏ္ဍုက္ခေပကသိက္ခာပုဒ်**။ ။ <mark>ကိုရင်</mark> <mark>ဗုဒ္ဓရက္ခိတ</mark>... <mark>ဆွမ်းစားသောအခါ</mark> ဆွမ်းအခဲကိုဖြစ်စေ ဆွမ်းလုပ်ကိုဖြစ်စေ ပါးစပ်တွင်းသို့ မြှောက်၍ (ပစ်၍) <mark>မသွင်းရ</mark>၊ ပါးစပ်နား တေ့မိမှသာ ဆွမ်းလုပ်ကို သွင်းရသည်။ [ **ပိဏ္ဍ** = ဆွမ်း + **ဥက္ခေပက** = မြှောက်၍။ ]

**ကဗဠာဝစ္ဆေဒက**။ ။ <mark>ကိုရင်</mark> <mark>ဗုဒ္ဓရက္ခိတ</mark>... <mark>တစ်ချို့</mark>လူများသည် ထမင်းပူပူနွေးနွေးကို ဆုပ်ပြီး<mark>လျှင်</mark> ကိုက်ဖြတ်၍ စားတတ်ကြ၏၊ ရဟန်းသာမဏေတို့ကား

## PAGE 78

ဆွမ်းလုပ် (ဆွမ်းဆုပ်) ကို ကိုက်ဖြတ်၍ မစားကောင်း။
[**အဝစ္ဆေဒက** = ကိုက်ဖြတ်၍။]

**အဝဂဏ္ဍကာရက**။ ။ <mark>ကိုရင်</mark> <mark>ဗုဒ္ဓရက္ခိတ</mark>... <mark>မျောက်သတ္တဝါများ</mark>သည် အစာစားသောအခါ ပါးစောင်ကို ဖောင်းနေအောင် ထား၍ စားလေ့ရှိကြ၏၊ <mark>တစ်ချို့</mark>လူများလည်း ထိုကဲ့သို့ စားတတ်ကြသည်၊ ရဟန်းသာမဏေတို့မှာ ထိုကဲ့သို့ မစားကောင်းပါ၊ ခံတွင်းအလယ်မှာ ထား၍ စားရသည်၊ သစ်သီးစားရာ၌ကား ပါးစောင်ကို ဖောင်းနေအောင် ထား၍ စားကောင်းပါ၏။ [ **အဝ** = ယုတ်ညံ့စွာ၊ **ဂဏ္ဍ** = ပါးစောင်၊ **ကာရက** = ပြု၍။ ]

**ဟတ္ထနိဗ္ဗုနက**။ ။ <mark>ကိုရင်</mark> <mark>ဗုဒ္ဓရက္ခိတ</mark>... <mark>တစ်ချို့</mark>လူများသည် ထမင်းစားသောအခါ လက်ကို ခါ၍ ခါ၍ စားတတ်ကြ၏၊ ရဟန်းသာမဏေတို့မှာ ထိုကဲ့သို့ လက်ကို ခါ၍ မစားကောင်း၊ လက်မှာ ပေနေ<mark>လျှင်</mark> လက်မဖြင့် အသာဖယ်၍ ချရသည်။ **ဟတ္ထ** = လက်ကို၊ **နိဗ္ဗုနက** = ခါ၍။

**သိတ္ထာဝကာရက**။ ။ <mark>ကိုရင်</mark> <mark>ဗုဒ္ဓရက္ခိတ</mark>... <mark>ဆွမ်းစားသောအခါ</mark> ဆွမ်းလုံးများကို <mark>ဟိုကြဲ</mark> <mark>သည်ကြဲ</mark>နှင့် ကြဲဖြန့်၍ မစားကောင်း။ **သိတ္ထာဝကာရက** = ဆွမ်းလုံးတို့ကို ကြဲဖြန့်၍။

**ဇိဝှါနိစ္ဆာရက**။ ။ <mark>ကိုရင်</mark> <mark>ဗုဒ္ဓရက္ခိတ</mark>... <mark>တစ်ချို့</mark>သောသူများသည် ပါးစပ်နားရောက်လာသော ထမင်းလုပ်ကို လျှာထုတ်၍ ကော်ယူတတ်ကြ၏၊ ရဟန်းသာမဏေတို့ကား ဆွမ်းကို၎င်း ဟင်းကို၎င်း လျှာဖြင့် ထုတ်၍ ကော်မယူကောင်း။ **ဇိဝှါနိစ္ဆာရက** = လျှာထုတ်၍။

## PAGE 79

**စပုစပုကာရက။** ။ကိုရင်ဗုဒ္ဓရက္ခိတ... <mark>တစ်ချို့</mark> မိန်းမများသည် ထမင်းစားသောအခါ စပ်စပ် = ပျပ်ပျပ်နှင့် အသံမြည်စေတတ်ကြ၏၊ ရဟန်းသာမဏေတို့မှာ ထိုကဲ့သို့ ပျပ်ပျပ်သံမြည်အောင် မစားကောင်း။

**စပုစပု စပ်စပ် ပျပ်ပျပ် ကာရက** = ပြု၍။

#### <mark>လေ့ကျင့်ခန်း</mark> မေးခွန်း

က။ ဆွမ်းစားသောအခါ ပါးစပ်ပေါက်သို့ ဆွမ်းလုပ်မရောက်ခင် ပါးစပ်ပေါက်ကို ဘယ်လိုလုပ်၍ မထားရသနည်း။

<mark>ခ။</mark> ဆွမ်းစားသောအခါ လက်ချောင်းများကို အဘယ်သို့ မထည့်သွင်းဘဲ စားရသနည်း။

<mark>ဂ။</mark> ခံတွင်းထဲ၌ ဆွမ်းလုပ်ရှိနေတုန်းမှာ ဘာကို မလုပ်ရသနည်း။

ဃ။ ဆွမ်းစားသောအခါ ဆွမ်းလုပ် ဆွမ်းခဲကို ပါးစပ်တွင်းသို့ ဘယ်လိုလုပ်၍ မသွင်းရသနည်း။

<mark>င။</mark> ဆွမ်းစားသောအခါ ဆွမ်းလုပ်ကို ဘယ်လိုလုပ်၍ မစားရသနည်း။

စ။ ဆွမ်းလုပ်ကို ပါးစောင်တဖက်၌ ထား၍ စားကောင်းသလော၊ အဘယ်မှာထား၍ စားရမည်နည်း။

ဆ။ လက်၌ ပေနေသော ဆွမ်းဟင်းများကို ခါ၍ ပစ်ကောင်းသလော၊ ဘယ်လိုလုပ်ရမည်နည်း။

ဇ။ ဆွမ်းလုပ်ကို လျှာထုတ်၍ ကော်ယူကောင်းသလော။

ဈ။ ပျပ်ပျပ်မည်အောင် ဆွမ်းစားကောင်းသလော။

## PAGE 80

စ။ သုရုသုရုဝဂ်

**သုရုသုရု သိက္ခာပုဒ်။** ။ကိုရင် ဗုဒ္ဓရက္ခိတ... ဟင်းရည်ကိုဖြစ်စေ၊ နွားနို့ လက်ဘက်ရည်ကိုဖြစ်စေ သောက်သောအခါ “ရှရူး-ရှရူး” လို့ အသံမြည်အောင် မသောက်ရ၊ ပါးစပ်ကို နည်းနည်းမော့ပြီး အသံမမြည်အောင် အသာကလေး မျှောချရသည်။ [ **သုရုသုရု** = ရှရှူး ရှရှူးဟု **ကာရက** = ပြု၍။ ]

**<mark>ဟတ္ထ</mark> နိလ္လေဟက။** ။ကိုရင် ဗုဒ္ဓရက္ခိတ... အောက်တန်းကျသော <mark>တစ်ချို့</mark>လူများသည် ထမင်းစားသောအခါ လက်ချောင်းမှာ ကပ်နေသော ဟင်းစ - ထမင်းစ တို့ကို လျှာဖြင့် လျက်၍ လျက်၍ စားတတ်ကြ၏၊ ရဟန်း သာမဏေတို့မှာ ထိုကဲ့သို့ လျက်၍ လျက်၍ မစားကောင်းပါ။ [ **<mark>ဟတ္ထ</mark>** = လက် + **နိလ္လေဟက** = လျက်၍။ ]

**ပတ္တ နိလ္လေဟက။** ။ကိုရင် ဗုဒ္ဓရက္ခိတ... <mark>တစ်ချို့</mark> ကလေးများသည် ထမင်းမလောက်မင ဖြစ်နေလျှင် ထမင်းခွက်မှာ ကျန်နေသော ဟင်းအစအန ထမင်းအစအနတို့ကို လက်ဖြင့် ရသမျှ ခြစ်ချုတ်၍ စားတတ်ကြ၏၊ ရဟန်း သာမဏေတို့မှာ ထိုကဲ့သို့ သပိတ် (ဆွမ်းစားခွက် - ပန်းကန်ပြား) တို့ကို ခြစ်ချုတ်၍ မစားကောင်းပါ၊ ကုန်ခါနီး၌ ဆွမ်းအားလုံးကို သိမ်းယူမှုကိုကား ပြုကောင်းပါသည်။ [ **ပတ္တ** = သပိတ်ခွက်။ ]

**ဩဋ္ဌ နိလ္လေဟက။** ။ကိုရင် ဗုဒ္ဓရက္ခိတ... <mark>တစ်ချို့</mark> လူများသည် ထမင်းစားသောအခါ နှုတ်ခမ်းမှာ ကပ်နေသော ဟင်းအစအနကို လျှာဖြင့် လျက်၍ လျက်၍ စားလေ့ရှိကြ၏၊ ရဟန်း သာမဏေတို့မှာ ထိုကဲ့သို့ လျှာဖြင့် လျက်၍ မစားကောင်းပါ။ [ **ဩဋ္ဌ** = နှုတ်ခမ်း။ ]

## PAGE 81

**ပါနီယတ္ထာလက။** ။ကိုရင် ဗုဒ္ဓရက္ခိတ <mark>တစ်ချို့</mark> လူများသည် ထမင်းစားတုန်းဖြစ်စေ၊ ထမင်းစားပြီး<mark>ခါစ</mark>ဖြစ်စေ ရေသောက်လိုလျှင် ထမင်းဟင်း သရည်စာတွေ ပေနေသော လက်ဖြင့် သောက်ရေခွက်ကို ကိုင်တတ်ကြသည်၊ ထိုသို့ ကိုင်သည့်အတွက် <mark>နောက်တစ်ယောက်</mark> မသောက်ချင်လောက်အောင် သောက်ရေခွက်မှာ ရွံ့စရာ ဖြစ်နေတော့၏၊ ထို့ကြောင့် ရဟန်း သာမဏေတို့မှာ ပေနေသောလက်ဖြင့် သောက်ရေခွက်ကို မကိုင်ကောင်းပါ။ [ **ပါနီယ** = သောက်ရေ + **ထာလက** = ခွက်။ ]

---

#### မှတ်ချက်

သောက်ရေခွက်ကို ကိုင်ချင်လျှင် မပေသော အခြား<mark>လက်တစ်ဘက်</mark>ဖြင့် ကိုင်ရမည်၊ သို့မဟုတ် ပေနေသော လက်ဖြင့် သောက်ရေခွက်ကို ကိုင်ပြီးနောက် ထိုရေခွက်ကို ဆေးမည်ဟူသော ရည်ရွယ်ချက်ဖြင့်လည်း ကိုင်နိုင်ပါ၏၊ သောက်ရေခွက်မဟုတ်သော တခြားဆေးရေခွက်ကိုကား ပေနေသောလက်ဖြင့်ပင် ကိုင်ကောင်းပါ၏။

**<mark>သသိတ်ထကသိက်ခာပုဒ်</mark>။** ။ကိုရင် ဗုဒ္ဓရက္ခိတ ရှေးရဟန်း သာမဏေများသည် ဆွမ်းခံပြီးသောအခါ မြို့တွင်း ရွာတွင်းမှာရှိသော စရပ်၌ ဆွမ်းစားတတ်ကြသည်၊ ဤသိက္ခာပုဒ်ကို ပညတ်တော်မမူမီက ဆွမ်းစားပြီးနောက် သပိတ်ဆေးသောအခါ ဆွမ်းလုံးတွေနှင့်တကွ သပိတ်ဆေးရေကို ထိုမြို့တွင်း ရွာတွင်းမှာ သွန်ခဲ့သောကြောင့် (“ကိုယ်တော်တွေ့နှယ် ဆွမ်းလုံးတွေကို သပိတ်ဆေးရေနှင့်

## PAGE 82

အတူ သွန်ပစ်ထားလိုက်ကြတာ ကြည့်လို့လဲ အမြင်မတော်ဘူး၊ နင်းမိ<mark>ပြန်လျှင်လဲ</mark> မကောင်းဘူး” စသည်ဖြင့်) ရဲ့ကြသည်၊ ထို့ကြောင့် ဤ သိက္ခာပုဒ်ကို ပညတ်တော်မူရသည်၊ မြေပေါ်၌ မသွန်ဘဲ ထွေးခံ လက်ဆေးခံထဲမှာတော့ သွန်ကောင်းပါ၏၊ ဆွမ်းတခြား ရေတခြားခဲ့ပြီး ဆွမ်းလုံးတွေကို <mark>တစ်နေရာမှာ</mark> စုပုံပြီးမှ ရေချည်းသက်သက်လည်း သွန်ကောင်းပါ၏။

**သ = တကွ + သိတ္တက = ဆွမ်းလုံး။**

(ဆွမ်းစားမှုနှင့်စပ်သော သိက္ခာပုဒ် ၂၆-ပါး ပြီး၏။)

---

[ဤမှ နောက်၌ တရားဟောမှုနှင့် စပ်ဆိုင်သော သိက္ခာပုဒ်များ လာလိမ့်မည်။]

ကိုရင် **ဗုဒ္ဓရက္ခိတ**.. တရားဟောမှုသည် တရားနာသူတို့ကို တတ်သိ နားลည်အောင် ပြောပြရသော အလုပ်ဖြစ်၍ အလွန် မြင့်မြတ်သော <mark>အလုပ်တစ်မျိုး</mark>ဖြစ်သည်၊ မြင့်မြတ်သောအလုပ်ကို လုပ်သူသည် မြင့်မြတ်သော အနေမျိုးဖြင့်သာ ပြုလုပ်သင့်၏၊ တရားနာသူတို့၏ အောက်ကျ နောက်ကျ အနေမျိုးဖြင့် နေ၍ မဟောသင့်။

ထို့ကြောင့် တရားနာသူသည် လက်၌<mark>...</mark>

(က) ထီးကို ကိုင်ထားလျှင်၎င်း၊
(ခ) ၄-တောင်လောက်ရှိသော ဒုတ် တောင်ဝှေးကို ကိုင်ထားလျှင်၎င်း၊

## PAGE 83

(ဂ) ဓား-ရိုက်နှက်ဘို့ ဒုတ်-သေနတ်စသော လက်နက် <mark>တစ်စုံတစ်ခုကို</mark> ကိုင်ထားလျှင်၎င်း၊
(ဃ) လေး-မြှားတို့ကို ကိုင်ထားလျှင်၎င်း ထိုသူတို့အား တရားမဟောကောင်းပါ။

#### လေ့ကျင့်ခဏ်း မေးခွန်း

က။ ဟင်းရည် နွားနို့ လက်ဘက်ရည်များကို ဘယ်လိုအသံ မြည်အောင် မသောက်ကောင်းသနည်း။
ခ။ လျှာဖြင့် အဘယ်သို့ လုပ်၍ မစားကောင်းသနည်း။
<mark>ဂ။</mark> ခွက်မှာ (သပိတ်မှာ) ကပ်နေသော ဆွမ်း-ဟင်း အစအနများကို ဘယ်လိုလုပ်၍ မစားရသနည်း။
<mark>ဃ။</mark> နှုတ်ခမ်းမှာကပ်နေသော အစအနကို ဘယ်လိုလုပ်၍ မစားရသနည်း။
င။ ဆွမ်းစားပြီးသောအခါ ရေသောက်လိုလျှင် ဘယ်လို လက်ဖြင့် ရေခွက်ကို မကိုင်ကောင်းသနည်း။
စ။ ဆွမ်းလုံးပါသော သပိတ် (ခွက်) ဆေးရေကို ဘယ်မှာ မသွန်ကောင်းသနည်း။
ဆ။ ထီး, ဒုတ် ဓား လေးမြှား, သေနတ် ကိုင်နေသူအား ဘာမလုပ်ကောင်းသနည်း။

## PAGE 84

### ဆ။ ပါဒုကဝဂ်

[ဟိန္ဒူလူမျိုးများ စီးလေ့ရှိသော သဲကြိုးမပါဘဲ အဖျား၌ ဗုကလေးတပ်ပြီးလျှင် ထိုဗုံကို ခြေဖျားဖြင့် ညှပ်၍ စီးရသော သစ်သားဘိနပ်(ခုံဘိနပ်)ကို “**ပါဒုက** = ခြေနင်း”ဟု ခေါ်၏၊ ထိုဘိနပ်မှ ကြွင်းသော သဲကြိုးတပ် နောက်ပိတ်ဘိနပ်စသော ဘိနပ်များကို “**ဥပါဟန** = ဘိနပ်”ဟု ခေါ်၏။]

ကိုရင် **ဗုဒ္ဓရက္ခိတ** …… ကျန်းမာပါလျက် (က) ခြေနင်း စီးထားသူ၊ (ခ) ဘိနပ်စီးထားသူများအား တရား မဟောကောင်း။

(ဂ) လှည်း လှေ ရထား သင်္ဘော မော်တော်ကားစသော ယာဉ် အမျိုးမျိုး စီးနေသူအား မိမိက ယာဉ် အောက်၌ နေလျက် တရားမဟောကောင်း။

(ဃ) ကျန်းမာလျက် အိပ်ရာပေါ်၌ လျောင်း၍ (ဟန်ကြီး ပန်ကြီးနှင့်)တရားနာသူအား မိမိက ထိုင်၍ဖြစ်စေ ရပ်၍ဖြစ်စေ တရားမဟောကောင်း။

(င) ကျန်းမာပါလျက် လက်ဖြင့် ဖြစ်စေ အဝတ်ဖြင့် ဖြစ်စေ ဒူး ၂-ဘက်ကို ပတ်၍ မရိုမသေ ထိုင်နေသူအား မိမိက ရိုးရိုးထိုင်၍ဖြစ်စေ ရပ်၍ဖြစ်စေ အိပ်၍ဖြစ်စေ တရားမဟောကောင်း။

(စ) ဆံစ မပေါ်အောင် ဦးခေါင်းကို ရစ်ပတ် ဖုံးအုပ်၍ ခေါင်းပေါင်း ပေါင်းထားသူ ဦးထုပ် ဆောင်းထားသူအား တရားမဟောကောင်း၊ ဟောလိုလျှင် ခေါင်းပေါင်းဦးထုပ်ကို ချွတ်စေပြီးမှ၎င်း, ဆံစ ပေါ်ရုံ

## PAGE 85

ဖော်စေပြီးမှ၎င်း ဟောရ၏။ မြန်မာတို့ ခေါင်းပေါင်း ပုံမှာ ဆံစ ပေါ်နေသောကြောင့် ဟောကောင်း၏။]

(ဆ) ခေါင်းမြီး ခြုံထားသူအားလည်း တရား မဟော ကောင်း၊ ဟောလိုလျှင် ခေါင်းမြီးခြုံ को ဖွင့်စေပြီးမှ ဟောရမည်။

(ဇ) တရားฮောပုဂ္ဂိုလ်သည် အခင်းမပါသော မြေပေါ် ကြမ်းပေါ်၌ ထိုင်၍ ကျန်းမာလျက်နှင့် အခင်းပေါ်မှာ ထိုင်နေသူအား တရားမဟောကောင်း။

(ဈ) တရားဟောပုဂ္ဂိုလ်သည် နိမ့်သောနေရာ၌ ထိုင်၍ ကျန်းမာလျက်နှင့် မြင့်သောနေရာ၌ ထိုင်နေသူအား တရားမဟောကောင်း။

(ည) တရားဟောပုဂ္ဂိုလ်သည် နောက်မှ လိုက်၍ ကျန်းမာ ပါလျက် <mark>ရှေ့က</mark> သွားနေသူအား တရား မဟော ကောင်း။

(ဋ) တရားဟောပုဂ္ဂိုလ်သည် လမ်းဘေးက လိုက်၍ ကျန်း မာပါလျက် လမ်းပေါ်၌ သွားနေသူအား တရား မဟောကောင်း။

---

#### မှတ်ချက်။

<mark>တရားမဟောကောင်းသော</mark> သိက္ခာပုဒ် ၁၆-ပါး၌ မကျန်းမမာသူဖြစ်လျှင် ဘယ်လိုနေနေ ထိုသူအား တရားဟောကောင်း၏၊ “တရား”ဟူရာ၌လည်း ပါဠိတော်နှင့် အဋ္ဌကထာတို့၌ တိုက်ရိုက်လာသောပါဠိစကား ကိုသာ တားမြစ်သည်၊ အခြား ဘာသာစကားဖြင့် တရား ဟောခြင်းကို မတားမြစ်ပါ။

## PAGE 86

ကိုရင် ဗုဒ္ဓရက္ခိတ၊ ကျန်းကျန်းမာမာရှိလျှင်— 

(က) မတ်မတ်ရပ်၍ ကျင်ကြီးကျင်ငယ် မစွန့်ကောင်း။

(ခ) စိမ်းစို၍ ရှင်နေသောမြက်ပင် သစ်ပင် သစ်ကိုင်း သစ် ခက် သစ်ရွက်ပေါ်၌လည်း ကျင်ကြီး ကျင်ငယ် မစွန့် ကောင်း၊ တံထွေးနှပ်တို့ကိုလည်း မထွေးမညှစ်ကောင်း။

(ဂ) သောက်၍ သုံး၍ ဖြစ်လောက်သော ရေတွင်း ရေကန် စသော ရေထဲ၌လည်း ကျင်ကြီး ကျင်ငယ် နှပ် တံထွေး တို့ကို မစွန့်ကောင်း၊ မြစ်ကြီး ချောင်းကြီးတို့၌ကား စွန့်သည့်အတွက် ရေမပျက်သောကြောင့်၎င်း၊ လှေ သင်္ဘောစီးသွားစဉ် ရေလွတ်သော ကုန်းနေရာကို မရသောကြောင့်၎င်း စွန့်ကောင်းပါ၏။

---

#### လေ့ကျင့်ခဏ်း မေးခွန်း

၁။ အဘယ်ကို စီးနင်းထားသူ အဘယ်ပေါ်၌ ရောက်နေသူ အား မိမိက ထိုင်၍ ရပ်၍ တရားမဟောကောင်းသနည်း။

၂။ အဘယ်သို့ နေသူများအား တရားမဟောကောင်း သနည်း။

၃။ မိမိက အခင်းမပါသော နေရာ၌ ထိုင်၍ ဘယ်လိုနေသူ အား တရားမဟောကောင်းသနည်း။

၄။ ကျန်းမာလျှင် ဘယ်လိုနေ၍ ကျင်ကြီးကျင်ငယ် မစွန့် ကောင်းသနည်း။

၅။ ဘယ်လိုနေရာများ၌ ကျင်ကြီး ကျင်ငယ် နှပ် တံထွေး တို့ကို မပြုကောင်းသနည်း။

**သေခိယသိက္ခာပုဒ်များ ပြီး၏။**

## PAGE 87

## အခန်း (၇)။ <mark>ခန္ဓကဝတ်</mark> ၁၄-ပါးကို သင်ပြခဏ်း

[စူဠဝဂ္ဂ-ဝတ္တက္ခန္ဓက၌လာသော ဤကျင့်ဝတ်များကိုလည်း ဖတ်စာလုပ်၍ ရေးပါမည်၊ ရှင်သာမဏေများကို ဖတ်စာ အဖြစ်ဖြင့် ဖတ်ပါစေ၊ တတ်နိုင်လျှင် လက်ရေးစာအဖြစ်ဖြင့် အကူးခိုင်းပြီးမှ ဖတ်ပါစေ။]

### (က) အာဂန္တုကဝတ်

ကိုရင် ဗုဒ္ဓရက္ခိတ၊ <mark>သူတစ်ပါး</mark>တို့၏ ကျောင်းတိုက်သို့ <mark>ခေတ္တခဏ</mark>သွားသောရဟန်းသာမဏေကို **“အာဂန္တုက = ဧည့်သည်”** ဟု ခေါ်သည်၊ ထိုအာဂန္တုကပုဂ္ဂိုလ်သည် <mark>သူတစ်ပါး</mark>၏ ကျောင်းတိုက် အာရာမ်တွင်းသို့ ဝင်လိုသောအခါ—

(၁) ဘိနပ်စီး၍ ထီးဆောင်းလာသူဖြစ်လျှင် ကျောင်းသို့ မဝင်မီ ဘိနပ်ကိုလည်း ချွတ်၊ ထီးကိုလည်း ရုပ်ရသည်။

(၂) <mark>ဦး</mark>ခေါင်းခြုံလာလျှင် ထိုခေါင်းခြုံကို ဖွင့်၍ သင်္ကန်းကို ကောင်းမွန်စွာ ရှန်းပြီးမှ ဝင်ရမည်။

(၃) ကျောင်းတိုက်တွင်းသို့ ရောက်ပြီးနောက် ကျောင်းနေ ပုဂ္ဂိုလ်က မိမိထက်ကြီးလျှင် ထိုပုဂ္ဂိုလ်ကို ရှိခိုးပြီးမှ သင့်တော်သောနေရာ၌ ထိုင်ရသည်။ [မိမိကကြီးလျှင် ရှိမခိုးဘဲ သင့်တော်ရာ၌ ထိုင်ရသည်။]

## PAGE 88

### (ခ) အာဝါသိကဝတ်

<mark>ကိုရင်</mark> ဗုđ္ဍရက္ခိတ... မိမိတို့ နေမြဲကျောင်း၌ အတော်ကြာကြာ နေသော ရဟန်းသာမဏေကို **“အာဝါသိက** = ကျောင်းနေ ပုဂ္ဂိုလ်” ဟု ခေါ်သည်၊ ထိုအာဝါသိကပုဂ္ဂိုလ်သည်——

(၁) မိမိထက် ကြီးသော အာဂန္တုကပုဂ္ဂိုလ် လာသည်ကို မြင်လျှင် သူ့မှာပါသော သပိတ်သင်္ကန်းစသော အရာဝတ္ထုကို လှမ်း၍ ယူရသည်၊ နေရာခင်းပေးရသည်၊ ခြေဆေးလိုလျှင် ခြေဆေးပေးရသည်။

(၂) “သောက်ရေ အလိုရှိပါသလား” ဟု လျှောက်၍ အလိုရှိလျှင် <mark>ကိုယ်တိုင်</mark>သော်လည်း သောက်ရေ ကပ်ရသည်၊ သို့မဟုတ် <mark>တစ်ယောက်ယောက်</mark>ကိုသော်လည်း အကပ်ခိုင်းရသည်။

(၃) အာဂန္တုကရဟန်းက မိမိအောက် ငယ်လျှင် သပိတ်သင်္ကန်းထား<mark>ဖို့</mark> နေရာကို “မည်သည့်နေရာမှာ ထား” ဟု ညွှန်ပြရသည်၊ ထိုင်<mark>ဖို့</mark> နေရာကို “မည်သည့်နေရာမှာ ထိုင်” ဟု ညွှန်ပြရသည်၊ ခြေဆေးလိုလျှင် ခြေဆေး<mark>ဖို့</mark> နေရာကို ညွှန်ပြရသည်၊ သောက်ရေ အလိုရှိလျှင် သောက်ရေထားသော နေရာကို ညွှန်ပြရသည်။

(၄) <mark>ထို့နောက်</mark> တည်းခို<mark>ဖို့</mark>နေရာနှင့် **ဝစ္စကုဋိ** **ပဿာဝကုဋ်** (ကျင်ကြီးအိမ် ကျင်ငယ်အိမ်) စသည်ကို ပြောပြရသည်။

## PAGE 89

### (ဂ) ဂမိကဝတ်

<mark>ကိုရင်</mark> ဗုđ္ဍရက္ခိတ… ခရီးသွားမည့် ရဟန်း သာမဏေကို **“ဂမိကပုဂ္ဂိုလ်”** ဟု ခေါ်၏၊ ထိုဂမိကပုဂ္ဂိုလ်သည်——

(၁) မိမိသုံးစွဲနေသော **သံဃိက** (သံဃာအများပိုင်) သစ်ဘဏ္ဍာ မြေဘဏ္ဍာ (သစ်သားဖြင့် လုပ်အပ်သော ခုတင် ကုလားထိုင် စားပွဲစသည်နှင့် မြေဖြင့် ပြုလုပ်အပ်သော အိုးခွက် ပန်းကန်စသော ဘဏ္ဍာ) များကို သိမ်းရသည်။

(၂) မိမိ<mark>တစ်ပါးတည်း</mark> နေသော ကျောင်းဖြစ်လျှင် ကျောင်းခန်းတံခါးနှင့် လေသောက်<mark>ပြတင်း</mark>တို့ကို ပိတ်ရသည်။

(၃) ကျောင်းမှာရှိသော အကြီးအကဲနှင့် <mark>သီတင်းသုံးဖော်</mark>များကို “မည်သည့်အရပ် သွားပါဦးမည်” ဟု ပန်ပြောရသည်။

(၄) ထိုတာဝန်ဝတ္တရားများကို ပြုလုပ်ပြီးမှ ခရီးသွားရသည်၊ ထိုဝတ္တရားများကို မပြုလုပ်ဘဲသွားလျှင် ရဟန်းများမှာ အာပတ်သင့်၍ သာမဏေများ၌ ဒဏ်ထိုက်သည်။

### (ဃ) <mark>အနုမောဒနာဝတ်</mark>

<mark>ကိုရင်</mark> ဗုđ္ဍရက္ခိတ. ကျောင်းတိုက်တွင်းမှာဖြစ်စေ မြို့ရွာတွင်းမှာဖြစ်စေ ဆွမ်းကျွေးပြီးသောအခါစသည်၌ ဒါယကာတို့အား ဝမ်းမြောက်ဝမ်းသာရှိအောင် တရားဟောခြင်းကို **“<mark>အနုမောဒနာ</mark>ပြုခြင်း”** ဟု ခေါ်သည်။ [**အနု** = အဖန်ဖန် + **မောဒနာ** = ဝမ်းမြောက်စေခြင်း။] ထိုသို့ ဆွမ်းတရားဟောမှုနှင့်

## PAGE 90

အလှူမဏ္ဍပ်၌ တရားဟောမှု စသော <mark>အနုမောဒနာ</mark>ပြုမူသည် အကြီးဆုံးပုဂ္ဂိုလ်၏ တာဝန်ဖြစ်၏၊ ထို့ကြောင့်——

(၁) အကြီးဆုံးပုဂ္ဂိုလ်သည် <mark>ကိုယ်တိုင်</mark>စွမ်းနိုင်လျှင် <mark>ကိုယ်တိုင်</mark> <mark>အနုမောဒနာ</mark> ပြုရသည်။

(၂) <mark>ကိုယ်တိုင်</mark>မစွမ်းနိုင်လျှင် စွမ်းနိုင်သူ<mark>တစ်ပါးပါး</mark>ကို (<mark>ကိုရင်</mark>ကလေးဖြစ်စေ) “<mark>အနုမောဒနာ</mark>ပြုပါ” ဟု တိုက်တွန်းရသည်။

(၃) အကြီးဆုံးက မတိုက်တွန်းဘဲ မည်သူမျှ <mark>အနုမောဒနာ</mark> မပြုရ navigation။

(၄) အကြီးဆုံးပုဂ္ဂိုလ်သည် ဝတ်တရားကို နားမလည်၍ မိမိ<mark>ကိုယ်တိုင်</mark>လည်း မဟော၊ သူတစ်ပါးကိုလည်း မတိုက်တွန်းလျှင် စွမ်းနိုင်သောပုဂ္ဂိုလ်က အကြီးဆုံးထံ ခွင့်ပန်၍ တရားဟောနိုင်ပါသည်။

(၅) ဒါယကာက သူကြည်ညိုသော ပုဂ္ဂိုလ်အား တရားဟော<mark>ဖို့ရန်</mark> လျှောက်ထားလျှင်လည်း အကြီးဆုံး မထေရ်ကြီးအား <mark>ခွင့်ပန်ဖွယ်</mark> မလိုတော့ပါ။

### (င) ဘတ္တဂ္ဂဝတ်

<mark>ကိုရင်</mark> ဗုđ္ဍရက္ခိတ…… ဆွမ်းစားရာ ဌာနဖြစ်သော ကျောင်းကိုဖြစ်စေ <mark>ဇရပ်</mark>ကိုဖြစ်စေ အိမ်ကိုဖြစ်စေ **“ဘတ္တဂ္ဂ”** ဟု ခေါ်၏။ [**ဘတ္တ** = ဆွမ်း + **ဂ** = ယူရာ ဌာန။] ဘုရားလက်ထက်တော်၌ ရွာတွင်းမှာလည်း ဆွမ်းစား<mark>ဇရပ်</mark>ရှိသည်၊ ထို့ကြောင့်—

## PAGE 91

(၁) ရွာတွင်းရှိ ဆွမ်းစားစရပ်သို့ သွားသော ပုဂ္ဂိုလ်သည် သေခိယသိက္ခာပုဒ်များနှင့် ညီညွတ်အောင် သင်္ကန်းရုံခြင်း စသော ကျင့်ဝတ်များကို စောင့်ထိန်း၍ သွားရသည်၊ ပြန်လာသောအခါလည်း သေခိယသိက္ခာပုဒ်တော်များနှင့် ညီစွာ ပြန်လာရသည်။

(၂) ကျောင်းတိုက်အတွင်း၌ ရှိသော ဆွမ်းစားကျောင်းသို့ သွားသော ပုဂ္ဂိုလ်လည်း သင်္ကန်းကို ညီညာစွာ ဝတ်၍ <mark>ရုံ၍</mark> သွားရသည်။

(၃) မည်သည့် ဆွမ်းစားရာဌာန၌မဆို မထေရ်ကြီးများ၏ အနီးအပါး၌ အလွန်နီးကပ်စွာ မထိုင်ရ။ ထိုသို့ အလွန်နီးကပ်စွာ ထိုင်ခြင်းသည် မရိုသေရာ ရောက်သည်။

(၄) မိမိအောက်ငယ်သားများကိုလည်း ရှိနေသော နေရာကို (မထိုင်နှင့်-ဟု) မตားမြစ်ရ။

(၅) ဆွမ်းစားသော အခါ၌လည်း သေခိယသိက္ခာပုဒ်တော်နှင့် ညီစွာ စားသောက်ရသည်။

(၆) ဆွမ်းစားခါနီးဖြစ်စေ ဆွမ်းစားပြီးနောက် ဖြစ်စေ လက်စသည်ကို ဆေးသောအခါ ရေသံ ပလုပ်ကျင်းသံ စသည်မကြားရအောင် ငြိမ်သက်စွာ ဆေးရသည်။

(၇) အနီးအပါး-ပုဂ္ဂိုလ်များကို ရေမစဉ်ရအောင် သတိထား၍ လက်ဆေးခံ-ထွေးခံတို့၌သာ ဆေးရ-ထွေးရသည်။

## PAGE 92

### ( စ ) <mark>ပိဏ္ဍ</mark>စာရိကဝတ်

ကိုရင် ဗုဒ္ဓရက္ခိတ…. ဆွမ်းခံသွားသော ရဟန်းသာမဏေများကို **“<mark>ပိဏ္ဍ</mark>စာရိက”** ဟု ခေါ်၏ [ **<mark>ပိဏ္ဍ</mark>** = ဆွမ်းအလို့ငှါ + **စာရိက** = လှည့်လည်သူ ]။ ထိုဆွမ်းခံသွားမည့် ပုဂ္ဂိုလ်သည်—

( ၁ ) ရှေးဦးစွာ သိမ်းစရာရှိသော သစ်ဘဏ္ဍာ မြေဘဏ္ဍာတို့ကို သိမ်းဆည်းရသည်။

( ၂ ) သပိတ်ကို သန့်ရှင်းစင်ကြယ်စွာ ဆေးရသည်။ [ မသန့်ရှင်းဘူး ထင်လျှင် ရဟန်းတို့မှာ သပိတ်ကို အကပ်ခံရသည်။ ]

( ၃ ) သေခိယသိက္ခာပုဒ်များနှင့် ညီစွာ သင်္ကန်းရုံခြင်း စသော ကျင့်ဝတ်များကို ကျင့်ရသည်။

( ၄ ) ဆွမ်းရပ်သောအခါ၌လည်း ဆွမ်းလောင်းသော နေရာနှင့် မဝေးလွန်းမနီးလွန်းအောင် <mark>ရပ်ရသည်</mark>၊ အလွန်ကြာကြာလည်း မရပ်ရ၊ အလွန်မြန်စွာလည်း ပြန်၍ မလှည့်ရ။

( ၅ ) ရပ်နေတုန်း၌ “လောင်းမည် မလောင်းမည်” ကို အကဲခပ်တတ်ရသည်။

( ၆ ) ဆွမ်းလောင်းသူ၏ မျက်နှาကိုလည်း မော်၍မကြည့်ရ။

( ၇ ) အိမ်မှ ပြန်ထွက်သောအခါလည်း မနှေးလွန်းမမြန်လွန်း ပြန်ထွက်ရသည်။

## PAGE 93

### (ဆ) အာရညိကဝတ်

ကိုရင် ဗုဒ္ဓရက္ခိတ…. တောကျောင်း၌ နေသော ပုဂ္ဂိုလ်ကို **“အာရညိက ပုဂ္ဂိုလ်”** ဟု ခေါ်၏၊ [ **အရည** = တော၌ + **ဣက** = နေလေ့ရှိသူ ]။ ထို တောနေပုဂ္ဂိုလ်သည်——

( ၁ ) သူခိုးဓားပြသူပုန်စသူတို့က တောင်းလာလျှင် အဆင်သင့် မရခဲ့သော် ဘေးရန်အန္တရာယ် ပြုတတ်သောကြောင့် အဆင်သင့်ရဘို့ရာ သောက်ရေ သုံးရေများကို တည်ထားရသည်။

(၂) မီးကိုသော်လည်း အဆင်သင့် ထည့်ထားရသည်၊ မီးမထည့်လျှင် (မီးပွတ်၍ ရသော) ပွတ်ခုံ ပွတ်ကျည်ကို ထားရသည်။ [ ယခုခေတ်၌ ပွတ်ခုံပွတ်ကျည်မသုံးသောကြောင့် … ထို ပွတ်ခုံ ပွတ်ကျည်အစား မီးခြစ်ဗူးကို ထားရမည်။ ]

( ၃ ) မိမိသွားတဲ့လာတဲ့အခါ လွယ်ကူအောင် တောင်ဝှေးကိုလည်း ထားရသည်။

(၄) ခိုးသူတို့က မေးလာလျှင် ပြောပြရအောင် <mark>အရှေ့</mark> အနောက် စသော အရပ်မျက်နှာတို့ကို၎င်း, နက္ခတ်တာရာတို့၏ အကြောင်းအရာကို၎င်း သိထားရသည်၊ (သိအောင် လေ့လာရသည်-ဟူလို။)

## PAGE 94

### (ဇ) သေနာသနဝတ်

ကိုရင် **ဗုဒ္ဓရက္ခိတ**… ကျောင်းကို၎င်း, အိပ်ရာ နေရာကို၎င်း **“သေနာသန”** ဟု ခေါ်၏။ [ **သေန** = အိပ်ရာ + **အာသန** = နေရာ။ ] ရဟန်း သာမဏေတို့သည် မိမိနေရာ ကျောင်းနှင့် အိပ်ရာ နေရာများကို သန့်ရှင်းအောင် သုတ်သင် ရှင်းလင်း ကြရသည်။ ထို့ကြောင့်—

<mark>၁။</mark> ညောင်စောင်းအင်းပျဉ်ဟု ရှေးက ခေါ်ရသော ခုတင် ထိုင်ခုံ စားပွဲ ကုလားထိုင် စသည်တို့ကို ဖုံသုတ်မှ <mark>တစ်ခါ</mark> <mark>တစ်ခါ</mark> နေလှန်းမှု စသည်ကို ပြုရသည်။

<mark>၂။</mark> ကျောင်းပရဝိုင်းဟု ခေါ်သော ကျောင်းဝိုင်း တိုက်ဝိုင်း ကို၎င်း, ရေချိုးအိမ် ကျင်ငယ်အိမ် ကျင်ကြီးအိမ် စသည်ကို၎င်း အမှိုက်ရှိလျှင် တံမြက်လှည်းရသည်၊ မြေပြင်ဝယ် တံမြက်လှည်းသောအခါ၌ ဖုံမထအောင် ရေဖျန်း၍ လှည်းရသည်။ [ တံမြက်လှည်း၍ ဖုံထလျှင် … ထို ဖုံတွေသည် ကျောင်းအတွင်း၌၎င်း …. ကျောင်းအပြင် နံရံ စသည်၌၎င်း ငြိကပ်မည်စိုးသောကြောင့် ရေဖျန်း၍ လှည်းဘို့ရန် ပညတ်တော်မူသည်။ ]

<mark>၃။</mark> ကျောင်းခန်းအတွင်းကို ရှင်းလင်းသောအခါ မသုတ်သင်မီ အတွင်းမှာရှိသော သပိတ် သင်္ကန်း ခေါင်းအုံး, စောင်, ခုတင်, စားပွဲ ကုလားထိုင် စသော အသုံးအဆောင် အားလုံးကို အပြင်သို့ ထုတ်၍ သင့်တော်သော နေရာ၌ ထားရသည်၊ ထိုသို့ အသုံးအဆောင် အားလုံးကို အပြင်သို့ ထုတ်ပြီးမှ ပင့်ကူမျှင် ရှိလျှင်

## PAGE 95

(ပိုးကောင်ကလေးများကို မထိမိအောင် ရှောင်လျက်) အထက် မျက်နှาကြက်မှစ၍ တံမြက်လှည်းရသည်၊ လေသောက်<mark>ပြတင်း</mark>ပေါက် အနားတို့ကို ပွတ်သုတ်ရသည်၊ အင်္ဂတေ ဆေးသုတ်ထားသော နေရာများ၌ကား အဝတ်ကို ရေဆွတ်၍ ညှစ်ပြီးလျှင် ဆေးရောင် မဲပျက်အောင် သာသာယာယာ ပွတ်တိုက်ရသည်။

၄။ အမှိုက်များကို စုပြီးနောက် သင့်တော်ရာ၌ စွန့်ပစ်ရသည်၊ အပြင်သို့ ထုတ်ထားသော သင်္ကန်း ခုတင် စသည်ကို ဖုံခါရသည်၊ ဖုံခါသောအခါ ရဟန်းတော်များ၏ အနီး ကျောင်းတဆောင်ဆောင်၏ အနီး သောက်ရေ သုံးရေအိုးတို့၏ အနီး၌ မခါရ၊ လေလာသောဘက် (လေတင်) ကလည်း မခါရ၊ လေအောက်သို့ ဖုံသွားအောင် ခါရသည်၊ ထိုသို့ ခါသင့်သည်ကို ဖုံခါပြီးမှ သုတ်သင့်သည်ကို ပွတ်သုတ်ပြီးမှ နေလှန်းသင့်သည်ကို နေလှန်းပြီးမှ အသုံးအဆောင်များကို ကျောင်းတွင်းသို့ ပြန်၍ သွင်းရသည်၊ ပြန်ထားသော အခါလည်း နဂိုရ်အတိုင်း ထားတတ်အောင် အပြင်ထုတ်စဉ်ကပင် ထားပုံကို သေချာစွာ မှတ်သား၍ ထုတ်ရမည်ဟု မိန့်တော်မူသည်။

၅။ လေတိုက်သောအခါ၌ ရိုးရိုး လေညှင်းလာလျှင် (မိမိကလည်း လေညှင်းခံလိုလျှင်) တံခါးများကို ပိတ်ဘွယ်မလိုပါ၊ သို့သော် <mark>တစ်ခါတစ်ရံ</mark> မြူမှုန်နှင့်ရော၍ လေလာတတ်၏။ ထိုအခါ ကျောင်းတွင်း၌ မြူမှုန် မဝင်ရအောင် လေလာသောဘက်မှ တံခါးပေါက်နှင့် လေသောက်<mark>ပြတင်း</mark>များကို ပိတ်ထားရသည်။

## PAGE 96

<mark>၆။</mark> သောက်ရေ သုံးရေများကို သန့်ရှင်းစွာ တည်ထား၍ (သောက်ရေခွက်ကိုလည်း နေ့စဉ် ပွတ်တိုက်) ရသည်။

<mark>၇။</mark> မိမိထက် သီတင်းကြီးသူနှင့်အတူ တကျောင်းတည်း၌ နေလျှင် စာသင်မှု, ပြဿနာ<mark>မေးမှု</mark> စာအံမှု တရားဟောမှု <mark>မီးထွန်းမှု</mark> တံခါးဖွင့်မှုပိတ်မှုများကို ထိုသီတင်းကြီးသူအား ခွင့်တောင်းပြီးမှ ပြုရသည်။ [ နဂိုရ်ကပင် မထေရ်ကြီးက ထိုကိစ္စအားလုံးကို (သင့်တော်သလို ပြုကြတော့ဟု) ခွင့်ပြုထားလျှင်ကား ခွင့်တောင်းဘွယ်မလိုပါ၊ ဤသို့ မထေရ်ကြီးက ခွင့်မပြုဘဲ ငယ်ရွယ်သူတို့ ကိုယ်လုပ်ချင်ရာလုပ်လျှင် ရဟန်းတို့မှာ အာပတ်သင့်၍ သာမဏေတို့မှာ ဒဏ်ထိုက်သည်။ ] ဤကား အလွန် သိထိုက်သော သေနာသန ဝတ်များတည်း ပါဠိတော်၌ကား … သည့်ထက် ကျယ်ဝန်းစွာ ပါရှိလေသည်။

---

#### တိုက်တွန်းချက်

မြတ်စွာဘုရားသည် ကျောင်း-အိပ်ရာ နေရာတို့ကို နေ့စဉ် သုတ်သင် ရှင်းလင်းဘို့ရာ ပညတ်တော်မူထားသည့်အတိုင်း ကျောင်းတွင်း ကျောင်းဝိုင်းများကို နေ့စဉ် ရှင်းလင်းပါမူ ရဟန်းတော်များ၏ နေရာသည် အသာယာဆုံး ကြည်နူးဘွယ် အကောင်းဆုံး ရောက်လာသူတို့၏ စိတ်နှလုံးကို ယူကျုံးနိုင်ဆုံး ဖြစ်လောက်ရာ၏၊ ယခုမူကား အများအားဖြင့် ထိုကဲ့သို့ သုတ်သင်ရမည့်

## PAGE 97

ညစ်ပေ ရှုပ်ပွေအောင် ထားကြသဖြင့် ဂုဏ်ယူရမည့် နေရာဝယ် <mark>ဂုဏ်ပျက်ဖွယ်</mark> ဖြစ်ရပါတော့သည်၊ ထိုသို့ မဖြစ်ရအောင် နောက်ခေတ်ပုဂ္ဂိုလ်များ ကြốiစားနိုင်ကြပါစေသား။

### လေ့ကျင့်ခဏ်း မေးခွန်း

၁။ ဘယ်လိုပုဂ္ဂိုလ်ကို **“အာဂန္တုက”** ဟု ခေါ်သနည်း၊ **အာဂန္တုကဝတ်**များကို ပြပါ။

၂။ ဘယ်လိုပုဂ္ဂိုလ်ကို **“အာဝါသိက”** ခေါ်သနည်း၊ **အာဝါသိကဝတ်**များကို ပြပါ။

<mark>၃။</mark> ဘယ်လိုပုဂ္ဂိုလ်ကို **“ဂမိက”** ဟု ခေါ်သနည်း၊ **ဂမိကဝတ်**များကို ပြပါ။

<mark>၄။</mark> ဘယ်လို ပြုခြင်းကို **“အနုမောဒနာ ပြုခြင်း”** ဟု ခေါ်သနည်း၊ ထို**အနုမောဒနာဝတ်**ကို ပြပါ။

၅။ ဘယ်လိုနေရာကို **“ဘတ္တဂ္ဂ”** ဟု ခေါ်သနည်း၊ **ဘတ္တဂ္ဂဝတ်**ကို ပြပါ။

၆။ ဘယ်လိုပုဂ္ဂိုလ်ကို **“ပိဏ္ဍစာရိက ပုဂ္ဂိုလ်”** ဟု ခေါ်သနည်း၊ ထို **ပိဏ္ဍစာရိကဝတ်**ကို ပြပါ။

၇။ ဘယ်လို ပုဂ္ဂိုလ်ကို **“အာရညိက”** ဟု ခေါ်သနည်း၊ ထို **အာရညိကဝတ်**ကို ပြပါ။

## PAGE 98

၈။ အဘယ်ကို **“သေနာသန”** ဟု ခေါ်သနည်း၊ ထို**သေနာသနဝတ်**များကို မှတ်မိသမျှ ပြပါ။

၉။ **သေနာသနဝတ်**ကို မပြုသော ကျောင်းတိုက်သည် ရောက်လာသော ရဟန်း ရှင်လူတို့၏ စိတ်ကို နှစ်သက် စေနိုင်မည်လော။

---

### (ဈ) <mark>ဇန္တာဃရ</mark>ဝတ်

ကိုရင် ဗုဒ္ဓရက္ခိတ.. ဆီးနှင်း အားကြီး၍ အအေးများသော အရပ်ဒေသတို့၌ ကိုယ်လက်တောင့်တင်းသော မကျန်းမမာမှုနှင့် အအေးမိသော ရောဂါများ ဖြစ်တတ်ကြသည်၊ ထို မကျန်းမမာမှုများ မဖြစ်ရအောင် ကိုယ်ခန္ဓာကို နူးနပ်စေခြင်းအကျိုးငှါ မီးဖိုပါသော ရေချိုးအိမ်များကို ဆောက်လုပ်ကြရသည်၊ ထိုရေချိုးအိမ် ကျောင်းငယ်ကလေးကို **“<mark>ဇန္တာဃရ</mark> = ဇရုံးအိမ်”** ဟု၎င်း **“မီးတင်းကုပ်”** ဟု၎င်း **“ရေချိုးအိမ်”** ဟု၎င်း ခေါ်ကြ၏။

ထို ရေချိုးအိမ်၌ မီးပူကို ခံနိုင်အောင် မျက်နှာကို မြေညက်ဖြင့် သုတ်လိမ်း၍ အတွင်းသို့ ဝင်ပြီးလျှင် ဆပ်ပြာဖြင့် တကိုယ်လုံး ပွတ်တိုက်ကာ ရေချိုးလေ့ရှိကြ၏၊ တပါး ၂-ပါး သာ မက တပြိုင်နက် ရဟန်းသာမဏေအများဝင်၍ ရေချိုးလေ့ရှိကြသည်၊ ထို့ကြောင့် မီးဖို၌ ပြာရှိလျှင် ထိုပြာကို စွန့်ပစ်ခြင်း, တံမြက်လှည်းခြင်း, ဆပ်ပြာမှုန့်ရှိလျှင် (ရေဖြင့် နယ်၍) အခဲလုပ်ခြင်းစသော ကျင့်ဝတ်များကို ပြုလုပ်ကြရသည်။

## PAGE 99

### (ဉ) ဝစ္စကုဋိဝတ်

ကိုရင် ဗုဒ္ဓရက္ခိတ.. ကျင်ကြီးစွန့်သော နေရာကို **“ဝစ္စကုဋိ”** ဟု၎င်း **“<mark>ကျင်ကြီးအိမ်</mark>”** ဟု၎င်း ခေါ်သည်၊ ထို ကုဋီအိမ်သည် ကျောင်းတိုက် ဟူသမျှ၌ မရှိလျှင် မဖြစ်နိုင်သောနေရာ တမျိုးတည်း၊ ထို့ကြောင့် ကုဋိအိမ်၌ ပြုကျင့်ရမည့် ဝတ်ကိုလည်း အထူးမှတ်ပါ။

(၁) ကုဋိအိမ်သို့ ဝင်မည်ကြံလျှင် အတွင်း၌ လူရှိ မရှိ သိရအောင် မဝင်မီ “အဟမ်း” ဟု ချောင်းဟန့်လိုက်ပါ၊ အတွင်းမှာရှိလျှင် ထိုသူက ပြန်၍ ချောင်းဟန့်ပါလိမ့်မည်။

(၂) လူမရှိလျှင် အပေါ် ဧကသီကို အပြင် သင်္ကန်းတန်း၌ ချထားပြီးမှ တံခါးကို ဖွင့်၍ မနှေးလွန်း မမြန်လွန်း အတွင်းသို့ ဝင်ပါလေ။ [ ကုဋိ အပြင်ဘက်၌ သင်္ကန်းထားဘို့ရန် တန်းရှိစေရမည်။ ]

(၃) အတွင်းသို့ ရောက်သောအခါ ခြေနင်းခုံပေါ်၌ ခြေစုံရပ်ပြီးမှ သင်းပိုင်ကို (မ) ရသည်၊ မဝင်မီက သင်းပိုင်ကို (မ) ၍ မဝင်ပါလေနှင့်။

(၄) ကျင်ကြီးစွန့်နေစဉ် “အင်းအင်း” ဟု ညည်းသံ ညှစ်သံ မမြည်ပါစေနှင့်။

(၅) ကျင်ကြီး စွန့်နေတုန်းမှာ ပါးစပ်ဖြင့် ဒန်ပူကို ကိုက်၍ မထားပါနှင့်။

## PAGE 100

(၆) ကျင်ကြီးခွက် ကျင်ငယ်ခွက် (ကျင်ကြီးပေါက် ဘေး၌ မရောက်စေဘဲ ခွက်ထဲသို့ တဲ့တဲ့) ကျအောင် စွန့်ပါ။

(၇) ကျင်ငယ်မြောင်း (ကျင်ငယ်ခွက်) ထဲ၌ နှပ် တံထွေးကို မညှစ်-မထွေးပါနှင့်။

(ဂ) ကြမ်းသော ပုပ်သော ဆွေးသော ကနုတ် (ဒုတ်ချောင်း) ဖြင့် မသုတ်ပါနှင့်၊ သုတ်ပြီး ကနုတံကို ကျင်ကြီးတွင်း (ကျင်ကြီးခွက်) ထဲ၌ မကျပါစေနှင့်။

(၉) ဖင်ဆေးရေကို “သန့်သက်ရေ” ဟု ခေါ်၏၊ ထိုသန့်သက်ရေကို ရှေးခေတ်၌ ကုဋိအတွင်း မထားဘဲ သီးခြားအခန်းမှာ ထားသည်။ ယခုခေတ်၌ကား ကျင်ကြီးစွန့်ရာ အခန်းမှာပင် ထားသည်၊ ထိုသန့်သက်ရေဆေးသောအခါ အသံမမြည်အောင် ဆေးပါ၊ သန့်သက်ရေခွက်ထဲ၌ ရေကို ချန်မထားခဲ့ပါနှင့်။ (ခွက်ကို မှောက်ထားပါ။)

(၁၀) ကျင်ကြီးစွန့်ပြီးသောအခါ ခြေနင်းခုံပေါ်၌ ရပ်နေတုန်းမှာပင် ပင့်ထားသော သင်းပိုင်ကို ချလိုက်ပါ၊ သင်းပိုင်<mark>မလျက်</mark> ကုဋိပြင်ဘက်သို့ မထွက်ခဲ့ပါနှင့်။

(၁၁) <mark>ကုဋိ၌</mark> ကျင်ကြီးပေနေလျှင် ရေဖြင့် ဆေးပါ၊ ကနုတံပုံး ပြည့်နေလျှင် ကနုတံများကို အပြင်ဘက် သင့်တော်သော နေရာ၌ စွန့်ပစ်ပါ၊ <mark>ကုဋိ၌</mark> အမှိုက်ရှုပ်နေလျှင် တံမြက်လှည်းပါ၊ သန့်သက်ရေအိုး၌ ရေမရှိလျှင် ရေထည့်ပါ။

## PAGE 101

(၁၂) ပြခဲ့သော ကျင့်ဝတ်များကို မကျင့်လျှင် <mark>ရဟန်းများ</mark>မှာ အာပတ်သင့်၍ သာမဏေများမှာ ဒဏ်ထိုက်ပါသည်။ ထို့ကြောင့် ဧကန်ကျင့်ရမည့် ဝတ်များဖြစ်ကြောင်းကို နားလည်ပါ။

---

## (ဋ) ဥပဇ္ဈာယဝတ်

ကိုရင် ဗုဒ္ဓရက္ခိတ... မိဘတို့သည် သားသမီးတို့အပေါ်၌ အမြဲကြည့်ရှု၍ သွန်သင်ဆုံးမသကဲ့သို့ တပည့်အပေါ်၌ အမြဲကြည့်ရှု၍ သွန်သင်ဆုံးမသော ဆရာကို “**ဥပဇ္ဈာယ်ဆရာ**” ဟု ခေါ်၏၊ ထို့ကြောင့် ရှင်သာမဏေပြုပြီးလျှင် ပြီးခြင်း မိမိဆရာအရင်းကို “**ဥပဇ္ဈာယော မေ ဘန္တေ ဟောဟိ** = တပည့်တော်၏ ဥပဇ္ဈာယ် ဖြစ်တော်မူပါဘုရား” ဟု ၃-ခေါက်ဆို၍ <mark>ဥပဇ္ဈာယ်ယူထားကြရသည်</mark>၊ ထိုဥပဇ္ဈာယ်ဆရာသည် သာသနာတော်မှာ မိဘရင်းကဲ့သို့ အရင်းဆုံးဖြစ်သည်။ ထိုဥပဇ္ဈာယ်ဆရာ၌ အတူနေတပည့်က ပြုရမည့်ဝတ္တရားတွေလည်း အများအပြားပင် ရှိ၏၊ ထို့ကြောင့် ဥပဇ္ဈာယ်နှင့်အတူနေသော တပည့်သည် မိမိကိုယ်တိုင် နေထိုင်ကောင်းလျှင်...

(၁) နံနက်စောစောထ၍ ကိုယ်ဝတ်ဧကသီကို လက်ကတော့တင်ပြီးလျှင် မျက်နှာသစ်ရေနှင့် ဒန်ပူကပ်ရသည်။

(၂) ယာဂုဖြစ်စေ ဆွမ်းဖြစ်စေ ရှိလျှင်လည်း ကပ်ရသည်။

(၃) ဥပဇ္ဈာယ်ဆရာ၏ ကျောင်း အိပ်ရာ နေရာတို့ကို တံမြက်လှည်းရသည်။

## PAGE 102

(၄) အိပ်ရာခင်း စသည်ကို နေလှန်းသင့်လျှင် နေလှန်း၍ ထိုင်ဘို့နေရာ စသည်ကိုလည်း ခင်းပေးရသည်၊ ဤသို့စသည်ဖြင့် ဥပဇ္ဈာယ်ဆရာ၌ ပြုကြရသော ဝတ္တရားတွေ များစွာရှိပေသည်။

---

#### မှတ်ချက်
ဥပဇ္ဈာယ်ဆရာ၌ တပည့်အများရှိရာတွင် <mark>တစ်ပါးပါးက</mark> “ဥပဇ္ဈာယ်ဆရာ၏ ဝတ်ကြီး ဝတ်ငယ်များကို တပည့်တော်ပြုပါမည်” ဟု တာဝန်<mark>ယူထားသော</mark>်လည်းကောင်း ဥပဇ္ဈာယ်ဆရာကိုယ်တိုင်က “ငါ့မှာ ဝတ်ပြုမည့်သူ ရှိပြီ၊ သင်တို့ ချမ်းသာစွာနေ၍ ပရိယတ် ပဋိပတ်ကို အားထုတ်ကြ” ဟု ခွင့်ပြုထား<mark>သော်လည်းကောင်း</mark> ဝတ်ကြီးဝတ်ငယ် မပြုဘဲ နေခွင့်ရပါသည်၊ ဥပဇ္ဈာယ်ဆရာမှာ ဝတ်ပြုမည့်သူလည်း မရှိ၊ ခွင့်ပြုချက်လည်း မရှိပါဘဲ ဝတ်မပြုသော ရဟန်းသာမဏေတို့မှာ အာပတ်သင့်ခြင်း, ဒဏ်ထိုက်ခြင်းဟူသော အပြစ်ရှိသည်။

## (ဌ) <mark>သဒ္ဓိဝိဟာရိကဝတ်</mark>

ကိုရင် ဗုဒ္ဓရက္ခိတ … ဥပဇ္ဈာယ်<mark>ယူထားသော</mark> တပည့်ကို “**သဒ္ဓိဝိဟာရိက** = အတူနေတပည့်” ဟု ခေါ်၏။ [ **သ** = အတူ + **ဝိဟာရိက** = နေလေ့ရှိသူ။ ] ဥပဇ္ဈာယ်ဆရာ့အတွက် တပည့်မှာသာ တာဝန်ဝတ္တရားရှိသည် မဟုတ်သေး၊ ဥပဇ္ဈာယ်ဆရာမှာလည်း တပည့်အပေါ်ပြုရသောဝတ္တရားတွေ ရှိသေး၏၊ ထိုဝတ္တရားအချို့ကား---

(၁) စာချပေးခြင်း ဆုံးမဩဝါဒပေးခြင်းတို့ဖြင့် သင်္ဂြိုဟ်ချီးမြှောက်ရသည်။

## PAGE 103

(၂) <mark>တပည့်</mark>မှာ သပိတ် သင်္ကန်း စ<mark>သော</mark> ပရိက္ခရာမရှိ၍ ဥပဇ္ဈာယ်မှာ <mark>အပိုရှိလျှင်</mark> ထို သပိတ် သင်္ကန်း စသည်ကို ပေးခြင်းဖြင့် ချီးမြှောက်ရသည်။

(၃) ဥပဇ္ဈာယ်မှာ အပိုမရှိလျှင် “ဘယ်လိုနည်းဖြင့် <mark>တပည့်</mark>မှာ သပိတ် သင်္ကန်း ရပါ့မလဲ” ဟု ကြောင့်ကြစိုက်ရသည်။

(၄) <mark>တပည့်</mark> မကျန်းမမာဖြစ်<mark>သော</mark> အခါ၌ကား ဒန်ပူပေးခြင်း မျက်နှာသစ်ရေပေးခြင်း ယာဂုပေးခြင်း, <mark>တပည့်</mark> နေရာ၌ အမှိုက်ရှုပ်လျှင် တံမြက်လှည်းခြင်းစ<mark>သော</mark> <mark>ဝတ်များကို</mark> (<mark>တပည့်</mark>က ဆရာ့အပေါ်၌ အမြဲပြုရသကဲ့သို့ ဆရာကလည်း <mark>တပည့်</mark>အပေါ်၌) ပြုရသည်။

## (၃)။ အာစရိယဝတ်

ကိုရင် ဗုဒ္ဓရက္خိတ... ဆရာ ၄-မျိုးအပေါ်၌ <mark>တပည့်</mark> ၄-မျိုးက <mark>ပြုရသည်ကို</mark> “အာစရိယဝတ်” ဟု ခေါ်၏။

**ซရာ ၄-မျိုးကား—**

(၁) ရှင်ပြုတုန်းက သရဏဂုံပေး<mark>သော</mark> “**ပဗ္ဗဇ္ဇာစရိယ** = ရှင်ပြုပေး<mark>သော</mark> ဆရာ”။
(၂) ရဟန်းပြုတုန်းက ကမ္မဝါစာ<mark>ရွတ်ဖတ်သော</mark> “**ဥပသမ္ပဒါစရိယ** = ရဟန်းပြုပေး<mark>သော</mark> ဆရာ”။
(၃) စာချပေး<mark>သော</mark> “**ဓမ္မာစရိယ**”။
(၄) นိဿယည်းပေး<mark>သော</mark> “**နိဿယာစရိယ**” တို့တည်း။

## PAGE 104

ထိုဆရာ ၄-မျိုး၌ <mark>တပည့်</mark> ၄-မျိုးက ပြုရ<mark>သော</mark> <mark>တာဝန်</mark> <mark>ဝတ္တရားတို့မှာ</mark> ဥပဇ္ဈာယဝတ် và အများအားဖြင့် တူ၏။ ထို့ကြောင့် ဆရာ ၄-ပါးအပေါ်၌ <mark>တပည့်</mark> ၄-ပါးတို့က မျက်နှာသစ်ရေကပ်ခြင်း, ယာဂုကပ်ခြင်းစ<mark>သော</mark> ကျင့်<mark>ဝတ်များကို</mark> ပြုကြရသည်။

### (ခ) အန္တေဝါသိကဝတ်

ကိုရင် ဗုဒ္ဓရက္ခိတ... ဆရာ ၄-ပါး ရှိသကဲ့သို့ <mark>တပည့်</mark> ၄-ပါး ရှိ၏။ ထို<mark>တပည့်</mark>များကို “**အန္တေဝါသိက** = အနီးနေ<mark>တပည့်</mark>” ဟု ခေါ်သည်။

**ထို ၄-ပါးကား—**

(၁) “**ပဗ္ဗဇ္ဇန္တေဝါသိက** = ရှင်ပြုပေးအပ်<mark>သော</mark> <mark>တပည့်</mark>”။
(၂) “**ဥပသမ္ပဒန္တေဝါသိက** = ပဉ္စင်း ပြုပေးအပ်<mark>သော</mark> <mark>တပည့်</mark>”။
(၃) “**<mark>ဓမ္မန္တေဝါသိက</mark>** = စာချပေးအပ်<mark>သော</mark> <mark>တပည့်</mark>”။
(၄) “**နိဿယန္တေဝါသိက** = နိဿယည်း ယူ၍ နေ<mark>သော</mark> <mark>တပည့်</mark>”။

ဤ<mark>တပည့်</mark> ၄-မျိုး အပေါ်၌ ဆရာ ၄-မျိုးက ပြုရ<mark>သော</mark> <mark>တာဝန်</mark> ဝတ္တရားများ လည်း ဥပဇ္ဈာယ်က သဒ္ဓိဝိဟာရိက <mark>တပည့်</mark> အပေါ်၌ ပြုရ<mark>သော</mark> ဝတ္တရားနှင့် သဘောတူ၏။ ထို့ကြောင့် ဆရာ ၄-မျိုးတို့သည် <mark>တပည့်</mark> ၄-မျိုးတို့ အပေါ် စာချခြင်း, ဆုံးမဩဝါဒပေးခြင်း သပိတ်သင်္ကန်း စသည်ကို ပေးခြင်း, မကျန်းမမာ<mark>သော</mark>အခါ ပြုစုခြင်း စ<mark>သော</mark> ဝတ္တရားများကို ပြုကြရသည်။

## PAGE 105

<mark>---</mark>

**<mark>အမှာ။</mark>** ။ ဥပဇ္ဈာယ်နှင့် အတူမနေရ<mark>သော</mark> ရဟန်းငယ်တို့သည် အရည်အချင်းရှိ<mark>သော</mark> ဆရာ့အထံ၌ “**အာစရိယော မေ ဘန္တေ ဟောဟိ, အာယသ္မတော နိဿာယ ဝစ္ဆာမိ** = အရှင်ဘုရား... <mark>တပည့်</mark>တော်၏ ဆရာဖြစ်တော်မူပါ၊ အရှင်ဘုရားကို မှီခို၍ နေပါအံ့” ဟု ၃-ခေါက်ဆို၍ นိဿယည်း ယူနေရသည်။

#### ဝတ်ကြေမှသာ နိဗ္ဗာန်ရောက်

ကိုရင် ဗုဒ္ဓရက္ခိတ... ဤပြခဲ့<mark>သော</mark> ကျင့်ဝတ် ၁၄-ပါးကို ဝိနည်း ပါဠိတော် စူဠဝဂ္ဂခန္ဓက၌ လာ<mark>သော</mark>ကြောင့် “**ခန္ဓကဝတ်**” ဟု ခေါ်ကြသည်။ ဤကျင့်ဝတ်များ မကြေလျှင် <mark>အာပတ်သင့်</mark> - ဒဏ်ထိုက်<mark>သော</mark>ကြောင့် သီလမပြည့်စုံသူ ဖြစ်၏။ သီလမစင်ကြယ်လျှင် စိတ် မတည်ကြည်နိုင်၊ စိတ်ပျံ့လွင့်၍ မတည်ကြည်သူသည် <mark>(ကမ္မဋ္ဌာန်းအားထုတ်သော</mark> အခါ) တရားကို မမြင်နိုင်ပါ။

“**သံသာရ <mark>ဝဋ္ဋဒုက္ခတော</mark> မောစနတ္ထာယ <mark>ပဗ္ဗဇ္ဇံ</mark> ယာစာမိ** = သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ခြင်း အကျိုး<mark>ငှာ</mark> ရှင်ပြုပေးပါရန် တောင်းပန်ပါ၏” ဟု ရှင်ပြုတုန်းကဆိုခဲ့<mark>သော</mark>်လည်း တရားမမြင်သမျှ သံသရာဝဋ်ဒုက္خမှ မလွတ်နိုင်။ ထို့ကြောင့် ဘုရားအဆုံးမတော်ကို လိုက်နာ<mark>သော</mark> ဘုရားသားကောင်း ရဟန်းသာမဏေ အပေါင်းသည် ပြခဲ့<mark>သော</mark> ဆိုင်ရာ ကျင့်<mark>ဝတ်များကို</mark> မချွတ်မယွင်းရအောင် ပြုကျင့်ရမည်၊ ထိုသို့ပြုကျင့်မှသာ နိဗ္ဗာန်သို့ ရောက်နိုင်သည်။

## PAGE 106

#### တိုက်တွန်းချက်
မိကောင်း ဘခင်တို့သည် မိမိတို့သား သမီးများကို ပညာတတ်အောင် သင်ကျောင်းသို့လည်း ပို့ရ အရာရာ၌ လိမ္မာအောင်လည်း ပြောဆိုသင်ပြရသကဲ့သို့ ထို့အတူ ဆရာကောင်းတို့သည်လည်း မိမိ<mark>တပည့်များကို</mark> ပညာတတ်အောင်လည်း သင်ပြဘို့တာဝန် အဝတ်အစား အနေအထိုင် အပြော အဟော တတ်အောင် လည်း သင်ပြဘို့ တာဝန် ရှိကြောင်းမှာ ဤပြခဲ့သော ကျင့်ဝတ် များဖြင့် ထင်ရှားပါသည်။

ဝိနည်းမဟာဝဂ္ဂအဋ္ဌကထာ မဟာခန္ဓက ပဗ္ဗဇ္ဇာဝိနိစ္ဆယ ခဏ်း၌လည်း “ရှင်သာမဏေ အသစ်ကို သင်္ကန်းဝတ်နည်း ရန်းနည်း, သပိတ်ကိုင်နည်း, စားသောက်နည်း စသည်၌ အချိုးမကျသေးသမျှ ဆွမ်းစားကျောင်း စသော အများ စုပေါင်းရာ အရပ်သို့ သွား၍ မစားမသောက် မနေမထိုင် စေသေးဘဲ ဆရာ၏ အနီးအပါး၌သာ အရာရာ သင်ပြ၍ အချိုးကျအောင် <mark>ပြuပြင်ကြပါလေ</mark>”ဟု တိုက်တွန်းချက် ရှိပါသည်၊ ထို့ကြောင့် ဤပြခဲ့သော ကျင့်ဝတ်များကို နားလည် အောင် ပြောပြတော်မူကြစေလိုပါသည်။

ထိုသို့ နားလည်ပြီးသော အခါလည်း ရဟန်းသာမဏေ ဘဝ၏စိတ်ထားမွန်မြတ်ရပုံ ထင်ရှားစေခြင်းငှါ၎င်း, အကယ်၍ လူထွက် သွားစေကာမူ သာသနာတော်၏ အကြောင်း ကောင်းကောင်း นားလည်၍ သာသနာကို ပြုစုတတ်သော သူတော်ကောင်း <mark>ဒါယကာတစ်ယောက်</mark> ဖြစ်စေခြင်းငှါ၎င်း ယခု ညွှန်ပြမည့် အဘိဏှဒသဓမ္မသတ်တော်နှင့် အတိုချုပ် ကမ္မဋ္ဌာန်း ဘာဝနာကိုလည်း သင်ပြ၍ ကြည်ညိုဘွယ် นည်း

## PAGE 107

ယူဘွယ် ကောင်းလှသော ရှေးသာမဏေ သူ တကောင်း တို့၏ အကြောင်းအရာကိုလည်း ဖတ်စာလုပ်၍ ဖတ်ကြစေ ဘို့ရန် တိုက်တွန်း တောင်းပန်ပါသည်။

#### လေ့ကျင့်ခဏ်း <mark>မေ</mark>းခွန်း

(က) အဘယ်ကို “<mark>ဇန္တာဃရ</mark>” ဟု ခေါ်သနည်း၊ ထို<mark>ဇန္တာဃရ</mark>ကို မြန်မာလို ဘယ်သို့ ခေါ်သနည်း၊ <mark>ဇန္တာဃရ</mark>ဝတ်ကို ပြပါ။

(ခ) အဘယ်ကို “ဝစ္စကုဋိ” ဟု ခေါ်သနည်း၊ ထိုဝစ္စကုဋိ ဝတ်ကို ပြပါ။

(ဂ) ယခုအခါ၌ ဧကသီကို အပြင်ဘက်မှာမထားခဲ့ဘဲ ဝစ္စကုဋိ အတွင်းသို့ <mark>ရန်း၍</mark> ဝင်သွားခြင်းသည် ထိုဝစ္စကုဋိဝတ်နှင့် ညီပါသလား၊ ထိုဝတ်နှင့်မညီလျှင် ဘယ်အပြစ် သင့် သနည်း။

(ဃ) အဘယ်ပုဂ္ဂိုလ်ကို “ဥပဇ္ဈာယ်” ဟု ခေါ်သနည်း၊ ထို ဥပဇ္ဈာယဝတ်ကို ပြပါ။

(င) အဘယ်ပုဂ္ဂိုလ်ကို “သဒ္ဓိဝိဟာရိက” ဟု ခေါ်သနည်း၊ ထို သဒ္ဓိဝိဟာရိကဝတ်ကို ပြပါ။

(စ) အဘယ်ပုဂ္ဂိုလ်ကို “အာစရိယ” ဟု ခေါ်သနည်း၊ ထို အာစရိယသည် ဘယ်နှစ်မျိုး ရှိသနည်း၊ ရေတွက်ပြပါ။

(ဆ) အဘယ်ပုဂ္ဂိုလ်ကို “အန္တေဝါသိက” ဟု ခေါ်သနည်း၊ ထို အန္တေဝါသိကသည် ဘယ်နှစ်မျိုး ရှိသနည်း၊ ရေတွက်ပြပါ။

<mark>ဇ။</mark> ပြခဲ့သော ဝတ်များကို မကြေသော ရဟန်း သာမဏေ သည် အဘယ် အပြစ်ရှိပါသနည်း။

ခန္ဓကဝတ်သင်ပြခဏ်း ပြီး၏။

## PAGE 108

# ဂ-ကိုယ်ကျင့်သားတောင်များ

ဒသဓမ္မသုတ် ပါဠိတော်နှင့် နိဿယ (ကျက်မှတ်ရန်)

**ဒသယိ<mark>မေ</mark> ဘိက္ခဝေ ဓမ္မာ <mark>ပဗ္ဗဇိတေန</mark> <mark>အဘိဏှံ</mark> <mark>ပစ္စဝေက္ခိတဗ္ဗာ</mark>။ ကတ<mark>မေ</mark> ဒသ**

**၁။ ဝေဝဏ္ဏိယမ္ပိ အတ္ထုပဂတောတိ <mark>ပဗ္ဗဇိတေန</mark> <mark>အဘိဏှံ</mark> ပစ္စဝေက္ခိတဗ္ဗံ။**

**၂။ <mark>ပရပဋိဗုဒ္ဓါ</mark> <mark>မေ</mark> <mark>ဇီဝိကာတိ</mark> <mark>ပဗ္ဗဇိတေန</mark> <mark>အဘိဏှံ</mark> ပစ္စဝေက္ခိတဗ္ဗံ။**

**၃။ အညော <mark>မေ</mark> <mark>အာကပ္ပေါ</mark> ကရဏီယောတိ <mark>ပဗ္ဗဇိတေန</mark> <mark>အဘိဏှံ</mark> ပစ္စဝေက္ခိတဗ္ဗံ။**

---

**ဘိက္ခဝေ** = ဘိက္ခုတို့။
**ဒသ** = ၁၀-ပါးကုန်သော။
**ဣ<mark>မေ</mark> ဓမ္မာ** = တရားတို့ကို။
**<mark>ပဗ္ဗဇိတေန</mark>** = သာသနာ့ဝန်ထမ်း ရဟန်း သာမဏေသည်။
**<mark>အဘိဏှံ</mark>** = နေ့စဉ်မပြတ်။
**<mark>ပစ္စဝေက္ခိတဗ္ဗာ</mark>** = ဆင်ခြင်ထိုက်ကုန်၏။
**ကတ<mark>မေ</mark> ဒသ** = အဘယ် ၁၀-ပါးတို့နည်း။

( ၁ ) (အဟံ၊ ငါသည်။) **<mark>ဝေဝဏ္ဏိယံ</mark>** = ဖောက်ပြန်သော အဆင်းရှိ သူ၏ အဖြစ်သို့။ **အတ္ထုပဂတော** = ကပ်ရောက်ရသည်။ **အမှိ** = ဖြစ်ပါတကား။ **ဣတိ** = ဤအကြောင်းကို။ **<mark>ပဗ္ဗဇိတေန</mark>** = ပဗ္ဗဇိတသည်။ **<mark>အဘိဏှံ</mark>** = အမြဲမပြတ်။ **ပစ္စဝေက္ခိတဗ္ဗံ** = ဆင်ခြင်ထိုက်၏။

( ၂ ) **<mark>မေ</mark>** = ငါ၏။ **ဇီဝိကာ** = အသက်မွေးမှုသည်။ **<mark>ပရပဋိဗုဒ္ဓါ</mark>** = <mark>သူတစ်ပါး</mark>တို့၌ ဆက်စပ်နေပါတကား။ **ဣတိ** = ဤသို့။ **<mark>ပဗ္ဗဇိတေန</mark>** = ပဗ္ဗဇိတသည်။ **<mark>အဘိဏှံ</mark>** = အမြဲမပြတ်။ **ပစ္စဝေက္ခိတဗ္ဗံ** = ဆင်ခြင်ထိုက်၏။

( ၃ ) **<mark>မေ</mark>** = ငါသည်။ **အညော** = လူတို့၏ အပြုအမူမှ <mark>တစ်မျိုးတစ်ခြား</mark> သော။ **<mark>အာကပ္ပေါ</mark>** = အပြုအမူကို။ **ကရဏီယော** = ပြုထိုက်ပါတကား။

## PAGE 109

(၄) **<mark>ကဉ္စိ</mark> နု ခေါ မေ အတ္တာ၊ <mark>သီလတော</mark> န <mark>ဥပဝဒတီ</mark>တိ <mark>ပဗ္ဗဇိတေန</mark> <mark>အဘိဏှံ</mark> <mark>ပစ္စဝေက္ခိတဗ္ဗံ</mark>။**

(၅) **<mark>ကဉ္စိ</mark> နု ခေါ <mark>မံ</mark> အနုဝိစ္စ၊ ဝိညူ သဗြဟ္မစာရီ <mark>သီလတော</mark> န ဥပဝဒန္တီတိ <mark>ပဗ္ဗဇိတေန</mark> <mark>အဘိဏှံ</mark> <mark>ပစ္စဝေက္ခိတဗ္ဗံ</mark>။**

(၆) **သဗ္ဗေဟိ မေ ပိယေဟိ မနာပေဟိ နာနာဘာဝေါ ဝိနာဘာဝေါတိ <mark>ပဗ္ဗဇိတေန</mark> <mark>အဘိဏှံ</mark> <mark>ပစ္စဝေက္ခိတဗ္ဗံ</mark>။**

---

**ပါဌ်အနက်**

**ဣတိ** = ကို။ **<mark>ပဗ္ဗဇိတေန</mark>** = သည်။ **<mark>အဘိဏှံ</mark>** = ပြတ်။ **<mark>ပစ္စဝေက္ခိတဗ္ဗ</mark>** = ၏။

(၄) **<mark>ကဉ္စိ</mark>** = အသို့နည်း။ **မေ** = ငါ၏။ **အတ္တာ** = စိတ်သည်။ <mark>ဝါ</mark>၊ ကိုယ်တိုင်။ **<mark>သီလတော</mark>** = သီလအားဖြင့်။ **န <mark>ဥပဝဒတီ</mark> နု ခေါ** = မစွပ်စွဲပါ၏လော။ **ဣတိ** = ဤ အကြောင်းကို။ **<mark>ပဗ္ဗဇိတေန</mark>** = သည်။ **<mark>အဘိဏှံ</mark>** = ပြတ်။ **<mark>ပစ္စဝေက္ခိတဗ္ဗ</mark>** = ၏။

(၅) **<mark>ကဉ္စိ</mark>** = အသို့နည်း။ **<mark>မံ</mark>** = ငါ့ကို။ **အနုဝိစ္စ** = ဉာဏ်ဖြင့် သက်ဝင်၍။ **ဝိညူ** = ပညာရှိကုန်သော။ **သဗြဟ္မစာရီ** = သီတင်းသုံးဘော်တို့သည်။ **<mark>သီလတော</mark>** = သီလအားဖြင့်။ **န ဥပဝဒန္တီ နု ခေါ** = မစွပ်စွဲပါကုန်၏လော။ **ဣတိ** = ကို။ **<mark>ပဗ္ဗဇိတေန</mark>** = သည်။ **<mark>အဘိဏှံ</mark>** = ပြတ်။ **<mark>ပစ္စဝေက္ခိတဗ္ဗ</mark>** = ၏။

(၆) **မေ** = ငါ၏။ **သဗ္ဗေဟိ** = အလုံးစုံကုန်သော။ **ပိယေဟိ** = ချစ်အပ်ကုန်သော။ **မနာပေဟိ** = မြတ်နိုးအပ်ကုန်သော ဆွေမျိုး ရှင်းခြာ ဒါယကာ ဒါယိကာမတို့နှင့်။ **နာနာဘာဝေါ** = ဇာတ်ချင်းမတူ အမူကွဲပြား တသီးတခြားဖြစ်ရခြင်းသည်။ **ဝိနာဘာဝေါ** = မပြန်တမ်း သေခြင်းဖြင့် ကွေကွင်း၍ ဖြစ်ရခြင်းသည်။ **ဟောတိ** = ဖြစ်ပါတကား။ **ဣတိ** = ကို။ **<mark>ပဗ္ဗဇိတေန</mark>** = သည်။ **<mark>အဘိဏှံ</mark>** = ပြတ်။ **<mark>ပစ္စဝေက္ခိတဗ္ဗ</mark>** = ၏။

## PAGE 110

(၇) **ကမ္မဿကောမှိ ကမ္မဒါယာဒေါ၊ ကမ္မယောနိ ကမ္မဗန္ဓု ကမ္မပ္ပဋိဿရဏော၊ ယံ ကမ္<mark>မံ</mark> ကရိဿာမိ ကလျာဏံ <mark>ဝါ</mark> <mark>ပါပကံ</mark> <mark>ဝါ</mark>၊ တဿ ကမ္မဿ ဒါယာဒေါ ဘဝိဿာမီတိ <mark>ပဗ္ဗဇိတေန</mark> <mark>အဘိဏှံ</mark> <mark>ပစ္စဝေက္ခိတဗ္ဗံ</mark>။**

(၈) **ကထံဘူတဿ မေ ရတ္တိန္ဒိ<mark>ဝါ</mark> ဝီတိဝတ္တန္တီတိ <mark>ပဗ္ဗဇိတေန</mark> <mark>အဘိဏှံ</mark> <mark>ပစ္စဝေက္ခိတဗ္ဗံ</mark>။**

(၉) **ကစ္စိ နု ခေါ အဟံ သုညာဂါရေ အဘိရမာမီတိ <mark>ပဗ္ဗဇိတေန</mark> <mark>အဘိဏှံ</mark> <mark>ပစ္စဝေက္ခိတဗ္ဗံ</mark>။**

---

(၇) (**အဟံ** = ငါသည်။) **ကမ္မဿကော** = ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိသည်၊ **ကမ္မဒါယာဒေါ** = ကံပေးအပ်သော အမွေကို ခံယူရသည်။ **ကမ္မယောနိ** = ကံဟူသော အကြောင်းရှိသည်။ **ကမ္မဗန္ဓု** = ကံဟူသော ဆွေမျိုးရှိသည်။ **ကမ္မပ္ပဋိဿရဏော** = ကံဟူသော လည်းလျောင်းရာရှိသည်။ **အမှိ** = ဖြစ်ပါတကား။ **ကလျာဏံ <mark>ဝါ</mark>** = ကောင်းသည်မူလည်းဖြစ်သော။ **<mark>ပါပကံ</mark> <mark>ဝါ</mark>** = မကောင်းသည်မူလည်းဖြစ်သော။ **ယံကမ္<mark>မံ</mark>** = အကြင်ကံကို။ **ကရိဿာမိ** = ပြုလိုက်အံ့။ **<mark>တဿကမ္မဿ</mark>** = ထိုကံကောင်း ကံဆိုး အမျိုးမျိုး၏။ **ဒါယာဒေါ** = <mark>အမွေခံ</mark>သည်။ **ဘဝိဿာမိ** = ဖြစ်ရမှာပါတကား။ **ဣတိ** = ကို။ **<mark>ပဗ္ဗဇိတေန</mark>** = သည်။ **<mark>အဘိဏှံ</mark>** = ပြတ်။ **<mark>ပစ္စဝေက္ခိတဗ္ဗ</mark>** = ၏။

(၈) **မေ** = ငါသည်။ **ကထံဘူတဿ** = အဘယ်သို့ ဖြစ်၍ ဖြစ်စဉ်။ **ရတ္တိန္ဒိ<mark>ဝါ</mark>** = ညဉ့်နေ့တို့သည်။ **ဝီတိဝတ္တန္တိ** = လွန်သွားပါကုန်လိမ့်မည်နည်း။ **ဣတိ** = ကို။ **<mark>ပဗ္ဗဇိတေန</mark>** = သည်။ **<mark>အဘိဏှံ</mark>** = ပြတ်။ **<mark>ပစ္စဝေက္ခိတဗ္ဗ</mark>** = ၏။

## PAGE 111

(၁၀) **အတ္ထိ နု ခေါ မေ ဥတ္တရိမနုဿဓမ္မော အလမရိယဉာဏဒဿနဝိသေသော အဓိဂတော၊ ယော ပစ္ဆိမေ <mark>ကာလေ</mark>၊ သဗြဟ္မစာရီဟိ ပုဋ္ဌော <mark>မကုံ</mark> ဘဝိဿာမီတိ <mark>ပဗ္ဗဇိတေန</mark> <mark>အဘိဏှံ</mark> <mark>ပစ္စဝေက္ခိတဗ္ဗံ</mark>။**

**ဣမေ ခေါ ဘိက္ခဝေ ဒသဓမ္မာ <mark>ပဗ္ဗဇိတေန</mark> <mark>အဘိဏှံ</mark> <mark>ပစ္စဝေက္ခိတဗ္ဗ</mark>ာ။**

---

(၉) **<mark>ကဉ္စိ</mark>** = အသို့နည်း။ **အဟံ** = ငါသည်။ **သုညာဂါရေ** = ဆိတ်ငြိမ်သော ကျောင်း၌။ **အဘိရမာမိ နု ခေါ** = လျော်နိုင်ပါ၏လော။ **ဣတိ** = ကို။ **<mark>ပဗ္ဗဇိတေန</mark>** = သည်။ **<mark>အဘိဏှံ</mark>** = နေ့စဉ်မပြတ်။ **<mark>ပစ္စဝေက္ခိတဗ္ဗ</mark>** = ဆင်ခြင်ထိုက်၏။

(၁၀) **ယော သော အဟံ** = အကြင်ငါသည်။ <mark>ဝါ</mark>၊ အကြင်ငါ့ကို။ **ပစ္ဆိမေ <mark>ကာလေ</mark>** = သေချိန်ရောက်ရာ နောက်အခါ၌။ **သဗြဟ္မစာရီဟိ** = သီတင်းသုံးဘော်တို့သည်။ **ပုဋ္ဌော** = မေးအပ်သည်။ (**သမာနေန** = ဖြစ်လတ်သော်။) **<mark>မကုံ</mark>** = မျက်နှาမသာယာသည်။ **န ဘဝိဿာမိ** = မဖြစ်ရလိမ့်အံ့။ **တဿမေ** = ထိုငါ၏။ <mark>ဝါ</mark>၊ ထိုငါသည်။ **အဓိဂတော** = သိအပ်ရအပ်ပြီးသော။ **အလမရိယဉာဏဒဿနဝိသေသော** = ကိလေသာကို ဖျက်ဆီးခြင်း၌ စွမ်းနိုင်သော မြတ်သော ဉာဏ်အမြင် အထူးရှိသော။ **ဥတ္တရိမနုဿဓမ္မော** = မြတ်သော ဈာယီအရိယာ လူတို့၏ဥစ္စာဖြစ်သော ဈာန်မဂ်ဖိုလ်တရားသည်။ **အတ္ထိ ခေါ** = ရှိလေသလော။ **ဣတိ** = ဤ အကြောင်းကို။ **<mark>ပဗ္ဗဇိတေန</mark>** = သာသနာ့ဝန်ထမ်း ရဟန်းသာမဏေသည်။ **<mark>အဘိဏှံ</mark>** = နေ့စဉ်မပြတ်။ **<mark>ပစ္စဝေက္ခိတဗ္ဗ</mark>** = ဆင်ခြင်ထိုက်၏။

**ဘိက္ခဝေ** = ဘိက္ခုတို့။ **ဒသ** = ၁၀-ပါးကုန်သော။ **ဣမေ ဓမ္မာ** = တရားတို့ကို။ **<mark>ပဗ္ဗဇိတေန</mark>** = သာသနာ့ဝန်ထမ်း ရဟန်းသာမဏေသည်။ **<mark>အဘိဏှံ</mark>** = နေ့စဉ်မပြတ်။ **<mark>ပစ္စဝေက္ခိတဗ္ဗ</mark>ာ** = ဆင်ခြင်ထိုက်ကုန်၏။

## PAGE 112

## (၉)။ <mark>ကမ္မဋ္ဌာန်းဘာဝနာ</mark> <mark>သင်ပြခဏ်း</mark>

#### ဘာဝနာအကျိုး

**ဆရာ။** ။ကိုရင် ဗုဒ္ဓရက္ခိတ၊ “ဘာဝနာ” ဆိုတာကို နားလည်ရဲ့လား။

**ကိုရင်။** ။နားမလည်သေးပါ အရှင်ဘုရား။

**ဆရာ။** ။မိမိစိတ်ကို (သေးသေးသိမ်သိမ် မဖြစ်စေဘဲ) တိုးတက်ကြီးပွါးလာအောင် ကြိုးစားမှုကို ဘာဝနာဟု ခေါ်တယ်။ **ဘာဝနာ** = တိုးပွါးစေခြင်း။
တနည်း - မိမိစိတ်အစဉ်ကို ကမ္မဋ္ဌာန်းအာရုံ <mark>တစ်ပါးပါး</mark>ဖြင့် ထုံမွှန်း၍ ထားမှုကို ဘာဝနာလို့ ခေါ်တယ်။ [ဘာဝနာ = ထုံမွှန်းခြင်း။]

**ကိုရင်။** ။“ထုံမွှန်း” ဆိုတာ ဘယ်လိုဟာ<mark>မျိုးလဲ</mark> အရှင်ဘုရား။

**ဆရာ။** ။အဝတ်ကို နံ့သာတို့ဖြင့် ဆွတ်ဖျန်းထားခြင်း၊ အဝတ်အခေါက်ထဲမှာ နံ့သာမှုန့်တို့ကို သွင်းထားခြင်းကို “နံ့သာဖြင့် ထုံမွှန်းခြင်း” လို့ ခေါ်တယ်၊ ထို့အတူ စိတ်ကို ကမ္မဋ္ဌာန်းအာရုံ <mark>တစ်ပါးပါး</mark>ဖြင့် ကောင်းမွန်စွာထားခြင်းကိုလဲ “စိတ်ကို ကမ္မဋ္ဌာန်းဖြင့် ထုံမွှန်းထားခြင်း” လို့ ခေါ်ရတယ်။

## PAGE 113

**ကိုရင်။** ။ဒီလို ထုံမွှန်းထားတော့ ဘာအကျိုးရှိပါသလဲ အရှင်ဘုရား။

**ဆရာ။** ။အဝတ်ကို အမွှေးနံ့သာတို့ဖြင့် ထုံထားတဲ့<mark>အခါ</mark> အဝတ်မှာ มွှေးရနံ့ သင်းပျံ့နေသလို စိတ်ကို ကမ္မဋ္ဌာန်းအာရုံကောင်းဖြင့် ထုံမွှန်းထား<mark>သော</mark> <mark>အခါ</mark> စိတ်အစဉ်မှာ စိတ်ကောင်းစိတ်မြတ်ချည်း ဖြစ်နေတဲ့အကျိုးကို ရနိုင်တယ်၊ မွှေးရနံ့ထုံနေ<mark>သော</mark> အဝတ်မှာ မကောင်းနံ့တွေ မဝင်နိုင်သလို ကမ္မဋ္ဌာန်းဖြင့် ထုံထား<mark>သော</mark> စိတ်အစဉ်မှာလဲ မကောင်း<mark>သော</mark> စိတ်အညစ်အကြေးတွေ မကပ်နိုင်တဲ့အကျိုးကိုလဲ ရနိုင်တယ်။

**ကိုရင်။** ။ဒီလို စိတ်အညစ်အကြေးတွေ မကပ်ရောက်ဘဲ စိတ်ကောင်းစိတ်မြတ် ဖြစ်နေတော့ ဘယ်လို အရသာရှိပါသလဲ အရှင်ဘုရား။

**ဆရာ။** ။စိတ်အညစ်အကြေးတွေ မကပ်ရောက်တော့ စိတ်အစဉ်ဟာ အမြဲကြည်လင်ပြီး အေးမြချမ်းသာတဲ့ အရသာကို ขံစားရတယ်၊ ဒီလို စိတ်အေးမြတာကိုပင် “**စိတ္တသုခ** = စိတ်ချမ်းသာမှု” လို့ ဆိုရတယ်၊ စိတ်ချမ်းသာတော့ ခန္ဓာကိုယ်လဲ ကျန်းမာချမ်းသာတဲ့ ကာယသုခအရသာကို ခံစားရတယ်၊ ဒါ့ကြောင့် “ဘာဝနာ” ဆိုတာ စိတ်ရော ကိုယ်ပါ ချမ်းသာသုခ အရသာကို ပေးနိုင်တဲ့တရားမျိုးလို့ အမြဲမှတ်ထားရမယ်။

## PAGE 114

**ကိုရင်။** ။ကမ္မဋ္ဌာန်းဆိုတာနဲ့ ဘာဝနာဆိုတာ ထူးပါသေးသလား အရှင်ဘုရား။

**ဆရာ။** ။မထူးတဲ့နည်းလဲ ရှိတယ်၊ ထူးတဲ့နည်းလဲ ရှိတယ်၊
“**ကမ္မ** = ရှေးရှေးဘာဝနာအလုပ်သည်ပင်၊ **ဌာန** = နောက်နောက်ဘာဝနာ၏ တည်ရာ” လို့ ဆိုလျှင် ရှေးရှေးဘာဝနာကိုပင် “**ကမ္မဋ္ဌာန** = ကမ္မဋ္ဌာန်း” လို့ ခေါ်တယ်၊ ဒီလိုဆိုတော့ ဘာဝနာနဲ့ ကမ္မဋ္ဌာန်းဟာ ရှေ့နောက်သာ ကွဲတယ်၊ သဘောတော့ မထူးဘူး။
“**ကမ္မ** = ဘာဝနာအလုပ်၏ + **ဌာန** = တည်ရာ” လို့ ဆိုလျှင်တော့ ဘာဝနာစိတ်အစဉ်၏ တည်ရာဖြစ်<mark>သော</mark> ကသိုဏ်းအာရုံတို့ ဘုရားအာရုံတို့လို အာရုံများကို “ကမ္မဋ္ဌာန်း” လို့ ခေါ်ရတယ်၊ ဒီလိုဆိုလျှင် ဘာဝနာက စိတ်အစဉ်၊ ကမ္မဋ္ဌာန်းက စိတ်၏ အာရုံဖြစ်၍ ဘာဝနာနဲ့ ကမ္မဋ္ဌာန်းဟာ ထူးတယ်။

#### ဘာဝနာ <mark>၂-မျိုး</mark>

**ကိုရင်။** ။အဲဒီ ဘာဝနာဟာ ဘယ်နှစ်မျိုးရှိပါသလဲ အရှင်ဘုရား။

**ဆရာ။** ။သမထဘာဝနာ၊ ဝိပဿနာဘာဝနာဟု ဘာဝနာ <mark>၂-မျိုး</mark> ရှိတယ်။

**ကိုရင်။** ။သမထဘာဝနာဆိုတာ ဘယ်လိုဟာမျိုးပါလဲ အရှင်ဘုရား။

## PAGE 115

ဆရာ။ ။**သမထဘာဝနာ**ဆိုတာ ကမ္မဋ္ဌာန်းအာရုံ<mark>တစ်ခုခု</mark>အပေါ်မှာ စိတ်ကိုတည်နေအောင် ကြည်နေအောင် ငြိမ်နေအောင် ထားရတဲ့ ဘာဝနာ<mark>ဖြစ်သည်။</mark> [သမထ = ငြိမ်သက်တည်ကြည်စေတတ်သော (သမာဓိ)။]

<mark>ကိုရင်</mark>။ ။ကမ္မဋ္ဌာန်းအာရုံ<mark>တစ်ခုခု</mark>အပေါ်မှာ စိတ်တည်ကြည် ငြိမ်သက်နေလျှင် ဘာအကျိုးရှိပါသလဲ အရှင်ဘုရား။

ဆရာ။ ။လူတွေရဲ့စိတ်ဟာ မတည်ကြည်လို့ မငြိမ်သက်လို့ ဟိုဟာ လိုချင် ဒီဟာ လိုချင်နှင့် လောဘ <mark>ဖြစ်ရတယ်</mark>၊ လိုချင်တာ မရတော့ စိတ်ဆိုးခြင်း စိတ်မချမ်းသာခြင်း စိတ်မကျေနပ်ခြင်းဆိုတဲ့ ဒေါသ <mark>ဖြစ်ရတယ်</mark>၊ ကိုယ့်ထက်သာနေတဲ့သူကို မနာလိုတဲ့ ဣဿာ<mark>ဖြစ်ရတယ်</mark>၊ <mark>သူတစ်ပါး</mark>တို့ ကိုယ့်လို <mark>ကြီးပွါး</mark>ချမ်းသာမှာစိုးတဲ့ မစ္ဆရိယ ဖြစ်တယ်၊ စိတ်ကြီးဝင်တတ် ဟန်ကြီးပန်ကြီး လုပ်တတ်တဲ့ မာန်မာနလဲ <mark>ဖြစ်ရတယ်</mark>၊ ကမ္မဋ္ဌာန်းအာရုံ <mark>တစ်ခုခု</mark>အပေါ်မှာ စိတ်က တည်ကြည် ငြိမ်သက်နေပလား ဆိုလျှင် အဲဒီလို ယုတ်မာဆိုးဝါးတဲ့ စိတ်မျိုးမဖြစ်တော့ဘဲ အလွန်ချမ်းသာအေးမြ သုခရှိသောစိတ်များသာ ဖြစ်နေတော့တယ်၊ ဒါ့ကြောင့် <mark>ကိုရင်</mark>တို့စိတ်ဟာ တည်ကြည်အောင် စိတ်ချမ်းသာအောင် သမထ ဘာဝနာကမ္မဋ္ဌာန်းကို လေ့လာကြရမယ်။

## PAGE 116

<mark>ကိုရင်</mark>။ ။**ဝိပဿနာဘာဝနာ** <mark>ဆိုတာကတော့</mark> ဘယ်လိုဟာမျိုးပါလဲ အရှင်ဘုရား။

ဆရာ။ ။**ဝိပဿနာဘာဝနာ**<mark>ဆိုတာကတော့</mark> မိမိခန္ဓာကိုယ်နှင့်<mark>တကွ</mark> တစ်လောကလုံးရှိ အရာဝတ္ထုတွေကို အနိစ္စ ဒုက္ခ အနတ္တ (မမြဲပုံ မကောင်းပုံ အနှစ် အတ္တ မဟုတ်ပုံကို) သိအောင် မြင်အောင် ရှုရ ဆင်ခြင်ရတဲ့ ဘာဝနာ ဖြစ်တယ်။ [ဝိ = အထူးထူး အထွေထွေ (အနိစ္စဟု၎င်း၊ ဒုက္ခဟု၎င်း၊ အနတ္တဟု၎င်း)၊ ပဿနာ = ရှုတတ်သော ဉာဏ်။]

<mark>ကိုရင်</mark>။ ။ဒီလို ဝိပဿနာ ရှုနေတာကတော့ ဘာအကျိုးရှိပါသလဲ အရှင်ဘုရား။

ဆရာ။ ။ဒီလို ရှုတတ်တဲ့ဉာဏ် အမြင်သန်လာတော့ လောကကြီး<mark>တစ်ခုလုံး</mark> ဘာအသုံးမှ မကျပါတကားလို့ သိမြင်လာတယ်၊ အဲဒီလို သိမြင်လာတဲ့အခါ မိမိကိုယ်နှင့်<mark>တကွ</mark> လောကကြီးဟာ ငြီးငွေ့စရာ စက်ဆုပ်စရာလို့ ထင်မြင်လာတယ်၊ ဒီလို ထင်မြင်လာတဲ့ <mark>အခါကျမှ</mark> လောကကြီးနှင့် တဘက်တလမ်းဖြစ်ပြီး ခိုင်မြဲသော ချမ်းသာသော အေးမြ နိဗ္ဗာန်ကို သဘောပေါက်လာတယ်၊ ဒီလို ဝိပဿနာဉာဏ်မရှိသမျှ “နိဗ္ဗာန်မြန်မြန်ရပါလို၏” ဟု ဆုသာတောင်းကြတာ၊ အဟုတ်တော့ မလိုချင်ပါဘူး၊ ဒါ့ကြောင့် ဝိပဿနာရှုခြင်းဟာ နိဗ္ဗာန်ကို မြန်မြန် မြင်ရခြင်း အကျိုးရှိတယ်။

## PAGE 117

<mark>ကိုရင်</mark>။ ။**သမထဘာဝနာ** ဆိုတာ ဘယ်လောက် များပါသလဲ အရှင်ဘုရား။

ဆရာ။ ။**သမထဘာဝနာ**ဆိုတာ ပါဠိတော်မှာ <mark>၃၈-မျိုး</mark> ရှိပါတယ်၊ အဋ္ဌကထာမှာတော့ ၄၀-ရှိတယ်။

<mark>ကိုရင်</mark>။ ။အဲဒီ အားလုံးကိုပဲ တပည့်များ အားထုတ်ရမှာပါလား အရှင်ဘုရား။

ဆရာ။ ။အဲဒီ ကမ္မဋ္ဌာန်းအားလုံးတော့ မလိုသေးပါဘူး၊ <mark>ကိုရင်</mark>များနှင့် သင့်တော်ရုံဖြစ်တဲ့ **ကောဋ္ဌာသ** ကမ္မဋ္ဌာန်းကို အားထုတ်သင့်ပါတယ်။

<mark>ကိုရင်</mark>။ ။ဒီ **ကောဋ္ဌာသ** ကမ္မဋ္ဌာန်းကို ဘယ်လို အားထုတ်ရမှာပါလဲ အရှင်ဘုရား။

ဆရာ။ ။(၁) **ကေသာ လောမာ** စသော ပါဠိကို <mark>ပထမ</mark> ကျက်ပါ။ (၂) “ဆံပင် မွေးညှင်း” စသော မြန်မာကို ဒုတိယ ကျက်ပါ။ (၃) ထို့နောက် သရုပ်ဖော်ထားသော အနက် အကျယ်ကို ကျက်ပါ၊ ဤမှနောက် အစီအစဉ်ကို ကမ္မဋ္ဌာန်း အားထုတ်နည်း၌ ညွှန်ပြမည်။

---

**ဓမ္မသင်္ဂဏီပါဠိတော်**၌ အာကာသနှင့် အာလောက ကသိုဏ်း ၂-ပါး မပါ၊ အဋ္ဌကထာတို့၌သာ ပါသည်။

အမှာ။ ။**ကေသာ, လောမာ** = ဆံပင်, မွေးညှင်း အစချီသော ၃၂-စုတွင် <mark>တစ်စုစု</mark>ကို သတိရနေခြင်းကို **ကာယဂတာသတိ ကမ္မဋ္ဌာန်း**ဟု ခေါ်၏၊ **ကာယ** = ဆံပင် စသော အစု၌ + **ဂတာ** = 

## PAGE 118

#### ကျက်မှတ်ရန် ၃၂-ကောဋ္ဌာသပါဠိ

**အတ္ထိ ဣမသ္မိ ကာယေ**

၁။ **ကေသာ လောမာ နခါ ဒန္တာ တစော။**
၂။ **မံသံ နှာရု အဋ္ဌိ အဋ္ဌိမိဉ္စံ <mark>ဝတ္တံ</mark>။**
၃။ **ဟဒယံ ယကနံ ကိလောမကံ ပိဟကံ ပပ္ဖါသံ။**
၄။ **<mark>အန္တံ</mark> အန္တဂုဏံ ဥဒရိယံ ကရီသံ <mark>မတ္ထလုင်္ဂံ</mark>။**
၅။ **ပိတ္တံ <mark>သေမှံ</mark> ပုဗ္ဗော လောဟိတံ သေဒေါ မေဒေါ။**
၆။ **အဿု ဝသာ ခေဠော သိင်္ဃာဏိကာ လသိကာ မုတ္တံ။**

#### ၃၂-ကောဋ္ဌာသ မြန်မာပြန်

ဤ ငါ၏ကိုယ်မှာ....

၁။ ဆံပင် မွေးညှင်း ခြေသည်း လက်သည်း သွား အရေ။
၂။ အသား အကြော အရိုး ရိုးတွင်းခြင်ဆီ <mark>အညှို့</mark>။
၃။ နှလုံး အသည်း အမြှေး အပျဉ် (အဖျဉ်း) အဆုပ်။
၄။ အူမ အူသိမ် အစာသစ် အစာဟောင်း ဦးနှောက်။
၅။ သည်းခြေ သလိပ် ပြည် သွေး ချွေး အဆီခဲ။

---

[ဖြစ်နေသော (အာရုံပြုနေသော) သတိ = အမှတ်ရမှု। အဲဒီ ကမ္မဋ္ဌာန်း ကို “ကောဋ္ဌာသ ကမ္မဋ္ဌာန်း” လို့လည်း ခေါ်၏। ကောဋ္ဌာသ = အစု। ဆံပင်<mark>တစ်စု</mark> မွေးညှင်း <mark>တစ်စု</mark> စသည်ဖြင့် ၃၂-ပါးရှိသောကြောင့် “<mark>ဒွတ္တိံသာကာရ</mark> ကမ္မဋ္ဌာန်း” လို့လည်း ခေါ်၏၊ <mark>ဒွတ္တိံသ</mark> = ၃၂၊ အာကာရ = အပြား။] ဤကမ္မဋ္ဌာန်းကို ကိုရင်များနှင့် လျော်သောကြောင့် ရှေးဆရာတော်ကြီးများ သင်ပြပေးတော်မူလေ့ရှိကြသည်။

## PAGE 119

၆။ မျက်ရည် ဆီကြည် တံထွေး နှပ် အစေး ကျင်ငယ် တို့သာ ရှိကုန်သည်တကား။

#### သရုပ်ဖော် အနက်ကျယ်

**<mark>ဣမသ္မိံ</mark> ကာယေ** = တွင်းပ ဝန်းကျင် မစင်မကြယ် ရွှံ့ဘွယ် ပြည့်လျှမ်း အရေလွှမ်းဖုံး ဤ ငါ၏တကိုယ်လုံး၌။

**ကေသာ** = ၁ - ဦးခေါင်းထက်နေ တွက်ရေများစွာ ဆံပင်အစု တို့သည်။ အတ္ထိ = ပုဂ္ဂိုလ်သတ္တဝါ ငါ<mark>သူတစ်ပါး</mark> လားလား မဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါကုန်သည် တကား။

**လောမာ** = ကိုယ်လုံးထက်အောက် အနှံ့ပေါက်သည့် <mark>မြားမြောက်စွာသော</mark> မွေးညှင်းအစုတို့သည်။ အတ္ထိ = ပုဂ္ဂိုလ်သတ္တဝါ ငါ<mark>သူတစ်ပါး</mark> လားလားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှား ရှိပါကုန်သည်တကား။

**နခါ** = လက် ခြေ ၂-ပါး အဖျား၌တွယ် နှစ်ဆယ်သော လက်သည်း ခြေသည်းတို့သည်။ အတ္ထိ = ပုဂ္ဂိုလ် သတ္တဝါ ငါ<mark>သူတစ်ပါး</mark> လားလားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါကုန်သည် တကား။

**ဒန္တာ** = သွား fုံး၌တွယ် သုံးဆယ့်နှစ်ချောင်း သွားအပေါင်း တို့သည်။ အတ္ထိ = ပုဂ္ဂိုလ် သတ္တဝါ ငါ <mark>သူတစ်ပါး</mark> လားလားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှား ရှိပါ ကုန်သည်တကား။ [သွားအပြည့်အစုံ ပေါက်သူ မှာ ၃၂-ချောင်း ရှိ၏။]

## PAGE 120

**တစော** = ၁ - ကိုယ်လုံးရစ်ပတ် အောက်ထပ်အထူ အပေါ်မူအပါး နှစ်မျိုးခြားလျက် အသားပေါ် နေ အရေ<mark>အစုသည်။</mark> အတ္ထိ = ပုဂ္ဂိုလ်သတ္တဝါ ငါ <mark>သူတစ်ပါး</mark> လားလားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည် တကား။

**မံသံ** = အဆင်းနီရင့် ကသစ်ပွင့်ပမာ <mark>ကိုးရာသော</mark> <mark>အသားတစ်</mark> <mark>အစုသည်။</mark> အတ္ထိ = ပုဂ္ဂိုလ်သတ္တဝါ ငါ <mark>သူတစ်ပါး</mark> လားလားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါ သည် တကား။

**နှာရု** = လည်မှဆင်းသက် ဝဲယာယှက်၍ ကိုယ်လက်<mark>နှံ့ဖြာ</mark> <mark>ကိုးရာသော</mark> အကြော<mark>အစုသည်။</mark> အတ္ထိ = ပုဂ္ဂိုလ်သတ္တဝါ ငါ <mark>သူတစ်ပါး</mark> လားလားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည် တကား။

---

**အရေ**။ ။ အပေါ်ရေ အတွင်းရေဟု ၂-မျိုးရှိ၏၊ အပေါ်ရေသည် ပါး၏၊ အတွင်းရေသည် ထူ၏၊ ကြောင့် အရေထူ အရေပါးဟုလည်း ခွဲခြားကြသည်။ အရေထူ အရေပါး ၂-မျိုးလုံးကိုပင် **တစော** အရ၌ ယူရသည်။

**အသား**။ ။ အရိုးတို့ကို လิမ်းကျံကပ်ငြိ၍ အရေ၏အတွင်း၌ တည်သော အသားများတည်း၊ အဆင်းအားဖြင့် ကသစ်ပွင့်ကဲ့သို့ အနီရင့်အဆင်းရှိ၏။ <mark>အသားတစ်</mark>ပေါင်း ၉-ရာ ရှိသတတ်၊ လူရုပ်လုပ်သည့်အခါ အတွင်းက ဝါးခြမ်း တွေ့ခံ၍ အပေါ်ယံမှာ နွားချေးများ မွမ်းမံထားသကဲ့သို့ အတွင်းခံ အရိုးတွေ အပေါ်၌ အသားတွေ လิမ်းကျံကပ်ငြိ နေသည်။

## PAGE 121

**အဋ္ဌိ** - ခြေဖျားမှတက် ဦးခေါင်းထက်သို့ ဆက်ကာ ဆက်ကာ သုံးရာသော အရိုးအစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ် သတ္တဝါ ငါ<mark>သူတစ်ပါး</mark> လားလားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည် တကား။

**အဋ္ဌိမိဉ္စ** - အရိုးတွင်းခေါင်း အဆန်ပေါင်းသို့ ပြော့ပျောင်း ဖြူနု ခြင်ဆီအစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ<mark>သူတစ်ပါး</mark> လားလားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည် တကား။

---

အကြော။ ။ အကြောมကြီးနှင့် အကြောသေးဟု ၂-မျိုးရှိ၏၊ လည်ပင်းမှစ၍ အကြောမကြီးတို့သည် တစ်ကိုယ်လုံးကို မြှေးယှက်လျက် ရှေ့ဘက်မှ ငါးသွယ် နောက်ဘက်မှ ငါးသွယ် လက်ယာဘက်မှ ငါးသွယ် လက်ဝဲဘက်မှ ငါးသွယ်ဖြာလျက် အောက်သို့ သက်ဆင်းကြကုန်၏။ လက်တံ၌လည်း ရှေ့ဘက်ငါးသွယ် နောက်ဘက်ငါးသွယ်စီ (ဝဲ-ယာ လက် ၂ ဘက်လုံးမှာ) မြှေးယှက်၍ တည်ကုန်၏၊ ခြေတံ ၂-ဘက်၌လည်း ဤနည်းအတိုင်း တစ်ဘက်လျှင် ရှေ့ငါးသွယ် နောက်ငါးသွယ်စီအားဖြင့် ၂၀-သော အကြောတို့ မြှေးယှက်၍ တည်ကုန်၏၊ ဤကား အကြောမကြီး ၆၀ တည်း၊ အရိုးအသားတို့ကို ဖွဲ့တုပ် မြှေးယှက်၍နေသော အကြောကလေးများလည်း ကြိုးကလေးများကဲ့သို့ တစ်ကိုယ်လုံး၌ <mark>အနှံ့အပြား</mark> တည်ရှိကြလေသည်၊ အကြောသေး အကြောမ အားလုံးပေါင်းလျှင် ၉-ရာ ရှိသတတ်။

## PAGE 122

**ဝက္ကံ** – ၂-လုံး သရက်ညှာ တစ်ခက်၌ ဖြာလျက် တည်ဟန် လည်တံ သက်လျှော အကြောကြီးမှ ၂-ဖြာ၍ ဟဒယပတ်လည် ဇဉ်ငယ်နီသော အညို ၂ ခုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ<mark>သူတစ်ပါး</mark> လားလားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည် တကား။

**ဟဒယံ** – အောက်သို့ မှောက်ခုံ ကြာပဒုံ၏ အငုံသဘွယ် ရင်လည်မှာတည် အဆင်းနီသော နှလုံးသားသည်။

---

အရိုး။ ။ လက်ရိုး ၆၄-ချောင်း, ခြေရိုး ၆၄-ချောင်း စသည်ဖြင့် ဦးခေါင်းအခွံရိုး ၉-ခုတိုင်အောင် အရိုးပေါင်း ၃-ရာခန့် ရှိသတတ်။

ခြင်ဆီ။ ။ ထို အရိုး ၃-ရာခန့်၏ အတွင်း၌ “ခြင်ဆီအဆန်” ခေါ်သော ကောဋ္ဌာသ တစ်မျိုး ရှိ၏၊ ကြက် စသော သတ္တဝါများ၏ အရိုးကို ထုခွဲလိုက်သည့်အခါ အတွင်းမှာရှိသော အရာဝတ္ถုမျိုးပင် ဖြစ်၏။

အညို။ ။ ဤ အချို့သည် လည်ပင်းမှ သက်ဆင်းသော အကြောမမှ ၂-ဖြာခွ၍ တည်သော အသား ၂-ခု တွဲတည်း၊ ပုံသဏ္ဌာန်အားဖြင့် အညှာတစ်ခု၌ တွဲနေသော သရက်သီး ၂-လုံးပြုတ်သဏ္ဌာန်ရှိ၏၊ အဆင်းအားဖြင့် အနည်းငယ်နီ၏၊ နေရာအားဖြင့် (နောက်၌ပြမည့်) နှလုံးသားကို ရံ၍ တည်၏။

နှလုံး။ ။ ဤ “နှလုံး” သည် အသားတစ်မျိုးပင်တည်း၊ အဆင်းအားဖြင့် နီ၏၊ ပုံသဏ္ဌာန်အားဖြင့် အပြင်ဘက်အဖတ်တို့ကိုဖယ်၍ အောက်သို့ စောက်ထိုးထားအပ်သော

## PAGE 123

အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ<mark>သူတစ်ပါး</mark> လားလားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည်တကား။

**ယကနံ** − ကုမုဒြာကြာနီပွင့်ဖတ် ကြောရပ်သဘွယ် ဗဉ့်ငယ် နီလျက် ကသစ်ရွက်သို့ အစဘက် တစ်ဖုံ ဖျားအစုံဖြင့် ရှင်ခုံလယ်ဗွေ ယာမှာနေသော အသဲလွှာသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ<mark>သူတစ်ပါး</mark> လားလားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည်တကား။

**ကိလောမကံ** – အဝတ်လွှာဖြူ ပမာတူသို့ နှလုံးအညို့ကို ဖုံးဆို့၍ တည် တလီအသား အရေကြား၌ အသားယှက်ထွေး ၂-မျိုးသော အမြှေးသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ<mark>သူတစ်ပါး</mark> လားလားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည်တကား။

---

ပဒုမ္မာကြာငုံသဏ္ဌာန် ရှိ၏၊ အပြင်ဘက်၌ ချော၍ အတွင်းဘက်၌ ခဝဲသီး (တနည်း-သပွတ်သီး) အတွင်းသားနှင့် တူ၏၊ ဉာဏ်ပညာရှိသူများ၏ နှလုံးသားသည် အနည်းငယ် ပွင့်၍ <mark>ဉာဏ်ပညာနုံ့သူတို့၏</mark> နှလုံးသားကား အငုံအတိုင်းပင်ဖြစ်၏၊ ထိုအငုံအတွင်းဝယ် တွင်းငယ်တစ်ခု ရှိ၏၊ ထို တွင်းငယ်၌ တစ်လက်ခုပ်၏ တစ်ဝက်လောက် သွေးများ တည်ရှိလေသည်၊ ထို နှလုံးသားသည် သားမြတ် ၂-ခု၏ အလယ်၌ တည်ရှိသတတ်။

အသဲ။ ။ ဤ အသည်း (အသဲ) ဟူသည် အသားလွှာ တစ်မျိုးတည်း၊ ကုမုဒြာကြာနီပွင့်ဖတ်၏ ကျောပြင်ကဲ့သို့ အဆင်းနီဖျော့ဖျော့ရှိ၏၊ ပုံသဏ္ဌာန်အားဖြင့် ကသစ်ရွက်ကဲ့သို့

## PAGE 124

**ပိဟကံ**- ကြောင်ပန်းပွင့်လို အဆင်း<mark>ညို</mark>၍ နွား<mark>ညို</mark>လျာဟန် ပုံသဏ္ဌာန်ဖြစ် ခုနစ်သစ်ရှည်လျား နှလုံးသားနှင့် ဝဲဘက်သင့်လျက် စာအိမ်ထက်ဝယ် သရက်ရွက်တွင် ဘေအပျဉ် (အဖျဉ်း) မည်ငြား ဝမ်းလျှာอသားသည်။ **အတ္ထိ**၊ ပုဂ္ဂိုလ်သတ္တဝါ <mark>ငါသူတစ်ပါး</mark> လားလားမဟုတ် စက်ဆုပ်<mark>ဖွယ်</mark>သာ ထင်ရှားရှိပါသည်တကား။

---

အရင်း၌ <mark>တစ်ခုတည်း</mark>ဖြစ်၍ အဖျားကျမှ ၂-မြွှာကွဲသွား၏၊ ထိုအသည်းသည် ဉာဏ်ထိုင်းသူတို့၌ <mark>တစ်ခုတည်း</mark> ကြီးကြီးမားမား ရှိ၍ ဉာဏ်ထက်သူတို့၌ ၂-ခု ၃-ခု ရှိသတတ်၊ တည်ရာအားဖြင့် သားမြတ် ၂-ခုအလယ်မှာ လက်ယာဘေးကို မှီ၍ တည်ရှိလေသည်။

**အမြှေး**။ ။ ဖုံးလွှမ်းသော အမြှေး, မဖုံးလွှမ်းသော အမြှေးအားဖြင့် ၂-မျိုးရှိ၏၊ အဆင်းအားဖြင့် အဝတ်ဖြူလွှာကဲ့သို့ ဖြူ၏၊ ဖုံးလွှမ်းသော အမြှေးကား <mark>တစ်ကိုယ်လုံး</mark>ရှိ အသားတွေကို မြေးယှက်တည်၏၊ ထိုအမြှေး၏ အပေါ်၌ အရေတည်ရသည်၊ အမဲသား စသည်၌ ထိုအမြှေးကလေးများကပ်၍ ပါနေသည်ကို မြင်နိုင်ကြသည်။

**အပျဉ်**။ ။ ဤအပျဉ်ကို ကျမ်းစာ၌ “ဥဒရ ဇိဝှါမံသံ-ဝမ်းလျှာအသား” ဟု ဆို၏၊ အဆင်းအားဖြင့် ကြောင်ပန်းပွင့်ကဲ့သို့ <mark>ညို</mark>၏၊ ပုံသဏ္ဌာန်အားဖြင့် နွား<mark>ညို</mark>ကလေး၏ လျှာသဏ္ဌာန်ရှိ၏၊ လက် ၇-သစ်ရှည်၏၊ ဤအပျဉ် (အဖျဉ်း) ကို “သရက်ရွက်” <mark>ဟုလည်းကောင်း</mark> “ဝမ်းလျှာ” <mark>ဟုလည်းကောင်း</mark> “ဘေ” <mark>ဟုလည်းကောင်း</mark> ခေါ်သည်၊ နေရာအားဖြင့် နှလုံးသား၏ လက်ဝဲဘက်မှာ ရှိ၍ အစာသစ်အိမ်ဟု ခေါ်ရသော အိမ်၏ အထက်ထိပ် ဘေးစောင်းကို မှီလျက် တည်၏၊ သူ့မှာ <mark>တစ်စုံတစ်ခု</mark> အတွယ်မရှိရကား ခြေဖြင့်ကန်ခြင်း စသည်ကြောင့် သူ့နေရာ၏အပြင်ဘက် ထွက်သွားလျှင် <mark>ချက်ချင်း</mark> သေနိုင်၏။ [“အဖျဉ်း” ဟုလည်း ခေါ်၏။]

## PAGE 125

**ပါသံ**- သဖန်းရွှင်းပြင်း အဆင်းနီနီ မညီဖြတ်ခဲ့ မှုံပြတ်နဲသို့ အသဲနှလုံး တွဲရရွဲဖုံးတွယ် သုံးဆယ်နှင့် နှစ် အသားတစ်ဟူသော အဆုပ်သည်။ **အတ္ထိ**၊ ပုဂ္ဂိုလ်သတ္တဝါ <mark>ငါသူတစ်ပါး</mark> လားလားမဟုတ် စက်ဆုပ်<mark>ဖွယ်</mark>သာ ထင်ရှားရှိပါသည်တကား။

**အန္တ**- ယောက်ျားတို့ဝယ် သုံးဆယ်နှင့် နှစ် မိန်းမဖြစ်မူ နှစ်ဆယ့်ရှစ်တောင် ဖြူရောင်အဆင်း <mark>သွေးစကျင်း</mark>နေ ခေါင်းပြတ်မြွေလို လည်မျိုမှ သက် ဝစ္စမဂ်ဝယ် နှစ်ဆယ်တစ်တွန့် လိမ်တွန့်ရစ်နေ အူမခွေအစုသည်။ **အတ္ထိ**၊ ပုဂ္ဂိုလ်သတ္တဝါ <mark>ငါသူတစ်ပါး</mark> လားလားမဟုတ် စက်ဆုပ်<mark>ဖွယ်</mark>သာ ထင်ရှားရှိပါသည်တကား။

---

**အဆုပ်**။ ။ အသားတုံးကလေး ၃၂-တုံး ပေါင်းစပ်ထားသော အသားစုကို “အဆုပ်” ဟု ခေါ်သည်၊ အဆင်းအားဖြင့် မမှည့်လွန်းသော သဖန်းသီး အသွေးကဲ့သို့ နီ၏၊ ပုံသဏ္ဌာန်အားဖြင့် မညီမညွတ် ဖြတ်ထားသော ပြစ်ခဲသော မုန့်နှင့် တူ၏၊ ယခုကာလ “ဝက်သဲ ဝက်ဆုပ်” စသော အသားများ၌ ပါသော အဆုပ်ပင်တည်း၊ နေရာအားဖြင့် သားမြတ် ၂-ခုတို့၏ အလယ်ဝယ် နှလုံးနှင့် အသည်းကို အပေါ်က လွှမ်းဖုံးကာ တွဲလျားကျလျက် တည်လေသည်။

**အူမ**။ ။ <mark>အူကြီးစား</mark>ကိုပင် “အူမ” ဟု ခေါ်၏၊ ယောက်ျားတို့၏အူမသည် ၃၂-တောင် ရှိ၏၊ မိန်းမတို့၏ အူမကား ၂၀-တောင် ရှိ၏၊ လည်မျိုနှင့် ကျင်ကြီးလမ်းပေါက် အတွင်းဝယ် နှစ်ဆယ့်တစ်ဌာနတို့၌ အတွန့်အတွန့် အခွေအခွေဖြစ်၍ တည်နေ၏၊ ပုံသဏ္ဌာန်အားဖြင့် <mark>သွေးစကျင်း</mark>တစ်ခု၌ ဦးခေါင်းပြတ်သော မြွေကို ခွေထားပုံနှင့် တူ၏၊ အဆင်းအားဖြင့် အက်တေ (ကန်ကရစ်) လုပ်ထားသော ကျောက်ပြုတ်ကလေးများ၏ အဆင်းကဲ့သို့ <mark>ဖြစ်၏</mark>။

## PAGE 126

**အန္တဂုဏံ**- ကြာသိမ်မြစ်ဟန် ဆင်းသဏ္ဌာန်နေ အူမခွေကို နေရာတကျ မလျောကျအောင် ဖွဲ့နှောင်ချည်တုပ် ခြေသုတ်ကြိုးဝယ် ကြိုးငယ်အလား … အူကြားမှာ တည် အသိမ်မည်သော အူအနုသည်။ **အတ္ထိ**၊ ပုဂ္ဂိုလ်သတ္တဝါ <mark>ငါသူတစ်ပါး</mark> လားလားမဟုတ် စက်ဆုပ်<mark>ဖွယ်</mark>သာ ထင်ရှားရှိပါသည်တကား။

---

**အူသိမ်**။ ။ အူအသေးစားကိုပင် “အူသိမ်” ဟု ခေါ်၏၊ ပြခဲ့သော အူမခွေတို့ကို လျောကျ၍ မသွားအောင် ဖွဲ့တုပ်ထားသော အူကလေးများတည်း၊ အဆင်းအားဖြင့် ကြာသိမ်မြစ်ကဲ့သို့ ဖြူ၏၊ တည်ရာအားဖြင့် (ခြေသုတ်ကြိုး၏ အကြား၌ ကြိုးခွေ<mark>တစ်ခုနှင့်တစ်ခုကို</mark> ဖွဲ့ချည်ထားသော ကြိုးသေးကလေးများကဲ့သို့) အူမခွေတို့၏ အကြား၌ တည်၏။

## PAGE 127

**ဥဒရိယံ** = စားသည့်အစာ ဆင်းစုံသာတည်း လျော့စွာဖွဲ့တုပ် ဆန်ထုပ်မယွင်း สံအိမ်တွင်း၌ စားလိုက်သမျှ လုံးဝ စုလျက် ခွေးစားခွက်ဝယ် ထွေးဟက်စွန့်လတ် ခွေး အန်ဖတ်အတု အစာသစ် အစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ် သတ္တဝါ ငါ <mark>သူတစ်ပါး</mark> လားလားမဟုတ် စက်ဆုပ် ဘွယ်သာ ထင်ရှားရှိပါသည်တကား။

---

အစာသစ်။ ။ရေလဲ အဝတ် Mộtထည်ကို လူ ၂-ယောက် တဘက်စီကိုင်၍ ညှစ်သောအခါ အလယ်၌ ဖောင်းနေသော အဝတ်စီပေါင်းကဲ့သို့ ဖောင်းနေသောအူမကို “ဥဒရ=ဝမ်းအိမ်၊ ဝါ-အစာအိမ်”ဟု ခေါ်၏၊ ထိုအစာအိမ်၏ အတွင်း bẻသည် ပုပ်ပွနေသော ပိန်းနဲသီးခွံ၏ အတွင်းသား နှင့် တူ၏၊ အပြင်ဘက်ကား ညက်ညော ချောမော၏၊ (ယခု ကာလ နွားဆိတ်တို့၏ ဝမ်းတွင်းသားမျိုးပင်တည်း၊) ထို အစာအိမ်၌ ၃၂-မျိုးသော ပိုးကောင်ကလေးများလည်း ရှိကြသတတ်။

စားသမျှ အစာသည် ထိုအစာသစ်အိမ်၌ ကျရောက်ရ၏၊ စားအပ်သော အစာအတိုင်း အဆင်းအမျိုးစုံ ရှိ၏၊ ပုဝါ ရေစစ်အတွင်း၌ ဆန်ကို ခပ်လျော့လျော့ ထုပ်ထားသော ဆန် များတည်နေပုံကဲ့သို့ ထိုအစာသစ်များသည် အစာအိမ်အတွင်း ၌ တည်နေကြ၏၊ သွားဖြင့် ကြိတ်ခြေ၍ မျိုအပ်သောကြောင့် ထိုအစာသစ်များ ကြေမှုနေရကား ခွေးအန်ဖတ်နှင့် တူပုံကို လည်း သိနိုင်၏၊ ထိုအစာသစ်များကို ငါးပုံပုံ၍ တပုံသည် ပြခဲ့

## PAGE 128

**ကရီသံ** = စာသစ် အိမ်ထက် ဓာတ်မီး ချက်၍ ညက်ညက် ကြေမှု သက်လျှောကျသော် အူမ အဆုံး ဝါးလုံး အဆစ် လက်ရှစ်သစ်မျှ ပမာဏချိန် စာဟောင်း အိမ်ဝယ် စုတွယ်နေလျှက် မြေညက်အတု ဟောင်းအစုသည်။ အတ္တိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ<mark>သူတစ်ပါး</mark> လားလားမဟုတ် <mark>စက်ဆုပ်ဘွယ်</mark>သာ ထင်ရှားရှိပါ သည် တကား။

---

သောပိုးတို့၏ အစာဖြစ်၏၊ တပုံကား ဝမ်းမီးလောင်ရာတွင် ကုန်သွား၏၊ ကျန် ၃-ပုံတွင် တပုံသည် ကျင်ကြီး တပုံကား ကျင်ငယ် ဖြစ်၏၊ နောက်ဆုံး တပုံသာ အဆီအနှစ်အဖြစ်ဖြင့် ကျန်၍ သွေးသားများကို တိုးပွါးစေသตည်း။

အစာဟောင်း။ ။ကျင်ကြီး(မစင်) ကိုပင် “အစာဟောင်း” ဟု ဆိုသည်၊ ချက်၏အောက်နှင့် ကျောက် ကုန်းဆူးရိုးတို့၏ အတွင်းဝယ် အူမကြီးအဆုံး၌ အစောက်လက် <mark>၈-သစ်</mark>ခန့် ရှည်လျားသော ဝါးကျည်တောက် và သဏ္ဌာန် တူသော အစာဟောင်းအိမ် ရှိ၏၊ အစာသစ်အိမ်၌ ကျရောက် သမျှ အစားအစာတွေသည် ဝမ်းမီးကြောင့် ညက်ညက် ကြေမွအောင် ကျက်၍ အူမကြီး၏ အခေါင်းမှ လျှောသက် ပြီးလျှင် အစာဟောင်းအိမ်ဝယ် (ဝါးဆစ် အတွင်း၌ ထည့်ထား အပ်သော မြေဝါညက်နှင့်တူစွာ) စုပေါင်းမိကြလေသည်၊ ထိုသို့ ကြေကျက်စုပေါင်းသော အစာဟောင်းကိုပင် “ကရီသ= ကျင်ကြီး” ဟု ခေါ်၏၊ အရပ်ဒေသအားဖြင့် အစာသစ်သည် အထက်ပိုင်းမှာ တည်ရှိ၍ အစာဟောင်းက အောက်ပိုင်းမှာ တည်ရှိလေသည်။

## PAGE 129

**မတ္ထလုင်္ဂ** = ဦးခေါင်းခွံတွင်း မှိုဖြူဆင်းသို့ ရှိရင်းဦးဆက် လေးခဏ်းထက်ဝယ် မုံ ညက်ဆိုင်အတု ဦးနှောက် အစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ <mark>သူတစ်ပါး</mark> လား လား မဟုတ် <mark>စက်ဆုပ်ဘွယ်</mark>သာ ထင်ရှားရှိပါသည် တကား။

**ပိတ္တံ** = မယ်ဇယ်ဆီနဲ ပြစ်ချွဲချွဲနှင့် အသဲကိုမှี အိမ်၌တည်သော ဗုဒ္ဓသည်းခြေ, ရေတွင်ဆီများ ပြန့်နှံ့ သွားသို့ ကိုယ် သားကိုယ်ရေ အနှံ့ နေလျက် ဝါရွှေညှိုးနွမ်း ပျဉ်းပွင့် ပန်းအတု အဗဒ္ဓသည်းခြေ အစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ် သတ္တဝါ ငါ<mark>သူတစ်ပါး</mark> လားလားမဟုတ် စက်ဆုပ် ဘွယ်သာ ထင်ရှားရှိပါသည်တကား။

---

ဦးနှောက်။ ။အရိုးအတွင်း၌ “အဋ္ဌိမိဉ္စ=ရိုးတွင်းခြင်ဆီ” ရှိသကဲ့သို့ ဦးခေါင်းခွံရိုး အတွင်းမှာလည်း ခြင်ဆီအများစုလျက် ရှိ၏၊ ထိုခြင်ဆီအစုကိုပင် “ဦးနှောက်” ဟု ခေါ်သည်၊ အဆင်းမှာ မှိုဖြူအဆင်းကဲ့သို့ ဖြူ၏၊ ဦးခေါင်းခွံ အတွင်း၌ ဦးခေါင်းခွံအဆက် ၄-ခုကို မှီ၍ ပေါင်းစုတည်နေ ရကား မုံ့ညက်အခဲ ၄-ခုနှင့် သဏ္ဌာန်တူ၏။

သည်းခြေ။ ။ဗုဒ္ဓ သည်းခြေ, အဗဒ္ဓ သည်းခြေဟု ၂-မျိုး ရှိ၏၊ အိမ်ဖြင့်ဖွဲ့ထားအပ်သော သည်းခြေကို “ဗဒ္ဓသည်းခြေ”ခေါ်၏၊ နှလုံးသားနှင့်အဆုပ်တို့၏ အကြား၌ အသည်းကို မှီ၍ တည်သော “သည်းခြေအိမ်” ရှိ၏၊ ခဝဲသီး

## PAGE 130

**သေနှံ** = ဝက်ခြေးဘန် ရွက်ရည်ချွဲသို့ ပြစ်ချွဲဖြူလျက် စာအိမ် ထက်ဝယ် တစလယ်ခန့် ကျယ်ပြန့်ပြစ်ထု သလိပ်အစု သည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ <mark>ငါတစ်ပါး</mark> လားလား မဟုတ် <mark>စက်ဆုပ်ဖွယ်သာ</mark> ထင်ရှားရှိပါသည်တကား။

---

အကြီးစားအိမ်နှင့် တူ၏၊ ထိုအိမ်အတွင်း၌ ဗုဒ္ဓသည်းခြေ တည်နေသည်၊ အဆင်းအားဖြင့် ပြစ်ချွဲသော မယ်ဇယ်ဆီ အဆင်းနှင့် တူ၏၊ ဤဗုဒ္ဓသည်းခြေ ပျက်လျှင် သတ္တဝါတို့သည် မပြုသင့်တာကိုပြု၊ မပြောသင့်တာကိုပြော၊ မကြံသင့်တာကို ကြံလျက် သည်းခြေရူး ဖြစ်ကြရတော့၏။

အိမ်ဖြင့်မဖွဲ့အပ်သော (အိမ်မရှိသော) သည်းခြေကို **အဗဒ္ဓသည်းခြေ** ဟု ခေါ်၏၊ အဆင်းအားဖြင့် ညှိုးနေသော ပျဉ်းပန်းပွင့် အဆင်းနှင့် တူ၏၊ <mark>တစ်ကိုယ်လုံး</mark>စိုသော အသားရှိရာတိုင်းမှာ (ဆီပေါက်သည် ရေပေါ်မှာ <mark>ပြန့်နှံ့</mark> သကဲ့သို့) <mark>ပြန့်နှံ့</mark>၍ တည်၏။ ဤအဗဒ္ဓသည်းခြေပျက်လျှင်မျက်လုံးမှာ ဝါရွှေသော အဆင်းရှိ၍ ချာချာလည်သကဲ့သို့ ဖြစ်၏၊ ကိုယ်တုန်လှုပ်၏၊ ယား၏။

**သလိပ်**။ ။ တစလယ်သားလောက်ရှိ၏၊ ဝက်ခြေးဘန်အရွက်ရည်ကဲ့သို့ ပြစ်ချွဲ၍ဖြူ၏၊ အစာသစ်အိမ်အထက်မှာ တည်၏၊ မှော်ရှိသော ရေပြင်၌ ဒုတ် စသည်ကို ချသောအခါ မှော်တွေ ၂-ဖြာကွဲသွားပြီးနောက် ပြန်၍ ဖုံးမြဲဖုံးနေသကဲ့သို့ အစာအိမ်၌ အစားအသောက် ကျသောအခါ သလိပ်တွေ ၂-ဖြာကွဲသွား၍ အစာအိမ်ထဲရောက်လျှင်ဖုံးမြဲဖုံးနေ၏၊ မှော်နေပုံနှင့် သလိပ်နေပုံ တူ၏။ သလိပ်နည်းသောအခါ ကြက်ဥ

## PAGE 131

**ပုဗ္ဗော** = အနာဖြစ်သော် သွေးပုပ်ပေါ်၍ ရွက်ရော်ဆင်းရောင် ပုပ်ဟောင်နံညှီ ပြည်အစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ <mark>ငါတစ်ပါး</mark> လားလားမဟုတ် <mark>စက်ဆုပ်ဖွယ်သာ</mark> ထင်ရှားရှိပါသည်တကား။

**လောဟိတံ** = ချိပ်ရည်ပြစ်ဆင်း တစလယ်ခင်းမျှ ရင်တွင်း အဆုတ်ညှို့နှလုံးတို့ထက် <mark>တစ်စက်စက်</mark>ကျ အသဲမှလျှင် အောက်တွင်ပြည့်စေ စုတည်နေသော သန္နိစိတသွေး ကျဲသောချိပ်ရည် ပမည်ပိုက်ကျုံး … ကိုယ်လုံးအနှံ့ ရောက် အကြောလျှောက်သော သံသရဏ သွေး သည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ <mark>ငါတစ်ပါး</mark> လားလား မဟုတ် <mark>စက်ဆုပ်ဖွယ်သာ</mark> ထင်ရှားရှိပါသည်တကား။

**သေဒေါ** = မီးပူ နေပူ ဥတုပူမှ စ၍အလီလီ ပူမညီ၍ နှမ်းဆီ အဆင်း ဆံမွေးတွင်းမှ ယိုဆင်း သက်လျှော ချွေး

---

ပုပ်ကဲ့သို့ အစာအိမ် bên trongမှ အပုပ်နံ့သည် အပြင်သို့ ထွက်လာ၏၊ ထို သလိပ်တွေ များနေပြန်လျှင်လည်း အစာအိမ်အတွင်း၌ အပုပ်နံ့သည် (ကျင်ကြီးခွက်ကို ပိတ်ထားသကဲ့သို့) ဖြစ်၏။

**ပြည်**။ ။ ပုပ်သောသွေးကိုပင် “ပြည်” ဟု ခေါ်ရ၏၊ အဆင်းမှာ ဖက်ရွက်ရော် (ဖြူဝါ) အဆင်း ရှိ၏၊ သူသေကောင်၌ ရှိသော ပြည်ကား ပြစ်ခဲပုပ်နေသော ထမင်းရည်နှင့်တူ၏။

**သွေး**။ ။ စုနေသောသွေး, သွားနေသောသွေးဟု ၂-မျိုး ရှိ၏။ စုနေသောသွေးသည် ကျက်၍ ပြစ်နေသောချိပ်ရည်

## PAGE 132

မည်သော ကောဋ္ဌာသသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ <mark>ငါတစ်ပါး</mark> လားလားမဟုတ် <mark>စက်ဆုပ်ဖွယ်သာ</mark> ထင်ရှားရှိပါသည်တကား။

**မေဒေါ** = ထက်ခြမ်းခဲ့သည့် နနွင်းခဲအတူ ဝဖြိုးသူအား အရေ အသား၏ အကြားတိုင်းသာ ပိန်သူမှာမူ များရာ အသားအရေကြားတည် အဆီခဲမည်သော ကောဋ္ဌာသသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ <mark>ငါတစ်ပါး</mark> လားလားမဟုတ် <mark>စက်ဆုပ်ဖွယ်သာ</mark> ထင်ရှားရှိပါသည်တကား။

---

အဆင်း ရှိ၏၊ သွားနေသောသွေးကား ကြည်သော (ကျဲသော) ချိပ်ရည်အဆင်း ရှိ၏၊ ဤသွားနေသောသွေးသည် သွေးကြောများကို အစဉ်လျှောက်၍ <mark>တစ်ကိုယ်လုံး</mark>၌ <mark>ပြန့်နှံ့</mark>တည်နေ၏။ စုနေသောသွေးကား အသဲ၏အောက်ပိုင်းကို <mark>ပြန့်နှံ့</mark>လျက် နှလုံးအညှို့အဆုတ်တို့၏အထက်၌ တည်၏၊ တစလယ်လောက် ရှိ၏၊ ထိုအသဲ၏ အောက်ပိုင်းနှင့် နှလုံးအချို့ အဆုတ်တို့ကို အမြဲစိုအောင် <mark>တစ်စက်စက်</mark> ယိုကျနေ၏၊ အညှို့နှလုံးစသည် တို့ကို မစိုစေလျှင် သတ္တဝါတိုင်းပင် ရေဆာတတ်လေသည်။

**ချွေး**။ ။ ခန္ဓာကိုယ်၌ သွေးသည် အမြဲတည်ရှိသကဲ့သို့ “ချွေး” ခေါ်သော ကောဋ္ဌာသသည် အမြဲတည်ရှိသည် မဟုတ်၊ မီးပူ နေပူ နွေအခါ ဥတုအပူဓာတ်တို့ကြောင့် ခန္ဓာကိုယ်ပူအိုက်သောအခါ အပူငွေ့မှ အရည်ဓာတ်သို့ ပြောင်း

## PAGE 133

အ – မီးခိုးမြူဝင် ရယ်ရွှင်ငိုကြွေး စပ်ပူရေးကြောင့် ချွေးသို့ အဆင်း မျက်စိတွင်းတည် မျက်ရည်မည်သော <mark>ကောဋ္ဌာသ</mark>သည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ <mark>တစ်ပါး</mark> <mark>လားလား</mark>မဟုတ် <mark>စက်ဆုပ်ဖွယ်</mark>သာ ထင်ရှားရှိပါသည်<mark>တကား။</mark>

---

လျက်   မွှေးညှင်းပေါက် ဆံပင်ပေါက်တို့မှ ထွက်လာသော အာပေါဓာတ် (အရည်) <mark>တစ်မျိုး</mark>ကို “သေဒ=ချွေး” ဟု ခေါ်သည်၊ အဆင်းအားဖြင့် အထူးကြည်သော နှမ်းဆီအဆင်း ရှိ၏။

**အဆီခဲ**။ ။ ပြစ်ချွဲနေသော အဆီကိုပင် “အဆီခဲ” ခေါ်၏၊ အဆင်းအားဖြင့် နနွင်းတက်ကို ခွဲခြမ်းလိုက်သောအခါ အထဲက နနွင်းကဲ့သို့ ဝါဝင်းသော အဆင်း ရှိ၏၊ ဝဖြိုးသူတို့၏ <mark>တစ်ကိုယ်လုံး</mark>ဝယ် အရေနှင့် အသားတို့၏ အကြားတိုင်းမှာ တည်ရှိသည်၊ ဝါသော ပိုးသားပုဆိုးလွှာကလေးနှင့် တူ၏၊ ပိန်သူတို့၌ကား ခြေသလုံးသား ပေါင်သား ကျောက်ကုန်းသား ဝမ်းပြင်းသား စသော အသားများရာကို မှီ၍ (၂-ထပ် ၃-ထပ် ခေါက်အပ်သော ပိုးပုဆိုးဝါကလေး ကဲ့သို့) တည်၏။

**မျက်ရည်**။ ။ မျက်စိတို့မှ ယိုစီးသော အရည်<mark>တစ်မျိုး</mark>ကို “မျက်ရည်” ဟု ခေါ်၏၊ အဆင်းအားဖြင့် အထူးကြည်သော နှမ်းဆီအဆင်း ရှိ၏၊ သည်းခြေအိမ်၌ သည်းခြေသည် အမြဲတည်ရှိသကဲ့သို့ ထို့အတူ ဤမျက်ရည်သည် အမြဲတည်ရှိသည် မဟုတ်၊ အလွန်ဝမ်းမြောက်၍ အကြီး

## PAGE 134

ဝသာ - မီးပူနေပူ ဥတုပူမှ စ၍ အလီလီ ပူမညီ၍ အုန်းဆီဆင်းနေ လက်ခြေနှာစွန်း ပုခုံးစွန်းမှီ ဆီကြည် မည်သော <mark>ကောဋ္ဌာသ</mark>သည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ <mark>တစ်ပါး</mark> <mark>လားလား</mark>မဟုတ် <mark>စက်ဆုပ်ဖွယ်</mark>သာ ထင်ရှားရှိပါသည်<mark>တကား။</mark>

---

အကျယ်ရယ်သောအခါ အလွန်စိတ်မချမ်းသာ၍ ငိုသောအခါ ငရုတ်သီး စသည်ကို စားသောအခါ မျက်လုံး၌ မီးခိုးမြူမှုန် စသည်တို့ ထိခိုက်မိသောအခါတို့၌ ထိုအလွန်ဝမ်းမြောက်ခြင်း အလွန်စိတ်မချမ်းသာခြင်း စသော အကြောင်းကြောင့် မျက်လုံးအိမ်တွင်း၌ ပြည့်၍သော်လည်း တည်နေ၏၊ ယိုစီးသော်လည်း ယိုစီး၏။ [မျက်ရည်ကို မှန်း၍ ကမ္မဋ္ဌာန်းရှုသော ပုဂ္ဂိုလ်သည် မျက်လုံးတည်ရာ တွင်းငယ်၌ ပြည့်နေသော မျက်ရည်ကိုမှန်း၍ ရှုရသည်။]

**ဆီကြည်**။ ။ “မေဒေါ=အဆီခဲ” ဟု ရှိခဲ့သောကြောင့် ကို “ဆီကြည်” ဟု ခေါ်ကြသည်၊ အဆင်းအားဖြင့် အုန်းဆီအဆင်းရှိ၏၊ များသောအားဖြင့် လက်ဖဝါး ခြေဖဝါး လက်ဖမိုး ခြေဖမိုး နှာခေါင်းဘု နဖူး ပုခုံးစွန်းတို့၌ တည်၏၊ “ဆီကြည်” ဟု ဆိုသော်လည်း အမြဲကြည်နေသည် မဟုတ်၊ မီးပူ နေပူ နွေပူစသည်တို့နှင့် ကြုံကြိုက်သောအခါကျမှ အကြည်ရည် ဖြစ်လာသည်။ ထိုအခါဝယ် ထိုဆီကြည်သည် လက်ဖဝါးစသော အရပ်တို့၌ ပြန့်နှံ့နေ၏၊ မီးပူ စသည်တို့နှင့် မကြုံကြိုက်ဘဲ နဂိုရ်အတိုင်းအားဖြင့်ကား ဆောင်းအခါ အုန်းဆီခဲကလေးကဲ့သို့ ပြစ်ချွဲခဲနေသည်၊ နှာခေါင်းဘုကို

## PAGE 135

ခေဠော - ချဉ်ငန်စပ်ခါး အရသာများကို စားသော်မြင်သော် အကြံပေါ်၍ နာသော်နှလုံး ရွှံမုန်းမယွင်း ရေမြှုပ်ဆင်းသို့ လျှာရင်းပြစ်ချဲ့ လျှာဖျားကျဲကြည် လျှာရည်ဖြစ်သော တံထွေးသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ <mark>တစ်ပါး</mark> <mark>လားလား</mark>မဟုတ် <mark>စက်ဆုပ်ဖွယ်</mark>သာ ထင်ရှားရှိပါသည်<mark>တကား။</mark>

---

ဖျစ်ညှစ်ကြည့်သောအခါ ထိုအဆီပြစ်ကလေးများ ထွက်လာတတ်ပါသည်။

**တံထွေး**။ ။ ပါးစပ်အတွင်း၌ အမြှုပ်ကလေးများ တနေသော အရည်<mark>တစ်မျိုး</mark>ကို “တံထွေး” ဟု ခေါ်၏၊ အဆင်းဖြူ၏၊ ရေမြှုပ်သဏ္ဌာန် ရှိ၏၊ တည်ရာအားဖြင့် ပါးစောင် ၂-ဘက်တို့မှ လျှောသက်၍ လျှာပေါ်၌ တည်၏၊ ဤတံထွေးသည် အမြဲ တည်ရှိနေသည် မဟုတ်၊ အချဉ်အခါး စသော သွားရည်ယိုလောက်သော အစာကို ခံတွင်း၌ ထားသောအခါ အချဉ်စသည်ကို မြင်သောအခါ အမှတ် ရသောအခါတို့၌သာ ပါးစောင် ၂-ဘက်မှ လျှောသက်၍ လျှာ၌ တည်လာသည်၊ ဝမ်းတွင်း နှလုံးမကောင်းသောအခါ ရွှံ့ဘွယ်ရာ ဝတ္ထုကို မြင်၍ စက်ဆုပ်ရွံ့ရှာခြင်း ဖြစ်သောအခါ၌လည်း တံထွေး ဖြစ်လာတတ်၏၊ ခဲဘွယ်ဘောဇဉ်ကို စားသောအခါ၌ကား (မြစ်ကမ်းပါး၌ လက်ယက်တွင်းကလေးဝယ် ရေမကုန်နိုင်သကဲ့သို့) ထိုတံထွေးသည် မကုန်နိုင်ဘဲ အစားအစာများကို စိုစေနိုင်သောအစွမ်း ရှိလေသည်။

## PAGE 136

**သိင်္ဃာဏိကာ**-<mark>ငရုတ်စသည်</mark> စားမိသည်နှင့် တလီငိုငြား ဓာတ် <mark>ခြောက်ခြား၍</mark> ထက်ฟျားဦးနှောက် အရည် ဖောက်လျက် ဦးခေါင်းထက်မှ <mark>ဆင်းသက်</mark> <mark>အာခေါင်</mark> အထက်ပေါက်ဖြင့် လျှောလျှောက်နှာဘု နှပ်အစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ <mark>ငါသူတစ်ပါး</mark> လားလား မဟုတ် စက်ဆုပ်ဖွယ်သာ ထင်ရှားရှိပါသည်တကား။

**လသိကာ**-<mark>တစ်ရာ့ရှစ်ဆယ်</mark> ကိုယ်ဝယ်အောက်ထက် အရိုးဆက်တည် နယ်ဆီအတု ပြစ်ချွဲသောအစေးအစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ <mark>ငါသူတစ်ပါး</mark> လားလားမဟုတ် စက်ဆုပ်ဖွယ်သာ ထင်ရှားရှိပါသည် တကား။

---

**နှပ်။** ။ဦးနှောက်မှ ယိုစီးလာသော မသန့်ရှင်းသောအရည် အရွှဲကို “နှပ်”ဟု ခေါ်၏၊ ဤနှပ်သည်လည်း အမြဲဟု တည်ရှိသော ကောဋ္ဌာသ မဟုတ်၊ ငိုသောအခါဖြစ်စေ မသင့်သောအစာ မသင့်သော ဥတုကြောင့် ဓာတ် ၄-ပါးတို့ <mark>ခြောက်ခြား</mark> <mark>ပျက်ပြား</mark>သောအခါဖြစ်စေ ဦးခေါင်း အတွင်းမှ ဦးနှောက်သည် သလိပ်ပုပ်အဖြစ်ဖြင့် ယိုစီးကာ <mark>အာခေါင်</mark> အထက်ပေါက်မှ နှာခေါင်းသို့ သက်လျော၍ နှာခေါင်းဘု၌ တန့်ရပ်၍သော်လည်း နေ၏၊ နှာခေါင်းဘုမှ ယိုစီး၍သော်လည်း ကျလာ၏၊ ထိုနှပ်ကို ကမ္မဋ္ဌာန်းရှုသူကား နှာခေါင်းဘု၌ ပြည့်နေသောနှပ်ကို မှန်း၍ ကမ္မဋ္ဌာန်း ရှုရသည်။

**အစေး။** ။<mark>တစ်ရာ့ရှစ်ဆယ်</mark>သော အရိုးတို့၏ <mark>တစ်ခုနှင့်တစ်ခု</mark> အဆက်အစပ်၌ ခြေနယ်ဆီကဲ့သို့ တည်ရှိသော အစေးတစ်မျိုးတည်း၊ အဆင်းအားဖြင့် မဟာလှေကားပန်း၏ အစေးနှင့်တူသော အဆင်းရှိ၏၊ ထို အစေးနည်းပါးနေသူမှာ ထလိုက် ထိုင်လိုက်သောအခါ သွားလာသောအခါ ကွေးလိုက် ဆန့်လိုက်သောအခါတို့၌ အရိုးအဆက်တို့သည် (လက်ချောင်းကို ချိုးသောအခါ မြည်သော အသံမျိုးကဲ့သို့) အသံမြည်၏၊ ထိုအစေးနည်းသူသည် ဝါယောဓာတ်ပျက်လွယ်သောကြောင့် ခရီးများများ သွားရလျှင် ပင်ပန်း၏၊ ထိုအစေး များသူမှာကား ထလိုက် ထိုင်လိုက်သောအခါ စသည်၌ အသံလည်း မမြည်၊ ဝါယောဓာတ် မပျက်လွယ်သောကြောင့် ခရီးရှည် သွားသော်လည်း မပင်ပန်း။

## PAGE 137

**မုတ္တံ**-စားသောက်သမျှ အာဟာရမှ ရသည့်မသွေ <mark>အရေတစ်ချို့</mark> ဆီးအိမ်သို့လျှင် စိမ့်၍ဝင်သော ကျင်ငယ်အစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ <mark>ငါသူတစ်ပါး</mark> လားလားမဟုတ် စက်ဆုပ်ဖွယ်သာ ထင်ရှားရှိပါသည်တကား။

---

**ကျင်ငယ်။** ။စည်ပေါင်း (ဆီးအိမ်) ၏ အတွင်း၌ တည်သော အာပေါဓာတ်ကို “ကျင်ငယ်” ဟု ခေါ်သည်၊ [မစင်ကို “ကျင်ကြီး” ဟု ခေါ်သောကြောင့် ဤ အရည်ကို “ကျင်ငယ်”ဟု ခေါ်သည်၊] ဆီးအိမ်မှာ ဝင်စရာအပေါက် မရှိ၊ ခွက်ဆေးရည်စသည်ကို သွန်ထား၍ ဗွက်ဖြစ်နေသော တံစည်းအိုင်၌ အပေါက်မရှိသော အိုးငယ်တစ်လုံးကို ချထားသောအခါ အိုးငယ်အတွင်းသို့ တံစည်းဗွက်ရေသည် စိမ့်ဝင်သကဲ့သို့ ထို့အတူ ခန္ဓာကိုယ်၌ရှိသော စားသောက်သမျှ အစာမှ <mark>အရည်တစ်ချို့သည်</mark> ထို ဆီးအိမ်တွင်းသို့ စိမ့်၍ ဝင်ရ၏၊ ထို ဆီးအိမ်၌ ဆီးပြည့်လာသောအခါ ကျင်ငယ်စွန့်ချင်စိတ် ဖြစ်<mark>ပေါ်လာသည်</mark>၊ ထို့ကြောင့် ထိုဆီးအိမ်၌ ဝင်ပေါက်မရှိသော်လည်း အောက်မှ ထွက်ပေါက်ကား ထင်ရှားရှိပေသည်။

## PAGE 138

#### တိုက်တွန်းချက်။
။ဤ အနက်ကို ကြေအောင် ကျက်ပါ၊ <mark>ထိုသို့</mark> ကြေနေမှသာ ဝမ်းတွင်း၌ရှိသော ကောဋ္ဌာသတို့ စိတ်ထဲ၌ ထင်လာနိုင်မည်၊ ဥပမာ- ဤအနက်ကို မကြေလျှင် “အဋ္ဌိမိဉ္စ-ရိုးတွင်းခြင်ဆီ” ဆိုတာ ဘာဆိုမှန်း မသိဘဲ “ဝတ္တံ- အညှို့” ဆိုတာ ဘယ်နေရာမှာ ရှိမှန်း မသိဘဲ နေလိမ့်မည်၊ ထို့ကြောင့် ဤအနက်မြန်မာပြန်အတိုင်း စဉ်းစား၍ ကြည့်ဘို့ရန် ဤ အနက်မြန်မာပြန်ကို အစွမ်းကုန် ကြေနေအောင် ကျက်ပါလေ။

#### အားထုတ်နည်း။
။ဤ ကမ္မဋ္ဌာန်း အားထုတ်နည်းကို ဝိသုဒ္ဓိမဂ်၌ ဈာန်ရသည်အထိ အကျယ်ညွှန်ပြ ထားသည်၊ သို့သော် သာသနာတော်၌ မွေ့လျော်ခြင်း လောကီအာရုံ ကာမဂုဏ်အတွက် လှုပ်လှက်စိတ် မရှိခြင်း ပစ္စည်း လာဘ်လာဘကို မငဲ့ကွက်ခြင်း, ဂုဏ် ပကာသနကို မတောင့်တခြင်း နေရာတိုင်းမှာ ဣန္ဒြေသိက္ခာရှိသော <mark>ရဟန်း</mark> <mark>သာမဏေကောင်း</mark>တစ်ပါး ဖြစ်ခြင်းတည်းဟူသော သာသနာတော်၏ အခြေခံအကျိုးကို မြှော်၍ ဤကမ္မဋ္ဌာန်းကို ဤရှင်ကျင့်ဝတ်၌ ထည့်သွင်းခြင်း ဖြစ်သောကြောင့် ထိုအကျိုးများ ရလောက်သော အစီအစဉ်မျှကိုသာ အကျဉ်းညွှန်ပြပါမည်။

### ၁။ နှုတ်ရွတ်။
။ဤကမ္မဋ္ဌာန်းကို အားထုတ်သော ပုဂ္ဂိုလ်သည် ရှေးဦးစွာ **“ကေသာ လောမာ နခါ ဒန္တာ တစော”** စသည်ဖြင့် ပါဠိလိုဖြစ်စေ “ဆံပင်, မွေးညှင်း ခြေသည်း လက်သည်း, သွား, အရေ” စသည်ဖြင့် မြန်မာလို 

---

<mark>ပေါ်လာသည်</mark>။ ထို့ကြောင့် ထိုဆီးအိမ်၌ ဝင်ပေါက်မရှိသော် လည်း အောက်မှ ထွက်ပေါက်ကား ထင်ရှားရှိပေသည်။

## PAGE 139

ဖြစ်စေ နှုတ်ဖြင့် <mark>ရွတ်ဆို</mark>နိုင်ပါသည်။ [မြန်မာလူမျိုးအတွက် မြန်မာလို <mark>ရွတ်ခြင်း</mark>က သာ၍ ထင်ရှားပါသည်။]

အမှာ။ ။ဤသို့ <mark>ရွတ်ဆို</mark>ရာ၌ “ဆံပင်” ဟு <mark>ရွတ်</mark>သည်နှင့်<mark>တစ်ပြိုင်နက်</mark> စိတ်ကလည်း ဆံပင်မှာ ရောက်လျက် အာရုံပြုလျက်ရှိရမည်၊ “မွေးညှင်း” စသည်ကို <mark>ရွတ်</mark>သောအခါလည်း ဤနည်းပင်တည်း၊ ထို့ကြောင့် <mark>ရွတ်ဆို</mark>သောအခါ နှုတ်တက်သလို မြန်မြန် မ<mark>ရွတ်ဆို</mark>ရ၊ အသံထွက်သည်နှင့် <mark>တစ်ပြိုင်နက်</mark> သရုပ်ထင်လာအောင် မနှေးမမြန် ခပ်မှန်မှန် <mark>ရွတ်</mark>ရမည်၊ တစ်ခါတစ်ခါ ပြခဲ့သော အနက်မြန်မာပြန်ကို <mark>ရွတ်ဆို</mark>ပါလေ။

၂။ စိတ်<mark>ရွတ်</mark>။ ။နှုတ်ဖြင့် <mark>ရွတ်</mark>၍ ၃၂-ကောဋ္ဌာသလုံး အတော် ထင်ရှားသောအခါ (နှုတ်<mark>ရွတ်</mark>သည့် အစဉ်အတိုင်း) စိတ်ဖြင့် စဉ်းစားပါ၊ ဤသို့ ဆင်ခြင်<mark>ဖန်များသော</mark>အခါ “ဆံပင်” ကို ဆင်ခြင်လိုက်လျှင် “ဆံပင်” တည်းဟူသော အထည်ဒြဗ်ပေါ်တွင် စိတ်မနားဘဲ “ဆံပင်၏ စက်ဆုပ်ရွံရှာ မသတီစရာ” တိုင်အောင် စိတ်ရောက်သွားပါလိမ့်မည်၊ ထိုအတိုင်း “ကျင်ငယ်၏ စက်ဆုပ်ရွံရှာ မသတီစရာ” အထိ စိတ်ရောက်အောင် မှန်မှန်ကြိုးစားပါလေ။]

<mark>ရွတ်</mark>၍ <mark>ကမ္မဋ္ဌာန်း</mark>ပေါက်။ ။ရှေးတုန်းက “မဟာရေဝ” <mark>ဆရာတော်ကြီး</mark>ထံ၌ မထေရ် ၂-ပါး <mark>ကမ္မဋ္ဌာန်း</mark>တောင်းကြသည်၊ <mark>ဆရာတော်ကြီး</mark>သည် ဤကောဋ္ဌာသ<mark>ကမ္မဋ္ဌာန်း</mark>ကိုပင် လေးလလုံးလုံး <mark>ရွတ်ဆို</mark>နေဖို့ရန် မိန့်တော်မူ၏၊ ထိုမထေရ် ၂-ပါးသည် นိကာယ် ၂-ပါး ၃-ပါး ဆောင်ထားသော စာတတ်ပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း <mark>ဆရာတော်ကြီး</mark>စကားကို လေးစားသောအားဖြင့် <mark>ရွတ်ဆို</mark>နေ

## PAGE 140

<mark>ခြင်းဖြင့်</mark> ၃၂-ပါးသော ကောဋ္ဌာသတို့ အလွန် ထင်ရှားလာရကား လေးလအတွင်း၌ သောတာပန်များ ဖြစ်ကြလေသည်၊ [တတိယသံဂါယနာ၏ ขေါင်းဆောင် ရဟန္တာအရှင် မောဂ္ဂလိပုတ္တတိဿထေရ်လည်း ဤ ကောဋ္ဌာသ<mark>ကမ္မဋ္ဌာန်း</mark>ဖြင့်ပင် သာမဏေဘဝ၌ သောတာပန် ဖြစ်ခဲ့ပေသည်။]

(က)  **ယထေဝ မတသရီရံ၊ ဇီဝံပိ <mark>အသုဘံ</mark> တထာ။**
**အာဂန္တုကာလင်္ကာရေန၊ ဆန္ဒတ္တာ တံ န ပါကဋံ။**

**မတသရီရံ** = ဥဒ္ဓုမာတက စသည်မြားမြောင် သူသေကောင်သည်။
**<mark>အသုဘံ</mark> <mark>ယထာ</mark>** = စက်ဆုပ်ရွံဖွယ် မတင့်တယ် သကဲ့သို့။
**တထာ** = ပုံစံထားယူ မခြားအတူသာလျှင်။
**ဇီဝံပိ** = ဝတ်စား ဆင်ပြင် အသက်ရှင်ဆဲ ကိုယ်သည်လည်း။
**<mark>အသုဘံ</mark> <mark>အသုဘံ</mark>ယေဝ** = စက်ဆုပ်ရွံဖွယ် မတင့်တယ်သည်သာတည်း။
**အာဂန္တုကာလင်္ကာရေန** = ညစ်ကြေးသုတ်သင် <mark>အငှာဆင်</mark>၍ ပြုပြင်ဖန်ထား တန်ဆာများဖြင့်။
**ဆန္ဒတ္တာ** = မဖွယ်ရာကို ကွယ်ကာဖုံးထားအပ်သည်၏ အဖြစ်ကြောင့်။
**တံ** = ထိုရွံဖွယ်ညစ်ပေ အသုဘ သဘောတွေသည်။
**န ပါကဋံ** = အမြင်အားဖြင့် မထင်ရှားဘဲ ရှိရလေသတည်း။

(ခ) **ဣမံ ဟိ သုဘတော ကာယံ၊ ဂဟေတွာ တတ္ထ မုစ္ဆိတာ။**
**ဗာလာ ကရောန္တာ ပါပါနိ၊ ဒုက္ခာ န ပရိမုစ္စရေ။**

**ဣမံ ဟိ ကာယံ** = အသုဘသဘောရွံဖွယ်ပေါသည့် ကိုယ်ရောသူပါ ဤခန္ဓာကိုပင်။
**သုဘတော** = စွဲမက်ဖွယ် လွန်တင့်တယ်၏ ဟူ၍။
**ဂဟေတွာ** = ရှိရင်းပြောင်းပြန် မမှန်ကန်

## PAGE 141

အောင် ကြံဖန်စွဲလမ်းကြကုန်လျက်။
**တတ္ထ** = ထိုအယုတ်တမာ များစွာပြည့်လှောင် အပုပ်ကောင်၌။
**မုစ္ဆိတာ** = စရိုက်ဓလေ့ အမိုက်ငွေ့ဖြင့် အတွေ့ကြီးတွေ့ မေ့ကြီးမေ့ကြကုန်သည်ဖြစ်၍။
**ဗာလာ** = ရာဂစရိုက်ပွား ငမိုက်သားတို့သည်။
**ပါပါနိ** = မိစ္ဆာစာရ စသည်<mark>ညစ်ညမ်း</mark> ယုတ်မာမှုတို့ကို။
**ကရောန္တာ** = အမဲရိုး၌ ခွေးငတ်ကြိုက်သို့ နှစ်ခြိုက်ရွှင်မြူး လွန်ကျူးကြကုန်လျက်။
**ဒုက္ခာ** = အပါယ်လေးဖြာ အိုနာသေရေး ဆင်းရဲဘေးမှ။
**န ပရိမုစ္စရေ** = က<mark>ရွတ်</mark>ကင်းလျှောက် ထပ်ပြန်ရောက်သဖြင့် <mark>ထွက်မြောက်</mark>ခွင့် မရကြလေကုန်။

(ဂ) **တသ္မာ <mark>ပဿ</mark> မေဓာဝီ၊ ဇီဝတော ဝါ မတဿ ဝါ။**
**သဘာဝံ ပူတိကာယဿ၊ သုဘဘာဝေန ဝဇ္ဇီတံ။**

**တသ္မာ** = ထိုသို့ အသုဘပင် သုဘထင်သမျှ ဒုက္ခဝဋ်တွင်းမှ မလွတ်ကင်းနိုင်ကြလေသောကြောင့်။
**မေဓာဝီ** = သတိတမန် ပညာဉာဏ်ဖြင့် လမ်းမှန်မြှော်မြင် သူတော်စင်သည်။
**ဇီဝတော ဝါ** = ဝတ်စားဆင်ပြင် အသက်ရှင်သူမူလည်း ဖြစ်သော။
**မတဿ ဝါ** = ဥဒ္ဓုမာတက စသည်မြားမြောင် အသေကောင်မူလည်း ဖြစ်သော။
**ပူတိကာယဿ** = အပုပ်တွေလှောင် ဤကိုယ်ကောင်၏။
**သုဘဘာဝေန** = အမှန်စင်စစ် တင့်တယ်သော အဖြစ်မှ။
**ဝဇ္ဇီတံ** = လုံးဝအစဉ် ရှောင်ကြဉ်အပ်ပြီးဖြစ်သော။
**သဘာဝံ** = မတင့်မတယ် ရွံဖွယ်စင်စစ် မူလအဖြစ်ကို။
**<mark>ပဿ</mark>** = အမိုက်ကင်းပျောက် အလင်းရောက်အောင် ထွင်းဖောက် ရှုစားသင့်ပေတော့သတည်း။

#### <mark>ကမ္မဋ္ဌာန်း</mark> <mark>သင်ပြခန်း</mark> ပြီး၏။

## PAGE 142

## ရှင်သာမဏေများ ဝတ္ถု

**မှာထားချက်။** ။အို ကိုရင်များ... ပြခဲ့သော ဤကမ္မဋ္ဌာန်း တရားမျိုးကို ကြိုးစား၍ နိဗ္ဗာန်ချမ်းသာ ကို မျက်မှောက်ပြုသွားကြသော အမျိုးကောင်းသားသမီး တွေ ဤဘုရားသာသနာတော်မှာပင် မရေမတွက်နိုင်အောင် များခဲ့ပေပြီ၊ ကိုရင်တို့လဲ ထိုအမျိုးကောင်းသားတွေ နောက် သို့ ထပ်ကြပ်မကွာ ลိုက်ပါနိုင်အောင် .. ကြိုးစားစေလိုလှ သောကြောင့် ကိုရင်တို့ အားကျဘို့ရာ ယခု ညွှန်ပြမည့် ကိုရင်ကလေးများ၏ ဝတ္ถုကိုလည်း ဆက်လက် ဖတ်ရှုကြပါ လေ။

### ရှင်ရာဟုလာ အကြောင်း ရှင်သာမဏေ ပြုခဏ်း

ဘုရားရှင်၏ သားတော်ဖြစ်သော ရှင်ရာဟုလာသည် စကြာမင်းဖြစ်လောက်သော ရုပ်လက္ခဏာဖြင့် လွန်စွာ တင့် တယ်ပါပေသည်၊ ထိုသားတော်ရာဟုလာ ဖွားမြင်တော်မူပြီး နောက် ညဉ့် သန်းခေါင် အချိန်လောက်မှာပင် ဘုရား အလောင်း တောထွက်တော်မူခဲ့သည်၊ ဘုရားဖြစ်၍ မိဂဒါဝုန် ၌ တဝါဆိုပြီးနောက် ရာဇဂြိုဟ်မြို့ရောက်၍ တပေါင်းလ လောက်မှာ ကပိလဝတ်ပြည်သို့ ကြွတော်မူလာသောအခါ သက်တော် ၃၆-နှစ်လောက်သာ ရှိသေး၍ ရာဟုလာလည်း ၇-နှစ်အရွယ်သာ ရှိလေသည်။

နေပြည်တော်ရောက်၍ ငါးရက်လောက်အကြာတွင် ဘုရား ရှင်သည် ခမည်းတော်သုဒ္ဓေါဒနမင်းကြီး၏ နန်းတော်၌ သံဃာ

## PAGE 143

တော်များနှင့်အတူ ဆွမ်းဘုဉ်းပေးတော်မူစဉ် ယသော်ဓရာ မိဖုရားသည် သားတော်ကို အဝတ်တန်ဆာဆင်၍ ပြောပြ သည်မှာ---

“သားတော်...ဟောဟိုမှာ ကြည့်စမ်း၊ ရွှေအဆင်းကဲ့သို့ ဝါဝင်းသော အဆင်းရှိတဲ့ ရဟန်းတော်ကို မြင်ရဲ့လား၊ အဲဒီ ရဟန်းတော်ဟာ သားတော်ရဲ့ ခမည်းတော်ဘုရား ဖြစ်တယ်၊ သားတော်ရဲ့ ခမည်းတော်မှာ သုံးစွဲလို့ မကုန်နိုင်အောင် ကြီးကျယ်သော ရွှေအိုး ၄-လုံးရှိတယ်၊ တောထွက်သွားတဲ့ အခါကစ၍ ရွှေအိုးကြီးများကို မတွေ့ရတော့ဘူး၊ သွားပြီး တော အဲဒီ အဲဒီ ရွှေအိုးကြီးများကို “အမွှေပေးပါ”ဟု တောင်း ချေ၊”ဤသို့ သင်ပြ၍သားတော်ကို ဘုရားအထံသို့ ลွှတ်လိုက် လေသည်။

သားတော် ရာဟုလာသည် “ခမည်းတော်” ဟူသော ချစ်ခြင်းဖြင့် ရဲတင်းစွာ ဘုရားအထံတော်သို့ လာ၍ “ခမည်း တော်ရဲ့ အရိပ်ဟာ သိပ်ပြီးတော့ အေးချမ်းသာယာပါတယ်” စသည်ဖြင့် တွတ်တီးတွတ်တာ ပြောဆိုလျက် အမွေတောင်း လေသည်၊ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးတော် မူပြီး သောအခါ ကျောင်းတော်သို့ ကြွတော်မူ၏၊ ရာဟုလာ မင်းသားလည်း ဘုရားရှင်၏ နောက်တော်မှ အမွေတောင်း ရင်း လိုက်ပါလာလေ၏၊ ကျောင်းတော်သို့ ရောက်သောအခါ သားတော်အား လောကုတ္တရာအမွေ ပေးတော်မူမည်”ဟု မိန့်တော်မူပြီးလျှင် အရှင်သာရိပုတြာကို ခေါ်တော်မူ၍ ရှင်သာမဏေ ပြုပေးဘို့ရန် အမိန့်တော်ရှိလေသည်။

## PAGE 144

[ရေခွက်ကို အမျိုးမျိုးပြ၍ မုသားမပြောဘို့ရန် ရာဟုလာအား ဩဝါဒပေးတော်မူပုံ။]

## PAGE 145

ဘုရားရှင်ကြွ၍ ဩဝါဒပေးတော်မူခြင်း 

ရာဇဂြိုဟ်မြို့တော်ဝယ် ဗိမ္ဗိသာရမင်းကြီး လှูဒါန်းအပ်သော ဝေဠုဝန်တိုက်တော်ကြီး၏ အစွန်အဖျား၌ ကမ္မဋ္ဌာန်းကျောင်းကလေး တည်ရှိလေသည်၊ ထိုကမ္မဋ္ဌာန်းကျောင်း အနီး၌ သရက်ပင်ပျိုကလေးလည်း ရှိ၏၊ ထိုသရက်ပင်ပျိုကို “အမ္ဗလဋ္ဌိကာ” ဟု ခေါ်၏၊ ကမ္မဋ္ဌာန်းကျောင်းကလေးဟုလည်း သရက်ပင်ပျိုကို အကြောင်းပြု၍ “အမ္ဗလဋ္ဌိကာကျောင်း” ဟုပင် နာမည်တွင်လေသည်။

<mark>ဆူးလျှင်</mark> ပေါက်ခါစမှစ၍ အဖျားထက်သကဲ့သို့ ရှင်ရာဟုလာလည်း ၇-နှစ်သားအရွယ် ငယ်ငယ်ကလေးကပင် သူတော်ကောင်းဘက်၌ ထက်ထက်မြက်မြက် ရှိလှ၏၊ ထို့ကြောင့် ဆိတ်ငြိမ်သော နေရာဝယ် <mark>တစ်ပါးတည်း</mark> နေလိုရကား ကျောင်းတိုက်ကြီး၏ အစွန်အဖျားဖြစ်သော ထိုကမ္မဋ္ဌာန်းကျောင်းကလေးမှာ နေလေသည်၊ ဗုဒ္ဓမြတ်စွာသည် ညနေချမ်းအခါဝယ် ရှင်ရာဟုလာအား ဩဝါဒပေးတော်မူလိုသောကြောင့် ထိုအမ္ဗလဋ္ဌိကာ ကမ္မဋ္ဌာန်းကျောင်းကလေးသို့ ကြွတော်မူလေသည်။ [လိမ်၍ပြောသော စကားကို “မုသား” ဟု ခေါ်၏။ ငယ်ရွယ်သူတို့သည် မုသားပြောတတ်ကြ၏၊ ထို့ကြောင့် ၇-နှစ်သားအရွယ် ရှင်ရာဟုလာအား မုသားမပြောဘို့ရန် ဩဝါဒပေးတော်မူသည်။]

ဗုဒ္ဓမြတ်စွာသည် ထိုင်တော်မူပြီးလျှင် ရေခွက်ထဲ၌ ရေအနည်းငယ်ကို ချန်ထား၍ ရှင်ရာဟုလာကို မေးတော်မူသည်မှာ–“ရာဟုလာ….ရေခွက်ထဲ၌ ရေအနည်းငယ်ကို မြင်ရဲ့လား”။
ရာဟုလာ။ ။မြင်ပါသည် အရှင်ဘုရား။

## PAGE 146

ဘုရားရှင်။ ။“ရာဟုလာ…မုသားပြောဆိုဘို့ရန် မရှက်တတ်သော ရဟန်း သာမဏေတို့မှာလဲ (ဟောဒီရေ နဲနေသလို) ကိုယ်ကျင့်တရား <mark>နည်းနည်း</mark>ကလေးသာ ရှိတယ်” လို့ မှတ်ထား။

ထို့နောက် ဗုဒ္ဓမြတ်စွာသည် ရေခွက်ထဲမှ အနည်းငယ်သော ရေကို သွန်ပြီးလျှင် ရှင်ရာဟုလာကို မေးတော်မူပြန်သည်မှာ… “ရာဟုလာ…ရေခွက်ထဲ၌ ကျန်နေသော ရေအနည်းငယ်ကို <mark>သွန်ပစ်လိုက်တာ</mark> မြင်ရဲ့လား။”
ရာဟုလာ။ ။မြင်ပါသည် အရှင်ဘုရား။

ဘုရားရှင်။ ။“ရာဟုလာ…မုသားပြောရမှာကို မရှက်တတ်သော ရဟန်း သာမဏေတို့မှာလဲ (<mark>ရေကျန်</mark> <mark>နည်းနည်း</mark>ကလေးကို သွန်ပစ်လိုက်သလို) ကိုယ်ကျင့်တရားကို သွန်ပစ်ရာရောက်တယ်” လို့ မှတ်ထား။ [“သူ့မှာ ကိုယ်ကျင့်တရား ဘာမျှမရှိတော့ဘူး”ဟု မိန့်တော်မူလိုသည်။]

ထို့နောက် ဗုဒ္ဓမြတ်စွာသည် ရေခွက်ကို မှောက်လိုက်ပြီးလျှင်–ရှင်ရာဟုလာကို မေးတော်မူပြန်သည်မှာ…“ရာဟုလာ… ဟောဒီရေခွက် မှောက်နေတာကို မြင်ရဲ့လား။”
ရာဟုလာ။ ။မြင်ပါတယ် အရှင်ဘုရား။

ဘုရားရှင်။ ။“ရာဟုလာ…မုသားပြောရမှာကို မရှက်တတ်သော ရဟန်း သာမဏေတို့မှာလဲ (ဟောဒီရေခွက်ကို မှောက်ထားသလို) ကိုယ်ကျင့်တရားတွေကို မှောက်ပစ်လိုက်ရာရောက်တယ်” လို့ မှတ်ထား။

## PAGE 147

ထို့နောက် ဗုဒ္ဓမြတ်စွာသည် ရေခွက်ကို လှန်ပြီးလျှင် ရှင်ရာဟုလာကို မေးတော်မူပြန်သည်မှာ- “ရာဟုလာ…..လှန်ထားသော ရေခွက်ထဲမှာ ဘာမျှမရှိတာကို မြင်ရဲ့လား။”
ရာဟုလာ။ ။မြင်ပါသည် အရှင်ဘုရား။

ဘုရားရှင်။ ။“ရာဟုလာ… မုသားပြောရမှာကို မရှက်တတ်သော ရဟန်းသာမဏေတို့မှာလဲ (ဟောဒီရေခွက်ထဲ၌ ဘာမျှ မရှိတော့သလို) ကိုယ်ကျင့်တရား ဘာမျှမရှိတော့ဘူး” လို့ မှတ်ထား။

ရာဟုလာ…မုသားပြောရမည်ကို မရှက်တတ်သူသည် ဘယ်မကောင်းမှုမှ မပြုဝံ့တာ မရှိတော့၊ မကောင်းမှုဟူသမျှ ပြုဝံ့တော့၏၊ ထို့ကြောင့် “မုသားဆိုလျှင် ပြောင်သလို လှောင်သလိုတောင်မှ မပြောမိအောင် ရှောင်ကြဉ်မည်”ဟု သတိထား၍ ကြိုးစားပြီး ကျင့်ရမယ်။

မှန် ဥပမာပြ၍ ဩဝါဒပေးတော်မူခြင်း

ဘုရားရှင်။ ။ရာဟုလာ… မှန်ဖြင့် ဘာလုပ်ကြသလဲ။
ရာဟုလာ။ ။မှန်ဖြင့် မျက်နှာ၌ အပြစ်ရှိ-မရှိ ကြည့်ကြပါတယ်။

ဘုရားရှင်။ ။ရာဟုလာ… မှန်ကို ကြည့်၍ မျက်နှာကို ပြုပြင်ကြသလို ကိုယ်မှု နှုတ်မှု စိတ်မှုများကိုလည်း ပြုသင့်-မပြုသင့် နှိုင်းချင့်ပြီးမှ ပြုသင့်တာကိုသာ ပြုရသည်။

## PAGE 148

#### ကိုယ်ဖြင့် ပြုမည့်ကြံလျှင် ဆင်ခြင်ပါ

ရာဟုလာ……. <mark>တစ်စုံတစ်ခု</mark> အမှုကိစ္စကို ကိုယ်ဖြင့်ပြုချင်လျှင် ဆင်ခြင်စဉ်းစားလိုက်ပါဦး..ဘယ်လို ဆင်ခြင်စဉ်းစားရမလဲ” ဆိုလျှင် “ယခု ငါပြုချင်တဲ့ အမှုကိစ္စသည် ကိုယ့်ကိုယ်ကို ညှဉ်းဆဲရာရောက်မှာလား၊ <mark>သူတစ်ပါးကို</mark> ညှဉ်းဆဲရာရောက်မှာလား၊ မိမိရော <mark>သူတစ်ပါးရော</mark> ၂-မျိုးလုံးကို ညှဉ်းဆဲရာရောက်မှာလား၊ မကောင်းသော အကုသိုလ်မှုဖြစ်၍ ဒုက္ခအကျိုး <mark>ပွားတိုး</mark>စေမှာလား”ဟု ဆင်ခြင် စဉ်းစားလိုက်ပါ။

ထိုသို့ စဉ်းစားသောအခါ“<mark>တစ်ဦးဦးကို</mark> ညှဉ်းဆဲရာရောက်မည့် အလုပ်ကိစ္စ, မကောင်းသော အကုသိုလ်မှုဖြစ်၍ ဒုက္ခ အကျိုး <mark>ပွားတိုး</mark>စေမည့်ကိစ္စ”ဟု သိလျှင် ထိုအလုပ်ကိစ္စကို စင်စစ် ဧကန် အမှန်မပြုဘဲ ရှောင်လိုက်ပါ။

ရာဟုလာ…. ထိုသို့ စဉ်းစားသောအခါ “မိမိကို၎င်း, <mark>သူတစ်ပါးကို၎င်း</mark>, ၂-မျိုးလုံးကို၎င်း ညှဉ်းဆဲရာမရောက်၊ ကောင်းသော ကုသိုလ်အမှုဖြစ်၍ သုခအကျိုး <mark>ပွားတိုး</mark>စေနိုင်မည့်ကိစ္စ” ဟု သိလျှင် ထိုကိစ္စကို ကိုယ်ဖြင့် ပြုပါလေ။

#### ကိုယ်ဖြင့် ပြုနေစဉ်လည်း ဆင်ခြင်ပါ

ရာဟုလာ…… <mark>တစ်စုံတစ်ခု</mark> အမှုကိစ္စကို ကိုယ်ဖြင့် ပြုနေတုန်းမှာလည်း ဆင်ခြင်စဉ်းစားပါ၊ “ဘယ်လို ဆင်ခြင်စဉ်းစားရမလဲ” ဆိုလျှင် “ယခု ငါပြုနေသော အလုပ်ကိစ္စသည် ကိုယ့်ကိုယ်ကို ညှဉ်းဆဲရာရောက်သလား၊ <mark>သူတစ်ပါးကို</mark> ညှဉ်းဆဲရာရောက်သလား၊ ၂-ဦးလုံးကို ညှဉ်းဆဲရာ ရောက်သလား၊

## PAGE 149

မကောင်းသော အကုသိုလ်မှုဖြစ်၍ ဒုက္ခအကျိုး<mark>ပွားတိုး</mark>စေမည်လား” ဟု စဉ်းစားလိုက်ပါ။

ထိုသို့ စဉ်းစားသောအခါ – မိမိကို ဖြစ်စေ, <mark>သူတစ်ပါးကို</mark> ဖြစ်စေ ၂-ဦးလုံးကို ဖြစ်စေ ညှဉ်းဆဲရာ ရောက်နေသည်၊ မကောင်းသော အကုသိုလ်မှုဖြစ်၍ ဒုက္ခအကျိုး<mark>ပွားတိုး</mark>စေလိမ့်မည်” ဟု သိလျှင် ထိုလုပ်နေတဲ့ အလုပ်ကိစ္စကို ရုပ်သိမ်းလိုက်ပါ။

မိမိပြုနေသောအမှုကို စဉ်းစားသောအခါ – မိမိကို၎င်း <mark>သူတစ်ပါးကို၎င်း</mark>, ၂-ဦးလုံးကို၎င်း ညှဉ်းဆဲရာမရောက်၊ကောင်းသော ကုသိုလ်အလုပ်ဖြစ်၍ သုခအကျိုး <mark>ပွားတိုး</mark>စေနိုင်သည်” ဟု သိလျှင် ထိုအလုပ်ကို ထပ်၍ ထပ်၍ ပြုလုပ်ပါလေ။

#### ကိုယ်ဖြင့် ပြုပြီးသောအခါလည်း ဆင်ခြင်ပါ

ရာဟုလာ… <mark>တစ်စုံတစ်ခု</mark> အမှုကိစ္စကို ကိုယ်ဖြင့် ပြုပြီးသောအခါလည်း ပြန်၍ ဆင်ခြင် စဉ်းစားပါ၊ “ ဘယ်လို ဆင်ခြင်စဉ်းစားရမလဲ ” ဆိုလျှင် “ ယခု ငါပြုပြီးသော အမှုကိစ္စသည် ကိုယ့်ကိုယ်ကို ညှဉ်းဆဲရာရောက်သလား၊<mark>သူတစ်ပါးကို</mark> ညှဉ်းဆဲရာ ရောက်သလား ၊ ၂-ဦးလုံးကို ညှဉ်းဆဲရာ ရောက်သလား၊ မကောင်းသော အကုသိုလ်မှုဖြစ်၍ ဒုက္خအကျိုး<mark>ပွားတိုး</mark>စေသလား”ဟု စဉ်းစားပါ။

ထိုသို့ပြန်၍ စဉ်းစားသောအခါ“မိမိကိုဖြစ်စေ,<mark>သူတစ်ပါးကို</mark> ဖြစ်စေ, ၂-ဦးလုံးကို ဖြစ်စေ ညှဉ်းဆဲရာ ရောက်နေသည်၊ မကောင်းသော အကုသိုလ်မှုဖြစ်၍ ဒုက္ခအကျိုး<mark>ပွားတိုး</mark>စရာ ရှိသည်”ဟု သိလျှင် ထိုကိုယ်ဖြင့် ပြုမိခဲ့သောအမှုကို(ဖုံးမထား

## PAGE 150

ဘဲ) ဆရာသမား အထံ၌ ဖြစ်စေ, တတ်သိ နားလည်သော (<mark>သီတင်းသုံးဖော်</mark>) မိတ်ဆွေအထံ၌ ဖြစ်စေ ထင်ရှားအောင် ပြောပေးပါ၊ ထိုသို့ဖွင့်ဖော်ပြောပြပြီးနောက် ထိုအမှုမှားမျိုး ကို <mark>နောင်တစ်ဖန်</mark> မပြုမိအောင် စောင့်စည်းပါ။

မိမိပြုခဲ့သော အမှုကို ပြန်၍ စဉ်းစားသောအခါ – မိမိကို၎င်း <mark>သူတစ်ပါးကို၎င်း</mark> ၂-ဦးလုံးကို၎င်း ညှဉ်းဆဲရာ မရောက်၊ ကောင်းသော ကုသိုလ်အလုပ်ဖြစ်၍ သုခအကျိုး<mark>ပွားတိုး</mark>ဘွယ်သာရှိသည်” ဟု သိလျှင် မိမိပြုခဲ့သော အလုပ်ကို တွေးဆင်ခြင်၍ ကြည်ရွှင်ဝမ်းမြောက်သော စိတ်ဖြင့် နေ့ရော ညဉ့်ပါ ကုသိုလ်တရားတို့၌ တိုးပွားအောင် ကျင့်ပါ။

#### အမှာ။ 
။နှုတ်မှုဆိုင်ရာ ဝစီကံ, စိတ်မှုဆိုင်ရာ မနောကံတို့၌ ဤကာယကံကို ဆင်ခြင်စဉ်းစားသကဲ့သို့ မပြုခင်ပြုတုန်း ပြုပြီး ၃-ဌာနတို့၌ ဆင်ခြင်စဉ်းစား၍ အကုသိုလ်ဖြစ်မည့်အရာ၌ မပြောဘို့ မကြံဘို့ တားမြစ်၍ ကုသိုလ်ဖြစ်မည့်အရာ၌သာ ပြောဘို့ ကြံဘို့ ဩဝါဒပေးတော်မူသည်။

#### ရှေး ခု နောင်ခါ ဤနည်းသာ

ရာဟုလာ….မိမိ၏ ကိုယ်မှု နှုတ်မှု စိတ်မှုကို သန့်ရှင်းအောင် ပြုခဲ့သော ရှေးရှေးက ရဟန်းပုဏ္ဏားတို့သည် ဤနည်းအားဖြင့် ( မပြုခင်- ပြုတုန်း- ပြုပြီး အချိန်မှာ ဆင်ခြင် စဉ်းစားသော အားဖြင့်) သန့်ရှင်းအောင် ပြုခဲ့ကြသည်၊ နောက်နောက်အခါ မိမိ၏ ကိုယ်မှု နှုတ်မှု စိတ်မှု တို့ကို သန့်ရှင်းအောင် ပြုကြမည့် ရဟန်းပုဏ္ဏားတို့လည်း ဤနည်းအားဖြင့် သန့်ရှင်းအောင် ပြုကြလိမ့်မည်၊ ယခုအခါ မိမိ၏ ကိုယ်မှု နှုတ်မှု စိတ်မှုတို့ကို

## PAGE 151

သန့်ရှင်းအောင်ပြုနေသော ရဟန်းပုဏ္ဏားတို့လည်း ဤနည်းအားဖြင့် သန့်ရှင်းအောင် ပြuနေကြသည်။

ထို့ကြောင့် <mark>အသင်ရာဟုလာလည်း</mark> “မပြုခင် ပြုတုန်း ပြုပြီး ၃-ဌာန၌ စဉ်းစဉ်းစားစား သတိထားလျက် ကိုယ်မှု နှုတ်မှု စိတ်မှုကို သန့်ရှင်းအောင် ပြုမည်”ဟု အလေ့အကျင့်ပြုရမည်။ ဤသို့ ၇-နှစ်သားအရွယ် ငယ်သေးသော ရှင်ရာဟုလာအား သူ့အရွယ်နှင့် တန်ရုံဖြစ်သော ဩဝါဒကို ပေးတော်မူသည်။

### ရှင်ရာဟုလာ သဘောကောင်းပုံ

ရှင်ရာဟုလာသည် အမျိုးအားဖြင့် မင်းမျိုးအစစ်မှာ ဖွားမြင်ခဲ့၏၊ မိမိကိုယ်တိုင်လည်း စကြာမင်းဖြစ်လောက်သော ဘုန်းကံပါရှိ၍ ရုပ်အဆင်းအားဖြင့် ကြော့ရှင်းခန့်ညား အများ ကြည်နူးလောက်အောင် ကျက်သရေကို ဆောင်၏၊ ရှင်သာမဏေဘဝသို့ ရောက်လာသောအခါ ဗုဒ္ဓမြတ်စွာ၏ ရင်သွေးတော်ရတနာဖြစ်သောကြောင့်လည်း ရဟန်းတော်အများပင် လေးစားမြတ်နိုးကြရုံမက ကောသလမင်း အနာထပိဏ် ဝိသာခါ စသော မင်းပိုင်း သူဌေး သူကြွယ်ပိုင်းကလည်း ကိုင်းရှိုင်း ကြည်ညို ရိုသေ ချစ်ခင်ကြလေသည်၊ ဤအခြေအနေကို ဆင်ခြင် စဉ်းစားလျှင် စိတ်ကြီးဝင်စရာ ဟันကြီး ပန်ကြီး လုပ်ချင်စရာ ลွန်စွာကောင်းပါသော်လည်း စိတ်ကြီး မဝင်သည့်ပြင် နူးညံ့ပြော့ပျောင်း၍ အလွန် စိတ်သဘော ကောင်းသည်။

## PAGE 152

ရဟန်းတော်များသည် ရှင်ရာဟုလာ သဘောကောင်းကြောင်း ကျော်ကြားလှသဖြင့် စမ်း၍ ကြည့်လိုရကား ရှင်ရာဟုလာ လာနေတာကို အဝေးကမြင်လျှင် သူလာမည့် လမ်း၌ တံမြက်စည်းကိုဖြစ်စေ အမှိုက်ကျုံးတောင်းကိုဖြစ်စေ ပစ်ထားကြ၏၊ ရှင်ရာဟုလာ လွန်သွားသောအခါ <mark>တစ်ပါးပါးက</mark> “ဒီ တံမြက်စည်းကို လမ်းမှာ ဘယ်သူထားသလဲ”ဟု မေးလျှင် အခြား ရဟန်းများက “ရှင်ရာဟုလာတော့ ဒီလမ်းက လာတာဘဲ”ဟု ပြောကြကုန်၏။

ထိုစကားကို ကြားလျှင် “တပည့်တော် မသိဘူး၊ တပည့်တော် မထားဘူး”ဟု ငြင်းမနေဘဲ ထိုတံမြက်စည်းကို သိမ်းဆည်း၍ ရဟန်းတော်များကို “သည်းခံကြပါဘုရား”ဟု တောင်းပန်၍ သွားရှาသေးသည်၊ ဤမျှလောက် စိတ်သဘော ကောင်းသော ရှင်ရာဟုလာသည် ရဟန်းဖြစ်သောအခါ တစ်ဝါမျှ မရသေးခင် ရဟန္တာ ဖြစ်လေသည်။

#### မှတ်သားဘွယ်

ကိုရင်များ … ဘုရားသားတော် ရှင်ရာဟုလာရဲ့ ဝတ္ထုကြောင်းကို ဖတ်ပြီးတဲ့အခါ ကိုရင်တို့အတွက် “ဘာများ မှတ်သားစရာ ပါသလဲလို့” စဉ်စားကြစမ်းပါ။

၁။ ကိုရင်ရာဟုလာကလေးဟာ ၇-နှစ်အရွယ် ငယ်ငယ်ကလေးနှင့် ကမ္မဋ္ဌာန်းကျောင်းကလေးမှာ တစ်ပါးတည်း နေတယ် မဟုတ်လား၊ ဒါ့ကြောင့် ကိုရင်တို့လည်း တစ်ပါးတည်း အေးအေးဆေးဆေးနေ၍ စာကို တိုးတိုး

## PAGE 153

အံတတ်အောင် တရားအားထုတ်၍ နေတတ်အောင် ကြိုးစားကြပါ။

၂။ စာကို တိုးတိုး အံခြင်းဖြင့် မိမိ သမာဓိကို <mark>တိုးပွားစေ</mark>နိုင်၏၊ စာကြည့်, စာချ တရားနှလုံးသွင်းနေသော အခြား ပုဂ္ဂိုလ်များကိုလည်း သမာဓိ မပျက်စေနိုင်ပါ၊ ယဉ်ကျေးသော စာသင်ကျောင်းတို့၌ စာကို တိုးတိုး အံကြရပါသည်။

၃။ ဗုဒ္ဓမြတ်စွာသည် သားတော် ရာဟုလာကို မုသားပြောတတ်တဲ့အရွယ်မှာ မုသား မပြောမိဘို့ရန် အထူး ဆုံးမတော်မူတယ်၊ ဒါ့ကြောင့် ကိုရင်တို့လည်း မုသားမပြောမိအောင် အထူးသတိထားကြပါ၊ မုသားပြောတဲ့ ကိုရင်ဟာ လိင်ကျတယ်၊ လိင်ကျလျှင် လူနဲ့မထူးတော့ဘူး။

၄။ “<mark>အလုပ်တစ်ခုခု</mark> ပြုမည်ကြံလျှင် မိမိကိုဖြစ်စေ <mark>သူတစ်ပါး</mark>ကို ဖြစ်စေ နှိပ်စက်ရာမရောက်မှ ( ဒုက္ခ မပေးမှ) ပြuရမည်”ဟူသော ဘုရားအမိန့်တော်ကို လေးစားသော အားဖြင့် ကိုရင်တို့လည်း သူများဒုက္ခပေးမည့် အလုပ်, မိမိကို ပြန်ပြီး ဒုက္ခပေးမည့်အလုပ်ကို မပြုမိကြပါစေ နှင့်၊ ကိုရင် ရာဟုလာကလေးမှာ စိတ်ကောင်း နှလုံးကောင်း ရှိသလို ကိုရင်တို့လည်း စိတ်ကောင်း နှလုံးကောင်းရှိအောင် ကြိုးစား၍ ဆရာတို့ ဆုံးမသမျှကို လိုက်နာကြပါ။

၅။ အမျိုးကောင်း၍ ဖြစ်စေ မိဘက ပစ္စည်းဥစ္စာ ပေါ၍ ဖြစ်စေ ဉာဏ်ပညာထက်၍ဖြစ်စေ(ရှင်ရာဟုလာကဲ့သို့) မာန်မာန မရှိစေဘဲ ကိုယ့်အောက်ကျသူများကို ညှာ

## PAGE 154

တာ၍ မိမိကိုယ်ကို“ရှင်ရာဟုလာ၏ ညီတော်တပါး”ဟု ဆိုရလောက်အောင် သာသနာ့ကျက်သရေကို ဆောင ကြပါ။

**ရှင်ရေဝတ အကြောင်း**

**မယ်တော်ကြီး စဉ်းစားခြင်း။** ။အရှင် သာရိပုတြာ မထေရ်မြတ်မှာ ညီအစ်ကို မောင်နှမ ၇-ယောက် ရှိ၏၊ “စုန္ဒ, ဥပသေန” ဟူသော ညီတော် ၂-ယောက်နှင့် “စာလာ, ဥပစာလာ, သီသုပစာလာ” မည်သော နှမတော် ၃-ယောက်တို့သည် ရဟန်းပြု၍ ရဟန္တာ ဖြစ်နှင့်ကြလေပြီ၊ “ရေဝတ” မည်သော အငယ်ဆုံး ညီတော်<mark>တစ်ယောက်</mark>သာ လူ့ဘောင်၌ ကျန်တော့၏၊ မယ်တော်ပုဏ္ဏေးမကြီးကား ထိုအချိန်မှာ ဗုဒ္ဓဘာသာ မဖြစ်သေး၊ ထို့ကြောင့် သူ၏ ရှစ်ဆယ့် ခုနစ်ကုဋေသော ဥစ္စာတွေကို အမွေခံရစ်မည့်သူ မရှိမည်စိုးသောကြောင့် အငယ်ဆုံးသားကို ၇-နှစ်အရွယ်ကပင် လက်ထပ်<mark>ထားရန်</mark> ကြံစည်လေသည်။

**လက်ထပ်ခြင်း။** ။ထို့နောက် အခြား<mark>တစ်ရွာ</mark>၌ရှိသော အမျိုးအဆွေ ဇာတ်ချင်းတူသော <mark>သတို့သမီးကလေး</mark> <mark>တစ်ယောက်</mark>၏ မိဘများထံ လက်ထပ်ဘို့ရန် ပြောဆို၍ လက်ထပ်မည့်နေ့ ရောက်သောအခါ ရေဝတ သတို့သားကို အဝတ်တန်ဆာ ဆင်ပြီးလျှင် ထိုရွာသို့ သွားကြလေသည်။
လက်ထပ်ခြင်းကိစ္စပြီးသောအခါ အသက်<mark>တစ်ရာ့နှစ်ဆယ်</mark>ရှိသော အဖွားကြီးကို <mark>သတို့သမီးကလေး</mark>အား ကန်တော့ခိုင်း၍ “ဤဖွားဖွားကြီးကဲ့သို့ အသက်ရာကျော် ရှည်ပါစေ” ဟု ဆွေမျိုးအားလုံးက ဝိုင်း၍ ဆုတောင်းကြလေသည်။

## PAGE 155

[ရုပ်ပုံ]
အဖွားကြီးနှင့် <mark>သတို့သမီး</mark>ကို နှိုင်းယှဉ်၍ ရေဝတ သတို့သား စဉ်းစားနေပုံ။

## PAGE 156

**ရှင်ရဟန်းပြုလိုခြင်း။** ။ထိုဆုတောင်းသံကို ကြားerသော သတို့သား ရေဝတသည် <mark>သတို့သမီးကလေး</mark>နှင့် အသက်<mark>တစ်ရာ့နှစ်ဆယ်</mark> အဖွားကြီးကို နှိုင်းယှဉ်၍ ကြည့်မိ၏၊ အဖွားကြီးကား သွားကျိုး ဆံဖြူ နားအူ မျက်စိမဲ့၍ အသားအရေများလည်း တွန့်တွဲနေလေပြီ၊ နုနုဖပ်ဖပ် ၇-နှစ် သမီးကလေး၏ ဒီအဖွားကြီးကဲ့သို့ အိုရမည့်အရေးကို တွေးမိကာ လွန်စွာ စိတ်ပျက်လေသည်၊ ငါ၏ <mark>နောင်တော်</mark>ကြီးသည် “ဤကဲ့သို့ အိုမင်းရွတ်တွ ဖြစ်ကြရ<mark>ဦး</mark>မည့် အကြောင်းကို ကောင်းကောင်းသိလို့သာ ဒီလို လက်ထပ်မှုကို စောစောကြီး စွန့်သွားတာ ဖြစ်လိမ့်မည်” ဟု တွေးကာ <mark>နောင်တော်</mark> <mark>အမတော်များကို</mark> လွမ်းဆွတ်သည့် အသွင်ဖြင့် ရဟန်းပြုလုပ်ချင်သောဆန္ဒ ပြင်းပြစွာ ဖြစ်လာလေသည်။

**ထွက်ပြေးခြင်း။** ။ထို့နောက် <mark>သတို့သမီး</mark>ကို လှည်းယာဉ်ပေါ်တင်၍ သတို့သားနှင့်အတူ နေရပ်သို့ <mark>ခေါ်ယူလာသောအခါ</mark> သတို့သားသည် (ကျင်ကြီးကျင်ငယ်စွန့်လိုသည့် ဟန်ဖြင့်) လှည်းပေါ်မှဆင်း၍ ချုံကွယ်ရာသို့သွား၏၊ အတော်ကြာမှ ချုံကထွက်၍ လှည်းပေါ်တက်၏၊ ဤနည်းအားဖြင့် (ဓာတ်ပျက်သော ရောဂါ ဖြစ်သည့်ပမာ) မကြာမကြာ ဆင်း၏၊ နောက်ဆုံး၌ကား “လှည်းကို မောင်းနှင့်ကြ၊ လိုက်ခဲ့မည်ဟု” ပြော၍ ဆင်းပြန်၏၊ ဆွေမျိုးများလည်း စိတ်ချ၍ လှည်းကို ခပ်ဖြည်းဖြည်း မောင်းနှင်သွားကြ၏၊ သတို့သားသည် အခွင့်ကောင်းရသဖြင့် ရဟန်းတော်များ နေထိုင်ရာ ကျောင်းသို့ ထွက်ပြေး၍ အရှင်သာရိပုတြာ၏ ညီတော် ဖြစ်ကြောင်း ရှင်သာမဏေပြုလိုကြောင်း လျှောက်လေသည်။

## PAGE 157

**ရှင်ပြုပေးကြခြင်း။** ။ <mark>အရှင်သာရိပုတြာ</mark>သည် စောစောကပင် “မိမိဆွေမျိုးများသည် မိစ္ဆာဒိဋ္ဌိ ဖြစ်သောကြောင့် <mark>တစ်ယောက်တစ်လေ</mark> ရှင်ရဟန်းပြုဘို့ ခွင့်တောင်းလာလျှင် သူတို့မိဘကို ခွင့်ပန်နေဘွယ် မလိုပါ၊ မိမိသည်ပင် မိဘဖြစ်ပါသည်” <mark>ဟု</mark> ရဟန်းများအား ပြောထားပြီးဖြစ်၏၊ ထို့ကြောင့် ရဟန်းတော်များသည် <mark>အရှင်သာရိပုတြာ</mark>၏ ညီငယ်<mark>ဟု</mark> ကြားသည်နှင့် <mark>တစ်ပြိုင်နက်</mark> ဝမ်းသာအားရ ရှင်သာမဏေ ပြုပေးကြလေသည်။

**ရဟန္တာဖြစ်ခြင်း။** ။ ကိုရင် ရေဝတသည် ရှင်သာမဏေပြုပြီးနောက် မိဘများ လိုက်ရှာလျှင် သွားမည် စိုးသောကြောင့် ရဟန်းများထံ ကမ္မဋ္ဌာန်းအစီအစဉ်ကို သင်ယူကာ ထိုနေရာမှ အလွန်ဝေးကွာသော ရှားတောသို့ ကြွသွား၍ တရားအားထုတ်လေရာ, ဝါလမကျွတ်မီအတွင်း၌ ရဟန္တာ ဖြစ်လေသည်၊ ဤသို့ ၇-နှစ်အရွယ် သာမဏေငယ် ရှင်ရေဝတသည် ရဟန္တာဖြစ်၍ ဝါကျွတ်လတ်သော် ဘုရားရှင်နှင့် <mark>အရှင်သာရိပုတြာ</mark>တို့သည် ရဟန်းတော်ငါးရာနှင့်အတူ သာမဏေ ရှင်ရေဝတ၏နေရာ ရှားတောကမ္မဋ္ဌာန်းကျောင်းသို့ ကြွတော်မူကြလေသည်။

#### မှတ်သားဘွယ်
ကိုရင်များ…. <mark>အရှင်သာရိပုတြာ</mark>၏ ညီတော် အငယ်ဆုံး ရှင်ရေဝတ၏ ဝတ္ထုကြောင်းကို ဖတ်ပြီးသောအခါ ကိုရင်တို့အတွက် “ဘာများ မှတ်သားစရာ ပါသလဲ” လို့ စဉ်းစားကြစမ်းပါ။

## PAGE 158

၁။ မိဘများဟာ သူတို့ပစ္စည်းကို အမေ့ခံမည့်သူ မရှိရစ်မှာ စိုးလို့ သားကောင်း ကလေးများကို ရဟန်းမပြုစေချင်တဲ့ အကြောင်း တွေ့ရတယ် မ<mark>ဟု</mark>တ်လား၊ ဒါပေမဲ့ ယခုအခါ အိမ်မှာ အသုံးကျပုံ မရတဲ့ အဖျင်း အအ သားကိုတော့ ရဟန်းပြုစေချင်ကြပါတယ်။

၂။ <mark>အရှင်သာရိပုတြာ</mark>လို သာသနာတော် ဂုဏ်ရှိစေလိုသော ရဟန်းတော်များကလဲ ဉာဏ်နဲ့ လုံ့လဝီရိယနဲ့ ပြည့်စုံသော အမျိုးသားကလေးများကိုသာ ရဟန်း သာမဏေဖြစ်စေချင်ကြတယ်၊ ဒါမှ သာသနာတော် အဆင့်အတန်း မြင့်မယ်။

၃။ သတို့သားရေဝတက အဖွားကြီးနှင့် သူငယ်မကို နှိုင်းယှဉ်ကြည့်ပြီး စိတ်ပျက်တယ်မ<mark>ဟု</mark>တ်လား၊ လောကကြီးဟာ စိတ်ပျက်စရာချည်းဘဲ၊ အသက်မရှည်ဘဲ သန်သန်မာမာ အရွယ်၌ သေတော့လဲ ကုသိုလ်နဲလို့ အသက်ငယ်ငယ်နဲ့ သေရသတဲ့၊ ကုသိုလ်ကောင်းလို့ အသက်ကြီးကြီး နေရပြန်တော့လဲ သွားကျိုး ဆံဖြူ နားအူ မျက်စိမဲ့ အသားအရေတွေ တွန့်တွဲ၍ မစားနိုင် မအိပ်နိုင်အောင် အိုခြင်း ဆင်းရဲကို ခံရပြန်တယ်၊ ဒီတော့ လောကကြီး <mark>တစ်ခုလုံး</mark> ကိုက မကောင်းလောက ဖြစ်သည့်အတွက် ငယ်ငယ် သေရလဲ မကောင်း၊ ကြီးအောင် နေရလဲ မကောင်းဘူး။

၄။ ဒါကြောင့် ကိုရင်များလဲ ကိုရင်ရာ<mark>ဟု</mark>လာ ကိုရင်ရေဝတ တို့ကို အားကျပြီး သူတော်ကောင်းလိုနေ၍ သူတော်ကောင်းလို သေရတာဟာ အမြတ်ဆုံးလို့မှတ်ထားကြပါ။

## PAGE 159

#### ရှင်ပဏ္ဍိတ အကြောင်း

**မဟာဒုဂ်။** ။ ကဿပမြတ်စွာဘုရားလက်ထက်တော်၌ အလွန်ဆင်းရဲလှသဖြင့် <mark>“မဟာဒုဂ္ဂတ</mark> (မဟာဒုဂ်)” <mark>ဟု</mark> ထင်ရှားသော သူဆင်းရဲ<mark>တစ်ယောက်သည်</mark> ကဿပဘုရားရှင် ငါးကြင်းသားဖြင့် ဆွမ်းလှူရသော ကောင်းမှုကြောင့် ထိုဘဝမှာပင် သူဌေးကြီးဖြစ်ရသည့်တိုင်အောင် ကောင်းမှု၏ အကျိုးကို ခံစားရလေသည်။

**ဒါနရှင်သန္ဓေတည်ပုံ။** ။ <mark>တစ်ဘဝလုံး</mark> အလှူဒါနပြုကာ စုတေသေသောအခါဝယ် နတ်ပြည်သို့ ရောက်လေသည်၊ နတ်ပြည်၌ အကြိမ်ကြိမ် အဖန်ဖန် ဖြစ်ပြီးနောက် ငါတို့၏ ဘုရားလက်ထက်တော်သို့ ရောက်သောအခါ သာဝတ္ထိတော်ဝယ် <mark>အရှင်သာရိပုတြာ</mark>ကို ကိုးကွယ်သော သူဌေးမျိုး၌ပင် ပဋိသန္ဓေတည်နေလာလေသည်။

**မိခင် ချင်ခြင်းဖြစ်ပုံ။** ။ <mark>ထိုသူငယ်</mark> ကိုယ်ဝန်ရှိနေစဉ် မိခင် အမျိုးသ္မီးသည် <mark>အရှင်သာရိပုတြာ</mark> နှင့်တကွ သံဃာတော်ငါးရာကို ငါးကြင်းသားဟင်းဖြင့် ဆွမ်းကပ်ပြီးလျှင် မိမိကိုယ်တိုင်လည်း သင်္ကန်းရောင်အဝတ်ကိုဝတ်၍ သံဃာတော်များ၏ အစွန်ဆုံးနေရာ၌နေကာ ဆွမ်းအကျန်ကို စားလိုသောဆန္ဒ ပြင်းပြစွာ ဖြစ်လေသည်။ [ထိုပြင်းပြသော အလိုဆန္ဒကို “ချင်ခြင်း” <mark>ဟု</mark> ခေါ်၏။]

**မောင်ပဏ္ဍိတ။** ။ <mark>ထိုဖြစ်ပုံကို</mark> မိဘများအား ပြောပြ၍ ထိုဆန္ဒအတိုင်းပင် ငါးကြင်းသားဟင်းဖြင့် ဆွမ်းကပ်ပြီးနောက် အမျိုးသ္မီးလည်း အကြွင်းအကျန်ကို စားသောက်လေသည်၊ <mark>ထိုသူငယ်</mark> ကိုယ်ဝန်တည်ချိန်မှစ၍

## PAGE 160

အိမ်သားအားလုံး အခိုင်းအစေများပါ အထူးအလိုက်သိကြ အထူးအသိဉาဏ်ရှိကြသောကြောင့် ရက် လစေ့၍ ဖွားမြင်သောအခါ သတို့သားကို “ပဏ္ဍိတ”ဟု နာမည်ပေးကြလေသည်။ [ပဏ္ဍိတ=ဉာဏ်ရှိသူ၊ ဝါ-လူလိမ္မာ။]

မိခင်သည် သားကလေးကို ချစ်လွန်းလှသဖြင့် “သား၏ အလိုဆန္ဒကို အမြဲလိုက်မည်” ဟု စိတ်ပိုင်းဖြတ်ထား၏၊ သားကလေးကိုလည်း လူကောင်းသူကောင်း ဖြစ်စေလိုသောကြောင့် ငယ်စဉ်ကပင် ငါးပါးသီလသိက္ခာပုဒ်ကို အရှင်သာရိပုတြာထံ ယူစေ၍ အရှင်သာရိပုတြာကလည်း သိက္ခာပုဒ်များကို ချပေးထားလေသည်။

#### ရှင်ပြုလိုခြင်း
ပဏ္ဍိတသတို့သားကလေးသည် အရှင်သာရိပုတြာနှင့် လွန်စွာရင်းနှီးနေရကား ၇-နှစ်အရွယ်ရှိသောအခါ ရှင်သာမဏေပြုလုပ်လိုကြောင်း မိခင်အားပြောပြလေ၏၊ မိခင်သည် သားနှင့်မခွဲလိုသော်လည်း “သား၏စိတ်ကြိုက်ကို လိုက်မည်” ဟု စိတ်ပိုင်းထားသောကြောင့် “ကောင်းပြီ, သင်္ကန်းဝတ်ရစေ့မည်” ဟု ဝန်ခံ၍ နံနက်အခါ ကြွလာသော အရှင်သာရိပုတြာအား ဆွမ်းကပ်ပြီးလျှင် “ကလေးက ရှင်သာမဏေပြုလိုသောကြောင့် ညနေကျလျှင် ကျောင်းတော်သို့ ပို့လာပါမည်”ဟု လျှောက်လိုက်လေသည်။

#### ကျောင်းပို့ခြင်း
ထို့နောက် ဆွေမျိုးတို့ကို ဖိတ်ခေါ်၍ သားငယ်အား လူ့ဘောင်၌ ပြုထိုက်သော အရေးပါမှုကို အစွမ်းကုန်ပြုပြီးလျှင် ညနေချမ်းအချိန်၌

---

## PAGE 161

ဇေတဝန်ကျောင်းတော်သို့ ပို့၍ အရှင်သာရိပုတြာထံ အပ်နှံလေသည်။

#### အမှာ
ကျမ်းဂန်၌ “မည်ကဲ့သို့ အရေးပါသည်” ဟု သေချาစွာ မပြသော်လည်း ဝတ်ကောင်းစားကောင်း ဆင်ပြင် ကျွေးမွေးခြင်း [ဂိဟိကာလေ ကတ္တဗ္ဗသက္ကာရံ အဇ္ဇေဝ ကရိဿာမ = လူ့ဘောင်၌ ပြုထိုက်သော သက္ကာရကို <mark>တစ်နေ့တည်း</mark>ဖြင့် အပြီးပြုမည်ဟု ဆိုလိုဟန် တူသည်။]

#### ရှင်သာမဏေပြုခြင်း
ကျောင်းတော်သို့ ရောက်လာသောအခါ တစပဉ္စက ကမ္မဋ္ဌာန်းကို ပြောပြ၍ ထို ကမ္မဋ္ဌာန်းကို ဆင်ခြင်စေလျက် ခေါင်းရိတ်ပေးကာ ရှင်သာမဏေပြုပေးတော်မူလေသည်။ <mark>ရှင်ပြုဖို့</mark> ခေါင်းရိတ်ခါနီး၌ တစပဉ္စက ကမ္မဋ္ဌာန်းကို ထို ရှေးခေတ်ကပင် သင်ပေးလေ့ရှိသည်။

#### အလှူပေးခြင်း
မိဘတို့ကလည်း ၇-ရက်ပတ်လုံး ဇေတဝန်ကျောင်းတိုက်မှာပင် နေလျက် ဘုရားအမှူးရှိသော သံဃาတော်တို့အား ငါးကြင်းသားဟင်းဖြင့် ဆွမ်းကပ်ပြီးမှ အိမ်သို့ ပြန်ခဲ့ကြလေသည်။ [မိဘတို့ မပြန်ခင် ၇-ရက်အတွင်း၌ ရှင်ပဏ္ဍိတကလေးမှာ စိတ်နေစိတ်ထား ပြုပြင်နည်းများ အတော်ရပြီး ဖြစ်နေလောက်ပေပြီ။]

#### ရေတွေကို မေးခြင်း
ရှစ်ရက်မြောက် နံနက်၌ အရှင်သာရိပုတြာသည် ၇-နှစ်သားအရွယ် ပဏ္ဍိတသာမဏေငယ်နှင့် အတူ ဆွမ်းခံ ကြွတော်မူလေသော် လမ်းခရီးအကြား၌ ရေမြောင်း <mark>တစ်ခု</mark>ကို <mark>ကိုရင်</mark>ပဏ္ဍိတ မြင်၍

---

## PAGE 162

“အရှင်ဘုရား....ဒီဟာကို ဘာခေါ်ပါသနည်း”ဟု မေးလေသည်။

**အရှင်သာရိပုတြာ**။ ။ရေမြောင်းခေါ်တယ်, <mark>ကိုရင်</mark>။
**<mark>ကိုရင်</mark>**။ ။ဒီရေမြောင်းနဲ့ ဘာလုပ်ကြရပါတုန်း အရှင်ဘုရား။
**အရှင်**။ ။ဒီရေမြောင်းက ရေတွေကို လယ်ထဲသို့ သွင်းယူပြီး လယ်လုပ်ကြရတယ် <mark>ကိုရင်</mark>။
**<mark>ကိုရင်</mark>**။ ။အဲဒီရေတွေဟာ လူတွေလို စိတ်ရှိပါသလား။
**အရှင်**။ ။စိတ်မရှိဘူး <mark>ကိုရင်</mark>။
**<mark>ကိုရင်</mark>**။ ။ဒီလို စိတ်မရှိတဲ့ရေကို ကိုယ်လိုချင်ရာယူလို့ ရနိုင်ပါသလား အရှင်ဘုရား။
**အရှင်**။ ။အေး ရနိုင်တာပေါ့, <mark>ကိုရင်</mark>။

ဤသို့ မေးမြန်းပြီးနောက် <mark>ကိုရင်</mark>ပဏ္ဍိတ စဉ်းစားသည်မှာ- “စိတ်မရှိတဲ့ ရေတောင် ကိုယ်လိုချင်တဲ့နေရာ ယူဆောင်လို့ရသေးလျှင် စိတ်ရှိတဲ့လူတွေဟာ ဘာပြုလို့ ကိုယ့်သဘောကျသလိုထား၍ တရားအားမထုတ်နိုင်ဘဲ ရှိရမှာလဲ” ဤသို့ စဉ်းစားမိလေသည်။

#### မြှားဖြောင့်ပုံကို မေးခြင်း
ဤသို့ စဉ်းစားရင်း သွားပြန်သော် လေးသမားတွေ မြှားအကောက်ကို မီးကင်၍ ဖြောင့်အောင် ပြင်နေကြသည်ကို မြင်ပြန်သဖြင့် အရှင်သာရိပုတြာကို မေးပြန်လေရာ အရှင်သာရိပုတြာလည်း ကောက်သော မြှားကို ဖြောင့်အောင် ပြင်နေကြကြောင်း မိန့်တော်မူလေသည်၊ ထိုအခါ

## PAGE 163

လည်း “စိတ်မရှိသော မြှားအကောက်ကိုတောင် ဖြောင့်အောင် ပြင်လို့ရသေးလျှင် စိတ်ရှိသူ လူတွေသည် မိမိစိတ်ကို ကိုယ့်အလိုကျအောင် ထား၍ ဘာ့ကြောင့် တရားအားမထုတ်နိုင်ဘဲ ရှိရအံ့နည်း”ဟု စဉ်းစားမိပြန်လေသည်။

#### လှည်းဘီးလုပ်ပုံကို မေးခြင်း။
ဤသို့ စဉ်းစားရင်း <mark>ရှေ့သို့</mark> သွားပြန်လေသော် သစ်သားတို့ကို လှည်းဘီးလုပ်ဘို့ရန် ပြုပြင်နေသော လက်သမားတို့ကို မြင်ရပြန်၍ အရှင်သာရိပုတြာကို မေးပြန်ရာ အရှင်သာရိပုတြာလည်း အကြောင်းစုံကို မိန့်တော်မူလေသည်၊ ထိုအခါ၌လည်း “စိတ်မရှိသော သစ်သားတွေကိုပင် အမျိုးမျိုးဖြစ်အောင် ပြုပြင်၍ ရနိုင်သေးလျှင် စိတ်ရှိနေသူ လူတွေသည် မိမိစိတ်ကို ကိုယ့်အလိုကျအောင် ထား၍ ဘာ့ကြောင့် တရားအားမထုတ်နိုင်ဘဲ ရှိရအံ့နည်း”ဟု စဉ်းစားမိပြန်လေသည်။

#### ကျောင်းသို့ ပြန်ခြင်း။
ဤသို့ ၃-ကြိမ်တိုင်တိုင် စဉ်းစားမိသောအခါ တရားအားထုတ်လိုသောဆန္ဒက ပြင်းပြလှသဖြင့် အရှင်သာရိပုတြာထံ ဆွမ်းခံမလိုက်တော့ဘဲ ကျောင်းတိုက်သို့ ပြန်နှင့်ရန် ခွင့်ပန်လေသည်၊ အရှင်သာရိပုတြာမထေရ်မြတ်လည်း “ကျောင်းဆောင်အပြင်ဘက်နေလျှင် မတော်တဆ တစုံတခုဖြစ်မည်” စိုးသောကြောင့် သံကောက်ကို ပေးလိုက်၍ “ကျောင်းခန်းအတွင်းမှာ နေလေ”ဟု မှာထားပြီးမှ ပြန်လွှတ်လိုက်လေသည်၊ [ရှေးခေတ်က အတွင်း၌ရှိသော ကန့်လန့်(မင်းတုပ်)ကို ပိတ်လို ဖွင့်လိုလျှင် သံကောက်ဖြင့် လှည့်၍ ဖွင့်ရ ပိတ်ရသည်၊ ယခုခေတ် “သေ” မျိုးပင်တည်း။]

## PAGE 164

### ရှင်ပဏ္ဍိတ အကြောင်း

D

ဘုရား, သိကြား, နတ်မင်းများ အစောင့်အရှောက်ဖြင့် ကိုရင်ပဏ္ဍိတ တရား အားထုတ်နေပုံ။

## PAGE 165

#### တရားအားထုတ်ခြင်း။
ကိုရင်ပဏ္ဍိတသည် ကျောင်းတိုက်သို့ရောက်၍ အရှင်သာရိပုတြာ၏ ကျောင်းခန်းအတွင်းသို့ ဝင်ပြီးလျှင် မိမိခန္ဓာကိုယ်အတွင်း၌ (အနိစ္စ, ဒုက္ခ, အနတ္တ-ဟု ရှုဆင်ခြင်တတ်သော) ဝိပဿနာကို သွင်း၍ အပူတပြင်း ကြိုးစားလေတော့သည်။ [ထိုအချိန်မှာ ကိုရင်ကလေးသည် ဘာအစာကိုမျှ မစားရသေး၊ အရှင်သာရိပုတြာ ဆွမ်းခံပြန်မှ ဆွမ်းစားရတော့မည်၊ တရားအားထုတ်၍ မပြီးမီ အရှင်သာရိပုတြာပြန်ရောက်၍ ဆွမ်းကျွေးလျှင်လည်း တရား၏ အနှောက်အရှက်ဖြစ်ရှာတော့မည်၊ တရားရပြီးမှ ဆွမ်းစားလျှင်လည်း မွန်းလွဲသွားစရာ ရှိသည်။]

#### နတ်သိကြားတို့စောင့်ရှောက်ပုံ။
ကိုရင်ကလေး၏ တန်ခိုးအရှိန်သည် <mark>တာဝတိံသာနတ်ပြည်</mark>က သိကြားမင်းကို အသိပေးသကဲ့သို့ ဖြစ်နေ၏၊ ထို့ကြောင့် သိကြားမင်းသည် ကိုရင်ကလေး၏ အကြောင်းအရာကို ဆင်ခြင်သောအခါ တရားအားထုတ်နေပုံမှ စ၍ အလုံးစုံကို မြင်ရကား စတုမဟာရာဇ်နတ်မင်းကြီး ၄-ယောက်ကို ခေါ်၍ (အသံကြားလျှင် သမာဓိပျက်မည်စိုးသောကြောင့်) ကျောင်းအနီး၌ ငှက်သံစသည်ကို မကြားရအောင် စောင့်ရှောက်စေသည်။

ထို့နောက် မွန်းလွဲသွားမည်စိုးသဖြင့် လနတ်သားနှင့် နေနတ်သားကိုလည်း သူတို့ဗิမာန်များကို ရှေ့တိုးမသွားရအောင် စောင့်ရှောက်ကြဘို့ အမိန့်ပေး၍ မိမိကိုယ်တိုင်ကမူ ကျောင်းတံခါးပေါက် အနီးအပါး၌ ရပ်တည်ကာ သစ်ရွက်ကြွေသံကိုမျှ မကြားရအောင် စောင့်ရှောက်လေသည်။

## PAGE 166

**ဘုရားစောင့်ရှောက်ပုံ။** ။မြတ်စွာဘုရားသည် ထိုနေ့၌ ခပ်စောစော ဆွမ်းဘုဉ်းပေးတော်မူပြီးလျှင် တရားအားထုတ်နေသော ကိုရင်ပဏ္ဍိတကို ဆင်ခြင်တော်မူလတ်သော် “ယနေ့ပင် ရဟန္တာဖြစ်လိမ့်မည်” ဟု မြင်တော်မူလေသည်၊ သို့သော် အရှင်သာရိပုတြာ ပြန်လာ၍ တရားအားထုတ်နေသော သာမဏေကို ဆွမ်းကျွေးလျှင် တရားအပြီးအဆုံးမရောက်မည်ကိုလည်း မြင်တော်မူသောကြောင့် အရှင်သာရိပုတြာလာမည့် တံခါးပေါက်သို့ ကြွ၍ နေတော်မူနှင့်လေသည်။

**အရှင်သာရိပုတြာဆွမ်းခံပြန်လာပုံ။** ။အရှင်သာရိပုတြာလည်း ကိုရင်ကလေးကို ပြန်လွှတ်ပြီးနောက် ဆွမ်းခံဝင်တော်မူလေသည်၊ ကိုရင်ကလေး၏ ရှေးဘုန်းရှေးကံကြောင့် အရှင်သာရိပုတြာကို အထူးကြည်ညိုသော အိမ်၌ ငါးကြင်းသားဟင်းဖြင့် ဆွမ်းကပ်ရန် မျှော်နေစဉ် အရှင်သာရိပုတြာကို မြင်၍ ကြည်လင်ဝမ်းမြောက်စွာ ဆွမ်းကပ်လေသော် အရှင်သာရိပုတြာသည် အိမ်မှာ မဘုဉ်းပေးဘဲ ကျောင်းတော်သို့ ယူသွားမည့်အခြင်းအရာကို ပြလေသည်။

အိမ်သူအိမ်သားတို့လည်း “အရှင်ဘုရား… ဒီမှာ ဘုဉ်းပေးတော်မူပါ၊ ပြန်ကြွတော့လည်း ထည့်လိုက်ပါဦးမည်” ဟု လျှောက်ကြသဖြင့် ဘုဉ်းပေးတော်မူပြီးလျှင် နောက်ထပ် ထည့်လှူအပ်သော ငါးကြင်းသားဟင်းနှင့် ဆွမ်းကို ယူ၍ ပြန်ကြွတော်မူလာလေသော် တံခါးမုခ်ပေါက်၌ ဘုရားရှင်နှင့် တွေ့သဖြင့် ရုတ်တရက် ရှေ့တိုး၍ မကြွသာဘဲ ဖြစ်ရလေသည်၊

## PAGE 167

ကိုရင်ပဏ္ဍိတလည်း ထိုအချိန်မှာ သောတာပန် သကဒါဂါမ် အနာဂါမ်တိုင်အောင် ဖြစ်ပြီး၍ ရဟန္တာဖြစ်အောင် ကြိုးစားနေခိုက် ဖြစ်လေသည်။

**ရဟန္တာဖြစ်ခြင်း။** ။ထို့ကြောင့် ဘုရားရှင်သည် အရှင်သာရိပုတြာ မကြွသာအောင် အချိန်ဆွဲထားတော်မူလို၍ ပြဿနာ ၄-ရပ်ကို မေးတော်မူလေသည်၊ အရှင်သာရိပုတြာလည်း (ဘုရားနှင့် စပ်လာလျှင် အောင်မြင်မည်သာဟု ယုံကြည်ရင်းစွဲရှိသောကြောင့်) ဘုရားမေးအပ်သောပြဿနာ ၄-ရပ်ကို ဖြည်းဖြည်းပင် ဖြေဆိုတော်မူလေ၏၊ ထိုပြဿနာကို ဖြေဆို၍ ပြီးချိန်မှာပင် ကိုရင်ကလေးလည်း ရဟန္တာဖြစ်လေသည်၊ ထုံးစံအတိုင်းဆိုလျှင် ထိုအချိန်မှာ မွန်းလွဲလောက်ပြီ၊ သို့သော် နေနတ်သားနှင့် လနတ်သားတို့က နေဗိမာန်နှင့် လဗိမာန်ကို တားထားသောကြောင့် မွန်းမလွဲသေး။

**ဆွမ်းကျွေးခြင်း။** ။အရှင်သာရိပုတြာလည်း ဘုရားထံမှ သွားခွင့်ရ၍ ကျောင်းသို့သွားပြီးလျှင် ကျောင်းတံခါးကို ခေါက်လိုက်ရာ ပွင့်သစ်စ ပဒုမ္မာကြာပန်း အသွင် အလွန်ကြည်လင်စွာ ထွက်လာသော ၇-နှစ်အရွယ် ရဟန္တာ သာမဏေငယ်ကို မြင်ရ၍ ရွှင်ပျသော မိဘသဘွယ် သာမဏေကို ယုယစွာ ဆွမ်းကျွေးတော်မူသည်၊ ကိုရင်ကလေး ဆွမ်းစားပြီးလျှင် ပြီးခြင်း လနေတို့ကို ဆိုင်ရာ နတ်သားတို့က လွှတ်လိုက်သောအခါ အတော်မွန်းလွဲသောအချိန်သို့ ရောက်ပြီးဖြစ်လေသည်။

## PAGE 168

### မှတ်သားဘွယ်

ကိုရင်များ.. ပဏ္ဍိတသာမဏေရဲ့ ဝတ္ထုကြောင်းကို ဖတ်ပြီးတဲ့အခါ ကိုရင်တို့အတွက် “ဘာတွေ မှတ်စရာ ပါသလဲ” စဉ်းစားကြစမ်းပါ။

၁။ မဟာဒုဂ်ဘဝတုန်းက ငါးကြင်းသားဟင်းနဲ့ ဆွမ်းကပ်ခဲ့လို့ ဒီဘဝမှာ နေရာတိုင်း၌ ငါးကြင်းသားဟင်း အကျိုးပေးတယ် မဟုတ်လား။

၂။ ရှေးက ကုသိုလ်ကံပါလာလို့ သူဌေးမျိုးမှာ ဖြစ်ပြီး ဉာဏ်ပညာနှင့် စဉ်းစားဉာဏ်လဲ အရာရာမှာ ထက်တယ်။

၃။ ရှေးဘုန်းရှေးကံ ပါလို့ တရားအားထုတ်တဲ့ နေရာမှာ တောင် နတ်သိကြားတို့သာမက ဘုရားရှင်၏ စောင့်ရှောက်တော်မူခြင်းကို ခံရတယ်။

၄။ ဒါလောက် အဆင့်အတန်းမြင့်တဲ့ ကိုရင်ပဏ္ဍိတ ရှင်ပြုတုန်းက (ယခုကာလလို) မဏ္ဍပ်ကြီးလဲ မထိုးခဲ့ရ၊ ဘိသိက်လဲ မခံခဲ့ရ၊ ဒါပေမဲ့ ၇-နှစ်သားအရွယ် ငယ်ငယ်ကလေးနဲ့ ရဟန္တာဖြစ်ရတယ်။

၅။ ကိုရင်ပဏ္ဍိတကို အားကျပြီးတော့ ကိုရင်တို့လဲ ကုသိုလ်များများ ပြုကြပါ၊ ကိုရှင်များနှင့် ထိုက်တန်သော ကမ္မဋ္ဌာန်းတမျိုးမျိုးကို နေ့စဉ် ကြိုးစားကြပါ။

**ရှင်သာမဏေကလေးများဝတ္ထု ပြီး၏။**

## PAGE 169

### ဆရာများအတွက် မှတ်ဘွယ်
#### သင်္ကန်းဝတ်ခြင်းနှင့် စပ်၍ မှတ်ဘွယ်

**ဥပဇ္ဈာယ်ဆရာ အင်္ဂါ။** ။ဥပဇ္ဈာယ်ပေး၍ တပည့် ပရိသတ်ကို မွေးမြူသော ဆရာသည် <mark>၁-ဆယ်ဝါ</mark> ရပြီးဖြစ်ခြင်း၊ ၂-ဘိက္ခုဝိဘင်း ဘိက္ခုနီဝိဘင်းဟု ခေါ်သော (ပါတိမောက် သိက္ခာပုဒ်များကို အကျယ်ဖွင့်ပြသော) ဝိဘင်း ၂-မျိုးကို တတ်သိ နားလည်ခြင်း၊ ၃-ကံကြီး ကံငယ်ပြုလုပ် နည်းကို နားလည်ခြင်း၊ ၄-မဟာဝါ စူဠဝါခန္ဓက၌ သိက္ခာပုဒ်များကို နားလည်ခြင်း၊ ၅-နာမ်တရား ရုပ်တရားတို့ကို ဟောပြောနိုင်ခြင်း ဤသို့ အင်္ဂါ ၅-ပါးနှင့် ပြည့်စုံစေရသည်၊ ဤအင်္ဂါ ၅-ပါးနှင့် ပြည့်စုံသော ပုဂ္ဂိုလ်သာ ဥပဇ္ဈာယ်ဆရာ ဂုဏ်အင်္ဂါနှင့် ညီညွတ်သည်။

[ ဆောင် ]
ဆယ်ဝါပြည့်တင်း ဝိဘင်း ၂-ဖြာ
ကမ္မာကမ္မ ခန္ဓကပုဒ်
နာမ်ရုပ်ပိုင်ပိုင် ဟောပြနိုင်
ကျောင်းထိုင် ငါးအင်္ဂါ။

**ရှင်သာမဏေ ဝတ်ပေးမှု။** ။ရှင်သာမဏေ ပြုပေးရာ၌ ၁-ခေါင်းရိတ်မှု၊ ၂-သင်္ကန်း ဝတ်ပေးမှု၊ ၃-သရဏဂုံပေးမှု ဤ ၃-ခုလုံးကို “ရှင်ပြုပေးခြင်း” ဟု ခေါ်၏၊ [ “**ကေသစ္ဆေဒန ကာသာယစ္ဆာဒန သရဏဒါနာနိ ပဗ္ဗာဇနံ နာမ**”-ဝိမတိဋီကာ ပဗ္ဗဇ္ဇခန္ဓက။ ] ထိုကိစ္စ ၃-မျိုးလုံးကို ဥပဇ္ဈာယ်ကိုယ်တိုင် တတ်နိုင်လျှင် ကိုယ်တိုင် ပြုသင့်၏၊ အခြားကိစ္စများသဖြင့် အားလပ်ခွင့် မရလျှင်လည်း ရဟန်းငယ် <mark>တစ်ပါးပါး</mark>ကို (ရှင်ပြုပေးလိုက်ပါ) ဟု စေခိုင်းနိုင်၏။

## PAGE 170

[ **သစေ ဩကာသော ဟောတိ, သယံ ပဗ္ဗာဇေတဗ္ဗော၊ သစေ ဥဒ္ဒေသ ပရိပုစ္ဆာဒီဟိ ဗျာဝဋော ဟောတိ, ဩကာသံ လဘတိ၊ ဧကော ဒဟရဘိက္ခု၊ ၀တ္တဗ္ဗော-(ဧတံ၊ ဤရှင် လောင်းကို။ ပဗ္ဗာဇေဟိ၊ ဆံချ သင်္ကန်းဝတ် သရဏဂုံပေးကာ ရှင်ပြုပေးလိုက်ပါ။) ဣတိ ဝတ္တဗ္ဗော**”-ပဗ္ဗဇ္ဇခန္ဓကဋ္ဌကထာနှင့် ဝိမတိဋီကာ။ ]

**ဥပဇ္ဈာယ်ကိုယ်စား ရှင်ပြုပေးခြင်း**
“ဥပဇ္ဈာယ် ဆရာကပင် မခိုင်းသော်လည်း ရဟန်းငယ်က ဥပဇ္ဈာယ်ကို ရည်စူး၍ (ဥပဇ္ဈာယ်ကိုယ်စား) ရှင်သာမဏေပြုပေးလျှင်လည်း အပ်၏” ဟု အဋ္ဌကထာဆို၏၊ ထို့ကြောင့် ယခုအခါ ဥပဇ္ဈာယ် ဂုဏ်အင်္ဂါနှင့် မညီသေးဘဲ ရှင်သာမဏေပြုပေးကြရသော ရဟန်းငယ်များသည် မိမိ၏ ဥပဇ္ဈာယ်ဆရာကို ရည်စူး၍ ဥပဇ္ဈာယ်၏ ကိုယ်စားအနေဖြင့်သာ ရှင်သာမဏေ ပြုပေးသင့်ကြသည်၊ ရှင်သာမဏေပြုပေးပြီးနောက်လည်း ဥပဇ္ဈာယ်ရှိရာ သွား၍ ဥပဇ္ဈာယ်ယူစေသင့်ကြသည်။

**သာမဏေနှင့် လူဝတ်ကြောင်က သင်္ကန်းဝတ်ပေးမှု**
ဥပဇ္ဈာယ်ဆရာသည် [ <mark>ကျောင်း၌</mark> ခိုင်းဘို့ရာ ရဟန်းငယ် မရှိ၍သော်၎င်း ရှိစေကာမူ မခိုင်းလို၍သော်၎င်း ] သာမဏေ <mark>တစ်ပါးပါး</mark>ကို “ဤ ကလေးအား ခေါင်းရိတ်၍ သင်္ကန်းဝတ်ပေးလိုက်ပါ” ဟု စေခိုင်းနိုင်၏၊ သာမဏေကို မခိုင်းဘဲ သင်္ကန်းဝတ်ပေးတတ်သူ လူဝတ်ကြောင် <mark>တစ်ယောက်ယောက်</mark>ကိုလည်း ခိုင်းနိုင်၏၊ ထိုသို့ ခိုင်းသောအခါ အခိုင်းခံရသူသည် ခေါင်းရိတ်၍ သင်္ကန်း ပေးပြီးလျှင် ဝတ်ပေးကောင်း၏၊

## PAGE 171

ထိုသို့ သာမဏေနှင့် လူဝတ်ကြောင်ကို စေခိုင်းရာ၌ သင်္ကန်းဝတ်ပြီးသောအခါ သရဏဂုံ ကိုကား ဥပဇ္ဈာယ်ဆရာကိုတိုင် ပေးရမည်။

**ကိုယ့်ဘာသာမဝတ်ကောင်း။**
ဥပဇ္ဈာယ်ဆရာသည် မည်သူ့ကိုမျှ မခိုင်းဘဲ သူ့ဘာသာ ဝတ်တတ်သော ရှင်လောင်းအား သင်္ကန်းပေး၍ “သင့်ဘာသာ ဝတ်တော့” ဟု ခွင့်ပြုလျှင်လည်း ရှင်လောင်းကိုယ်တိုင် သင်္ကန်းဝတ်ကောင်း၏၊ ရှင်သာမဏေလောင်းသည် ဥပဇ္ဈာယ်ဆရာက “ဝတ်တော့” ဟု ခွင့် không quy địnhဘဲ (သူပိုင်သင်္ကန်း ဖြစ်စေကာမူ) ကိုယ့်ဘာသာ သင်္ကန်းယူ၍ မဝတ်ကောင်းကြောင်း ရွှေအစ၌ မှာထားခဲ့ပြီ၊ ထိုသို့ ကိုယ့်ဘာသာယူ၍ ဝတ်လျှင် ရှင်သာမဏေ မဖြစ်ဟု ဆိုကြ၏၊ ထို့ကြောင့် နားမလည်၍ ကိုယ့်ဘာသာဝတ်ထားသူကို သင်္ကန်းချွတ်စေ၍ ဥပဇ္ဈာယ်ဆရာက ထပ်မံပြီး သင်္ကန်းပေးရ၏၊ [ **ဘိက္ခုနာ ဟိ သဟတ္ထေန ဝါ အာဏတ္တိယာ ဝါ ဒိန္နမေဝ ကာသာဝံ ဝဋ္ဋတိ၊ အဒိန္နံ န ဝဋ္ဋတိ** —- ပဗ္ဗဇ္ဇခန္ဓကဋ္ဌကထာ။ ]

**သင်္ကန်းကပ်, သင်္ကန်းတောင်း ဖြစ်ပေါ်လာပုံ**
ပြခဲ့သော စကားစဉ်အရ ဥပဇ္ဈာယ်ဆရာက သင်္ကန်း ပေးမှ ဖြစ်စေ၊ ဥပဇ္ဈာယ်ဆရာက တဆင့် အခိုင်းခံရသူ ပေးမှဖြစ်စေ သင်္ကန်း ဝတ်ကောင်း၍ (ကိုယ်ပိုင်သင်္ကန်း ဖြစ်စေကာမူ) ကိုယ့်ဘာသာ မဝတ်ကောင်းသောကြောင့် ယခုအခါ၌ မိမိလက်မှာရှိသော ကိုယ်ပိုင်သင်္ကန်းကို ဆရာ့လက်သို့ ကပ်ရခြင်း ဆရာ့လက်မှ ပြန်၍ တောင်းရခြင်းဟူသော ထုံးစံ <mark>၂-ခု</mark> ဖြစ်ပေါ်လာပေသည်။

## PAGE 172

ဖြစ်သည်။ [ယခုကာလ၌ – **သကလ ၀ဋ ဒုက္ခ နိဿရဏ <mark>နိဗ္ဗာနဿ</mark>** စသော စကားသည် ဝိမတိဋီကာကို မှီ၍ ရှေး<mark>ဆရာ</mark>တို့ စီစဉ်အပ်သော စကားမျှသာ ဖြစ်သည်။] အကယ်၍ <mark>ဆရာ</mark> ကိုယ်တိုင် ဝတ်ပေးလျှင်ကား ထိုသင်္ကန်းကပ် သင်္ကန်းတောင်းများလည်း မလိုပါ။ [**“ကာသာယာနိ <mark>တိက္ခတ္တုံ</mark> <mark>ဝါ</mark> <mark>ဒွိက္ခတ္တုံ</mark> <mark>ဝါ</mark> သကိံ <mark>ဝါ</mark> ပဋိဂ္ဂါဟာပေတဗ္ဗော = သင်္ကန်းတို့ကို ရှင်လောင်းလက်သို့ ၃-ကြိမ်, ၂-ကြိမ်, <mark>တစ်ကြိမ်</mark>ဖြစ်စေ အပ်နှင်းရမည်၊ အထာပိဿ <mark>ဟတ္ထေ</mark> <mark>အဒတွာ</mark> အာစရိယော <mark>ဝါ</mark> (<mark>သရဏဂုံ</mark> <mark>ဆရာ</mark>သည်သော်<mark>လည်းကောင်း</mark>) ဥပဇ္ဈာယော <mark>ဝါ</mark> သယမေဝ အစ္ဆာဒေတိ၊ <mark>ဝဋ္ဋတိ</mark>”**-ပဗ္ဗဇ္ဇခန္ဓကဋ္ဌကထာ။]

---

#### <mark>သရဏဂုံ</mark><mark>နှင့်</mark>စပ်၍ မှတ်ဘွယ်

<mark>သရဏဂုံ</mark> သီလတောင်း ယခုခေတ်၌ <mark>သရဏဂုံ</mark>မယူမီ “အဟံ ဘန္တေ” စသော <mark>သရဏဂုံ</mark> သီလတောင်း<mark>နှင့်</mark>တကွ “နမော တဿ” အထိ ဆိုကြရသေး၏၊ ထိုအားလုံးသည် ပါဠိတော် အဋ္ဌကထာတို့၌ တိုက်ရိုက်လာသော စကားများ မဟုတ်ကြ၊ ရှေး<mark>ဆရာ</mark>တို့ သင့်တော်အောင် စီစဉ်အပ်သော စကားများသာ ဖြစ်သည်၊ ထို့ကြောင့် ထိုစကားများကို ပါဠိလိုမဆိုဘဲ မြန်မာလိုလည်း ဆိုနိုင်၏၊ သို့သော် ပါဠိလို မဆိုရလျှင် ပေါ့ဆဆနိုင်သည်ဟု ထင်မည်စိုးသောကြောင့် ပါဠိ မြန်မာ ၂-မျိုးလုံး ပြခဲ့ပါသည်၊ မြန်မာလိုပင် ဆိုကောင်းသေးရကား (ဓနိတအက္ခရာကို ပြင်းပြင်း<mark>ရွတ်</mark>ကာ) ဌာန်ကရိုဏ်း ကျနဖို့လည်း အရေးမကြီးသေးပါ။

## PAGE 173

<mark>သရဏဂုံ</mark>။ ။ရှင်သာမဏေ ပြုသောကိစ္စ၌ “ဆံချ, သင်္ကန်းဝတ်, <mark>သရဏဂုံ</mark>ပေး” ဤ ၃-ချက် အရေးအကြီးဆုံးဟု ကျမ်းဂန်၌ ဆိုပါသည်၊ ထို ၃-မျိုးတွင်လည်း <mark>သရဏဂုံ</mark>သည် သာ၍ အရေးကြီး၏၊ ထို<mark>သရဏဂုံ</mark>၌ – **ဥဘတောသုဒ္ဓိ** = (ပီပီသသ<mark>ရွတ်</mark>ဆိုသောအားဖြင့်) <mark>ဆရာ</mark> và တပည့် <mark>၂-ဖက်</mark>လုံး သန့်ရှင်းမှု ဖြစ်မှ <mark>သရဏဂုံ</mark> အထမြောက်သည်၊ <mark>ဆရာ</mark>က ပီ၍ တပည့်ကမပီ<mark>လျှင်လည်းကောင်း</mark>, တပည့်က ပီသော်လည်း သွားကျိုးနေခြင်းစသော အကြောင်းကြောင့် <mark>ဆရာ</mark>က မပီ<mark>လျှင်လည်းကောင်း</mark> သာမဏေစစ်စစ် မဖြစ်နိုင်ပါ၊ ထို့ကြောင့် ယခုအခါ ရှင်လောင်းများအား စောစောက <mark>ကြိုတင်</mark>၍ <mark>ရွတ်</mark>ဆိုနည်းကို <mark>တစ်ချို့</mark> <mark>ဆရာ</mark>သမားတို့ သင်ပြလေ့ရှိကြသည်။
#### အဋ္ဌကထာ
**ပဗ္ဗဇ္ဇာယ ပန ဣမာနိ တီဏိ သရဏာနိ ဗုကာရ ဓကာရာဒီနံ ဗျဉ္ဇနာနံ <mark>ဌာနကရဏသမ္ပဒံ</mark> အဟာပေန္တေနေဝ အာစရိယေနာပိ အန္တေ<mark>ဝါ</mark>သိကေနာပိ ဝတ္တဗ္ဗာနိ၊ သစေ အာစရိယော ဝတ္တုံ <mark>သက္ကောတိ</mark> အန္တေ<mark>ဝါ</mark>သိကော န <mark>သက္ကောတိ</mark>။ ပ။ န <mark>ဝဋ္ဋတိ</mark>။** (မဟာ<mark>ဝါ</mark> ပဗ္ဗဇ္ဇခန္ဓက။)
#### တင်းတင်း<mark>ရွတ်ရသော</mark> အက္ခရာများ
ပါဠိအက္ခရာများကို <mark>ရွတ်</mark>ဆိုရာ၌ အသံ၏ ဖြစ်ရာဌาန<mark>နှင့်</mark> အသံထွက်ပုံ တူနေလျှင် <mark>ရှေ့အက္ခရာ</mark>ကို ရိုးရိုး<mark>ရွတ်</mark>၍ နောက်အက္ခရာကို တင်းတင်းမာမာ <mark>ရွတ်</mark>ရ၏၊ ထိုသို့ <mark>ရွတ်</mark>မှလည်း “အသံတူ ၂-လုံးတွင် မည်သည့်အက္ခရာကို <mark>ရွတ်</mark>သည်” ဟု นားထောင်သူတို့မှာ ကွဲကွဲပြားပြား ကြားရ၍

## PAGE 174

ထိုပါဠိ၏ အနက်မှန်ကို နားလည်နိုင်သည်၊ ဌာန်တူ အသံတူ အက္ခရာများကား—

၁။ **က** <mark>နှင့်</mark> **ခ**။   **ဂ** <mark>နှင့်</mark> **ဃ**။   **စ** <mark>နှင့်</mark> **ဆ**။   **ဇ** <mark>နှင့်</mark> **ဈ**။
**ဋ** <mark>နှင့်</mark> **ဌ**။   **ဍ** <mark>နှင့်</mark> **ဎ**။   **တ** <mark>နှင့်</mark> **ထ**။   **ဒ** <mark>နှင့်</mark> **ဓ**။
**ပ** <mark>နှင့်</mark> **ဖ**။   **ဗ** <mark>နှင့်</mark> **ဘ**။

ထိုဆယ်စုံတွင် <mark>ရှေ့အက္ခရာ</mark>ကို ရိုးရိုးအသံဖြင့် <mark>ရွတ်</mark>၍ နောက်အက္ခရာကို တင်းတင်းမာမာ <mark>ရွတ်</mark>ကြရသည်။ “တင်းတင်းမာမာ” ဆိုသော်လည်း ငေါက်ငန်းသလို ပြင်းပြင်းထန်ထန် <mark>ရွတ်</mark>ရမည်ဟု မဆိုလို၊ က အသံ<mark>နှင့်</mark> ခ အသံ, ဂ အသံ và ဃ အသံ ကွဲပြားရုံသာ <mark>ရွတ်</mark>ရမည်ဟု ဆိုလိုသည်၊ ထို့ကြောင့် **“ဗုဒ္ဓံ ဓမ္မံ သံဃံ”** ပုဒ်တို့ကို <mark>ရွတ်</mark>ရာ၌ “ဒံ ဓမ် ဂံ” တို့<mark>နှင့်</mark> <mark>မရောရုံ</mark> **“ဒ္ဓံ ဓမ္မံ သံဃံ”** တို့ကို တင်းတင်းမာမာ <mark>ရွတ်</mark>ရမည်။
#### <mark>ရွတ်နည်း</mark> ၂-မျိုး
ဤသို့ အက္ခရာတစ်လုံးစီ ပီသအောင် <mark>ရွတ်</mark>တတ်ပြီးနောက် **“ဗုဒ္ဓံ သရဏံ”** တို့၌ နိဂ္ဂဟိတ် (သေးသေးတင်) ဆုံးသော <mark>နိဂ္ဂဟိတန္တ</mark><mark>ရွတ်နည်း</mark>၊ **“ဗုဒ္ဓမ် သရဏမ်”** ဟု (မ်) အက္ခရာဆုံးသော မကာရန္တ<mark>ရွတ်နည်း</mark> ၂-မျိုးတွင် တစ်မျိုးမျိုး ပီသအောင် <mark>ရွတ်</mark>တတ်ဖို့ အလေ့အလာ ပြုကြရသေးသည်။

ချဲ့ဦးအံ့— <mark>နိဂ္ဂဟိတန္တ</mark> <mark>ရွတ်နည်း</mark>၌ “နံ” ဟု <mark>ရွတ်</mark>ရာဝယ် ့ <mark>နှင့်</mark> နိဂ္ဂဟိတ်တို့သည် အသရတစ်လုံးတည်းကို မှีရသောကြောင့် (“ဒ်” ဟု အလယ်က သရတစ်လုံးတည်းကို ရှေ့ဗျည်း<mark>နှင့်</mark> နောက်နိဂ္ဂဟိတ်ဗျည်းတို့ မှီရသောကြောင့်) ဒ္ဓ အသံ<mark>နှင့်</mark> နိဂ္ဂဟိတ်အသံကို ခွဲ၍ မရဘဲ <mark>တစ်စပ်တည်း</mark> <mark>တစ်သံတည်း</mark> ဖြစ်အောင် <mark>ရွတ်</mark>ရသည်၊ “ဓမ္မံ သံဃံ” တို့၌လည်း နည်းတူ။

## PAGE 175

မကာရန္တ ရွတ်နည်း၌ကား **“ဒ္ဓမ်”** ဟု <mark>ရွတ်ရာဝယ်</mark> ဒ္ဓ သည် အသရကိုမှီ၍ (မ်) ဗျည်းက ထိုအသရကို မမှီသောကြောင့် ဒ္ဓသံနှင့် (မ်)သံကို တစပ်တည်းရွတ်၍ မရ၊ **“ဒ္ဓ”** ဟု ရွတ်ပြီးမှ (မ်) ကို တမတြာဝက်သံ ကလေးမျှ သီးခြား <mark>ရွတ်ရသည်</mark>၊ M ဟူသော အင်္ဂလိပ်စာလုံးကို ရွတ်တတ်သူအား အရွတ်ခိုင်းပါ၊ သီတာနှင့် ရာမကို **“သီတာရာမ်”** ဟု မကာရန္တ ရွတ်သော ဟိန္ဒူ သံကိုလည်း နားထောင်ကြည့်ပါလေ။ **“ဓမ္မမ်, ကမ်, သမ်”** တို့၌လည်း နည်းတူ။

များသောအားဖြင့် မြန်မာလူမျိုးတို့သည် နိဂ္ဂဟီတန္တ အသံကိုသာ ရွတ်တတ်ကြ၏၊ (မ်)ကာရန္တအသံကို ကျနစွာ ရွတ်တတ်သူ နည်းပါးလှ၏၊ ဟိန္ဒူများကား (မ်)ကာရန္တကိုလည်း လွယ်ကူစွာ ရွတ်နိုင်သောကြောင့် သရဏဂုံ၌ နိဂ္ဂဟီတန္တ မကာရန္တ ၂-မျိုးလုံးပင် ဟိန္ဒူနိုင်ငံ ဣန္ဒိယ၌ ခွင့်ပြုတော်မူခဲ့ရင်း ဖြစ်သည်။ [ဤရွတ်ပုံ và စပ်၍ မြန်မာနိုင်ငံ၌ အခြားနည်းများလည်း ရှိပေသေး၏။]

**အဋ္ဌကထာ။ ။ဣမာနိ စ ပန ဒဒမာနေန “ဗုဒ္ဓံ သရဏံ ဂစ္ဆာမီ”တိ ဧဝံ <mark>ဧကသမ္ဗန္ဓာနိ</mark> အနုနာသိကန္တာနိ ဝါ ကတွာ ဒါတဗ္ဗာနိ၊ “ဗုဒ္ဓမ် သရဏမ် ဂစ္ဆာမီ”တိ ဧဝံ ဝိစိန္တိတျာ မကာရန္တာနိ ဝါ ကတွာ ဒါတဗ္ဗာနိ။— ပဗ္ဗဇ္ဇခန္ဓက။**

ထို့ပြင်- ခံ, ဓမ် အသံတို့ ဖြစ်ရာဌာနသည် သွားရင်းဖြစ်၏၊ ထို သွားရင်းကို လျှာဖျားဖြင့် တို့၍ <mark>ရွတ်ရသည်</mark>၊ ဤသို့ ရွတ်မှသာ **“ဟံ-စမ်”** အသံ và ကွဲပြား၏၊ သရဏံ၌ ဏ-အသံ၏ ဖြစ်ရာဌာနသည် အာထိပ် (အာခေါင်တွင် ထိပ်ဘု) ဖြစ်၏၊

## PAGE 176

ထို အာထိပ်ကို လျှာဖျား၏ အတွင်းနဲနဲကျသော အရပ်ဖြင့် ထိကပ်၍ ရွတ်မှသာ အသံပီ၍ နငယ် và ကွဲပြားသည်၊ ဤကဲ့သို့ သေချာအောင် ဆရာ အစဉ်အဆက် ရွတ်ဖတ်နည်း မရလျှင် ဆရာ့ကိုယ်တိုင်ပင် သရဏဂုံပီဘို့ ခဲယဉ်းလှ၏၊ ရှင်သာမဏေလောင်းအတွက်မှာ ပြောဘွယ် မလိုတော့ပါ။ ဤသရဏဂုံပေးခါနီး၌ဖြစ်စေ စောစောက သင်ပြခိုက်ဖြစ်စေ ဘုရား တရား အရိယာသံဃာများအကြောင်းကို အတော်အတန် နားလည်အောင် ပြောကြပါလေ။]

ဖြစ်ရကျိုး။ ။ယခုခေတ်အလိုက် သာမဏေ အစစ်ဖြစ်ဘို့ ခဲယဉ်းနေသော်လည်း သာမဏေအတုကား ဖြစ်ပါပြီ၊ ထို သာမဏေအတုသည် ရှင်သာမဏေများ၏ ကျင့်ဝတ်တို့ကို ရိုသေစွာ စောင့်ထိန်း၍ နေထိုင်ပါမူ လောကမှာလည်း ကဲ့ရဲ့ဘွယ် အပြစ်မရှိပါ၊ နောင် သံသရာမှာလည်း <mark>မကောင်းကျိုးသာ</mark> ရဘွယ်ရှိပါသည်၊ သာမဏေအတုကလေးမျှသာ ဖြစ်၍ ပစ်စလက်ခတ် တော်စွာ လျော်စွာ và သာမဏေ၏ သိက္ခာကို မစောင့်ရှောက်ပါမူကား ဘာသာခြားတို့ အထင်သေးဘွယ်ရာ ဗုဒ္ဓမြတ်စွာ၏ သာသနာတော်ကို အသရေမဲ့အောင် ပြuရာ ရောက်သောကြောင့် ယခုဘဝလည်း အပြစ်မကင်း, သံသရာမှာလည်း အပါယ် ၄-ပါး အစာသာ ဖြစ်ရှာတော့မည်။

ထို့ကြောင့် မည်သည့် ဆရာ မိဘမဆို သိက္ခာကို မစောင့်ထိန်းနိုင်သေးသော (စောင့်ထိန်းနိုင်သော်လည်း သဒ္ဓါတရား မရှိသော) ကလေးသူငယ်များကို “သင်္ကန်းချီရလျှင် ပြီးရော” ဆိုတဲ့ သဘောဖြင့် သင်္ကန်းဝတ်ပေးကာ ဗုဒ္ဓမြတ်စွာ၏ အထွတ်အထိပ် သာသနာတော်ကို ကလေးကစားသလို မပြုကြဘို့ အကြောင်း ထပ်လောင်း၍ သတိပေးပါသည်။

## PAGE 177

ဆယ်ပါးသီလနှင့်စပ်၍ မှတ်ဘွယ်

ဝေရမဏိတွင် ထားရပုံ။ ။သရဏဂုံယူပြီး၍ ရှင်သာမဏေ ဖြစ်လျှင် သိက္ခာပုဒ်ဆယ်ပါးကို အထူးဆောက်တည်ဘွယ် မလို၊ အလိုလိုဆောက်တည်ပြီး ဖြစ်တော့၏၊ ဥပမာ- သိမ်အတွင်း၌ ရဟန်းဖြစ်လျှင်ဖြစ်ခြင်း ဝိနည်းသိက္ခာပုဒ်တော်အားလုံး အထူး မဆောက်တည်ရဘै အလိုလိုဆောက်တည်ပြီး ဖြစ်နေသကဲ့သို့တည်း၊ ထို့ကြောင့် ဤ ရှင်သာမဏေပြုပေးခဏ်းဝယ် ပါဠိတော်အဋ္ဌကထာများ **“သိက္ခာပဒံ သမာဒိယာမိ”** ဆိုသော (သိက္ခာပုဒ်ဆောက်တည်ပုံပြ) စကားကို မသုံးစွဲဘဲ ပါဏာတိပါတာ ဝေရမဏိ တိုင်ရုံသာ အသုံးပြုလေသည်။

**အဋ္ဌကထာ။ ။ဧတ္တာဝတာ ဟိ သာမဏေရဘူမိယံ <mark>ပတိဋ္ဌိတော</mark> ဟောတိ၊ သေစ ပန ဂတိမာ ဟောတိ ပဏ္ဍိတဇာတိကော၊ အထဿတသ္မိံယေဝ ဌာနေ သိက္ခာပဒါနိ ဥဒ္ဒိသိတဗ္ဗာနိ = သရဏဂုံ ယူပြီးချိန်တိုင်အောင် ဤမျှလောက်ဖြင့် ရှင်သာမဏေအရာ၌ တည်ပြီးဖြစ်တော့၏၊ အကယ်၍ ထိုသာမဏေသစ်သည် ဉာဏ်ထက်သူဖြစ်လျှင် ထိုသူ့ား ထိုသရဏဂုံယူရာ အရပ်၌ပင် သိက္ခာပုဒ်တို့ကို (ဆရာက) ရွတ်ပြတိုက်ကုန်၏၊ (သိက္ခာပုဒ်တို့ကို ရွတ်ပြ၍ ရအောင်ချပေးရမည်-ဟူလို)။ [ဝိနည်းမဟာဝါ ပဗ္ဗဇ္ဇက္ခန္ဓက။]**

## PAGE 178

<mark>ဆက်ဦးအံ့။</mark> ဤအဋ္ဌကထာ၌ “ဉာဏ်ထက်လျှင် ထိုနေရာမှာပင် ချပေးလိုက်” ဟု ညွှန်ပြသဖြင့် “ဉာဏ်မထက်၍ တခဏနှင့်ရမည့်သူ မဟုတ်လျှင် ဖြည်းဖြည်းမှရအောင် ကျက်ပါစေ” ဟု ခွင့်ပြုရာရောက်၏။ ထိုသိက္ခာပုဒ်ဆယ်ပါးကိုလည်း ဘုရားမိန့်တော်မူသည့်အတိုင်း ချပေးရမည်ဟု ဆို၏။ ဘုရားမိန့်တော်မူပုံကား-

**<mark>အနုဇာနာမိ</mark> ဘိက္ခဝေ သာမဏေရာနံ ဒသသိက္ခာပဒါနိ <mark>တေသု</mark> စ သာမဏေရေဟိ သိက္ခိတုံ၊ ပါဏာတိပါတာ ဝေရမဏိ ။ပ။ ဇာတရူပ ရဇတပ္ပဋိဂ္ဂဟဏာ ဝေရမဏိ** ဤသို့ မိန့်တော်မူသည်။
#### မှတ်ချက်။ ။
ပါဠိတော်၌ “ဝေရမဏိ” ဟု ... ရတ္တိ” ကဲ့သို့ ဒုတိယာဝိဘတ်ဖြင့် ပြထားသည်မှာ “**<mark>အနုဇာနာမိ</mark> + သိက္ခာပဒါနိ** = သိက္ခာပုဒ်တို့ကို + ခွင့်ပြုတော်မူ၏” ဟူသော အပေါင်းဝါကျ၌ သိက္ခာပဒါနိနှင့် လိုက်အောင် ထားခြင်းဖြစ်သည်။ သိက္ခာပုဒ် ၁၀-ပါးသရုပ်ကို ရေတွက်၍ ပြရာ၌ကား “ဝေရမဏိ” ဟု ပဌမာဝိဘတ်ဖြင့်သာ ပြခွင့်ရှိသည်။ ပါဠိတော်အတိုင်း အတိအကျ သင်ပြလိုလျှင်လည်း ပါဠိမြန်မာ ၂-မျိုးလုံး သင်ပြသင့်ပါသည်။

ပါဠိလိုချည်း သင်ပြခြင်းကား ပါဠိကို နားမလည်သော မြန်မာကလေးများအတွက် အကျိုးမရပါ။ ထို့ကြောင့် အဋ္ဌကထာ၌ “**တာနိ ပါဠိယံ အာဂတနယေန ဥဂ္ဂဟေတုံ အသက္ကောန္တဿ ယာယ ကာယစိ ဘာသာယ အတ္ထဝသေနပိ အာစိက္ခိတုံ ဝဋ္ဋတိ** = ထိုသိက္ခာပုဒ်တို့ကို ပါဠိတော်လာသော နည်းဖြင့် သင်ယူခြင်း<mark>ငှာ</mark> မစွမ်းနိုင်သော သာမဏေများအတွက် မည်သည့်ဘာသာနှင့်မဆို အနက်အဓိပ္ပါယ်အားဖြင့်လည်း ပြောပြသင့်၏” ဟု မိန့်တော်မူသည်။ 

## PAGE 179

ထို့ကြောင့် ဤကျမ်းငယ်၌ သိက္ခာပုဒ် ၁၀-ပါးကို ပါဠိမြန်မာ ၂-မျိုးလုံး တွဲဘက်၍ ပြထားသော်လည်း မြန်မာလို သက်သက်လည်း ပြောနိုင်၊ ရှမ်းလူမျိုးဖြစ်လျှင် ရှမ်းလို ဘာသာပြန်၍လည်း ပြောနိုင်ကြောင်းကို သိကြပါလေ။

#### သိက္ခာပဒံသမာဒိယာမိ မထည့်ရ။ ။
အဋ္ဌကထာ၌ “ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ = ပါဏာတိပါတမှ ရှောင်ကြဉ်ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏” ဟု လူအများ ဆောက်တည်သလို ဆောက်တည်ပုံကို ပဌမပြထားသော်လည်း ထိုနည်းကို “ပါဠိတော်နှင့် ရှေးအဋ္ဌကထာတို့၌ မရှိ” ဟု အဋ္ဌကထာဆရာကိုယ်တိုင် ပယ်ခဲ့လေပြီ။

[**အန္ဓကဋ္ဌကထာယံ ပန “အဟံ ဘန္တေ ဣတ္ထန္နာမာ ယာဝဇီဝံ ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမီ” တိ ဧဝံ သရဏဒါနံ ဝိယ သိက္ခာပဒဒါနံပိ ဝုတ္တံ၊ တံ နေဝ ပါဠိယံ န အဋ္ဌကထာသု အတ္ထိ၊ တသ္မာ ယထာပါဠိယာဝ ဥဒ္ဒိသိတဗ္ဗာနိ၊ ပဗ္ဗဇ္ဇာ ဟိ သရဏဂမနေဟေဝ သိဒ္ဓါ၊ သိက္ခာပဒါနိ ပန ကေဝလံ သိက္ခာပရိပူရဏတ္ထ ဇာနိတဗ္ဗာနိ။** — အဋ္ဌကထာ။]

ပယ်လည်း ပယ်ထိုက်ပေ၏။ ဘာ့ကြောင့်နည်း။ သာမဏေများမှာ လူတို့ကဲ့သို့ သိက္ခာပုဒ် ၁၀-ပါးကို <mark>တမင်တကာ</mark> ဆောက်တည်<mark>ဖွယ်</mark> မလိုသောကြောင့်တည်း။ ဤစကားကို သတိထား၍ ယခုခေတ် ရှင်ပြုပေးရာ သရဏဂုံ ထပ်စေရာတို့၌ “သိက္ခာပဒံ သမာဒိယာမိ” မထည့်ဘဲ “ဝေရမဏိ” လောက်တွင်သာ ဆိုစေသင့်ကြပါသည်။ 

## PAGE 180

[အဋ္ဌကထာဝယ် လိင်္ဂနာသနခဏ်း၌ “**ဧဝံ <mark>သန္တေပိ</mark>။ပ။ ပုန ဒါတဗ္ဗာနိ**” ဟု လာရာ၌လည်း ဒါတဗ္ဗာနိအရ ဤပြခဲ့သည့်အတိုင်း ၁၀-ပါးသီလချပေးသော အပေးကိုသာ ယူပါ။] ပါဏာတိပါတ-စသော သိက္ခာပုဒ်များကို လိင် ၁၀-ပါး မှတ်<mark>ဖွယ်</mark>ကျမှ ပြပါမည်။
#### ဝိကာလဘောဇန။ ။
နံနက်စောစော အာရုဏ်တက်သည်မှစ၍ <mark>နေ့လယ်</mark> မွန်းတည့်တိုင်အောင် အချိန်သည် ရဟန်းသာမဏေနှင့် ဥပုသ်သည်တို့ ဆွမ်းခဲ<mark>ဖွယ်</mark> သောက်<mark>ဖွယ်</mark>တို့ကို စားသောက်နိုင်ရာ <mark>အချိန်ကာလ</mark>မည်၏။ မွန်းလွဲသည်မှစ၍ နောက်အာရုဏ်တိုင်အောင် ကာလသည် “ဝိကာလ” မည်၏။ “စားသောက်ဘို့ရာ <mark>အချိန်ကာလ</mark> မဟုတ်” ဟု ဆိုလိုသည်။ ထိုဝိကာလ၌ ဆွမ်းခဲ<mark>ဖွယ်</mark>နှင့် လက်ဘက်ရည်စသည်ကို မစားမသောက်ကောင်း။ စားသောက်လျှင် ဤဝိကာလဘောဇန သိက္ခာပုဒ် ပျက်တော့၏။ နေလွဲအခါ၌ <mark>မွတ်သိပ်</mark>ဆာလောင်လျှင် ဘိလပ်ရည်၊ ထန်းလျက်ရည်နှင့် ဖျော်ရည်ကို သောက်ကောင်း၏။ ကြွင်းသော မှတ်<mark>ဖွယ်</mark>ကို ဆေးပစ္စည်းခဏ်း၌ ပြခဲ့ပြီ။

#### ပါဠိတော်။ ။
**ယာမကာလိကံ** (မွန်းတည့်သည်မှစ၍ နောက်ဆုံး ညဉ့်ယာမ်ကာလတိုင်အောင် သောက်ထိုက်သော) ဖျော်ရည်စသည်ကို<mark>လည်းကောင်း</mark>။ **သတ္တာဟကာလိကံ** (၇-ရက်ပတ်လုံး စားသုံးထိုက်သော) စတုမဓူစသည်ကို<mark>လည်းကောင်း</mark>။ **ယာဝဇီဝိကံ** (အသက်ထက်ဆုံး စားသုံးထိုက်သော) ဆေးကို<mark>လည်းကောင်း</mark>။ **အာဟာရတ္ထာယ** အာဟာရအကျိုး<mark>ငှာ</mark>။

## PAGE 181

(အကြောင်းထူးမရှိဘဲ စားချင်လို့) ပဋိဂ္ဂဏှာတိ၊ ခံယူအံ့။ (အကပ်ခံအံ့။) **အာပတ္တိ ဒုက္ကဋဿ**၊ ဒုက္ကဋ်အာပတ်သင့်၏။ **<mark>အဇ္ဈော်ဟာရေ</mark>**၊ မျိုတိုင်းမျိုတိုင်း၌။ **အာပတ္တိ-<mark>ဒုက္ကဋ္ဌဿ</mark>**၊ ၏။ ပ။ ပစ္စယေ၊ (ယာမကာလိကအတွက် ဆာလောင် မွတ်သိပ်ခြင်း ငတ်ခြင်း, သတ္တာဟ và ယာဝဇီဝိကအတွက် အနာရောဂါ) အကြောင်းသည်။ သတိ၊ ရှိလျှင်။ ပရိဘုဉ္ဇတိ၊ သုံးဆောင် စားသောက်အံ့။ အနာပတ္ติ၊ အာပတ် မသင့်။ [“အာပတ်” ဟူရာဝယ် ရှင်သာမဏေ၌ ဒဏ်ထိုက်၏၊ ဥပုသ်သည်၌ သီလညှိုး၏။]

### နစ္စ ဂီတ။ ပ။ ဝိသူက ဒဿန။

ရဟန်းသာမဏေ ဥပုသ်သည်တို့မှာ ကိုယ်တိုင် မကကောင်း, သီချင်းမဆိုကောင်း, မတီးမှုတ်ကောင်းသည့်ပြင် (ကလေးစသော) <mark>သူတစ်ပါး</mark>ကိုလည်း အက, အဆို အတီး အမှုတ် မkhိုင်းကောင်းကြောင်းကို “နစ္စ ဂီတ, ဝါဒိတ” ဟူသော စကား ၃-ခွန်းဖြင့် ပြ၏၊ သူတို့ဘာသာ ဖြစ်စေ အဖိုးအခပေး၍ ဖြစ်စေ က-ဆို တီးမှုတ်ရာအရပ်သို့ သွား၍ မကြည့်ကောင်းကြောင်း နားမထောင်ကောင်းကြောင်းကိုကား “ဝိသူကဒဿန” ဟူသောစကားဖြင့် ပြသည်။

**ဋီကာ။ ။အတ္တနာ နစ္စန နစ္စာပနာဒိဝသေန နစ္စာ စ ဂီတာ စ ဝါဒိတ္တာ စ အန္တမသော မယူရနစ္စာဒိဝသေနာပိ ပဝတ္တာနံ နစ္စာဒီနံ ဝိသူကဘူတာ** (“သဗ္ဗပါပဿ အကရဏံ ဟူသော ဘုရား အဆုံးအမတော်နှင့် မလျော်သဖြင့် ဆန့်ကျင်ဘက် စုံသဘွယ် ဖြစ်သော) **ဒဿနာ စ ဝေရမဏီတိ**

## PAGE 182

**ဧဝမေတ္ထ အတ္ထော ဒဋ္ဌဗ္ဗော။ တေရသကဏ် မဟာခန္ဓက အဖွင့်။**

မိမိနေရာအရပ်သို့ ရောက်လာလျှင်ကား ရဟန်းသာမဏေတို့မှာ ကြည့်ရှုနားထောင်သည့် အတွက် သိက္ခာပုဒ်ကား မပျက်ပေ၊ သို့သော် <mark>စိတ်ထဲမှာ</mark> သာယာလျှင် (ခုကာလ ပြောသလို) သီလညှိုးဘွယ်ရှိသောကြောင့် မျက်စိအောက် ရောက်လာစေကာမူ ဂရုစိုက်၍ မကြည့်ဘဲ ရှောင်လွှဲနိုင်မှသာ သီလ စင်ကြယ်သည်ဟု ဆိုရပေမည်။

**[“ဗြိတနိသိန္နသယနော-ကာသေ ပန အာဂတံ ဂစ္ဆန္တဿဝါ အာပါတဂတံ ပဿတော သိယာ သံကိလေသော န ဝီတိက္ကာမော”-ဋီကာ။]**

### မာလာဂန္ဓ…ဋ္ဌာန။

“မာလာ+ဂန္ဓ+ဝိလေပန” ၃-ပုဒ်ကို “ဓာရဏ+မဏ္ဍန+ဝိဘူသန” ၃-ပုဒ်နှင့် အစဉ်အတိုင်းတွဲ၍ “မာလာဓာရဏ = ပန်းကိုဆောင်ခြင်း ပန်ခြင်း” နိမ့်ရာအရပ်ကို ပြည့်လာအောင် <mark>ဖို့သိပ်</mark>ကောင်းသော သနပ်ခါး စသည်ကို “ဂန္ဓနံ့သာ” ဟု Khေါ်၍ ထိုနံ့သာဖြင့် ကျောက်ပေါက်ရာ စသည်၌ <mark>ဖို့သိပ်</mark>ခြင်းကို “ဂန္ဓ မဏ္ဍန” ဟု Khေါ်၏။

ရေမွေးစသော မွှေးကြိုင်သော အနံ့ အရေအဆင်း ကြည်လင်လှပအောင် လိမ်းကျံခြယ်လှယ်ရသော မျက်နှaချေ ပေါင်ဒါမှုန့် စသည်ကို “ဝိလေပန” ဟု ခေါ်၍ ထိုရေမွှေး မျက်နှာချေ စသည်တို့ဖြင့် ဆွတ်ဖျန်း လိမ်းကျံခြင်းကို “ဝိလေပန ဝိဘူသန” ခေါ်၏၊ ထိုသို့ ပန်းပန်ခြင်း နံ့သာပြစ်တို့ဖြင့် နိမ့်ရာအရပ်ကို <mark>ဖို့သိပ်</mark>ခြင်း, ရေမွေး မျက်နှာချေ စသည်တို့ဖြင့် ဆွတ်ဖျန်း လိမ်းကျံခြင်း၏ အကြောင်းရင်း

## PAGE 183

ဖြစ်သော စေတနာကို “ဌာန” ဟု ခေါ်သည်။ [ဤကား အများယူရိုးဖြစ်၏၊ ဤကျမ်းအယူကို နောက်၌ မှတ်ချက် ပြအံ့။]

**အဋ္ဌကထာ။ ။မာလာတိ ယံ ကိဉ္စိ ပုပ္ဖ။ ဂန္ဓန္တိ ယံ ကိဉ္စိ ဂန္ဓ-ဇာတံ။ ဝိလေပနန္တိ ဆဝိရာဂ ကရဏံ။ တတ္ထ**

အသား **ပိဠန္ဓန္တော ဓာရေတိ နာမ** = ပန်းပန်သူသည် ပန်းကိုဆောင်သူ မည်၏။ **ဦနဋ္ဌာနံ ပူရေန္တော မဏေတိ နာမ** = သနပ်ခါးနံ့သာ ပြစ်တို့ဖြင့် နိမ့်ရာအရပ်ကို ပြည့်အောင် <mark>ဖို့သိပ်</mark>သူသည် အရေကိုတန်ဆာဆင်သူမည်၏။ **ဂန္ဓဝသေန ဆဝိရာဂဝသနစ သာဒယန္တောဝိဘူသေတိ နာမ** = အနံ့ကိုဖြစ်စေ အသားအရေ တပ်စွဲဘွယ်ရှိအောင်ဖြစ်စေ သာယာသူသည် လิမ်းကျံ ခြယ်လှယ်သူ မည်၏။ [သီလက္ခန်စသည်။]

### မှတ်ချက်။

ဤအဋ္ဌကထာ၌ “**ပိဠန္ဓန္တော ဓာရေတိ နာမ**” ကို ထောက်၍ မာလာနှင့် ဓာရဏတွဲ၍ အနက် <mark>အဓိပ္ပာယ်</mark> ယူရမည်မှာ သေချာ၏၊ ထို့အတူပင် ဂန္ဓနှင့် မဏ္ဍန ဝိလေပနနှင့် ဝိဘူသနကိုလည်း တွဲစပ်၍ အနက် <mark>အဓိပ္ပာယ်</mark> မှတ်လေ့ရှိကြ၏။ ထိုမှတ်သားမှုကိုကား စဉ်းစားသင့်၏၊

ထင်ရှားစေအံ့——-**ဂန္ဓန္တိဿ ဝါသစုဏ္ဏဓူမာဒိကံ** (နံ့သာအမှုန့် နံ့သာအခိုး=အမွှေးတိုင်အစရှိသော) **ဝိလေပနတော အညံ ယံကိဉ္စိ ဂန္ဓဇာတံ** (ဝိလေပနတွင် မပါဝင်သော အမွှေးအကြိုင် ဟူသမျှ = ရေမွှေးနံ့သာဆီစသည်،) **ဝိလေပနန္တိ ဝိလေပနတ္ထံ** (လိမ်းဘို့ရာ) **ပိသိက္ခာ ပဋိယတ္တံ** (ကြိတ်ချေ၍ စီမံအပ်သော) **ယံကိဉ္စိ ဆဝိရာဂကရုဏံ** (သူ့ကို လိမ်းလျှင် အရေအဆင်း´

## PAGE 184

လှပသော သနပ်ခါး၊ မျက်နှာချေ ပေါင်ဒါမှုန့်) – [**<mark>တေရသကဏ်</mark>** <mark>ဋီကာ</mark>။]

“**ဦနဋ္ဌာနံ ပူရေန္တော <mark>မဏ္ဍေတိ</mark> နာမ**” အရ ကျောက်ပေါက်ခွက်စသော နိမ့်ရာအရပ်ကို ဖြည့်သိပ်ရာ၌ နံ့သာအမှုန့်စသော ပြခဲ့သော ဂန္ဓများဖြင့် ဖို့သိပ်၍ မဖြစ်၊ ဝိလေပနတွင် ပါဝင်သော သနပ်ခါးနံ့သာအပြစ်တို့ဖြင့်သာ ဖို့သိပ်၍ ဖြစ်စရာရှိ၏၊ “**ဂန္ဓဝသေန ဆဝိရာဂဝသေန စ သာဒယန္တော ဝိဘူသေတိ နာမ**” ၌လည်း ဂန္ဓဝသေနကို ထောက်၍ ဂန္ဓနှင့်ရော ဝိလေပနနှင့်ရော ဝိဘူသနကို တွဲစေလိုကြောင်း ထင်ရှား၏။

<mark>ထို့ကြောင့်</mark> “မာလာ+ဂန္ဓ+ဝိလေပန” ၃-ပုဒ်၌ “ဓာရဏ+မဏ္ဍန+ဝိဘူသန” ၃-ပုဒ်နှင့် အစဉ်အတိုင်း တွဲစပ်ရသော ယထာသင်္ချာနည်းဟု မယူဘဲ ရသင့်သလို တွဲစပ်ရသော ယထာလာဘယောဇနာနည်းဟုသာ ယူသင့်မည်ထင်သည်။ [ခုဒ္ဒကအဋ္ဌကထာ၌ “**မာလာဒီသု ဓာရဏာဒီနိ ယထာသင်္ချေ ယောဇေတဗ္ဗာနိ**” ဟူသော အဖွင့်ကိုလည်း မဟာခန္ဓကအဖွင့် <mark>တေရသကဏ်ဤဋီကာ</mark>သည်ပင် နှစ်သက်ဟန်မတူ၊ <mark>ထို့ကြောင့်</mark> “**<mark>အဋ္ဌကထာယံ</mark>။ပ။ ဧတ္တကမေဝ ဝုတ္တံ** = ခုဒ္ဒကအဋ္ဌကထာ၌ (သေချာစွာ ရှင်း၍ မဖွင့်ဘဲ) အစဉ်အတိုင်း တွဲစပ်ရမည်ဟု ဤမျှလောက်သာ ဆိုသည်” ဟု မနှစ်သက်သံဖြင့် ဖွင့်သွားလေသည်။
### ဥစ္စာသယန မဟာသယန
“**ဥစ္စာသယန** = မြင့်သောနေရာ” ဟူသည် <mark>တစ်တောင့်ထွာ</mark>ထက် မြင့်သော ခြေရှိသော ထိုင်ခုံ ခုတင်စသော နေရာများတည်း၊ အခြေ<mark>တစ်တောင့်ထွာ</mark>ထက်ပိုနေလျှင် ထိုပိုသော

## PAGE 185

အခြေကို ဖြတ်ပြီးမှသာ ထိုင်ကောင်း အိပ်ကောင်းသည်၊ အခြေ၌ ခြင်္သေ့ရုပ် ကျားရုပ်စသော တောကောင် သားရဲရုပ်ပါသော ပလ္လင်လည်း ဥစ္စာသယနဟုပင် (ခုဒ္ဒသိက္ခာ<mark>ဋီကာ</mark>၌) ဆိုသတတ်။ “**မဟာသယန**” ဟူသည် ရဟန်းသာမဏေတို့ “မထိုင်ကောင်း မအိပ်ကောင်း” ဟု ဘုရားပညတ်တော်မူထားသော အခမ်းအနား ဆန်းကြယ်သော အခင်းများတည်း။

ထို <mark>မဟာသယနတစ်ချို့</mark>ကား — **ဂေါနက** = လက် ၄-သစ်ထက် လွန်အောင် အမွေးရှည်သော ကော်ဇောကြီး၊ **စိတ္တက** = အကွက်အပြောက်တို့ဖြင့် ဆန်းကြယ်စွာ ချုပ်အပ် ယက်အပ်သော သားမွေးအခင်း၊ **ပဋိက** = ဆေးရောင်အမျိုးမျိုးမဆိုးဘဲ အဖြူထည်သက်သက် သားမွေးဖြင့် ယက်အပ်သော အခင်း၊ **ပဋလိက** = ပန်းပြောက်ခြယ်လျက် သားမွေးဖြင့် ယက်အပ်သောအခင်း၊ **တူလိက** = လဲဝါဂွမ်း အဆာသွတ်ထားသော အခင်း၊ ဤသို့စသည်ဖြင့် မဟာသယန များစွာရှိ၏။
#### မှတ်ချက်။
ယခုခေတ် သိုးမွေးကော်ဇော အခင်းများသည် ဤမဟာသယန၌ ပါဝင်နေသောကြောင့် ခုတင် ကုလားထိုင်ပေါ်၌ ခင်း၍ ရဟန်းသာမဏေ ဥပုသ်သည်တို့ မအိပ်မထိုင်ကောင်း၊ ကြမ်းပြင်ပေါ်၌ကား ခင်း၍ ထိုင်ကောင်း၊ အိပ်ကောင်းပါ၏၊ လဲသွတ်ထားသော မွေ့ရာဖုံ (ထိုင်စရာ) ကိုမူ ဘယ်မှာမှ မအိပ် မထိုင်ကောင်း၊ [“**အနုဇာနာမိ ဘိက္ခဝေ အာသန္ဒိယာ ပါဒေ ဆိန္ဒိတွာ ပရိဘုဉ္စိတုံ**...

## PAGE 186

...။ပ။ **အဝသေသံ ဘူမတ္ထရဏံ** (မြေပြင် ကြမ်းပြင်ပေါ်၌ အခင်းကို) **ကာတုံ**” [သေနာသနက္ခန္ဓက ပါဠိတော်။]

<mark>တစ်ရံတစ်ခါ</mark> ဆွမ်းကျွေး တရားနာစသော ကိစ္စများ၌ လူတို့က ခုတင် ကုလားထိုင်ပေါ်မှာ ခင်းပေးသော်လည်း လဲဝါဂွမ်း အဆာသွတ်သော အခင်း၌ မထိုင်ကောင်း၊ ဂေါနကစသော ကော်ဇောများ၌ကား ထိုင်ကောင်း၏၊ ထို ဂေါနကစသည်၌လည်း လဲလျောင်း၍ကား မအိပ်ကောင်း။ [“**အနုဇာနာမိ ဘိက္ခဝေ <mark>ထပေတွာ</mark> တီဏိ (အာသန္ဒိ <mark>ပလ္လင်္ကံ</mark> တူလိကံ) ဂိဟိဝိကတံ အဘိနိသီဒိတုံ၊ နတွေဝ အဘိနိပဇ္ဇိတုံ**”။]
### ဇာတရူပ ရဇတ ပဋိဂ္ဂဟဏ
“**ဇာတရူပ** = ရွှေ + **ရဇတ** = ငွေ”၊ “ငွေ” ဟူသော စကား၌ အရောင်းအဝယ်လုပ်နိုင်သော ငွေစက္ကူများလည်း ပါဝင်၏၊ “**ပဋိဂ္ဂဟဏ** = ခခံယူခြင်း” ဟူရာ၌ ငွေလှူလျှင် ကိုယ်တိုင်အလှူခံခြင်း၊ သို့မဟုတ် ကပ္ပိယ<mark>တစ်ယောက်ယောက်</mark>ကို (ယူလိုက်ပါ စသည်ဖြင့်) ခံယူစေခြင်း၊ “အရှင်ဘုရားအား လှူပါ၏” ဟု ပြော၍ အနီး၌ ချထားသည်ကို (တနေရာ၌ အပ်နှံထားသည်ကို) စိတ်ဖြင့် သာယာခြင်း ဤ ၃-မျိုးလုံး ပါဝင်၏၊ ရဟန်းများ၌ ခံယူလျှင် ပါစိတ်အာပတ်သင့်၏၊ ကိုင်လျှင် (အနာမာသဒုက္ကဋ်) အာပတ်သင့်၏၊ ရှင်သာမဏေနှင့် ၁၀-ပါးသီလ ဥပုသ်သည်များမှာ ဤသိက္ခာပုဒ် ပျက်၏။
#### အဋ္ဌကထာ
“**ဇာတရူပန္တိ <mark>သုဝဏ္ဏံ</mark>။ <mark>ရဇတန္တိ</mark> <mark>ကဟာပဏော</mark>** (ကျပ်)၊ **လောဟမာသကော** (ကြေးပဲပိုက်ဆံ)၊ **ဇတုမာသကော** (ချိပ်ပဲပိုက်ဆံ)၊ **ဒါရုမာသကော** (သစ်သားပဲပိုက်ဆံ)၊ **ယေ ဝေါဟာရံ ဂစ္ဆန္တိ** (ရောင်းဝယ်၍...

## PAGE 187

ဖြစ်နိုင်သမျှအားလုံး) **တဿ ဥဘယဿာပိ ပဋိဂ္ဂဟဏာ ပဋိဝိရတော၊ နေဝနံ ဥဂ္ဂဏှာတိ** (ကိုယ်တိုင်လည်း မယူ)၊ **န ဥဂ္ဂဏှာပေတိ** (<mark>သူတစ်ပါး</mark>ကိုလည်း ခံယူဘို့မခိုင်း)၊ **န ဥပနိက္ခိတ္တံ သာဒယတိ** (အနီး၌ချထား၍၊ <mark>တစ်နေရာ</mark>၌ အပ်နှံထား၍ လှူသည်ကိုလည်း မသာယာ၊) သီလက္ခန် <mark>ဗြဟ္မဇာလသုတ်</mark>။

## ဥပဇ္ဈာယ်ယူပုံနှင့်စပ်၍ <mark>မှတ်ဖွယ်</mark>

**ဥပဇ္ဈာယ်ဆရာ။** ။သရဏဂုံပေးသောဆရာကို **ပဗ္ဗဇ္ဇာစရိယ** (ရှင်ပြုပေးသော ဆရာ) ဟု ခေါ်၏။

သာမဏေဖြစ်ပြီးသောအခါ ဥပဇ္ဈာယ် ယူစေရသေး၏။ မယူစေလျှင် **“န ဘိက္ခဝေ အနုပဇ္ဈာယကော ပဗ္ဗာဇေတဗ္ဗော ယော ပဗ္ဗာဇေယျ၊ အာပတ္ติ ဒုက္ကဋဿ”** ဟူသော ပညတ်တော်အရ ရှင်ပြုပေးသူမှာ ဒုက္ကဋ်အာပတ်သင့်၏။ “ဥပဇ္ဈာယ်ဆရာ” ဟု “<mark>စိတ်ထဲ၌</mark> မှတ်ယူထားခြင်းကို ဥပဇ္ဈာယ်ယူခြင်း” ဟု ခေါ်၏။ ထိုသို့ ဥပဇ္ဈာယ်ယူသောအခါ **“ပါသာဒိကေန <mark>သမ္ပာဒေဟိ</mark> (သမ္ပာဒေထ)”** ဟု ဆို၍ ဥပဇ္ဈာယ်ဆရာဖြစ်ကြောင်း အသိပေးခြင်းကို “ဥပဇ္ဈာယ်ပေးခြင်း” ဟု ခေါ်၏။

လူတို့၌ မိဘသည် အရေးကြီးဆုံး ဖြစ်သကဲ့သို့ သာသနာတော်၌လည်း ဥပဇ္ဈာယ်ဆရာသည် အရေးကြီးဆုံး ဖြစ်၏။ မိဘသည် သားသမီး၏ အပြစ်ကြီး အပြစ်ငယ်ကို အမြဲကြည့်ရှုဆုံးမသကဲ့သို့ ဥပဇ္ဈာယ်ဆရာလည်း <mark>တပည့်</mark>၏ အပြစ်ကြီး အပြစ်ငယ်များကို အမြဲမပြတ် ကြည့်ရှု ဆုံးမရည်၊ (**ဥပ** = အမြဲကပ်၍ + **ဈာယ** = ကြည့်ရှု ဆုံးမတတ်သော ဆရာ)။

## PAGE 188

သရဏဂုံပေးသောဆရာကား ลောက၌ ဘကြီး ဘထွေးများကဲ့သို့ ဥပဇ္ဈာယ် ကွယ်ရာ၌ ဖြစ်တတ်သော အပြစ်များကို ကြည့်ရှု ဆုံးမရသည်။

### ဥပဇ္ဈာယ်ပေးရာ၌ <mark>ဆိုဖွယ်</mark>များ။
<mark>တပည့်</mark>က **“ဥပဇ္ဈာယော မေ ဘန္တေ <mark>ဟောဟိ</mark>”** ၃-ခေါက်ဆို၍ ဥပဇ္ဈာယ်ယူသောအခါ “သာဓု (ကောင်းပြီ)” ဟု၎င်း၊ “လဟု (သင့်ကို ကြည့်ရှုဆုံးမဘို့ရာ ငါ့မှာဝန်မလေးပါ ပေါ့ပါ၏)” ဟု၎င်း၊ “<mark>ဩပါယိကံ</mark> (သင်၏ ဥပဇ္ဈာယ်ယူခြင်းသည် နည်းလမ်းကျပါ၏)” ဟု၎င်း၊ “ပဋိရူပံ (သင်၏ ဥပဇ္ဈာယ်ယူခြင်းသည် သင့်လျော်လျှောက်ပတ်ပါ၏)” ဟု၎င်း၊ **“ပါသာဒိကေန <mark>သမ္ပာဒေဟိ</mark>”** ဟု၎င်း ဤ ၅-မျိုးတွင် အလိုရှိရာ Mộtမျိုးမျိုးကို ဆို၍ ဥပဇ္ဈာယ်ပေးနိုင်၏။ ယခုအခါ၌ကား နောက်<mark>တစ်မျိုး</mark>ကိုသာ ဆို၍ ဥပဇ္ဈာယ်ပေးလေ့ ရှိကြပါသည်။

---

**ပါသာဒိကေန။** ။**“ပါသာဒိကေန”** ကို **“ပသာဒါဝဟေန ကာယဝစီပယောဂေန”** ဟု၎င်း၊ **“<mark>သမ္ပာဒေဟိ</mark>”** ကို **“တိဝိဓသိက္ခာ <mark>နိပ္ဖါဒေဟိ</mark>”** ဟု၎င်း တေရသကဏ် ဋီကာ ဖွင့်သောကြောင့် ထိုအဖွင့်အတိုင်း “<mark>ကြည်ညိုဖွယ်</mark>ကို ဆောင်သော ကိုယ်အမူအရာ နှုတ်အမူအရာဖြင့် ၃-ပါးသော သိက္ခာကို ပြီးစီးစေလော” ဟု မြန်မာပြန်ပါ။ **“ပါသာဒိကေန** - <mark>ကြည်ညိုဖွယ်</mark>ကိုဆောင်သော ကိုယ်အမူအရာ နှုတ်အမူအရာနှင့်၊ **<mark>သမ္ပာဒေဟိ</mark>** - ပြည့်စုံစေလော” ဟု အနက်ပေးကြသည်မှာ သဒ္ဒါစည်းကမ်း မကျချေ။

ဆက်ဦးအံ့ - **<mark>သမ္ပာဒေဟိ</mark>** ကို **“<mark>နိပ္ဖါဒေဟိ</mark>** (ပြီးစီးစေလော)” ဟု ဖွင့်သော ဋီကာ အလိုအားဖြင့် သံပုဗ္ဗ ပဒဓာတ် ကာရိတ်

## PAGE 189

ဏေပစ္စည်းဖြင့် ပြီးသော **<mark>သမ္ပာဒေဟိ</mark>** <mark>ပုဒ်</mark>သည် “သမ္ပန္န-<mark>သမ္ပန္နာဂတိ</mark>” တို့ကဲ့သို့ ဤနေရာ၌ <mark>သဟာဒိယောဂ</mark>ကို ငဲ့သော <mark>သဟာဒိယောဂ</mark>ဝန္တ<mark>ပုဒ်</mark> မဟုတ်။ **“ပါသာဒိကေန <mark>သမ္ပာဒေဟိ</mark>** - <mark>ကြည်ညိုဖွယ်</mark>ကိုဆောင်သော ကိုယ်နှုတ်အမူအရာဖြင့် ၃-ပါးသော သိက္ခာကို ပြီးစီးစေလော = ပြီးစီးအောင် အားထုတ်လော” ဟုသာ တိုက်တွန်းခြင်းဖြစ်သည်။ အများသုံးရိုး အနက်အားဖြင့် **“<mark>သမ္ပာဒေဟိ</mark>** - ပြည့်စုံစေလော” ဟု ပေးစေကာမူ “တိဝိဓသိက္ခာ” ဟူသော ကာရိတ်ကံကိုကား ထည့်ရမည်သာ။ **“အပ္ပမာဒေန သမ္ပာဒေထ”** ဟု လာရာ၌လည်း ဤနည်းပင်တည်း။

**အာမဘန္တေ။** ။ဥပဇ္ဈာယ်ဆရာက **“ပါသာဒိကေန <mark>သမ္ပာဒေဟိ</mark>”** ဟု ဆို၍ ဥပဇ္ဈာယ်ပေးပြီးသော အခါ ယခုခေတ်၌ “အာမ ဘန္တေ” ဟု <mark>တပည့်</mark>က ဝန်ခံစကား ဆိုကြသေး၏။ ထိုစကားသည် လိုရင်းမဟုတ်။ <mark>တပည့်</mark>က ဥပဇ္ဈာယ်ယူခြင်း၊ ဆရာက ဥပဇ္ဈာယ်ပေးခြင်း ဤ ၂-မျိုးသာ လိုရင်းဖြစ်သည်။ ထို့ကြောင့် မဟာဝါအဋ္ဌကထာ (ဥပဇ္ဈာယကထာ) ၌ **“အာယာစနဒါနမတ္တေန ဟိ ဂဟိတော ဟောတိ ဥပဇ္ဈာယော** = <mark>တပည့်</mark>က ဥပဇ္ဈာယ်ဆရာ ဖြစ်တော်မူပါဟု တောင်းပန်ခြင်း، ဆရာက ဥပဇ္ဈာယ်ပေးခြင်းမျှဖြင့် ဥပဇ္ဈာယ်ယူပြီး (ဥပဇ္ဈာယ်ဆရာဟု အသိအမှတ်ပြုပြီး) ဖြစ်တော့သည်။ **န ဧတ္ထ <mark>သမ္ပဋိစ္ဆန</mark> အင်္ဂ** = ဤ ဥပဇ္ဈာယ်ယူရာ၌ <mark>တပည့်</mark>က “သာဓု” ဟု ဆို၍ ဖြစ်စေ “အာမ ဘန္တေ” ဟု ဆို၍ ဖြစ်စေ ဝန်ခံခြင်းသည် လိုရင်းအင်္ဂါမဟုတ်” ဟု မိန့်တော်မူသည်။

## PAGE 190

မှတ်ချက်။ ။ **ဥပဇ္ဈာယ်**<mark>ဆရာ</mark>သည် မိဘကဲ့သို့ အမြဲ ကြည့်ရှု ဆုံးမရမည့် <mark>ဆရာ</mark>ရင်းဖြစ်ကြောင်း ပြခဲ့ပြီ၊ ယခု အခါ၌ကား ရဟန်းခံခါနီးဝယ် **ဥပဇ္ဈာယ်**အင်္ဂါနှင့် ပြည့်စုံ၍ အမြဲ အတူနေမည့် <mark>ဆရာ</mark>ရင်းရှိပါလျက် အတူနေမဟုတ်သော ဂုဏ်ကြီး ဝါကြီး <mark>မထေရ်ကြီးများကို</mark> **ဥပဇ္ဈာယ်**ပြု၍ ရဟန်း ခံလေ့ရှိကြ၏၊ ထို <mark>အငှါးဆရာ</mark>နှင့် တပည့်ရဟန်းတို့သည် အတော်ကြာလျှင် (စောင့်ရှောက် <mark>ဆုံးမဖို့ကို</mark> မဆိုထားဘိ) ကိုယ့်တပည့်မှန်းပင် မသိတော့ချေ၊ ထို့ကြောင့် <mark>အငှါးဆရာ</mark> ထက် အရင်း<mark>ဆရာ</mark>ကိုသာ (အင်္ဂါလုံလောက်ပါလျှင်) **ဥပဇ္ဈာယ်** ပြုသင့်ကြသည်။

**ဥပဇ္ဈာယ်**ပြောင်းနိုင်ပုံ။ ။ **န ဘိက္ခဝေ အညဿ ပရိသာ အပလာငွေတဗ္ဗာတိ ဧတ္ထ <mark>သာမဏေရာ</mark> ဝါ ဟောန္တု ဥပသမ္ပန္နာ ဝါ၊ အန္တမသော ဒုဿီလဘိက္ခုဿာပိ ပရဿ ပရိသဘူတေ <mark>ဘိန္ဒိတွာ</mark> ဂဏှိတုံ ဝဋ္ဋတိ** = သာမဏေဖြစ်ဖြစ် ရဟန်းဖြစ်ဖြစ် သူ့ပရိသတ်ကို ဖြားယောင်း၍ မယူအပ်၊ အယုတ်သဖြင့် ဒုဿီလရဟန်း၏ ပရိသတ်ကိုသော်မှလည်း ခွဲ၍ မယူအပ်။

**အာဒီနဝံ ပန <mark>ဝတွာ</mark> ဝဋ္ဋတိ** — “ **တယာ နှာယိတုံ အာဂတေန <mark>ဝတ္ထု</mark> ဂူထမက္ခနံ ဝိယ ကတံ ဒုဿီလံ နိဿာယ ဝိဟရန္တေန** = ဒုဿီလ <mark>ဆရာ</mark>ကို မှီ၍နေသော သင်ဟာ ရေချိုးမည်ဟု လာပြီး မစင်ဖြင့် သုတ်လိမ်းမှုကို ပြုနေတာနဲ့ တူနေပြီ၊ **သစေ သော သယမေဝ <mark>ဇာနိတွာ</mark> ဥပဇ္ဈာယံ ဝါ နိဿယံ ဝါ ယာစတိ, ဒါတုံ ဝဋ္ဋတိ**” — (ဒီလိုပြောတာနဲ့) သူ့ဘာသာ သဘောပေါက်ပြီး ကိုရင်ဖြစ်သူက **ဥပဇ္ဈာယ်**တောင်းလျှင် **ဥပဇ္ဈာယ်**ပေး

## PAGE 191

ကောင်း၏၊ ရဟန်းဖြစ်သူက နိဿယည်းတောင်းလျှင် နိဿယည်း ပေးကောင်း၏။ ဤစကားအရ “သာမဏေများသည် <mark>ပထမ</mark> **ဥပဇ္ဈာယ်**<mark>ဆရာ</mark>နှင့် ကွဲကွာနေသောအခါ ဖြစ်စေ နဂို **ဥပဇ္ဈာယ်**ကို သဘောမကျ၍ဖြစ်စေ **ဥပဇ္ဈာယ်**အသစ် ပြောင်း၍ ယူကောင်း၏”ဟု မှတ်ပါ။

#### လိင်ဆယ်<mark>ပါး</mark>နှင့်စပ်၍ မှတ်ဘွယ်

**အနုဇာနာမိ ဘိက္ခဝေ ဒသဟင်္ဂေဟိ သမန္နာဂတံ <mark>သာမဏေရံ</mark> နာသေတုံ** စသည်ဖြင့် ပါဏာတိပါတမှု စသော ဆယ်<mark>ပါး</mark>ကို သာမဏေ၏ အသွင်ကို ဖျက်၍ လူထွက်စေကြောင်း အင်္ဂါဟု ဟောတော်မူ၏၊ ထို <mark>၁၀</mark> <mark>ပါး</mark>တွင်—

ပါဏာတိပါတ။ ။ **<mark>ကုန္ထကိပိလ္လိကမ္ပိ</mark> <mark>မာရေန္တော</mark> <mark>မက္ကုဏဏ္ဍကမ္ပိ</mark> <mark>ဘိန္ဒန္တော</mark> နာသေတဗ္ဗတံယေဝ ပါပုဏာတိ** = ခြ, ပုရွက်ကိုသော်လည်း သတ်လျှင်၎င်း၊ ကြမ်းပိုးဥကို သော်လည်း တုတ်လျှင် ခဲ့လျှင်၎င်း ဖျက်ဆီးထိုက်သူ၏ အဖြစ်သို့သာ ရောက်၏။

**တာဝဒေဝဿ သရဏဂမနာနိ စ ဥပဇ္ဈာယဂ္ဂဟဏဉ္စ သေနာသနဂ္ဂါဟော စ ပဋိပဿမ္ဘတိ၊ သံဃလာဘံ န လဘတိ၊ လိင်္ဂမတ္တမေဝ ဧကံ <mark>အဝသိဿံ</mark> ဟောတိ** = ထို ပါဏာတိပါတမှုကို ပြုသည့် ခဏ၌ပင် သူ၏ (ရှေးက ယူထားသော) သရဏဂုံ ၃ <mark>ပါး</mark>သည်၎င်း၊ **ဥပဇ္ဈာယ်**သည်၎င်း၊ နေဖို့ရာ ခံယူထားသော သံဃိကကျောင်း ခံယူခြင်းသည်၎င်း ငြိမ်းပျောက် ပြတ်စဲ တော့၏၊ သံဃာလာဘ်ဟူသမျှ မရထိုက်တော့၊ သင်္ကန်းဝတ်ထားသည့် အသွင်တခုသာ ကျန်တော့သည်။

## PAGE 192

**သော သစေ အာကိဏ္ဏဒေါသောဝ ဟောတိ, အာယတိံ သံဝရေန န တိဋ္ဌတိ, <mark>နိက္ကဍ္ဎိတဗ္ဗော</mark>** = သူသည် အကယ်၍ အပြစ်တွေ ဗလပွေရှုပ်နေသူ (အဒိန္နာဒါန, မုသာဝါဒမှ စသည်ဖြင့် အမှုပွေနေသူ) ဖြစ်အံ့, နောင်ခါ စောင့်စည်းမှု၌ မတည်သူဖြစ်အံ့ တခါးတည်း နှင်ထုတ်လိုက်ရမည်။

**အထ သဟသာ ဝိရုဇ္ဈိတွာ <mark>ဒုက္ကဋံ</mark> မယာ ကတန္တိ သံဝရေ ဌာတုကာမော ဟောတိ၊ လိင်္ဂနာသနကိစ္စံ နတ္ထိ, ယထာ နိဝတ္ထပါရုတဿေဝ သရဏာနိ ဒါတဗ္ဗာနိ, ဥပဇ္ဈာယော ဒါတဗ္ဗော** = သို့မဟုတ် ရုတ်တရက် ချွတ်ယွင်းမိပြီး နောက်၌ “ငါမကောင်းတာ လုပ်မိပြီ” ဟု တွေး၍ နောက်ထပ် စောင့်စည်းမှု၌ တည်လိုသူဖြစ်လျှင် သာမဏေ၏ အသွင်ကိုဖျက်၍ လူထွက်စေဖွယ် မလိုတော့၊ နဂိုဝတ်မြဲ <mark>ရုံမြဲ</mark> အတိုင်းပင် သရဏဂုံပေး၍ **ဥပဇ္ဈာယ်**လည်း ပေးရမည်။

မှတ်ချက်။ ။ ပြစ်မှု မကျူးလွန်လျှင် သရဏဂုံထပ်ဖွယ်မလို၊ ပြစ်မှု ကျူးလွန်ပြန်လျှင်လည်း နောက်ထပ် စောင့်စည်းပုံမရလျှင် သရဏဂုံ ပေးဖွယ်ပင် မလို၊ နှင်ထုတ်ရုံ သာရှိ၏၊ ယခုကာလ၌ကား ပြစ်မှု မကျူးလွန်ဘဲနှင့်လည်း ဥပုသ်နေ့၌ သရဏဂုံထပ်စေရိုး ရှိကြ၏၊ အတော် မကောင်းနေသော သာမဏေအားလည်း သရဏဂုံ ထပ်ပေးလေ့ရှိကြ၏ ထိုတွင် ဥပုသ်နေ့၌ ပြစ်မှုမရှိဘဲ သရဏဂုံ ထပ်စေခြင်းမှာ အပြစ်မဟုတ်သော်လည်း အတော်မကောင်းသော သာမဏေ ကို နှင်၍ မထုတ်ခြင်းမှာ တာဝန်မကြေဘဲ ရှိသည်၊ သို့သော် သူ့ကို နှင်ထုတ်လျှင် ဘေးအန္တရာယ် ဖြစ်ဖွယ်ရှိ၍ “သူ့အပြစ် နှင့်သူ ထင်ရှားလိမ့်မည်”ဟု သဘောထားလျှင်ကား သင့်။

## PAGE 193

တော်စရာ ရှိပေသေး၏၊ သရဏဂုံ ထပ်စေပြီးနောက်လည်း <mark>ဥပဇ္ဈာယ်</mark> ထပ်၍ ယူစေရမည်။

**သိက္ခာပဒါနိ ပန သရဏဂမနေနေဝ ဣဇ္ဈန္တိ။ပ။ ဧဝံ-သန္တေပိ <mark>ဒဠှီကရဏတ္ထံ</mark> <mark>အာယတိံ</mark> <mark>သံဝရေ</mark> <mark>ပတိဋ္ဌာပနတ္ထံ</mark> ပုန ဒါတဗ္ဗာနိ** = သိက္ခာပုဒ်တို့ကား သရဏဂုံ ယူခြင်းဖြင့်ပင် ပြီးစီး ကုန်တော့၏၊ သို့သော်လည်း (မြဲရာ သံပတ်သကဲ့သို့) ခိုင်မြဲ စေခြင်း၊ နောင်ခါ စောင့်စည်းစေခြင်းအကျိုးငှာ နောက်ထပ် ပေးထိုက်ကုန်၏၊ [ “ပေး” ဆိုသော်လည်း သိက္ခာပုဒ် ၁၀ ပါးကို ချပေးတဲ့ အပေးဖြစ်သည်၊ သမာဒိယာမိ ထည့်၍ ဆောက်တည်စေခြင်း မဟုတ်။ ]

**အဒိန္နာဒါနေ တိဏသလာကမတ္တေနာပိ ဝတ္ထုနာ** = အဒိန္နာဒါန၌ အဖိုးမထိုက်သော မြက် ဝါးခြမ်းကလေးမျှ လောက် ဝတ္ထုကို ယူခြင်းကြောင့်လည်း လိင်ကျ၏။

**အဗြဟ္မစရိယေ တီသု မဂ္ဂေသု ယတ္ထ ကတ္ထစိ <mark>ဝိပ္ပဋိပတ္တိယာ</mark>** = အဗြဟ္မစရိယ၌ ဝစ္စ၊ ပဿာဝ၊ မုခ မဂ် ၃ ခုတို့တွင် တစ်ခုခု၌ ဖောက်လွဲဖောက်ပြန် ကျင့်မှုကြောင့် လိင်ကျ၏။

**မုသာဝါဒေ <mark>ဟသာဓိပ္ပါယတာယပိ</mark> မုသာ ဘဏိတေ အဿမဏော ဟောတိ၊ <mark>နာသေတဗ္ဗတံ</mark> အာပဇ္ဇတိ** = မုသာဝါဒ၌ ပြောင်သလို လှောင်သလို မုသား ပြောခြင်းကြောင့်လည်း သမဏ (သာမဏေ) မဟုတ်တော့၊ အသွင်ကို ဖျက်ဆီး ထိုက်တော့၏။

မှတ်ချက်။ ။“ကျီစားသလို မုသား ပြောရုံမျှဖြင့် လိင် ကျ၏” ဟု ဆိုထား၏၊ ယခုကာလ၌ ကျီစား

## PAGE 194

သလို ပြောင်သလို မုသားပြောရမှာ ဝန်မလေးကြ၊ အပြစ် စာစုံတရာကို ဆရာများက စစ်ဆေးမေးမြန်းလျှင် အတင်း လိမ်ကြတော့၏၊ (အလွန် စိတ်ပျက်စရာပင်၊) ထိုသို့ လိမ်ပြောရမှာ ဝန်မလေးသူသည် နောင်ခါ သာသနာတော်၌ <mark>ကြီးပွား</mark> လိမ့်မည်လည်း မဟုတ်၊ ထို့ကြောင့်ပင် ဘုရားရှင်သည် ရှင်ရာဟုလာအား ၇ နှစ်အရွယ်၌ မုသားမပြောမိဘို့ရန် ကြပ်တည်းစွာ ဩဝါဒပေးတော်မူပေသည်။ ရာဟုလာဝတ္ထုကို ရှေ့၌ ပြခဲ့ပြီ။]

**<mark>မဇ္ဇပါနေ</mark> ပန ဘိက္ခုနော အဇာနိတျာပိ ဗီဇတော ပဋ္ဌာယ မဇ္ဇံ ပိဝန္တဿ ပါစိတ္တိယံ၊ သာမဏေရော ဇာနိတျာ ပိဝန္တောဝ သီလဘေဒံ အာပဇ္ဇတိ** = သေရည်သောက်မှု၌ကား ရဟန်းမှာ မဇ္ဈမှန်း မသိသော်လည်း မလုပ်ဘို့ မျိုးစေ့ကစ၍ သောက်လျှင် ပါစိတ်အာပတ် သင့်၏၊ သာမဏေကား မဇ္ဇမှန်းသိလျက် သောက်မှ သီလပျက်သည်။ [ဘုရားရှင်၏ အပြစ် ပြောခြင်းစသော ၅ ပါးကား ရှေ့၌ပြခဲ့သော အကျဉ်းမျှဖြင့် သိသာလောက်ပြီ။]

### ဒဏ် ၁၀-ပါးနှင့် စပ်၍ မှတ်ဘွယ်

**ဒဏ် ၁၀-ပါး။** ။“အနုဇာနာမိ ဘိက္ခဝေ ပဉ္စင်္ဂဟိ သမန္နာဂတဿ သာမဏေရဿ ဒဏ္ဍကမ္မံ ကာတုံ၊ ဘိက္ခူနံ အလာဘာယ ပရိသက္ကတိ” စသည်ဖြင့် မဟာဝါခန္ဓက၌ ၅-ပါးသာ တိုက်ရိုက်လာ၏၊ အဋ္ဌကထာ၌ “ဒသသု သိက္ခာပဒေသု ပုရိမာနံ ပဉ္စန္နံ အတိက္ကမော နာသန-

## PAGE 195

**ဝတ္ထု** (လိင်ကျခြင်း၏ အကြောင်း) **ပစ္ဆိမာနံ အတိက္ကမော ဒဏ္ဍကမ္မဝတ္ထု** (ဝိကာလဘောဇနစသော နောက် ၅ ပါးကို ကျူးလွန်ခြင်းသည် ဒဏ်ပေးခြင်း၏အကြောင်း) ဟု မိန့်လေသည်၊ ထို့ကြောင့် ဒဏ်ဆယ်ပါး ဖြစ်ရသည်။

#### ဒဏ်ခေါ်ပုံ

**ဒဏ္ဍေန္တိ ဝိနေန္တိ ဧတေနာတိ ဒဏ္ဍော၊**
**ဧတေန**၊ “မည်သည့်ကျောင်းသို့ မဝင်ရ” စသော တားမြစ်ထားမှု၊ သဲ၊ ရေတို့ကို ထမ်းစေမှုစသော အမှုဖြင့်။
**သာမဏေရံ**၊ ကို။
**ဒဏ္ဍေန္တိ ဝိနေန္တိ**၊ ဆုံးမကြရကုန်၏။
**ဣတိ**၊ ဤသို့ ဆုံးမကြောင်း၏အဖြစ်ကြောင့်။
**ဒဏ္ဍာ**၊ ဒဏ် မည်၏။
**ကာတဗ္ဗန္တိ ကမ္မံ၊ ဒဏ္ဍာယေဝ+ကမ္မံ = ဒဏ္ဍကမ္မံ**၊ ဤ အလို **ဒဏ္ဍကမ္မံ**၊ ဆုံးမကြောင်းဖြစ်သော အမှုကို။ **ကာတဗ္ဗ**၊ ပြုထိုက်၏ ဟုပေး၊ တနည်း- **ဒဏ္ဍကမ္မန္တိ ဝါ နိဂ္ဂဟကမ္မံ** = တားမြစ်ခြင်း၊ သဲ၊ ရေ စသည်ကို ထမ်းစေခြင်းဟူသော နှိပ်ကွပ်မှုကို။ **ကာတဗ္ဗ**၊ ပြုထိုက်၏ ဟုပေး။ [ တေရသကဏ်၊ မဟာခန္ဓက။ ]

#### ဒဏ်ပေးပုံ

ဒဏ်ပေးရာ၌ ပါဠိတော်ဝယ် **“အနုဇာနာမိ ဘိက္ခဝေ အာဝရဏံ (သူနေမြဲကျောင်း၊ ထွက် ဝင်နေကျကျောင်းသို့ မလာဘို့ရန် တားမြစ်မှုကို) ကာတုံ”** ဟု မိန့်တော်မူ၏။ အဋ္ဌကထာ၌ကား – **“အပရာဓာနုရူပံ ဥဒက-ဒါရု ဝါလုကာဒီနိ အာဟရဏမ္ပိ ကာတဗ္ဗံ** = အပြစ်အား လျော်စွာ ရေထမ်းစေမှု၊ ထင်း၊ သဲ စသည်တို့ကို ဆောင်ယူ စေမှုကိုလည်း ပြုထိုက်၏” ဟု ဆို၏။

## PAGE 196

**တဉ္စဩရမိဿတိ ဝိရ ိဿတီတိ အနုကမ္ပါယ၊ န နဿိဿတိ ဝိဗ္ဘမိဿတီတိ ပါပဇ္ဈာသယေန** = ထို ဒဏ်အမှု ကိုလည်း နောင် ရှောင်လိမ့် ကြဉ်လိမ့်မည်ဟူသော ရည်ရွယ် ချက်ဖြင့် သူ့အပေါ် သနားကြင်နာသော စိတ်ဖြင့်သာ ပြုရ မည်၊ ပျက်စီးလိမ့်မည်, လူထွက်လိမ့်မည်ဟု ယုတ်မာသော ရည်ရွယ်ချက် ဆန္ဒဖြင့် မပြုရ။

**ဒဏ္ဍ ကမ္မံ ကရောမီတိ စ ဥဏှပါသာဏေဝါ နိပဇ္ဇာပေတုံ ပါသာဏိဋ္ဌကာဒီနိဝါ သီသေ နိက္ခိ ဒါပေဘုံ, ဥဒကံဝါပ- သေတုံ န ဝဋ္ဋတိ** … ငါ ဒဏ်ပေးဘယ်ဆိုတဲ့ အနေမျိုးဖြင့် ကျောက်ဖျာအပူပေါ် အအိပ်ခိုင်းခြင်း, ကျောက် အဌ်ခဲ စသည်တို့ကို <mark>ဦးခေါင်းပေါ်</mark> <mark>တင်ထားစေခြင်း</mark>, ရေထဲနှစ်ခြင်း အမှုမျိုးကို မပြုရ။

### ရဟန်းများလည်း ဒဏ်ထမ်း

**ယထာ စ သာမဏေရာနံ၊ ဧဝံ သဒ္ဓိဝိဟာရိကန္တေဝါ- သိကာနံပိ ဒဏ္ဍကမ္မံ ကာတုံ ဝဋ္ဋတိ** = သာမဏေများအား ဒဏ်ပေးထိုက်သကဲ့သို့ ထို့အတူ ဥပဇ္ဈာယ်ယူနေသော သဒ္ဓိ- ဝိဟာရိကတပည့်, နိဿယည်းယူနေ စာတက်နေ့, ကမ္မဝါစာ ဖတ်ပေးရသော အန္တေဝါသိကတပည့်တို့အားလည်း ဒဏ်ပေး မှုကို ပြုနိုင်သည်။ [ဒဏ် ၁၀-ပါးတွင် သိက္ခာပုဒ် ၅-ပါးကို ရွှေ့၌ ပြခဲ့ပြီ၊ “လာဘ်မရအောင် အားထုတ်ခြင်း” စသော နောက် ၅-ပါးလည်း ပြခဲ့သော အကျဉ်းမျှဖြင့် သိသာ ထင်ရှားပြီ။]

---

**မှတ်ချက်။** ။ပါဠိတော်၌ ၅-ပါး, အဋ္ဌကထာ၌ ဝိကာလ ဘောဇနစသော ၅-ပါး တိုက်ရိုက်လာသော

## PAGE 197

ကြောင့် ဤ၌ ဒဏ် ၁၀-ပါးကို ပြထားခြင်းဖြစ်၏၊ ဤ ၁၀-ပါးအပြင် သေခိယသိက္ခာပုဒ် စသည်ကို မကျင့်လျှင်လည်း ဒဏ်ထိုက်ကြောင်း ပြဦးလတ္တံ့။

### ပစ္စဝေက္ခဏာနှင့် စပ်၍ သီလ ၄-ရပ်ပါ မှတ်သားဘွယ်

**သီလ ၄-မျိုး။** ။“သီလ”ဟူသည် ကိုယ်နှုတ်စိတ်တို့ကို (အကု သိုလ်အပြစ်မဖြစ်အောင်) ထိန်းသိမ်းစောင့် စည်းရကြောင်း အကျင့်ကောင်းတစ်မျိုးတည်း၊ ထိုသီလသည် ရဟန်းတော်များနှင့် (တချို့သီလများ၌) ရှင်သာမဏေများ အတွက် ၄-မျိုးရှိ၏၊ ပါတိမောက္ခသံဝရ သီလ, ဣန္ဒိယသံဝရ သီလ, ပစ္စယသန္နိဿိတ သီလ, အာဇီဝပါရိသုဒ္ဓိ သီလ။

**ပါတိမောက္ခ သီလ။** ။ထိုတွင် ဝိနည်းပါဠိတော်၌ လာသော (အာဇီဝပါရိသုဒ္ဓိသီလ တချို့မှတစ်ပါး သော) သီလသည် ပါတိမောက္ခသံဝရသီလ မည်၏၊ ထိုသီလ များတွင် သေခိယသိက္ခာပုဒ် နောက်၌ ပြမည့် ခန္ဓကဝတ် များနှင့် သုက္ကဝိဿဋ္ဌိ ကาယသံသဂ္ဂ စသော သိက္ခာပုဒ်တချို့ ကို သာမဏေများလည်း စောင့်ထိန်းရမည်သာ၊ မစောင့် ထိန် နိုင်လျှင် ဒဏ်ထိုက်၏၊ ဤသီလ၌ သဒ္ဓါသည် ပဓာနဖြစ်၏၊ သဒ္ဓါ တရားရှိသူသာ ဤသီလကို လုံခြုံအောင် စောင့်ထိန်း နိုင်သည်။

**ဝိမတိ။** ။**အာဘိသမာစာရိကေသု ဝိနေတဗ္ဗောတိ ဣမိနာ “သေခိယဝတ္တ ခန္ဓကဝတ္တေသု အညေသု စ သုက္က ဝိဿဋ္ဌိအာဒိ လောကဝဇ္ဇသိက္ခာပဒေသု ၊ သာမဏေရေဟိ**

## PAGE 198

**ဝတ္တိတတ္ထံ၊ တတ္ထ အဝတ္တမာနော အလဇ္ဇီ ဒဏ္ဍကမ္မာရဟော စ ဟောတီ”တိ ဒဘိ။** (မဟာဝဂ္ဂ, ပဗ္ဗဇ္ဇခန္ဓကဝိနိစ္ဆယ။)

**ဣန္ဒိယသံဝရ သီလ။** ။စက္ခုန္ဒြေ သောတိန္ဒြေယာနိန္ဒြေ ဇိဝိန္ဒြေ ကာယိန္ဒြေ မနိန္ဒြေ (မျက်စိ နား, နှာ, လျှာ, ကိုယ်, စိတ်) အားဖြင့် ဣန္ဒြေ ၆-ပါးနှင့်စပ်၍ အကုသိုလ်မဖြစ်ရအောင် (လှပသော အဆင်းကို မြင်လျှင် အဘိဇ္ဈာ တဏှာ မဖြစ်ရအောင်, ဆိုးဝါး ကြောက်မက်ဘွယ် အဆင်းကိုမြင်လျှင် ဒေါသ ဒေါမနဿ မဖြစ်ရအောင် ဤသို့ စသည်ဖြင့်) စောင့်စည်းမှုကို ဣန္ဒိယသံဝရ ဟု ခေါ်၏၊ ဤ ဣန္ဒိယသံဝရသီလ၌ သတိသည် ပဓာနဖြစ်၏၊ သတိတရား အမြဲထားသူမှ လုံခြုံအောင် စောင့်စည်းနိုင်သည်၊ ကမ္မဋ္ဌာန်း တစ်မျိုးမျိုးကို အမြဲကြိုးစားနေသော ပုဂ္ဂိုလ်များ၌ကား ဤ သီလ လုံခြုံလျက် ရှိတတ်ပါသည်။

**အာဇီဝပါရိသုဒ္ဓိ သီလ။** ။အသက်မွေး ဝမ်းကျောင်းမှုကို “အာဇီဝ” ခေါ်၏၊ မတရား <mark>သောနည်း</mark> ဖြင့် ပစ္စည်းဥစ္စာရှာ၍အသက်မွေးလျှင် “မိစ္ဆာဇီဝ = မှားယွင်းသော အသက်မွေးခြင်း” မည်၏။ ဒကာ ဒကာမတို့ အား သစ်သီးပေးခြင်း ပန်းပေးခြင်း, ပစ္စည်းတစ်စုံတစ်ရာပေး ခြင်းကြောင့် လူတို့က ပြန်၍လှူလျှင် ထိုလှူအပ်သောပစ္စည်း ကို ရသောပုဂ္ဂိုလ်သာမက တစ်သာသနာလုံး မသုံးစွဲကောင်း တော့ချေ၊ ကြည်ညိုအောင် ဟန်လုပ်ခြင်း, လှူချင်အောင် သွယ်ဝိုက်၍ စကားပြောခြင်း, မလှူဘဲမနေနိုင်အောင်အတင်း အကြပ်တောင်းခြင်းကို အလှူခံခြင်း စသည်ကြောင့်

## PAGE 199

ရအပ်သော ပစ္စည်းကိုလည်း <mark>တစ်သာသနာလုံး</mark> မသုံးအပ်တော့ချေ။

ထိုမသုံးအပ်သော ပစ္စည်းကို (ဆွမ်း၊ သင်္ကန်း၊ ကျောင်း စသည်တို့ကို) သုံးစွဲခြင်းသည် **မိစ္ဆာဇီဝ** မည်၏၊ ထို **မိစ္ဆာဇီဝ** မှ ရှောင်ကြဉ်၍ တရားသဖြင့် ရအပ်သော ပစ္စည်းကိုသာ သုံးစွဲခြင်းသည် **သမ္မာအာဇီဝ** မည်၏၊ အာဇီဝခေါ် အသက်မွေးမှု၏ စင်ကြယ်သန့်ရှင်းမှုကြောင့် **အာဇီဝပါရိသုဒ္ဓိ သီလ** လည်း မည်၏၊ ဤသီလ၌ (တရားသဖြင့် အရှာသွားခြင်း၊ ဆွမ်းခံဘို့ရန် မပျင်းရိခြင်း စသော) လုံ့လဝီရိယသည် ပဓာနဖြစ်၏၊ လုံ့လဝီရိယမရှိသူ ဆွမ်းခံရမှာ ပျင်းရိသူတို့သာ ချောင်ချောင်လည်လည်နှင့် ပစ္စည်းရအောင် မတရားရှာတတ်ကြသည်။

### ပစ္စယသန္တုဿိတသီလ
ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းများကို ဉာဏ်ဖြင့် ဆင်ခြင်၍ သုံးဆောင် စားသောက်ခြင်းသည် **ပစ္စယသန္နိဿိတ သီလ** မည်၏၊ “ပစ္စည်း၌မှီ၍ဖြစ်သော သီလ” ဟု ဆိုလိုသည်၊ “ချမ်းပူကိုဖျက် ခြင် မှက် လေ နေ စသည်ဖြင့် ပြထားသည့် အတိုင်း မြန်မာလိုဖြစ်စေ ပါဠိလိုဖြစ်စေ ဆင်ခြင်၍ သုံးစွဲလျှင် ဤ သီလ လုံခြုံ၏၊ မဆင်ခြင်ဘဲ သုံးစွဲမိလျှင် ဤသီလ ပျက်၏၊ သူများပစ္စည်း ကြွေးယူ၍ သုံးစွဲခြင်းနှင့် တူသောကြောင့် **ဣဏပရိဘောဂ** ဖြစ်သည်ဟု ဆိုသည်။

#### ဆင်ခြင်ရာကာလ
ထို ပစ္စည်း ၄-ပါးကို ဆင်ခြင်ရာ၌ သင်္ကန်းကို သုံးတိုင်းသုံးတိုင်း ဆွမ်းကို အလုပ်တိုင်း အလုပ်တိုင်း ကျောင်းကိုလည်း သုံးတိုင်းသုံးတိုင်း ဆင်ခြင်ရမည်ဟုဆို၏၊ ထိုသို့မဆင်ခြင်နိုင်လျှင် အရုဏ်မတက်ခင်

## PAGE 200

<mark>တစ်ချိန်ချိန်</mark>မှာ (ဆွမ်းမစားမီအချိန် ဆွမ်းစားပြီးအချိန် ညဉ့်ဦးယာမ်အချိန် သန်းခေါင်ယာမ် မိုးသောက် နောက်ဆုံးယာမ် <mark>တစ်ချိန်ချိန်</mark>မှာ) ဆင်ခြင်ရမည်၊ <mark>တစ်ကြိမ်တစ်ခါ</mark>မျှ မဆင်ခြင်မိဘဲ အရုဏ်တက်သွားလျှင် ထိုနေ့၌ပစ္စည်း ၄-ပါးကိုသုံးစွဲခြင်းသည် **ဣဏပရိဘောဂ** = ကြွေးယူ၍ သုံးစွဲခြင်း ဖြစ်တော့၏။

**ဝိသုဒ္ဓိမဂ်။ ။သီလဝတော အပစ္စဝေက္ခိတွာ ပရိဘောဂေါ ဣဏပရိဘောဂေါ နာမ။ တသ္မာ စီဝရံ ပရိဘောဂ ပရိဘောဂေ** (ကိုယ်မှခွါ၍ နောက်ထပ်ဝတ်တိုင်း ဝတ်တိုင်း) **ပစ္စဝေက္ခိတဗ္ဗ၊ ပိဏ္ဍပါတော အာလောပေ အာလောပေ၊ တထာ အသက္ကောန္တေန** (ထိုမျှလောက် မစွမ်းနိုင်လျှင်) **ပုရေဘတ္တ ပစ္ဆာဘတ္တ ပုရိမယာမ မဇ္ဈိမယာမ- ပစ္ဆိမယာမေသု။ သစေ အပစ္စဝေက္ခတောဝ အရုဏံ ဥဂ္ဂစ္ဆတိ၊ ဣဏပရိဘောဂဋ္ဌာနေ တိဋ္ဌတိ။ သေနာသနံပိ ပရိဘောဂ ပရိဘောဂေ** (ကျောင်းတွင်း ဝင်တိုင်း ဝင်တိုင်း) **ပစ္စဝေက္ခိတဗ္ဗ။**

ဆေးပစ္စည်းကိုကား အကပ်ခံတုန်း (သာမဏေဖြစ်လျှင် စားမည် သောက်မည်ဟု ယူတုန်း) ၌၎င်း၊ စားသောက်တုန်း၌၎င်း သတိထား၍ “မည်သည့်အကြောင်းကြောင့် စားသောက်ပါသည်” ဟု ဆင်ခြင်မိစေရမည်၊ ထိုသို့ မဆင်ခြင်လျှင် အရုဏ် မတက်မီ <mark>တစ်ချိန်ချိန်</mark>မှာ ဆင်ခြင်စေကာမူ အကြောင်းမရှိဘဲ သုံးစားသောကြောင့် အာပတ်သင့်၏၊ <mark>တစ်ချိန်ချိန်</mark>မှာလည်း မဆင်ခြင်မိမူ **ဣဏပရိဘောဂ** လည်း ဖြစ်သည်။

**ဝိသုဒ္ဓိမဂ်။ ။ဘေသဇ္ဇံ ပဋိဂ္ဂဟဏေပိ ပရိဘောဂေပိ သတိပစ္စယတာဝုတိ** = ဆေးသည် ခံယူရာအခါ၌၎င်း၊

## PAGE 201

သုံးဆောင်ရာအခါ၌၎င်း (ဘာ့ကြောင့် ခံယူသုံးဆောင်သည်) ဟု သတိ၏ အကြောင်းဖြစ်မှသာ (သတိထားမှသာ) အပ်၏။

#### ဆင်ခြင်မှုဉာဏ်သာ ပဓာန
ဤ **ပစ္စယသန္နိဿိတ သီလ** ၌ ပစ္စည်းသုံးဆောင်ရသဖြင့် သာသနာ့ဝန်ကို ထမ်းနိုင်ခြင်း၊ ရောဂါကင်းခြင်း စသော အကျိုးကို ဆင်ခြင်တတ်သော ဉာဏ်သည်သာ ပဓာနဖြစ်၏၊ ထို့ကြောင့် နှုတ်တက်ရအောင် ကျက်ထားသော ပုတီးစိပ် ၄-ပုဒ်ကို အမှတ်တမဲ့ ရွတ်နေရုံမျှဖြင့် ပစ္စဝေက္ခဏာ ဆင်ခြင်ရာမရောက်၊ ဉာဏ်ဖြင့် စဉ်းစဉ်းဆင်ခြင်မှသာ (ထိုရွတ်ဆိုအပ်သော ပါဠိဖြစ်စေ၊ မြန်မာဖြစ်စေ အဓိပ္ပါယ်ကို နားลည်မှသာ) ပစ္စဝေက္ခဏာ ဆင်ခြင်ရာ ရောက်သည်ဟု မှတ်ပါ။

#### သုံးစွဲခြင်း ၄-မျိုး
ပစ္စည်း ၄-ပါးကို သုံးစွဲရာ၌ သုံးစွဲနည်း ၄-မျိုးကို ကျမ်းစာတို့၌ ပြ၏၊ ၁-**ထေယျပရိဘောဂ**၊ ၂-**ဣဏပရိဘောဂ**၊ ၃-**ဒါယဇ္ဇပရိဘောဂ**၊ ၄-**သာမိပရိဘောဂ** တို့တည်း၊ ထိုတွင် ပါရာဇိက ကျနေသော ရဟန်း၊ လိင်ကျနေသော သာမဏေသည် ဒုဿီလ = သီလမရှိသူ မည်၏၊ မြတ်စွာဘုရားသည် ထို ဒုဿီလအား ပစ္စည်း ၄-ပါးကို သုံးစွဲဘို့ရန် ခွင့်ပြုတော်မမူ၊ အလှူရှင်တို့ကလည်း ဒုဿီလမှန်း သိလျှင် လှူကြမည်မဟုတ်၊ ထို့ကြောင့် ဒုဿီလပုဂ္ဂိုလ်၏ ဆွမ်းစသော ပစ္စည်းကို သုံးစွဲခြင်းသည် ခိုး၍ သုံးစွဲရာရောက်သောကြောင့် **ထေယျပရိဘောဂ** မည်၏၊ [ **ထေယျ** ခိုးသူ၏ အဖြစ်ဖြင့် (ခိုး၍) + **ပရိဘောဂေါ** = သုံးစွဲခြင်း။ ]

သီလရှိသော်လည်း ပစ္စည်း ၄-ပါးကို (ဘာ့ကြောင့် သုံးစွဲရသည်ဟု) အကြောင်းကို မဆင်ခြင်ဘဲ သုံးစွဲခြင်း၊ သုံးစွဲ
## PAGE 202

ခြင်းကြောင့် ရလတံ့အကျိုးကိုလည်း မဆင်ခြင်ဘဲ <mark>သုံးစွဲခြင်း</mark>သည် ကြွေးယူ၍ သုံးစွဲရာရောက်သောကြောင့် **ဣဏပရိဘောဂ** မည်၏၊ **ဣဏ** = ကြွေးအဖြစ်ဖြင့် (ကြွေးယူ၍) + **ပရိဘောဂေါ** = <mark>သုံးစွဲခြင်း</mark>။ ထို့ကြောင့် **ဣဏပရိဘောဂ** မဖြစ်အောင် ဆွမ်းစသော ပစ္စည်းများကို သုံးစွဲရာ၌ ပြခဲ့သည့်အတိုင်း သတိကောင်းသော ဉာဏ်ဖြင့် ဆင်ခြင်မှုကို ပြုရမည်။

သေက္ခပုဂ္ဂိုလ်များ၏ ပစ္စည်း ၄-ပါးကို <mark>သုံးစွဲခြင်း</mark>သည် **ဒါယဇ္ဇပရိဘောဂ** မည်၏၊ [ ဒါယဇ္ဇ = ဘုရားခွင့်ပြုတော်မူသည့် အတွက် ဘုရားအမှုကို ခံယူသူ အဖြစ်ဖြင့် + ပရိဘောဂ = <mark>သုံးစွဲခြင်း</mark>။ ] သီလရှိသော ပုထုဇဉ်တို့၏ <mark>သုံးစွဲခြင်း</mark>လည်း **ဒါယဇ္ဇပရိဘောဂ** ၌ ပါဝင်၏၊ ကြွေးမတင်သောကြောင့် “**အာနဏုပရိဘောဂ** = ကြွေးမတင်သော <mark>သုံးစွဲခြင်း</mark>” ဟုလည်း သီးခြား နာမည် တပ်ကြသေး၏၊ ရဟန္တာပုဂ္ဂိုလ်၏ ပစ္စည်း ၄-ပါး <mark>သုံးစွဲခြင်း</mark>ကား ကိုယ်ပိုင်ပစ္စည်းကို သုံးစွဲရသကဲ့သို့ ဖြစ်သောကြောင့် **သာမိပရိဘောဂ** အစစ်တည်း။ [ **သာမီ** = ပိုင်ရှင်၏ အဖြစ်ဖြင့် + **ပရိဘောဂ** = <mark>သုံးစွဲခြင်း</mark>။ ]

အမှာ။ ။ဤမျှသော စကားအစဉ်ဖြင့် ရုပ်ပုံ ရှင်ကျင့်ဝတ်ကား ပြီးပါပြီ၊ သို့သော် ရှင်ကျင့်ဝတ်ပါဌ် အနက်ကိုလည်း (ခေတ္တဝတ်သူ မဟုတ်ဘဲ အမြဲနေမည့် ရဟန်းလောင်း သာမဏေတို့) အရကျက်ဘို့ရာ ဆက်လက်ပြပါဦးမည်။

ဆရာများအတွက်မှတ်ဘွယ် ပြီး၏။

## PAGE 203

## အခန်း — ရှင်ကျင့်ဝတ် ပါဌ်အနက်

### ဆရာ့ထံ သင်္ကန်းကပ်ရန်

**သကလ <mark>ဝဋ္ဋဒုက္ခ</mark> နိဿရဏ နိဗ္ဗာနဿ သစ္ဆိကရဏတ္ထာယ ဣမံ ကာသာဝံ ဂဟေတွာ ပဗ္ဗာဇေထ မံ ဘန္တေ အနုကမ္မံ ဥပါဒါယ။**

---

**ဘန္တေ**၊ အရှင်မြတ်ဘုရား။ **သကလ <mark>ဝဋ္ဋဒုက္ခ</mark> နိဿရဏ နိဗ္ဗာနဿ**၊ အလုံးစုံသော သံသရာဝဋ်ဆင်းရဲ၏ ထွက်မြောက်ရာ နိဗ္ဗာန်ကို။ **သစ္ဆိကရဏတ္ထာယ**၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် <mark>လျင်မြန်စွာ</mark> မျက်မှောက်ပြုပါရခြင်းအကျိုးငှါ။ **ဣမံ ကာသာဝံ**၊ တပည့်တော်၏ လက်၌ရှိသော ဤသင်္ကန်းကို။ **ဂဟေတွာ**၊ ယူတော်မူ၍။ **မံ**၊ တပည့်တော်ကို။ **အနုကမ္မံ**၊ အစဉ် သနားခြင်းကို။ **ဥပါဒါယ**၊ စွဲ၍။ **ပဗ္ဗာဇေထ**၊ ရှင်သာမဏေဖြစ်စေတော်မူပါကုန်ဘုရား။

### ဆရာ့ထံက သင်္ကန်းကို တောင်းရန်

**သကလ <mark>ဝဋ္ဋဒုက္ခ</mark> နိဿရဏ နိဗ္ဗာနဿ သစ္ဆိကရဏတ္ထာယ ဧတံ ကာသာဝံ ဒတွာ ပဗ္ဗာဇေထ ဘန္တေ အနုကမ္မံ ဥပါဒါယ။**

---

**ဘန္တေ**၊ အရှင်မြတ်ဘုရား။ **သကလ <mark>ဝဋ္ဋဒုက္ခ</mark> နိဿရဏ နိဗ္ဗာနဿ**၊ အလုံးစုံသော သံသရာဝဋ်ဆင်းရဲ၏ ထွက်မြောက်ရာ နိဗ္ဗာန်ကို။ **သစ္ဆိကရဏတ္ထာယ**၊ မဂ်ဉာဏ် ဖိုလ်ဉာဏ်ဖြင့် လျင်

## PAGE 204

မြันစွာ မျက်မှောက်ပြုပါရခြင်း အကျိုးငှါ။ **ဧတံ ကာသာဝံ**၊ အရှင်ဘုရား လက်တော်၌ ရှိသော ထိုသင်္ကန်းကို။ **ဒတွာ**၊ ပေးတော်မူ၍။ **မံ**၊ တပည့်တော်ကို။ **အနုကမ္မံ**၊ အစဉ်သနားခြင်းကို။ **ဥပါဒါယ**၊ စွဲ၍။ **ပဗ္ဗာဇေထ**၊ ရှင်သာမဏေ ဖြစ်စေတော်မူပါကုန်ဘုရား။

### သာမဏေဝတ်ရန် ခွင့်တောင်းခြင်း

**ဘန္တေ သံသာရ <mark>ဝဋ္ဋဒုက္ခတော</mark> မောစနတ္ထာယ <mark>ပဗ္ဗဇ္ဇံ</mark> ယာစာမိ။ ဒုတိယမ္ပိ ဘန္တေ သံသာရ <mark>ဝဋ္ဋဒုက္ခတော</mark> မောစနတ္ထာယ <mark>ပဗ္ဗဇ္ဇံ</mark> ယာစာမိ။ တတိယမ္ပိ ဘန္တေ သံသာရ <mark>ဝဋ္ဋဒုက္ခတော</mark> မောစနတ္ထာယ <mark>ပဗ္ဗဇ္ဇံ</mark> ယာစာမိ။**

---

**ဘန္တေ**၊ အရှင်မြတ်ဘုရား။ **သံသာရ <mark>ဝဋ္ဋဒုက္ခတော</mark>**၊ သံသရာ ဝဋ်ဆင်းရဲမှ။ **မောစနတ္ထာယ**၊ ကျွတ်လွတ်ပါရခြင်းအကျိုးငှါ။ **<mark>ပဗ္ဗဇ္ဇံ</mark>**၊ ရှင်သာမဏေအဖြစ်ကို။ **ယာစာမိ**၊ တောင်းပါ၏ဘုရား။

**ဘန္တေ**၊ အရှင်မြတ်ဘုရား။ **ဒုတိယမ္ပိ**၊ နှစ်ကြိမ်မြောက်လည်း။ **သံသာရ <mark>ဝဋ္ဋဒုက္ခတော</mark>**၊ သံသရာဝဋ်ဆင်းရဲမှ။ **မောစနတ္ထာယ**၊ ကျွတ်လွတ်ပါရခြင်း အကျိုးငှါ။ **<mark>ပဗ္ဗဇ္ဇံ</mark>**၊ ရှင်သာမဏေအဖြစ်ကို။ **ယာစာမိ**၊ တောင်းပါ၏ဘုရား။

**ဘန္တေ**၊ အရှင်မြတ်ဘုရား။ **တတိယမ္ပိ**၊ သုံးကြိမ်မြောက်လည်း။ **သံသာရ<mark>ဝဋ္ဋဒုက္ခတော</mark>**၊ သံသရာဝဋ်ဆင်းရဲမှ။ **မောစနတ္ထာယ**၊ ကျွတ်လွတ်ပါရခြင်း အကျိုးငှါ။ **<mark>ပဗ္ဗဇ္ဇံ</mark>**၊ ရှင်သာမဏေအဖြစ်ကို။ **ယာစာမိ**၊ တောင်းပါ၏ဘုရား။ ထို့နောက် “အဟံ

## PAGE 205

**ဘန္တေ တိသရဏေန <mark>သဟော</mark> သရဏဂုံ သီလတောင်းကို** ဆိုလေ့ရှိကြသည်။
### ပစ္စဝေက္ခဏာ ပါဌ်အနက်
#### စီဝရ ပစ္စဝေက္ခဏာ
**ပဋိသင်္ခါ ယောနိသော စီဝရံ ပဋိသေဝါမိ၊ <mark>ယာဝဒေဝ</mark> သီတဿ <mark>ပဋိဃာတာယ</mark>၊ ဥဏှဿ <mark>ပဋိဃာတာယ</mark>၊ <mark>ဍံသ</mark> မကသ ဝါတာတပ သရီသပ သမ္ဖဿာနံ <mark>ပဋိဃာတာယ</mark>၊ <mark>ယာဝဒေဝ</mark> ဟိရိကောပီနပ္ပဋိစ္ဆာဒန<mark>တ္ထံ</mark>။**

**ယောနိသော** = သင့်သောအကြောင်းအားဖြင့်။ **ပဋိသင်္ခါ** (**ပဋိသင်္ခါယ**) = ပညာဖြင့်ဆင်ခြင်၍။ **စီဝရံ** = သင်္ကန်းကို။ **ပဋိသေဝါမိ** = မှီဝဲပါ၏။ **သီတဿ** = အအေးကို။ **ယာဝ <mark>ပဋိဃာတာယ</mark> <mark>ဧဝ</mark>** = ပယ်ဖျောက်နိုင်ရုံ အကျိုးငှါသာလျှင်။ **ဥဏှဿ** = မီးပူကို။ **ယာဝ <mark>ပဋိဃာတာယ</mark> <mark>ဧဝ</mark>** = ပယ်ဖျောက်နိုင်ရုံ အကျိုးငှါသာလျှင်။ **<mark>ဍံသ</mark> မကသ ဝါတာတပ သရီသပ သမ္ဖဿာနံ** = မှက် ခြင် လေ နေပူ မြွေ ကင်းတို့၏ အတွေ့တို့ကို။ **ယာဝ <mark>ပဋိဃာတာယ</mark> <mark>ဧဝ</mark>** = ပယ်ဖျောက်နိုင်ရုံ အကျိုးငှါသာလျှင်။ **စီဝရံ** = သင်္ကန်းကို။ **ပဋိသေဝါမိ** = မှီဝဲပါ၏။ **ယာဝ ဟိရိကောပီနပ္ပဋိစ္ဆာဒန<mark>တ္ထံ</mark> <mark>ဧဝ</mark>** = ဟိရိဂုဏ်ကို ဖျက်ဆီးတတ်သော အင်္ဂါကြီးငယ်ကို ဖုံးလွှမ်းနိုင်ရုံ အကျိုးငှါသာလျှင်။ **စီဝရံ** = သင်္ကန်းကို။ **ပဋိသေဝါမိ** = မှီဝဲပါ၏။

---

ဝိသုဒ္ဓိမဂ်။ ။**<mark>ဥဏှဿာတိ</mark>** အဂ္ဂိသန္တာပဿ။ **အာတပေါတိ** သူရိယာတပေါ။ **သရီသပါတိ** သပ္ပါဒယော။ (**သပ္ပါဒယောတိ** သတပဒိ ဥက္ကနာဘိ သရဗူ ဝိစ္ဆိကာဒယော၊ ဋီကာ) **ဟိရိကောပီနန္တိ** တံ တံ သမ္ဗာဓဋ္ဌာနံ။ ဤအဖွင့်များကို မှီ၍ အနက်ပေးထား၏။

## PAGE 206

#### ပိဏ္ဍပါတ ပစ္စဝေက္ခဏာ

**ပဋိသင်္ခါ ယောနိသော ပိဏ္ဍပါတံ ပဋိသေဝါမိ၊ နေဝ ဒဝါယ၊ န မဒါယ၊ န မဏ္ဍနာယ၊ န ဝိဘူသနာယ၊ <mark>ယာဝဒေဝ</mark> <mark>ဣမဿ</mark> ကာယဿ ဌိတိယာ ယာပနာယ ဝိဟိံသူပရတိယာ ဗြဟ္မစရိယာနုဂ္ဂဟာယ၊ ဣတိ ပုရာဏဉ္စ ဝေဒနံ <mark>ပဋိဟင်္ခါမိ</mark>၊ <mark>နဝဉ္စ</mark> ဝေဒနံ န <mark>ဥပ္ပါဒေဿာမိ</mark>၊ ယာတြာ စ မေ ဘဝိဿတိ အနဝဇ္ဇတာ စ ဖာသုဝိဟာရော စ။**

**ယောနိသော** = သင့်သောအကြောင်းအားဖြင့်။ **ပဋိသင်္ခါ** (**ပဋိသင်္ခါယ**) = ပညာဖြင့်ဆင်ခြင်၍။ **ပိဏ္ဍပါတံ** = ဆွမ်းအစရှိသော အာဟာရကို။ **ပဋိသေဝါမိ** = မှီဝဲပါ၏။ **ဒဝါယ** = ရွာသူသားငယ်တို့ kဲ့သို့ မြူးတူးပျော်ပါး ကစားခြင်းငှါ။ **နေဝ ပဋိသေဝါမိ** = မှီဝဲသည်မဟုတ်ပါ။ **မဒါယ** = လက်ဝှေ့ လက်ပမ်းသည် စသူတို့<mark>ကဲ့သို့</mark> ဗလမာန် ပုရိသမာန်ဟူသော မာန်ယစ်ခြင်းငှါ။ **န ပဋိသေဝါမိ** = မှီဝဲသည်မဟုတ်ပါ။ **မဏ္ဍနာယ** = နန်းတွင်းသူ ပြည့်တန်းဆာမတို့<mark>ကဲ့သို့</mark> ကိုယ်လက်အင်္ဂါပြည့်ဖြိုးခြင်းငှါ။ **န ပဋိသေဝါမိ** = မှီဝဲသည်မဟုတ်ပါ။ **ဝိဘူသနာယ** = ဂျွမ်းသမား ကချေသည်တို့<mark>ကဲ့သို့</mark> အရေအဆင်း ကြည်လင်ခြင်းငှါ။ **န ပဋိသေဝါမိ** = မှီဝဲသည်မဟုတ်ပါ။

**<mark>ဣမဿ</mark> ကာယဿ** = ဤရူပကာယ၏။ **ယာဝ ဌိတိယာ <mark>ဧဝ</mark>** = အစဉ်မပြတ် တည်မတ်နိုင်ရုံ အကျိုးငှါသာလျှင်၊ **ယာဝ ယာပနာယ <mark>ဧဝ</mark>** = မပြတ်ဆက်တည်း အသက်ရှည်စေနိုင်ရုံ အကျိုးငှါသာလျှင်၊ **ယာဝ ဝိဟိံသူပရတိယာ <mark>ဧဝ</mark>** = မွတ်သိပ်

## PAGE 207

ဆာလောင်ခြင်း ဆင်းရဲကင်းရုံ အကျိုးငှါသာလျှင်။ **ယာဝ ဗြဟ္မစရိယာနုဂ္ဂဟာယ <mark>ဧဝ</mark>** = သာသန မဂ္ဂ ဗြဟ္မစရိယ ၂-ပါးကို ချီးမြှောက်နိုင်ရုံ အကျိုးငှါသာလျှင်။ **ပိဏ္ဍပါတံ** = ဆွမ်းအစရှိသော အာဟာရကို။ **ပဋိသေဝါမိ** = မှီဝဲပါ၏။

**ဣတိ** = ဤသို့ ဆွမ်းကို မှီဝဲခြင်းဖြင့်။ **ပုရာဏံ** = အဟောင်းဖြစ်သော။ **ဝေဒနဉ္စ** = မွတ်သိပ်ဆာလောင်ခြင်း ဆင်းရဲဝေဒနာကိုလည်း။ **<mark>ပဋိဟင်္ခါမိ</mark>** = ပယ်ဖျောက်အံ့။ **နဝံ** = အသစ်ဖြစ်သော။ **ဝေဒနဉ္စ** = မနှိုင်းမဆ စားမိ၍ရသော ဆင်းရဲဝေဒနာကိုလည်း။ **န <mark>ဥပ္ပါဒေဿာမိ</mark>** = မဖြစ်စေအံ့။ **မေ** = ငါ၏။ **ယာတြာ စ** = ရှည်သောကာလသို့ ရောက်နိုင်ခြင်းသည်လည်းကောင်း။ **ဝါ** = ဣရိယာပုဒ်လေးဝ မပျက်ရအောင် မျှတခြင်းသည်လည်းကောင်း။ **အနဝဇ္ဇတာ စ** = အပြစ်မရှိသူ၏ အဖြစ်သည်လည်းကောင်း။ **ဖာသုဝိဟာရော စ** = ချမ်းသာစွာ နေရခြင်းသည်လည်းကောင်း။ **ဘဝိဿတိ** = ဖြစ်

---

ဝိသုဒ္ဓိမဂ်။ **နေဝ ဒဝါယာတိ** န ဂါမဒါရကာဒယော ဝိယ <mark>ဒဝတ္ထံ</mark>၊ **န မဒါယာတိ** န မုဋ္ဌိကမလ္လာဒယော ဝိယ မဒ<mark>တ္ထံ</mark>၊ ဗလမာဒနိမိတ္တံ၊ ပေါရိသမဒ<mark>နိမိတ္တန္တိ</mark> <mark>ဝုတ္တံ</mark> ဟောတိ။ **န မဏ္ဍနာယာတိ** န အန္တေပုရိကဝေသိယာဒယော ဝိယ မဏ္ဍန<mark>တ္ထံ</mark>၊ အင်္ဂပစ္စင်္ဂါနံ ပီဏဘာဝ<mark>နိမိတ္တန္တိ</mark> <mark>ဝုတ္တံ</mark> ဟောတိ- **န ဝိဘူသနာယာတိ** န နဋနစ္စကာဒယော ဝိယ ဝိဘူသန<mark>တ္ထံ</mark>၊ ပသန္နစ္ဆဝိဝဏ္ဏတာ<mark>နိမိတ္တန္တိ</mark> <mark>ဝုတ္တံ</mark> ဟောတိ။

**ဌိတိယာတိ** <mark>ပဗန္ဓုဋ္ဌိတိတ္တံ</mark>။ **ယာပနာယာတိ** ပဝတ္တိယာ အဝိစ္ဆေဒ<mark>တ္ထံ</mark>။ **ဝိဟိံသူပရတိယာတိ** ဝိဟိံသာ နာမ <mark>ဃသစ္ဆာ</mark> အာဗာဓဋ္ဌေန။ **ဣတိ..ပ.. ပဋိဟင်္ခါမီတိ** ပုရာဏဉ္စ <mark>ဃသစ္ဆာဝေဒနံ</mark> <mark>ပဋိဟင်္ခါမိ</mark>၊ <mark>နဝဉ္စ</mark> ဝေဒနံ အပရိမိတဘောဇ<mark>နပစ္စယံ</mark>... <mark>ဒီဃကာလဂမန</mark>သင်္ခါတာ ယာတြာ။

## PAGE 208

လတံ့။ ဣတိ၊ ဤသို့ နှလုံးပြု၍။ ပိဏ္ဍပါတံ၊ ဆွမ်းအစရှိသော အာဟာရကို။ <mark>ပဋိသေဝါမိ</mark>၊ မှီဝဲပါ၏။

## **သေနာသန ပစ္စဝေက္ခဏာ**

**ပဋိသင်္ခါ ယောနိသော သေနာသနံ <mark>ပဋိသေဝါမိ</mark>၊ ယာဝဒေဝ သီတဿ ပဋိဃာတာယ၊ ဥဏှဿ ပဋိဃာတာယ၊ <mark>ဋံသ</mark> မကသ ဝါတာတပ သရီသပ သမ္ဖဿာနံ ပဋိဃာတာယ၊ ယာဝဒေဝ ဥတုပရိဿယ ဝိနောဒန ပဋိသလ္လာနာရာမတ္ထံ။**

ယောနိသော၊ သင့်သောအကြောင်းအားဖြင့်။ **ပဋိသင်္ခါ (ပဋိသင်္ခါယ)**၊ ပညာဖြင့် ဆင်ခြင်၍။ သေနာသနံ၊ ကျောင်း အိပ်ရာနေရာကို။ <mark>ပဋိသေဝါမိ</mark>၊ မှီဝဲပါ၏။ သီတဿ၊ အအေးကို။ ယာဝ ပဋိဃာတာယ <mark>ဧဝ</mark>၊ ပယ်ဖျောက်နိုင်ရုံ အကျိုး<mark>ငှာ</mark>သာလျှင်။ ဥဏှဿ၊ မီးပူကို။ ယာဝ ပဋိဃာတာယ <mark>ဧဝ</mark>၊ ပယ်ဖျောက်နိုင်ရုံ အကျိုး<mark>ငှာ</mark>သာလျှင်။ <mark>ဋံသ</mark> မကသ ဝါတာတပ သရီသပ သမ္ဖဿာနံ၊ မှက် ခြင် လေ နေပူ မြွေ ကင်းတို့၏ အတွေ့တို့ကို။ ယာဝ ပဋိဃာတာယ <mark>ဧဝ</mark>၊ ပယ်ဖျောက်နိုင်ရုံ အကျိုး<mark>ငှာ</mark>သာလျှင်။ သေနာသနံ၊ ကျောင်းအိပ်ရာ နေရာကို <mark>ပဋိသေဝါမိ</mark>၊ မှီဝဲပါ၏။ ယာဝ ဥတုပရိဿယ ဝိနောဒန ပဋိ-

---

ဝိသုဒ္ဓိမဂ်။ ။**ပရိဿယနဋ္ဌေန (အဘိဘဝနဋ္ဌေန)** ဥတုယေဝ ဥတုပရိဿယော- လွှမ်းမိုးနှိပ်စက်တတ်သော ဥတု၊ **ပဋိသလ္လာနာရာမတ္တံ- ဧကီဘာဝသုခတ္တံ-** (တခုတည်းသော ကမ္မဋ္ဌာန်း အာရုံကို ယူနေသဖြင့်) တယောက်တည်းကဲ့သို့ ဖြစ်ခြင်း၌ ချမ်းသာခြင်းအကျိုး<mark>ငှာ</mark>။

## PAGE 209

သလ္လာနာရာမတ္ထံ <mark>ဧဝ</mark>၊ ဥတုဘေးရန်ကို ပယ်ဖျောက်နိုင်ရုံ တပါးတည်း ကိန်းအောင်းခြင်း၌ မွေ့လျော်နိုင်ရုံ အကျိုး<mark>ငှာ</mark> သာလျှင်။ သေနာသနံ၊ ကျောင်းအိပ်ရာ နေရာကို။ <mark>ပဋိသေဝါမိ</mark>၊ မှီဝဲပါ၏။

## **ဘေသဇ္ဇ ပစ္စဝေက္ခဏာ**

**ပဋိသင်္ခါ ယောနိသော ဂိလာန ပစ္စယ ဘေသဇ္ဇ ပရိက္ခာရံ <mark>ပဋိသေဝါမိ</mark>၊ ယာဝဒေဝ ဥပ္ပန္နာနံ ဝေယာဗာဓိကာနံ ဝေဒနာနံ ပဋိဃာတာယ အဗျာဗဇ္ဈ ပရမတာယ။**

ယောနိသော၊ သင့်သောအကြောင်းအားဖြင့်။ **ပဋိသင်္ခါ (ပဋိသင်္ခါယ)**၊ ပညာဖြင့် ဆင်ခြင်၍။ ဂိလာနပစ္စယဘေသဇ္ဇ ပရိက္ခာရံ၊ ဂိလာန၏ ရောဂါအတွက် ဆန့်ကျင်ဘက်ဖြစ်၍ အသက်၏ အရံအကာ အဆောက်အဦးဖြစ်သော ဆေးကို။

---

ဝိသုဒ္ဓိမဂ်။ ။**ရောဂဿ ပဋိအယနဋ္ဌေန ပစ္စယော၊ ဂိလာနပစ္စယောဝ ဘေသဇ္ဇ ဂိလာနပစ္စယဘေသဇ္ဇ** – ဂိလာန၏ ရောဂါ၏ ဆန့်ကျင်ဘက်ဖြစ်သော ဆေး၊ **ပရိက္ခာရောတိ**။ပ။ ဣဓ သမ္ဘာရောပိ (အကြောင်း အဆောက်အဦး) ပရိဝါရောပိ (အရံအကာ) ဝဋ္ဋတိ။

**ဥပ္ပန္နာနံတိ ဇာတာနံ ဘူတာနံ နိဗ္ဗတ္တာနံ။** [ ဖြစ်ပြီးသော ဒုက္خဝေဒနာတို့သည် သူ့အလိုလို ဥပါဒ်-ဌီ-ဘင်စေ့က ချုပ်ပျောက်မြဲဖြစ်၍ ဆေးဖြင့် တားမြစ်<mark>ဖွယ်</mark> မလို၊ ထို့ကြောင့် ဖြစ်ပြီးဝေဒနာနှင့်တူသော ဖြစ်လတံ့ဝေဒနာများကို ယူ၊ ထို

## PAGE 210

<mark>ပဋိသေဝါမိ</mark>၊ မှီဝဲပါ၏။ ဥပ္ပန္နာနံ၊ ဖြစ်ပြီး ဝေဒနာနှင့် တူကုန်သော။ ဝေယာဗာဓိကာနံ၊ <mark>ဓာတ်ချောက်ချားခြင်း</mark> အရင်းခံရှိသော အနာကြောင့် ဖြစ်ကုန်သော။ ဝေဒနာနံ၊ ဆင်းရဲဝေဒနာတို့ကို။ ယာဝ ပဋိဃာတာယ <mark>ဧဝ</mark>၊ ပယ်ဖျောက်နိုင်ရုံ အကျိုး<mark>ငှာ</mark>သာလျှင်။ ယာဝ အဗျာဗဇ္ဈ ပရမတာယ <mark>ဧဝ</mark>၊ ဆင်းရဲကင်းကွာ ကျန်းမာ ချမ်းသာခြင်း အတိုင်းအရှည် တိုင်ရုံ အကျိုး<mark>ငှာ</mark>သာလျှင်။ ဂိလာနပစ္စယ ဘေသဇ္ဇ ပရိက္ခာရံ၊ ဂိလာန၏ ရောဂါအတွက် ဆန့်ကျင်ဘက်ဖြစ်၍ အသက်၏ အရံအကာ အဆောက်အဦးဖြစ်သော ဆေးကို။ <mark>ပဋိသေဝါမိ</mark>၊ မှီဝဲပါ၏။

---

ဝေဒနာများကိုသာ နောင်မဖြစ်လာအောင် ဆေးဖြင့် တားမြစ်နိုင်၏၊ ထို့ကြောင့် "ဥပ္ပန္နသဒိသာ ပန ဥပ္ပန္နောတိ ဝုစ္စန္တိ' စသည်ဖြင့် ဋီကာ ဖွင့်သည်။]

**ဝေယာဗာဓိကာနန္တိ ဧတ္ထ ဗျာဗာဓောတိ (ဝေယာဗာဓောနှင့် ဗျာဗာဓော တူသည်၊ ဝေယာကရဏနှင့် ဗျာကရဏတို့ တူသကဲ့သို့တည်း၊) ဓာတုက္ခောဘော, တံသမုဋ္ဌာနာ စ ကုဋ္ဌ ဂဠကာဒယော၊ ဗျာဗာဓတော ဥပ္ပန္နော ဝေယာဗာဓိကာ၊**
[ခန္ဓာကိုယ်၌ ဓာတ် ၄-ပါးပျက်မှုကို "ဓာတုက္ခောဘ"ဟု ခေါ်၏၊ ထိုသို့ ဓာတ်ချောက်ချားမှုကြောင့်လည်း ညောင်းမှု ကိုက်မှု စသော ဒုက္ခဝေဒနာ ဖြစ်တတ်သည်၊ ဓာတ်ချောက်ချားလျှင် အနာပေါက်တတ်၏၊ ထိုအနာကြောင့်လည်း ဒုက္ခဝေဒနာ ဖြစ်လာတတ်၏-ဟူလို။] **"ဝေယာဗျာဓိကာနံ"** ဟု ရှိသည်ကား အဋ္ဌကထာဖွင့်နှင့် မညီ။
## PAGE 211

လိင်ဆယ်ပါး ပါဌ်အနက်

**ဒသဟင်္ဂေဟိ သမန္နာဂတော … သာမဏေရော <mark>နာသေတဗ္ဗော</mark>၊ ပါဏာတိပါတီ ဟောတိ၊ အဒိန္နာဒါယီ ဟောတိ၊ အဗြဟ္မစာရီ ဟောတိ၊ မုသာဝါဒီ ဟောတိ၊ သုရာမေရယ မဇ္ဇပါယီ ဟောတိ၊ ဗုဒ္ဓဿ <mark>အဝဏ္ဏံ</mark> ဘာသတိ၊ ဓမ္မဿ <mark>အဝဏ္ဏံ</mark> ဘာသတိ၊ သံဃဿ <mark>အဝဏ္ဏံ</mark> ဘာသတိ၊ မိစ္ဆာဒိဋ္ဌိကော ဟောတိ၊ <mark>ဘိက္ခုနုပ္ပသကော</mark> ဟောတိ၊ ဣမေဟိ ခေါ ဒသဟင်္ဂေဟိ သမန္နာဂတော သာမဏေရော <mark>နာသေတဗ္ဗော</mark>။**

**ဒသဟိ** = ဆယ်ပါးကုန်သော။ **အင်္ဂေဟိ** = အကြောင်း အင်္ဂါတို့နှင့်။ **သမန္နာဂတော** = ပြည့်စုံသော။ **သာမဏေရော** = သာမဏေကို။ **<mark>နာသေတဗ္ဗော</mark>** = အသွင်ကိုဖျက် လူထွက်စေ ထိုက်၏။ **ပါဏာတိပါတီ** = သူ့အသက်ကို သတ်ခြင်း ရှိသည်။ **ဟောတိ** = ဖြစ်၏။ **အဒိန္နာဒါယီ** = အရှင်မပေးအပ်သော

---

အဗျာဗဇ္ဈပရမတာယာတိ နိက္ခပရမတာယ၊ ယာဝ တံ ဒုက္ခံ သစ္စံ ပဟီနံ ဟောတိ တာဝါတိ အတ္ထော။ [<mark>ဗျာဗာဓနဋ္ဌေန</mark> ဗျာဗာဓော၊ ဗျာဗာဓောဝ ဗျာဗဒ္ဓံ၊ ဒုက္ခန္တိ အတ္ထော၊ နတ္ထိ ဧတ္ထ ဗျာဗဇ္ဈတိ <mark>အဗျာဗဇ္ဈံ</mark> (ဇ္ဈာ) - နိဗ္ဗုက္ခတာ။] “အဗျာပဇ္ဈ” ဟု ရေးသား ရွတ်ဘတ်ကြသည်မှာ ဤအဖွင့် နှင့် မညီ၊ ဗျာပဇ္ဇသဒ္ဒါသည် ဒေါသ ဒေါမနဿကို ဟော၏၊ ဗျာဗဇ္ဈသဒ္ဒါကား ဒုက္ခကို ဟောသည်။

ပစ္စဝေက္ခဏာ ပြီး၏။

## PAGE 212

သူ့ဥစ္စာကို ခိုးယူသည်။ **ဟောတိ** = ဖြစ်၏။ **အဗြဟ္မစာရီ** = မမြတ်သော မေထုန်အကျင့်ကို ကျင့်ခြင်းရှိသည်။ **ဟောတိ** = ဖြစ်၏။ **မုသာဝါဒီ** = မဟုတ်မမှန်သောစကားကို ပြောဆိုခြင်း ရှိသည်။ **ဟောတိ** = ဖြစ်၏။ **သုရာမေရယမဇ္ဇပါယီ** = မေ့လျော့ခြင်း၏အကြောင်းဖြစ်သော သေရည်အရက်ကိုသောက်သည်။ **ဟောတိ** = ဖြစ်၏။

**ဗုဒ္ဓဿ** = မြတ်စွာဘုရား၏။ **<mark>အဝဏ္ဏံ</mark>** = အပြစ်ကို။ ဝါ၊ ကဲ့ရဲ့ကြောင်းစကားကို။ **ဘာသတိ** = ပြောဆို၏။ **ဓမ္မဿ** = တရားတော်၏။ **<mark>အဝဏ္ဏံ</mark>** = အပြစ်ကို။ ဝါ၊ ကဲ့ရဲ့ကြောင်းစကားကို။ **ဘာသတိ** = ပြောဆို၏။ **သံဃဿ** = သံဃာတော်၏။ **<mark>အဝဏ္ဏံ</mark>** = အပြစ်ကို။ ဝါ၊ ကဲ့ရဲ့ကြောင်းစကားကို။ **ဘာသတိ** = ပြောဆို၏။ **မိစ္ဆာဒိဋ္ဌိကော** = မှားသော အယူရှိသည်။ **ဟောတိ** = ဖြစ်၏။ **<mark>ဘိက္ခုနုပ္ပသကော</mark>** = ဘိက္ခုနီမကို ဖျက်ဆီးသည်။ **ဟောတိ** = ဖြစ်၏။ **ဒသဟိ** = ဆယ်ပါးကုန်သော။ **ဣမေဟိ အင်္ဂေဟိ** = ဤအကြောင်း အင်္ဂါတို့နှင့်။ **သမန္နာဂတော** = ပြည့်စုံသော။ **သာမဏေရော** = သာမဏေကို။ **<mark>နာသေတဗ္ဗော</mark>** = အသွင်ကိုဖျက် လူထွက်စေထိုက်၏ ။

ဒဏ်ဆယ်ပါး ပါဌ်အနက်

**ဒသဟင်္ဂေဟိ <mark>သမန္နာဂတဿ</mark> သာမဏေရဿ ဒဏ္ဍကမ္မံ ကာတဗ္ဗ၊ ဝိကာလဘောဇနော ဟောတိ၊ နစ္စ ဂီတ ဝါဒိတ ဝိသူကဒဿနော ဟောတိ၊ မာလာဂန္ဓဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနော ဟောတိ၊ ဥစ္စာသယန မဟာသယော ဟောတိ၊ ဇာတရူပ ရဇတပ္ပဋိဂ္ဂဟဏော ဟောတိ၊ ဘိက္ခူနံ အလာဘာယ ပရိ**

## PAGE 213

**ဘိက္ခူနံ အနတ္ထာယ <mark>ပရိသက္ကတိ၊</mark> ဘိက္ခူနံ အဝါသာယ <mark>ပရိသက္ကတိ၊</mark> ဘိက္ခူ အက္ကောသတိ ပရိဘာသတိ၊ ဘိက္ခူ ဘိက္ခူဟိ ဘေဒေတိ၊ ဣမေဟိ ခေါ ဒသဟင်္ဂေဟိ <mark>သမန္နာဂတဿ</mark> သာမဏေရဿ ဒဏ္ဍကမ္မံ ကာတဗ္ဗ။**

**ဒသဟိ** = ဆယ်ပါးကုန်သော။ **အင်္ဂေဟိ** = အကြောင်းအင်္ဂါတို့နှင့်။ **<mark>သမန္နာဂတဿ</mark>** = ပြည့်စုံသော။ **သာမဏေရဿ** = သာမဏေ၏(အပေါ်၌)။ **ဒဏ္ဍကမ္မံ** = ဒဏ်အမှုကို။ **ကာတဗ္ဗ** = ပြုထိုက်၏။ **ဝိကာလဘောဇနော** = နေလွှဲအခါ၌ စားခြင်းရှိသည်။ **ဟောတိ** = ဖြစ်၏။ **နစ္စ ဂီတ ဝါဒိတ ဝိသူကဒဿနော** = ကိုယ်တိုင်ကခြင်း <mark>သူတစ်ပါး</mark>ကို ကစေခြင်း, ကိုယ်တိုင် သီဆိုခြင်း, <mark>သူတစ်ပါး</mark>ကို သီဆိုစေခြင်း ကိုယ်တိုင် တီးမှုတ်ခြင်း, <mark>သူတစ်ပါး</mark>ကို တီးမှုတ်စေခြင်း, ဘုရား အဆုံးအမတော်၏ ဆန့်ကျင်ဘက်စုံပမာ ဖီလာဖြစ်သော ကြည့်ရှု နားထောင်ခြင်း ရှိသည်။ **ဟောတိ** = ဖြစ်၏။ **မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနော** = ပန်းပန်ခြင်း,နံ့သာပျောင်းတို့ဖြင့် နိမ့်ရာအရပ်ကို ပြည့်စေ ခြင်း အရောင်တင်ဆေး, ရေမွှေးနံ့သာဆီနံ့သာရည် သနပ်ခါးတို့ဖြင့် လိမ်းကျံ ခြယ်လှယ်ခြင်း ရှိသည်။ **ဟောတိ** = ဖြစ်၏။ **ဥစ္စာသယန မဟာသယနော** = မြင့်သောနေရာ ကြီးကျယ်ခမ်းနား ဆန်းပြားသောနေရာ၌ ထိုင်ခြင်း, အိပ်ခြင်း ရှိသည်။ **ဟောတိ** = ဖြစ်၏။ **ဇာတရူပ ရဇတပ္ပဋိဂ္ဂဟဏော** = ရွှေ ငွေကို ကိုယ်တိုင် ခံယူခြင်း, <mark>သူတစ်ပါး</mark>ကို ခံယူစေခြင်း, အပ်နှံ ချထား၍ လှူသည်ကို သာယာခြင်းရှိသည်။ **ဟောတိ** = ဖြစ်၏။

## PAGE 214

**ဘိက္ခုနံ** = ရဟန်းတို့၏။ **အလာဘာယ** = လာဘ်မရခြင်းငှာ။ **<mark>ပရိသက္ကတိ</mark>** = အားထုတ်၏။ **ဘိက္ခူနံ** = ရဟန်းတို့၏။ **အနတ္ထာယ** = အကျိုးမဲ့ဖြစ်ခြင်းငှာ။ **<mark>ပရိသက္ကတိ</mark>** = အားထုတ်၏။ **ဘိက္ခုနံ** = ရဟန်းတို့၏။ **အဝါသာယ** = နေမြဲကျောင်း၌ မနေနိုင်ခြင်းငှာ။ **<mark>ပရိသက္ကတိ</mark>** = အားထုတ်၏။ **ဘိက္ခု** = ရဟန်းတို့ကို။ **အက္ကောသတိ** = ဆဲရေး၏။ **ပရိဘာသတိ** = ခြိမ်းချောက်၏။ **ဘိက္ခု** = ရဟန်းတို့ကို။ **ဘိက္ခုဟိ** = အခြား ရဟန်းတို့နှင့်။ **ဘေဒေတိ** = ကွဲပြားအောင် ဂုံးတိုက်၏။ **ဒသဟိ** = ဆယ်ပါးကုန်သော။ **ဣမေဟိ အင်္ဂေဟိ** = ဤအကြောင်းအင်္ဂါတို့နှင့်။ **သမန္နာဂတဿ** = ပြည့်စုံသော။ **သာမဏေရဿ** = သာမဏေ၏ (အပေါ်၌)။ **ဒဏ္ဍကမ္မံ** = ဒဏ်အမှုကို။ **ကာတဗ္ဗ** = ပြုထိုက်၏။

---

#### အနက်ပေးပုံ ရှင်းလင်းချက်

“ပါဏာတိပါတ-သူ့အသက်ကို ... သတ်လေ့ရှိသည်” ဟု <mark>ဝေါဟာရအနက်</mark>ကို သုံးစွဲကြ၏၊ သို့သော် “အလေ့” ဟူသည် တစ်ကြိမ်တစ်ခါ လွန်ကျူးခြင်း မဟုတ်၊ မကြာခဏ လွန်ကျူးမှ အလေ့အလာ ဝါသနာ” ဟု ဆိုထိုက်သည်၊ ဤလိင်-ဒဏ် အခန်း၌ကား တစ်ကြိမ်တစ်ခါ လွန်ကျူးလျှင်လည်း လိင်ကျ-<mark>ဒဏ်ထိုက်၏။</mark> ထို့ကြောင့် သိက္ခာပုဒ်တိုင်း၌ “အလေ့” ဟု မသုံးဘဲ သဒ္ဒါအနေလိုက်၍ ကတ္တုသာဓနနက်ဖြစ်စေ ရိုးရိုး အဿတ္ထိအနက်ဖြစ်စေ ပေးလိုက်သည်။

**နစ္စ။ပ။ ဝိသူကဒဿနော**-သာသနဿ အနနုလောမတ္တာ ဝိသူကံ ပဋာဏိဘူတံ ဒဿနန္တိ ဝိသူကဒဿနံ။ (သီလက္ခန် အဋ္ဌကထာ)၊ “သဗ္ဗပါပဿ အကရဏံ။ပ။ ဧတံ ဗုဒ္ဓါန

## PAGE 215

သာသနံ” ဟူသော အဆုံးအမတော်၌ “မကောင်းမှု အားလုံးကို မပြုရ” ဟု ဆုံးမတော်မူ၏။ နစ္စ စသည်ကို ကြည့်မှုသည် ကောင်းမှု ဖြစ်ရကား ထို အဆုံးအမတော်နှင့် မလျော် (ဖီလာ) ဖြစ်၏။

ဝိသူကံကို “ဝိသုစတိ သာသနံ ဝိဇ္ဈတိ-အဆုံးအမကို ထိုးဆွ သကဲ့သို့ ဖြစ်၏” ဟု ဋီကာ ဖွင့်၏၊ ပဋိဝိရုဒ္ဓံ (ဆန့်ကျင်ဘက်) ဟုလည်း အဓိပ္ပါယ် ပြ၏၊ [“ဝိသူစိကာ, သူစိ-အပ်” စသည်ကို ထောက်၍ ထိုးခြင်းအနက်၌ “ဝိသူက” ဟု ဒီဃ သင့်မည် ထင်၏၊ စာအုပ်အများ၌ကား “ဝိသုက” ဟု ရှိသည်။]

ထိုဝိသူကံကိုလည်း “ပဋာဏီဘူတံ = ပဋိ (ဆန့်ကျင်ဘက်) + အာဏီဘူတံ” ဟု ဖွင့်၏၊ အာဏီ = ကီလ (သပ် = စို့ = မယ်န)၊ ဘုရားအဆုံးအမတော်ကို ဆန့်ကျင်ဘက်ပြုလျက် သပ်ဖြင့် စို့ဖြင့် နှက်သကဲ့သို့ ကြည့်ရှု နားထောင်ခြင်း-ဟူလို၊ ဤ အဓိပ္ပါယ်ကို ရည်၍ “ဝိသူကဒဿန” ကို၎င်း “အတ္တနာ နစ္စန နစ္စာပနာဒိဝသေနကို ထောက်၍ နစ္စ ဂီတ ဝါဒိတကို၎င်း အနက်ပေးထားသည်။

---

#### မှတ်ချက်။ ။
သီလက္ခန်-ဥတုဝိပစ္စနီက၊ ပုဒ်အဖွင့်၌ “ဝိသရုက္ခ-အာဏိ (မယ်န = စို့) ကောဋယမာနောဝိယ” ဟု အာဏီအသုံးကို တွေ့ရ၏၊ ထိုအာဏီကို “ကီလ” ဟု ဖွင့်၏၊ ကီလအသုံးကိုလည်း “ကီလ + ဥပ္ပါဠိ = လှူတိုက်၍ မပြီးသေးသော သစ်သား အခြမ်း၌ စိုက်နှက်ထားသော <mark>သပ်ကို</mark> <mark>နှုတ်သည်</mark>” ဟု ဟိတောပဒေသ၌ တွေ့ရ၏၊ ရှေးဆရာတို့ကား “အာကီ = ငြောင့်တန်ကျင်” ဟု အနက်ပြန်ကြသည်။

## PAGE 216

မာလာ ဂန္ဓ သိက္ခာပုဒ်၌ အနက်ပေးပုံမှာ ဆရာများ <mark>သိဘွယ်၌</mark> အကျယ်ရှင်းပြသည့်အတိုင်း သိလောက်ပြီ၊ ထို့ကြောင့် ထပ်၍ ရေးဘွယ်မလို၊ ထိုအကျယ်ကို ပြန်၍ရှုပါ။

ဥစ္စာသယန မဟာသယန၌ “မဟာ” အရဝယ် အထည်ဝတ္ထု ကြီးခြင်း ခမ်းနား ဆန်းကြယ်ခြင်းများ ပါဝင်၏၊ တကျိပ် ခြောက်ယောက်သော ကခြေသည်တို့ ကလောက်သော ကော်ဇောသည် ကြီး၏၊ လက်လေးသစ်ထက် အမွေးရှည်သော ကော်ဇောသည် ခမ်းနား၏၊ ပန်းပွင့် အရုပ်တို့ဖြင့် ယက်လုပ်အပ်သော ကော်ဇောသည် ဆန်းကြယ်၏၊ ထိုအားလုံး သိုးမွှေးဖြစ်လျှင် မအပ်။

**ဇာတရူပ ရဇတပ္ပဋိဂ္ဂဟဏာ၌** – နေဝ နံ ဥဂ္ဂဏှာတိ၊ န ဥဂ္ဂဏှာပေတိ၊ န ဥပနိက္ခိတ္တံ သာဒယတိ” ဟူသော သီလက္ခန် အဋ္ဌကထာအတိုင်း ပေးသည်၊ ပဋိဂ္ဂဟဏပုဒ်ကို ဧကသေသ် လုပ်စေလိုသည်။

**ဘိက္ခူနံ အနတ္ထာယ** ကို အဝါသာယ၏ ရှေ့၌ထားခြင်းကား မဟာဝါပါဠိတော်အတိုင်း ထားခြင်းတည်း၊ အဝါသာယကိုလည်း “ကိန္တိ ဣမသ္မိံ အာဝါသေ န ဝသေယျတိ ပရက္ကမတိ၊ အဘယ်နည်းဖြင့် ဤ ကျောင်းတိုက်၌ မနေနိုင်ပါကုန်ရာအံ့နည်း” ဟူသော အဖွင့်အတိုင်း ပေးသည်။

လိမ်ဆယ်ပါး ဒဏ်ဆယ်ပါး ပြီး၏။

## PAGE 217

### သေခိယ ပါဌ်အနက် <mark>ပရိမဏ္ဍလဝဂ်</mark>

**ဣမေ ခေါ ပနာယသ္မန္တော သေခိယာ ဓမ္မာ ဥဒ္ဒေသံ အာဂစ္ဆန္တိ။**

** ( ၁ ) ပရိမဏ္ဍလံ နိဝါသေဿာမီ<mark>တိ၊</mark> <mark>သိက္ခာ</mark> ကရဏီယာ။**
** (၂) ပရိမဏ္ဍလံ ပါရူပိဿာမီ<mark>တိ၊</mark> <mark>သိက္ခာ</mark> ကရဏီယာ။**

** (၃) သုပ္ပဋိစ္ဆန္နော <mark>အန္တရဃရေ</mark> ဂမိဿာမီ<mark>တိ၊</mark> <mark>သိက္ခာ</mark> ကရဏီယာ။**

---

**အာယသ္မန္တော** = အရှင်တို့။ **သေခိယာ** = သေခိယ မည်ကုန်သော။ **ဣမေ ခေါ ပန ဓမ္မာ** = ဤ<mark>သိက္ခာ</mark>ပုဒ်တို့သည်။ **ဥဒ္ဒေသံ** = သရုပ်အားဖြင့် <mark>ရွတ်ဖတ်အပ်</mark>ကုန်သည်၏ အဖြစ်သို့။ **အာဂစ္ဆန္တိ** = ရောက်ကုန်၏။

၁။ **ပရိမဏ္ဍလံ** = ထက်ဝန်းကျင် ဝန်းဝိုင်းစွာ။ **နိဝါသေဿာမိ** = သင်းပိုင်ကို ဝတ်အံ့။ **ဣတိ** = ဤသို့။ **<mark>သိက္ခာ</mark>** = သင်ခြင်း ကျင့်ခြင်း အားထုတ်ခြင်းကို။ **ကရဏီယာ** = ပြုထိုက်၏။

၂။ **ပရိမဏ္ဍလံ** = [ဝန်းဝိုင်း]စွာ။ **ပါရူပိဿာမိ** = ကိုယ်ဝတ် သင်္ကန်းကို <mark>ရုံအံ့</mark>။ **ဣတိ** = [ဤသို့]။ **<mark>သိက္ခာ</mark>** = [ကို]။ **ကရဏီယာ** = [ပြုထိုက်]၏။

၃။ **သုပ္ပဋိစ္ဆန္နော** = လည်ပင်း လက်ကောက်ဝတ်တို့ကို ကောင်းစွာ ဖုံးအုပ်လျက်။ **<mark>အန္တရဃရေ</mark>** = ရွာတွင်း၌။ **ဂမိဿာမိ** = [သွား]အံ့။ **ဣတိ** = [ဤသို့]။ **<mark>သိက္ခာ</mark>** = [ကို]။ **ကရဏီယာ** = ပြုထိုက်၏။

## PAGE 218

** (၄) သုပ္ပဋိစ္ဆန္နော <mark>အန္တရဃရေ</mark> <mark>နိသီဒိဿာမီတိ၊</mark> <mark>သိက္ခာ</mark> ကရဏီယာ။**

** (၅) သုသံဝုတော <mark>အန္တရဃရေ</mark> ဂမိဿာမီ<mark>တိ၊</mark> <mark>သိက္ခာ</mark> ကရဏီယာ။**

** (၆) သုသံဝုတော <mark>အန္တရဃရေ</mark> <mark>နိသီဒိဿာမီတိ၊</mark> <mark>သိက္ခာ</mark> ကရဏီယာ။**

** (၇) <mark>ဩက္ခိတ္တစက္ခု</mark> <mark>အန္တရဃရေ</mark> ဂမိဿာမီ<mark>တိ၊</mark> <mark>သိက္ခာ</mark> ကရဏီယာ။**

---

၄။ **သုပ္ပဋိစ္ဆန္နော** = [ဖုံးအုပ်]လျက်။ **<mark>အန္တရဃရေ</mark>** = [ရွာတွင်း]၌။ **နိသီဒိဿာမိ** = နေထိုင်အံ့။ **ဣတိ** = [ဤသို့]။ **<mark>သိက္ခာ</mark>** = [ကို]။ **ကရဏီယာ** = [ပြုထိုက်]၏။

၅။ **သုသံဝုတော** = ကောင်းစွာ စောင့်စည်းအပ်သော လက်ခြေရှိသည်။ (ဟုတွာ = ဖြစ်၍။) **<mark>အန္တရဃရေ</mark>** = [ရွာတွင်း]၌။ **ဂမိဿာမိ** = သွားအံ့။ **ဣတိ** = [ဤသို့]။ **<mark>သိက္ခာ</mark>** = [ကို]။ **ကရဏီယာ** = [ပြုထိုက်]၏။

၆။ **သုသံဝုတော** = [စောင့်စည်းအပ်သော လက်ခြေရှိသည်]။ (ဟုတွာ = [ဖြစ်]၍။) **<mark>အန္တရဃရေ</mark>** = [ရွာတွင်း]၌။ **နိသီဒိဿာမိ** = နေထိုင်အံ့။ **ဣတိ** = [ဤသို့]။ **<mark>သိက္ခာ</mark>** = [ကို]။ **ကရဏီယာ** = [ပြုထိုက်]၏။

၇။ **<mark>ဩက္ခိတ္တစက္ခု</mark>** = လေးတောင်ခန့်မျှ ကြည့်သောအားဖြင့် အောက်၌ ချအပ်သော မျက်လွှာရှိသည်။ (ဟုတွာ = [ဖြစ်]၍။) **<mark>အန္တရဃရေ</mark>** = [ရွာတွင်း]၌။ **ဂမိဿာမိ** = [သွား]အံ့။ **ဣတိ** = ဤသို့။ **<mark>သိက္ခာ</mark>** = [ကို]။ **ကရဏီယာ** = [ပြုထိုက်]၏။

## PAGE 219

** (ဂ) <mark>ဩက္ခိတ္တစက္ခု</mark> <mark>အန္တရဃရေ</mark> <mark>နိသီဒိဿာမီတိ၊</mark> <mark>သိက္ခာ</mark> ကရဏီယာ။**

** (၉) န ဥက္ခိတ္တကာယေန <mark>အန္တရဃရေ</mark> ဂမိဿာမီ<mark>တိ၊</mark> <mark>သိက္ခာ</mark> ကရဏီယာ။**

** (၁၀) န ဥက္ခိတ္တကာယေန <mark>အန္တရဃရေ</mark> <mark>နိသီဒိဿာမီတိ၊</mark> <mark>သိက္ခာ</mark> ကရဏီယာ။**

**ပရိမဏ္ဍလဝဂ္ဂေါ ပဌမော။**

---

**<mark>ဩက္ခိတ္တစက္ခု</mark>** = [လေးတောင်ခန့်မျှကြည့်သောအားဖြင့် အောက်၌ ချအပ်သော မျက်လွှာရှိသည်]။ (ဟုတွာ = [ဖြစ်]၍။) **<mark>အန္တရဃရေ</mark>** = [ရွာတွင်း၌] **နိသီဒိဿာမိ** = နေထိုင်အံ့။ **ဣတိ** = [ဤသို့]။ **<mark>သိက္ခာ</mark>** = [ကို]။ **ကရဏီယာ** = [ပြုထိုက်]၏။

၉။ **ဥက္ခိတ္တကာယ** = သင်္ကန်းကို မြှောက်ပင့်ခြင်းဖြင့်။ **<mark>အန္တရဃရေ</mark>** = [ရွာတွင်း]၌။ **န ဂမိဿာမိ** = မသွားအံ့။ **ဣတိ** = [ဤသို့]။ **<mark>သိက္ခာ</mark>** = [ကို]။ **ကရဏီယာ** = [ပြုထိုက်]၏။

<mark>၁၀။</mark> **ဥက္ခိတ္တကာယ** = [သင်္ကန်းကို မြှောက်ပင့်ခြင်း]ဖြင့်။ **<mark>အန္တရဃရေ</mark>** = [ရွာတွင်း]၌။ **န နိသီဒိဿာမိ** = မနေထိုင်အံ့။ **ဣတိ** = ဤသို့။ **<mark>သိက္ခာ</mark>** = သင်ခြင်း ကျင့်ခြင်း အားထုတ်ခြင်းကို။ **ကရဏီယာ** = ပြုထိုက်၏။

**ပဌမော** = ရှေးဦးစွာသော။ **ပရိမဏ္ဍလဝဂ္ဂေါ** = ပရိမဏ္ဍလ ဝဂ်တည်း။

## PAGE 220

## <mark>ဥဇ္ဈတ္ထိကဝဂ်</mark>

** (၁၁) န <mark>ဥဇ္ဈတ္ထိကာယ</mark> <mark>အန္တရဃရေ</mark> <mark>ဂမိဿာမီတိ</mark> သိက္ခာ ကရဏီယာ။ **

** (၁၂) န <mark>ဥဇ္ဈတ္ထိကာယ</mark> <mark>အန္တရဃရေ</mark> <mark>နိသီဒိဿာမီတိ</mark> သိက္ခာ ကရဏီယာ။ **

** (၁၃) အပ္ပသဒ္ဓေါ <mark>အန္တရဃရေ</mark> <mark>ဂမိဿာမီတိ</mark> သိက္ခာ ကရဏီယာ။ **

** (၁၄) အပ္ပသဒ္ဓေါ <mark>အန္တရဃရေ</mark> <mark>နိသီဒိဿာမီတိ</mark> သိက္خာ ကရဏီယာ။ **

---

၁၁။ **<mark>ဥဇ္ဈတ္ထိကာယ</mark>** = ကျယ်စွာ ရယ်ခြင်းဖြင့်။ **<mark>အန္တရဃရေ</mark>** = ရွာအတွင်း၌။ **န ဂမိဿာမိ** = မသွားအံ့။ **ဣတိ** = ဤသို့။ သိက္ခာ = သင်ခြင်း ကျင့်ခြင်း အားထုတ်ခြင်းကို။ **ကရဏီယာ** = ပြုထိုက်၏။

၁၂။ **<mark>ဥဇ္ဈတ္ထိကာယ</mark>** = လက်ဖျားဖြင့် (ခါးထောက်လျက်)။ **<mark>အန္တရဃရေ</mark>** = ရွာအတွင်း၌။ **န <mark>နိသီဒိဿာမိ</mark>** = မနေထိုင်အံ့။ **ဣတိ** = ဤသို့။ သိက္ခာ = ကို။ **ကရဏီယာ** = ပြုထိုက်၏။

၁၃။ **အပ္ပသဒ္ဓေါ** = တိုးသော အသံရှိသည်။ (**ဟုတွာ** = ၍။) **<mark>အန္တရဃရေ</mark>** = ရွာ bên trong ၌။ **ဂမိဿာမိ** = သွားအံ့။ **ဣတိ** = ဤသို့။ သိက္ခာ = ကို။ **ကရဏီယာ** = ပြုထိုက်၏။

၁၄။ **အပ္ပသဒ္ဓေါ** = သည်။ (**ဟုတွာ** = ၍။) **<mark>အန္တရဃရေ</mark>** = ၌။ **<mark>နိသီဒိဿာမိ</mark>** = နေထိုင်အံ့။ **ဣတိ** = ဤသို့။ သိက္ခာ = ကို။ **ကရဏီယာ** = ပြုထိုက်၏။

## PAGE 221

** (၁၅) န ကာယပ္ပစာလကံ <mark>အန္တရဃရေ</mark> <mark>ဂမိဿာမီတိ</mark> သိက္ခာ ကရဏီယာ။ **

** (၁၆) န ကာယပ္ပစာလကံ <mark>အန္တရဃရေ</mark> <mark>နိသီဒိဿာမီတိ</mark> သိက္ခာ ကရဏီယာ။ **

** (၁၇) န ဗာဟုပ္ပစာလကံ <mark>အန္တရဃရေ</mark> <mark>ဂမိဿာမီတိ</mark> သိက္ခာ ကရဏီယာ။ **

** (၁ဂ) န ဗာဟုပ္ပစာလကံ <mark>အန္တရဃရေ</mark> <mark>နိသီဒိဿာမီတိ</mark> သိက္ခာ ကရဏီယာ။ **

---

၁၅။ **ကာယပ္ပစာလကံ** = ကိုယ်ကို လှုပ်စေ၍ လှုပ်စေ၍။ **<mark>အန္တရဃရေ</mark>** = ၌။ **န ဂမိဿာမိ** = မသွားအံ့။ **ဣတိ** = ဤသို့။ သိက္ခာ = ကို။ **ကရဏီယာ** = ပြုထိုက်၏။

၁၆။ **ကာယပ္ပစာလကံ** = ကိုယ်ကို လှုပ်စေ၍ လှုပ်စေ၍။ **<mark>အန္တရဃရေ</mark>** = ၌။ **န <mark>နိသီဒိဿာမိ</mark>** = မနေထိုင်အံ့။ **ဣတိ** = ဤသို့။ သိက္ခာ = ကို။ **ကရဏီယာ** = ပြုထိုက်၏။

၁၇။ **ဗာဟုပ္ပစာလကံ** = လက်ရုံးကို လှုပ်စေ၍ လှုပ်စေ၍။ **<mark>အန္တရဃရေ</mark>** = ၌။ **န ဂမိဿာမိ** = မသွားအံ့။ **ဣတိ** = ဤသို့။ သိက္ခာ = ကို။ **ကရဏီယာ** = ပြုထိုက်၏။

၁ဂ။ **ဗာဟုပ္ပစာလကံ** = လက်ရုံးကို လှုပ်စေ၍ လှုပ်စေ၍။ **<mark>အန္တရဃရေ</mark>** = ၌။ **န <mark>နိသီဒိဿာမိ</mark>** = မနေထိုင်အံ့။ **ဣတိ** = ဤသို့။ သိက္ခာ = ကို။ **ကရဏီယာ** = ပြုထိုက်၏။

## PAGE 222

** (၁၉) န သီသပ္ပစာလကံ <mark>အန္တရဃရေ</mark> <mark>ဂမိဿာမီတိ</mark> သိက္ခာ ကရဏီယာ။ **

** (၂၀) န သီသပ္ပစာလကံ <mark>အန္တရဃရေ</mark> <mark>နိသီဒိဿာမီတိ</mark> သိက္ခာ ကရဏီယာ။ **

### <mark>ဥဇ္ဈတ္ထိကဝဂ္ဂေါ</mark> ဒုတိယော။

---

၁၉။ **သီသပ္ပစာလကံ** = ဦးခေါင်းကို လှုပ်စေ၍ လှုပ်စေ၍။ **<mark>အန္တရဃရေ</mark>** = ၌။ **န ဂမိဿာမိ** = မသွားအံ့။ **ဣတိ** = ဤသို့။ သိက္ခာ = ကို။ **ကရဏီယာ** = ပြုထိုက်၏။

<mark>၂၀။</mark> **သီသပ္ပစာလကံ** = ဦးခေါင်းကို လှုပ်စေ၍ လှုပ်စေ၍။ **<mark>အန္တရဃရေ</mark>** = ၌။ **န <mark>နိသီဒိဿာမိ</mark>** = မနေထိုင်အံ့။ **ဣတိ** = ဤသို့။ သိက္ခာ = သင်ခြင်း ကျင့်ခြင်း အားထုတ်ခြင်းကို။ **ကရဏီယာ** = ပြုထိုက်၏။

**ဒုတိယော** = ၂-ခုမြောက်သော။ **<mark>ဥဇ္ဈတ္ထိကဝဂ္ဂေါ</mark>** = <mark>ဥဇ္ဈတ္ထိကဝဂ်</mark>တည်း။

**အမှာ။** ။ဤ သေခိယပါဌ်ကို အနက်ပေးရာ၌ ပါတိမောက် ဘာသာဋီကာအတိုင်း သဒ္ဒါအနက်ကို ပဓာနထား၍ ပေးသည်။ “ဥဇ္ဈတ္ထိက=ဥဇ္ဈတ္ထိက” ဟု ပါဌ် ၂-မျိုး ရေးကြသည်။

## PAGE 223

## ခမ္ဘကတဝဂ်

**(၂၁) န ခမ္ဘကတော <mark>အန္တရဃရေ</mark> ဂမိဿာမီတိ <mark>သိက္ခာ</mark> <mark>ကရဏီယာ</mark>။**

**(၂၂) န ခမ္ဘကတော <mark>အန္တရဃရေ</mark> <mark>နိသီဒိဿာမီတိ</mark> <mark>သိက္ခာ</mark> <mark>ကရဏီယာ</mark>။**

**(၂၃) န <mark>ဩဂုဏ္ဌိတော</mark> <mark>အန္တရဃရေ</mark> ဂမိဿာမီတိ <mark>သိက္ခာ</mark> <mark>ကရဏီယာ</mark>။**

**(၂၄) န <mark>ဩဂုဏ္ဌိတော</mark> <mark>အန္တရဃရေ</mark> <mark>နိသီဒိဿာမီတိ</mark> <mark>သိက္ခာ</mark> <mark>ကရဏီယာ</mark>။**

---

**၂၁။ ခမ္ဘကတော** = ပြုအပ်သော ခါးထောက်ခြင်းရှိသည် (ဟုတွာ = ၍)။ **အန္တရယရေ** = ၌။ **န <mark>ဂမိဿာမိ</mark>** = မသွားအံ့။ **ဣတိ** = <mark>ဤသို့</mark>။ **<mark>သိက္ခာ</mark>** = ကို။ **<mark>ကရဏီယာ</mark>** = <mark>ပြုထိုက်၏</mark>။

**၂၂။ ခမ္ဘကတော** = ပြုအပ်သော ခါးထောက်ခြင်းရှိသည် (ဟုတွာ = ၍)။ **<mark>အန္တရဃရေ</mark>** = ၌။ **န နိသီဒိဿာမိ** = မနေထိုင်အံ့။ **ဣတိ** = <mark>ဤသို့</mark>။ **<mark>သိက္ခာ</mark>** = ကို။ **<mark>ကရဏီယာ</mark>** = <mark>ပြုထိုက်၏</mark>။

**၂၃။ <mark>ဩဂုဏ္ဌိတော</mark>** = ခြုံအပ်သော ဦးခေါင်းရှိသည် (ဟုတွာ = ၍)။ **<mark>အန္တရဃရေ</mark>** = ၌။ **န <mark>ဂမိဿာမိ</mark>** = မသွားအံ့။ **ဣတိ** = <mark>ဤသို့</mark>။ **<mark>သိက္ခာ</mark>** = ကို။ **<mark>ကရဏီယာ</mark>** = <mark>ပြုထိုက်၏</mark>။

**၂၄။ <mark>ဩဂုဏ္ဌိတော</mark>** = ခြုံအပ်သော ဦးခေါင်းရှိသည် (ဟုတွာ = ၍)။ **<mark>အန္တရဃရေ</mark>** = ၌။ **န နိသီဒိဿာမိ** = မနေထိုင်အံ့။ **ဣတိ** = <mark>ဤသို့</mark>။ **<mark>သိက္ခာ</mark>** = ကို။ **<mark>ကရဏီယာ</mark>** = <mark>ပြုထိုက်၏</mark>။

## PAGE 224

**(၂၅) န ဥက္ကဋိကာယ <mark>အန္တရဃရေ</mark> ဂမိဿာမီတိ <mark>သိက္ခာ</mark> <mark>ကရဏီယာ</mark>။**

**(၂၆) န ပလ္လတ္ထိကာယ <mark>အန္တရဃရေ</mark> <mark>နိသီဒိဿာမီတိ</mark> <mark>သိက္ခာ</mark> <mark>ကရဏီယာ</mark>။**

**(၂၇) သက္ကစ္စံ ပိဏ္ဍပါတံ <mark>ပဋိဂ္ဂဟေဿာမီတိ</mark> <mark>သိက္ခာ</mark> <mark>ကရဏီယာ</mark>။**

**(၂၈) ပတ္တသညီ ပိဏ္ဍပါတံ <mark>ပဋိဂ္ဂဟေဿာမီတိ</mark> သိက္خာ <mark>ကရဏီယာ</mark>။**

---

**၂၅။ ဥက္ကဋိကာယ** = အထက်၌ ခြေတစ်စွန်းရှိသော သွားခြင်းဖြင့်။ ဝါ — ဖဝါးအစွန် <mark>နင်းလျှက်</mark>။ **<mark>အန္တရဃရေ</mark>** = ၌။ **န <mark>ဂမိဿာမိ</mark>** = မသွားအံ့။ **ဣတိ** = <mark>ဤသို့</mark>။ **<mark>သိက္ခာ</mark>** = ကို။ **<mark>ကရဏီယာ</mark>** = <mark>ပြုထိုက်၏</mark>။

**၂၆။ ပလ္လတ္ထိကာယ** = လက်, အဝတ်တို့ဖြင့် ထက်ဝန်းကျင် ပတ်ဖွဲ့ခြင်းဖြင့်။ **<mark>အန္တရဃရေ</mark>** = ၌။ **န နိသီဒိဿာမိ** = မနေထိုင်အံ့။ **ဣတိ** = <mark>ဤသို့</mark>။ **<mark>သိက္ခာ</mark>** = ကို။ **<mark>ကရဏီယာ</mark>** = <mark>ပြုထိုက်၏</mark>။

**၂၇။ သက္ကစ္စံ** = လေးစားသောအား သတိထား၍။ **ပိဏ္ဍပါတံ** = ဆွမ်းကို။ **<mark>ပဋိဂ္ဂဟေဿာမိ</mark>** = ခံယူအံ့။ **ဣတိ** = <mark>ဤသို့</mark>။ **<mark>သိက္ခာ</mark>** = ကို။ **<mark>ကရဏီယာ</mark>** = <mark>ပြုထိုက်၏</mark>။

**၂၈။ ပတ္တသညီ** = သပိတ်၌ သညာရှိသည် (ဟုတွာ = ၍)။ **ပိဏ္ဍပါတံ** = ကို။ **<mark>ပဋိဂ္ဂဟေဿာမိ</mark>** = ခံယူအံ့။ **ဣတိ** = <mark>ဤသို့</mark>။ **<mark>သိက္ခာ</mark>** = ကို။ **<mark>ကရဏီယာ</mark>** = <mark>ပြုထိုက်၏</mark>။

## PAGE 225

**(၂၉) သမသူပကံ ပိဏ္ဍပါတံ <mark>ပဋိဂ္ဂဟေဿာမီတိ</mark> <mark>သိက္ခာ</mark> <mark>ကရဏီယာ</mark>။**

**(၃၀) သမတိတ္ထိကံ ပိဏ္ဍပါတံ <mark>ပဋိဂ္ဂဟေဿာမီတိ</mark> <mark>သိက္ခာ</mark> <mark>ကရဏီယာ</mark>။**

**ခမ္ဘကတဝဂ္ဂေါ တတိယော။**

---

## သက္ကစ္စဝဂ်

**(၃၁) သက္ကစ္စံ ပိဏ္ဍပါတံ ဘုဉ္စိဿာမီတိ <mark>သိက္ခာ</mark> <mark>ကရဏီယာ</mark>။**

---

**၂၉။ သမသူပကံ** = ဆွမ်း၏ <mark>လေးပုံတစ်ပုံ</mark>မျှ လက်ကော်ရပဲဟင်းရှိရုံသာ။ **ပိဏ္ဍပါတံ** = ကို။ **<mark>ပဋိဂ္ဂဟေဿာမိ</mark>** = ခံယူအံ့။ **ဣတိ** = <mark>ဤသို့</mark>။ **<mark>သိက္ခာ</mark>** = ကို။ **<mark>ကရဏီယာ</mark>** = <mark>ပြုထိုက်၏</mark>။

**၃၀။ သမတိတ္ထိကံ** = သပိတ်အတွင်း အနားရစ်နှင့် ညီမျှသော <mark>ခဲဖွယ်ဘောဇဉ်</mark> ရှိရုံသာ။ **ပိဏ္ဍပါတံ** = ကို။ **<mark>ပဋိဂ္ဂဟေဿာမိ</mark>** = ခံယူအံ့။ **ဣတိ** = <mark>ဤသို့</mark>။ **<mark>သိက္ခာ</mark>** = သင်ခြင်း ကျင့်ခြင်း အားထုတ်ခြင်းကို။ **<mark>ကရဏီယာ</mark>** = <mark>ပြုထိုက်၏</mark>။



**တတိယော** = ၃-ခုမြောက်သော။ **ခမ္ဘကတဝဂ္ဂေါ** = တည်း။

---

## သက္ကစ္စဝဂ်

**၃၁။ သက္ကစ္စံ** = လေးစားသောအား သတိထား၍။ **ပိဏ္ဍပါတံ** = ဆွမ်းကို။ **ဘုဉ္စိဿာမိ** = စားအံ့။ **ဣတိ** = <mark>ဤသို့</mark>။ **<mark>သိက္ခာ</mark>** = သင်ခြင်း ကျင့်ခြင်း အားထုတ်ခြင်းကို။ **<mark>ကရဏီယာ</mark>** = <mark>ပြုထိုက်၏</mark>။

## PAGE 226

(၃၂) <mark>ပတ္တသညီ</mark> ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ, သိက္ခာ ကရဏီယာ။

(၃၃) သပဒါနံ ပိဏ္ဍပါတံ ဘုဉ္ဇိဿာမီတိ, သိက္ခာ ကရဏီယာ။

(၃၄) သမသူပကံ ပိဏ္ဍပါတံ <mark>ဘုဉ္ဇဿာမီတိ</mark>, သိက္ခာ ကရဏီယာ။

(၃၅) န <mark>ထူပကတော</mark> ဩမဒ္ဒိတွာ ပိဏ္ဍပါတံ <mark>ဘုဉ္ဇဿာမီတိ</mark>, သိက္ခာ ကရဏီယာ။

---

**၃၂။ <mark>ပတ္တသညီ</mark>** = သပိတ်၌ သညာရှိသည်။ (ဟုတွာ = ၍။) **ပိဏ္ဍပါတံ** = ကို။ **<mark>ဘုဉ္ဇိဿာမိ</mark>** = စားအံ့။ **ဣတိ** = သို့။ **သိက္ခာ** = ကို။ **ကရဏီယာ** = ၏။

**၃၃။ သပဒါနံ** = အစဉ်အတိုင်း။ **ပိဏ္ဍပါတံ** = ဆွမ်းကို။ **<mark>ဘုဉ္ဇိဿာမိ</mark>** = စားအံ့။ **ဣတိ** = သို့။ **သိက္ခာ** = ကို။ **ကရဏီယာ** = ၏။

**၃၄။ သမသူပကံ** = ဆွမ်း၏ <mark>လေးပုံ</mark> <mark>တစ်ပုံမျှ</mark> လက်ကော်ရ ပဲဟင်းရှိရုံသာ။ **ပိဏ္ဍပါတံ** = ဆွမ်းကို။ **<mark>ဘုဉ္ဇိဿာမိ</mark>** = စားအံ့။ **ဣတိ** = သို့။ **သိက္ခာ** = ကို။ **ကရဏီယာ** = ၏။

**၃၅။ <mark>ထူပကတော</mark>** = ဆွမ်းဦးဆွမ်းထိပ်မှ။ **ဩမဒ္ဒိတွာ** = နှိပ်၍။ ဝါ၊ နှိုက်၍။ **ပိဏ္ဍပါတံ** = ကို။ **န <mark>ဘုဉ္ဇိဿာမိ</mark>** = မစားအံ့။ **ဣတိ** = သို့။ **သိက္ခာ** = ကို။ **ကရဏီယာ** = ၏။
## PAGE 227

(၃၆) န သူပံ ဝါ ဗျဉ္စနံ ဝါ ဩဒနေန ပဋိစ္ဆာဒေဿာမိ ဘိယျောကမျတံ ဥပါဒါယာတိ, သိက္ခာ ကရဏီယာ။

(၃၇) န သူပံ ဝါ ဩဒနံ ဝါ <mark>အဂိလာနော</mark> အတ္တနော အတ္ထာယ ဝိညာပေတွာ <mark>ဘုဉ္ဇဿာမီတိ</mark>, သိက္ခာ ကရဏီယာ။

(၃ဂ) န <mark>ဥဇ္ဈာနသညီ</mark> ပရေသံ ပတ္တံ ဩလောကေဿာမီတိ သိက္ခာ ကရဏီယာ။

---

**၃၆။ သူပံဝါ** = ပဲဟင်းစသည်ကို၎င်း။ **ဗျဉ္စနံဝါ** = ဟင်းလျာကို ၎င်း။ **ဘိယျောကမျတံ** = အများကို အလိုရှိသူ၏ အဖြစ်ကို။ **ဥပါဒါယ** = စွဲ၍။ **ဩဒနေန** = ဆွမ်းဖြင့်။ **န ပဋိစ္ဆာဒေဿာမိ** = မဖုံးအံ့။ **ဣတိ** = သို့။ **သိက္ခာ** = သင်ခြင်း ကျင့်ခြင်း အားထုတ်ခြင်းကို။ **ကရဏီယာ** = ၏။

**၃၇။ သူပံဝါ** = ပဲဟင်းစသည်ကို၎င်း။ **ဩဒနံ ဝါ** = ဆွမ်းကို၎င်း။ **<mark>အဂိလာနော</mark>** = ဂိလာန မဟုတ်ဘဲ။ **အတ္တနော** = မိမိ၏။ **အတ္ထာယ** = <mark>အကျိုးငှာ</mark>။ **ဝိညာပေတွာ** = တောင်း၍။ **န <mark>ဘုဉ္ဇဿာမိ</mark>** = မစားအံ့။ **ဣတိ** = သို့။ **သိက္ခာ** = ကို။ **ကရဏီယာ** = ပြုထိုက်၏။

**၃ဂ။ <mark>ဥဇ္ဈာနသညီ</mark>** = ကဲ့ရဲ့ခြင်း၌ သညာရှိသည်။ (ဟုတွာ = ၍။) **ပရေသံ** = <mark>သူတစ်ပါးတို့၏</mark>။ **ပတ္တံ** = သပိတ်ကို။ **န <mark>ဩလောကေဿာမိ</mark>** = မကြည့်အံ့။ **ဣတိ** = ဤသို့။ **သိက္ခာ** = သင်ခြင်း ကျင့်ခြင်း အားထုတ်ခြင်းကို။ **ကရဏီယာ** = ပြုထိုက်၏။

## PAGE 228

(၃၉) နာတိမဟန္တံ <mark>ကဗဠံ</mark> ကရိဿာမီတိ, သိက္ခာ ကရဏီယာ။

(၄၀) ပရိမဏ္ဍလံ <mark>အာလောပံ</mark> ကရိဿာမီတိ, သိက္ခာ ကရဏီယာ။

**သက္ကစ္စဝဂ္ဂေါ စတုတ္ထော။**

### ကဗဠဝဂ်

(၄၁) န <mark>အနာဟဋေ</mark> ကဗဠေ <mark>မုခဒ္ဓါရံ</mark> ဝိဝရိဿာမီတိ သိက္ခာ ကရဏီယာ။

---

**၃၉။ အတိမဟန္တံ** = ဒေါင်းဥအလား အလွန်ကြီးမားသော။ **<mark>ကဗဠံ</mark>** = ဆွမ်းလုပ်ကို။ **န ကရိဿာမိ** = မပြုအံ့။ **ဣတိ** = ဤသို့။ **သိက္ခာ** = ကို။ **ကရဏီယာ** = ၏။

**၄၀။ ပရိမဏ္ဍလံ** = ထက်ဝန်းကျင် ဝန်းဝိုင်းသော။ **<mark>အာလောပံ</mark>** = ဆွမ်းလုပ်ကို။ **ကရိဿာမိ** = ပြုအံ့။ **ဣတိ** = ဤသို့။ **သိက္ခာ** = သင်ခြင်း ကျင့်ခြင်း အားထုတ်ခြင်းကို။ **ကရဏီယာ** = ၏။

**စတုတ္ထော** = ၄-ခုမြောက်သော။ **သက္ကစ္စဝဂ္ဂေါ** = တည်း။

### ကဗဠဝဂ်

**၄၁။ ကဗဠေ** = ဆွမ်းလုပ်ကို။ **<mark>အနာဟဋေ</mark>** = ခံတွင်းဝသို့ မဆောင်ယူအပ်သေးမီ။ **<mark>မုခဒ္ဓါရံ</mark>** = ခံတွင်းဝကို။ **န ဝိဝရိဿာမိ** = မဖွင့်အံ့။ **ဣတိ** = ဤသို့။ **သိက္ခာ** = ကို။ **ကရဏီယာ** = ၏။

## PAGE 229

** (၄၂) န <mark>ဘုဉ္ဇမာနော</mark> <mark>သဗ္ဗံ</mark> <mark>ဟတ္ထံ</mark> <mark>မုခေ</mark> ပက္ခိပိဿာမီတိ သိက္ခာ <mark>ကရဏီယာ</mark>။**

** (၄၃) န <mark>သကဗဠေန</mark> <mark>မုခေ</mark>န ဗျာဟရိဿာမီတိ သိက္ခာ <mark>ကရဏီယာ</mark>။**

** (၄၄) န ပိဏ္ဍုက္ခေပကံ <mark>ဘုဉ္ဇိဿာမီတိ</mark>၊ သိက္ခာ <mark>ကရဏီယာ</mark>။**

** (၄၅) န ကဗဠာဝစ္ဆေဒကံ <mark>ဘုဉ္ဇိဿာမီတိ</mark>၊ သိက္ခာ <mark>ကရဏီယာ</mark>။**

---

၄၂။ **<mark>ဘုဉ္ဇမာနော</mark>** = ဆွမ်းစားစဉ်။ **<mark>သဗ္ဗံ</mark> <mark>ဟတ္ထံ</mark>** = အလုံးစုံသော လက်ချောင်းကို။ **<mark>မုခေ</mark>** = ခံတွင်း၌။ **န <mark>ပက္ခိပိဿာမိ</mark>** = မထည့်အံ့။ **ဣတိ** = <mark>ဤသို့</mark>။ သိက္ခာကို <mark>ကရဏီယာ</mark>။

၄၃။ **<mark>သကဗဠေန</mark>** = ဆွမ်းလုပ်နှင့်တကွ ဖြစ်သော။ **<mark>မုခေ</mark>န** = ခံတွင်းဖြင့်။ **န ဗျာဟရိဿာမိ** = စကားမပြောအံ့။ **ဣတိ** = <mark>ဤသို့</mark>။ သိက္ခာကို <mark>ကရဏီယာ</mark>။

၄၄။ **ပိဏ္ဍုက္ခေပကံ** = ဆွမ်းလုပ်ကို မြှောက်၍ မြှောက်၍။ **န <mark>ဘုဉ္ဇိဿာမိ</mark>** = မစားအံ့။ **ဣတိ** = <mark>ဤသို့</mark>။ သိက္ခာကို <mark>ကရဏီယာ</mark>။

၄၅။ **ကဗဠာဝစ္ဆေဒကံ** = ဆွမ်းလုပ်ကို ကိုက်ဖြတ်၍ ကိုက်ဖြတ်၍။ **န <mark>ဘုဉ္ဇိဿာမိ</mark>** = မစားအံ့။ **ဣတိ** = <mark>ဤသို့</mark>။ သိက္ခာကို <mark>ကရဏီယာ</mark>။

## PAGE 230

** (၄၆) န အဝဂဏ္ဍကာရကံ <mark>ဘုဉ္ဇိဿာမီတိ</mark> သိက္ခာ <mark>ကရဏီယာ</mark>။**

** (၄၇) န <mark>ဟတ္ထနိဒ္ဓုနကံ</mark> <mark>ဘုဉ္ဇိဿာမီတိ</mark>၊ သိက္ခာ <mark>ကရဏီယာ</mark>။**

** (၄ဂ) န သိတ္ထာဝကာရကံ <mark>ဘုဉ္ဇိဿာမီတိ</mark>၊ သိက္ခာ <mark>ကရဏီယာ</mark>။**

** (၄၉) န ဇိဝှါနိစ္ဆာရကံ <mark>ဘုဉ္ဇိဿာမီတိ</mark> သိက္ခာ <mark>ကရဏီယာ</mark>။**

** (၅၀) န စပု စပုကာရကံ <mark>ဘုဉ္ဇိဿာမီတိ</mark> သိက္ခာ <mark>ကရဏီယာ</mark>။**

---

**ကဗဠဝဂ္ဂေါ ပဉ္စမော။**

၄၆။ **အဝဂဏ္ဍကာရကံ** = မျောက်ကဲ့သို့ ပါးစောင်ကို မိုမောက် အောင်ပြု၍။ **န <mark>ဘုဉ္ဇိဿာမိ</mark>** = မစားအံ့။ **ဣတိ** = <mark>ဤသို့</mark>။ သိက္ခာကို <mark>ကရဏီယာ</mark>။

၄၇။ **<mark>ဟတ္ထနိဒ္ဓုနကံ</mark>** = လက်ကို ခါ၍ ခါ၍။ **န <mark>ဘုဉ္ဇိဿာမိ</mark>** = မစားအံ့။ **ဣတိ** = <mark>ဤသို့</mark>။ သိက္ခာကို <mark>ကရဏီယာ</mark>။

၄၈။ **သိတ္ထာဝကာရကံ** = ဆွမ်းလုံးများကို ဖြန့်ကြဲ၍ ဖြန့်ကြဲ၍။ **န <mark>ဘုဉ္ဇိဿာမိ</mark>** = မစားအံ့။ **ဣတိ** = <mark>ဤသို့</mark>။ သိက္ခာကို <mark>ကရဏီယာ</mark>။

၄၉။ **ဇိဝှါနိစ္ဆာရကံ** = လျှာကို ထုတ်၍ ထုတ်၍။ **န <mark>ဘုဉ္ဇိဿာမိ</mark>** = မစားအံ့။ **ဣတိ** = <mark>ဤသို့</mark>။ သိက္ခာကို <mark>ကရဏီယာ</mark>။

၅၀။ **စပု စပု ကာရကံ** = စပု စပု အသံပြု၍။ ဝါ၊ စပ်စပ် ပြတ်ပြတ် မည်အောင်။ **န <mark>ဘုဉ္ဇိဿာမိ</mark>** = မစားအံ့။ **ဣတိ** = <mark>ဤသို့</mark>။ သိက္ခာ၊ သင်ခြင်း ကျင့်ခြင်း အားထုတ်ခြင်းကို <mark>ကရဏီယာ</mark>။

**ပဉ္စမော** = ၅-ခုမြောက်သော။ **ကဗဠဝဂ္ဂေါ** = ကဗဠဝဂ်တည်း။

## PAGE 231

### <mark>သုရုသုရုဝဂ်</mark>

** (၅၁) န သုရုသုရုကာရကံ <mark>ဘုဉ္ဇိဿာမီတိ</mark>၊ သိက္ခာ <mark>ကရဏီယာ</mark>။**

** (၅၂) န ဟတ္ထနိလ္လေဟကံ <mark>ဘုဉ္ဇိဿာမီတိ</mark>၊ သိက္ခာ <mark>ကရဏီယာ</mark>။**

** (၅၃) န ပတ္တနိလ္လေဟကံ <mark>ဘုဉ္ဇိဿာမီတိ</mark>၊ သိက္ခာ <mark>ကရဏီယာ</mark>။**

** (၅၄) န ဩဋ္ဌနိလ္လေဟကံ <mark>ဘုဉ္ဇိဿာမီတိ</mark> သိက္ခာ <mark>ကရဏီယာ</mark>။**

** (၅၅) န သာမိသေန <mark>ဟတ္ထေန</mark> ပါနီယတ္ထာလကံ <mark>ပဋိဂ္ဂဟေဿာမီတိ</mark> သိက္ခာ <mark>ကရဏီယာ</mark>။**

---

၅၁။ **သုရုသုရုကာရကံ** = သုရုသုရု အသံပြု၍။ ဝါ၊ ရှုတ်ရှုတ် မြည်အောင်။ **န <mark>ဘုဉ္ဇိဿာမိ</mark>** = မစားအံ့။ **ဣတိ** = <mark>ဤသို့</mark>။ သိက္ခာကို <mark>ကရဏီယာ</mark>။

၅၂။ **ဟတ္ထနိလ္လေဟကံ** = လက်ကို လျက်၍ လျက်၍။ **န <mark>ဘုဉ္ဇိဿာမိ</mark>** = မစားအံ့။ **ဣတိ** = <mark>ဤသို့</mark>။ သိက္ခာကို <mark>ကရဏီယာ</mark>။

၅၃။ **ပတ္တနိလ္လေဟကံ** = သပိတ်ကို ခြစ်၍ ခြစ်၍။ **န <mark>ဘုဉ္ဇိဿာမိ</mark>** = မစားအံ့။ **ဣတိ** = <mark>ဤသို့</mark>။ သိက္ခာကို <mark>ကရဏီယာ</mark>။

၅၄။ **ဩဋ္ဌနိလ္လေဟကံ** = နှုတ်ခမ်းကို လျက်၍ လျက်၍။ **န <mark>ဘုဉ္ဇိဿာမိ</mark>** = မစားအံ့။ **ဣတိ** = <mark>ဤသို့</mark>။ သိက္ခာကို <mark>ကရဏီယာ</mark>။

၅၅။ **သာမိသေန** = ဆွမ်း စသော အာမိသနှင့်တကွဖြစ်သော။ **<mark>ဟတ္ထေန</mark>** = လက်ဖြင့်။ **ပါနီယတ္ထာလကံ** = သောက်ရေ ခွက်ကို။ **န ပဋိဂ္ဂဟေဿာမိ** = မကိုင်အံ့။ **ဣတိ** = <mark>ဤသို့</mark>။ သိက္ခာကို <mark>ကရဏီယာ</mark>။

## PAGE 232

** (၅၆) န သသိတ္ထကံ <mark>ပတ္တဓောဝနံ</mark> အန္တရဃရေ <mark>ဆ‌ဍ္ဍေဿာမိီတိ</mark>၊ သိက္ခာ <mark>ကရဏီယာ</mark>။**

** (၅၇) န ဆတ္တပါဏိဿ <mark>အဂိလာနဿ</mark> <mark>ဓမ္မံ</mark> <mark>ဒေသေဿာမီတိ</mark>၊ သိက္ခာ <mark>ကရဏီယာ</mark>။**

** (၅ဂ) န ဒဏ္ဍပါဏိဿ <mark>အဂိလာနဿ</mark> <mark>ဓမ္မံ</mark> <mark>ဒေသေဿာမီတိ</mark>၊ သိက္ခာ <mark>ကရဏီယာ</mark>။**

** (၅၉) န သတ္ထပါဏိဿ <mark>အဂိလာနဿ</mark> <mark>ဓမ္မံ</mark> <mark>ဒေသေဿာမီတိ</mark>၊ သိက္ခာ <mark>ကရဏီယာ</mark>။**

---

၅၆။ **သသိတ္ထကံ** = ဆွမ်းလုံးနှင့်တကွဖြစ်သော။ **<mark>ပတ္တဓောဝနံ</mark>** = သပိတ်ဆေးရေကို။ **အန္တရဃရေ** = ရွာတွင်း၌။ **န <mark>ဆ‌ဍ္ဍေဿာမိ</mark>** = မစွန့်အံ့။ **ဣတိ** = သို့။ **သိက္ခာ** = ကို။ **<mark>ကရဏီယာ</mark>** = ၏။

၅၇။ **ဆတ္တပါဏိဿ** = လက်၌ထီးရှိသော။ **<mark>အဂိလာနဿ</mark>** = ဂိလာန<mark>မဟုတ်သူအား</mark>။ **<mark>ဓမ္မံ</mark>** = ပါဠိအဋ္ဌကထာဓမ္မကို။ **န ဒေသေဿာမိ** = မဟောအံ့။ **ဣတိ** = ဤသို့။ **သိက္ခာ** = ကို။ **<mark>ကရဏီယာ</mark>** = ၏။

၅၀။ **ဒဏ္ဍပါဏိဿ** = လက်၌ ၄-တောင်ပြည့် ဒုတ်ရှိသော။ **<mark>အဂိလာနဿ</mark>** = အား။ **<mark>ဓမ္မံ</mark>** = ပါဠိအဋ္ဌကထာဓမ္မကို။ **န ဒေသေဿာမိ** = အံ့။ **ဣတိ** = သို့။ **သိက္ခာ** = ကို။ **<mark>ကရဏီယာ</mark>** = ၏။

၅၉။ **သတ္ထပါဏိဿ** = လက်၌ ဓား စသော လက်နက်ရှိသော။ **<mark>အဂိလာနဿ</mark>** = အား။ **<mark>ဓမ္မံ</mark>** = ပါဠိအဋ္ဌကထာဓမ္မကို။ **န ဒေသေဿာမိ** = အံ့။ **ဣတိ** = သို့။ **သိက္ခာ** = ကို။ **<mark>ကရဏီယာ</mark>** = ၏။

## PAGE 233

** (၆ဝ) န အာဝုဓပါဏိဿ <mark>အဂိလာနဿ</mark> <mark>ဓမ္မံ</mark> <mark>ဒေသေဿာမီတိ</mark>၊ သိက္ခာ <mark>ကရဏီယာ</mark>။**

သုရုသုရုဝဂ္ဂေါ ဆဋ္ဌော။

### <mark>ပါဒုကဝဂ်</mark>

** (၆၁) န ပါဒုကာရုဋ္ဌဿ <mark>အဂိလာနဿ</mark> <mark>ဓမ္မံ</mark> <mark>ဒေသေဿာမီတိ</mark>၊ သိက္ခာ <mark>ကရဏီယာ</mark>။**

** (၆၂) န <mark>ဥပါဟနာရုဋ္ဌဿ</mark> <mark>အဂိလာနဿ</mark> <mark>ဓမ္မံ</mark> <mark>ဒေသေဿာမီတိ</mark>၊ သိက္ခာ <mark>ကရဏီယာ</mark>။**

---

၆၀။ **အာဝုဓပါဏိဿ** = လက်၌လေးရှိသော။ **<mark>အဂိလာနဿ</mark>** = ဂိလာန<mark>မဟုတ်သူအား</mark>။ **<mark>ဓမ္မံ</mark>** = ပါဠိအဋ္ဌကထာဓမ္မကို။ **န ဒေသေဿာမိ** = မဟောအံ့။ **ဣတိ** = ဤသို့။ **သိက္ခာ** = သင်ခြင်း ကျင့်ခြင်း အားထုတ်ခြင်းကို။ **<mark>ကရဏီယာ</mark>** = ၏။

**ဆဋ္ဌော** = ၆-ခုမြောက်သော။ **သုရုသုရုဝဂ္ဂေါ** = တည်း။

### <mark>ပါဒုကဝဂ်</mark>

၆၁။ **ပါဒုကာရုဋ္ဌဿ** = ခြေနင်းစီးသော။ **<mark>အဂိလာနဿ</mark>** = ဂိလာန<mark>မဟုတ်သူအား</mark>။ **<mark>ဓမ္မံ</mark>** = ပါဠိ အဋ္ဌကထာဓမ္မကို။ **န ဒေသေဿာမိ** = အံ့။ **ဣတိ** = သို့။ **သိက္ခာ** = ကို။ **<mark>ကရဏီယာ</mark>** = ၏။

၆၂။ **<mark>ဥပါဟနာရုဋ္ဌဿ</mark>** = <mark>ဖိနပ်</mark>စီးသော။ **<mark>အဂိလာနဿ</mark>** = အား။ **<mark>ဓမ္မံ</mark>** = ပါဠိအဋ္ဌကထာဓမ္မကို။ **န ဒေသေဿာမိ** = အံ့။ **ဣတိ** = သို့။ **သိက္ခာ** = ကို။ **<mark>ကရဏီယာ</mark>** = ၏။

## PAGE 234

** (၆၃) န <mark>ယာနဂတဿ</mark> <mark>အဂိလာနဿ</mark> <mark>ဓမ္မံ</mark> <mark>ဒေသေဿာမီတိ</mark>၊ သိက္ခာ <mark>ကရဏီယာ</mark>။**

** (၆၄) န <mark>သယနဂတဿ</mark> <mark>အဂိလာနဿ</mark> <mark>ဓမ္မံ</mark> <mark>ဒေသေဿာမီတိ</mark>၊ သိက္ခာ <mark>ကရဏီယာ</mark>။**

** (၆၅) န ပလ္လတ္ထိကာယ နိသိန္နဿ <mark>အဂိလာနဿ</mark> <mark>ဓမ္မံ</mark> <mark>ဒေသေဿာမီတိ</mark>၊ သိက္ခာ <mark>ကရဏီယာ</mark>။**

** (၆၆) န ဝေဌိတသီသဿ <mark>အဂိလာနဿ</mark> <mark>ဓမ္မံ</mark> <mark>ဒေသေဿာမီတိ</mark>၊ သိက္ခာ <mark>ကရဏီယာ</mark>။**

---

၆၃။ **<mark>ယာနဂတဿ</mark>** = ယာဉ်၌ တက်ရောက်နေသော။ **<mark>အဂိလာနဿ</mark>** = အား။ **<mark>ဓမ္မံ</mark>** = ပါဠိအဋ္ဌကထာဓမ္မကို။ **န ဒေသေဿာမိ** = အံ့။ **ဣတိ** = သို့။ **သိက္ခာ** = ကို။ **<mark>ကရဏီယာ</mark>** = ၏။

၆၄။ **<mark>သယနဂတဿ</mark>** = အိပ်ရာ၌ ရောက်နေသော။ **<mark>အဂိလာနဿ</mark>** = အား။ **<mark>ဓမ္မံ</mark>** = ပါဠိအဋ္ဌကထာဓမ္မကို။ **န ဒေသေဿာမိ** = အံ့။ **ဣတိ** = သို့။ **သိက္ခာ** = သင်ခြင်း ကျင့်ခြင်း အားထုတ်ခြင်းကို။ **<mark>ကရဏီယာ</mark>** = ပြုထိုက်၏။

၆၅။ **ပလ္လတ္ထိကာယ** = လက်၊ အဝတ်တို့ဖြင့် ထက်ဝန်းကျင် ပတ်ဖွဲ့ခြင်းဖြင့်။ **နိသိန္နဿ** = ထိုင်နေသော။ **<mark>အဂိလာနဿ</mark>** = အား။ **<mark>ဓမ္မံ</mark>** = ပါဠိအဋ္ဌကထာဓမ္မကို။ **န ဒေသေဿာမိ** = အံ့။ **ဣတိ** = သို့။ **သိက္ခာ** = ကို။ **<mark>ကရဏီယာ</mark>** = ၏။

၆၆။ **ဝေဌိတသီသဿ** = <mark>ရစ်ပတ်အပ်သော</mark> ဦးခေါင်းရှိသော။ **<mark>အဂိလာနဿ</mark>** = အား။ **<mark>ဓမ္မံ</mark>** = ပါဠိအဋ္ဌကထာ ဓမ္မကို။

## PAGE 235

** (၆၇) န ဩဂုဏ္ဏိတ သိသဿ <mark>အဂိလာနဿ</mark> <mark>ဓမ္မံ</mark> <mark>ဒေသေဿာမီတိ</mark>၊ သိက္ခာ <mark>ကရဏီယာ</mark>။ **

** (၆၈) န ဆမာယံ <mark>နိသီဒိတွာ</mark> အာသနေ နိသိန္နဿ <mark>အဂိလာနဿ</mark> <mark>ဓမ္မံ</mark> <mark>ဒေသေဿာမီတိ</mark>၊ သိက္ခာ <mark>ကရဏီယာ</mark>။ **

** (၆၉) န နီစေ အာသနေ <mark>နိသီဒိတွာ</mark> ဥစ္စေ အာသနေ နိသိန္နဿ <mark>အဂိလာနဿ</mark> <mark>ဓမ္မံ</mark> <mark>ဒေသေဿာမီတိ</mark>၊ သိက္ခာ <mark>ကရဏီယာ</mark>။ **

---

**၆၇။** **ဩဂုဏ္ဏိတ သီသဿ** = <mark>အုပ်သော</mark> ဦးခေါင်းရှိသော။ **<mark>အဂိလာနဿ</mark>** = အား။ **<mark>ဓမ္မံ</mark>** = ပါဠိအဋ္ဌကထာ ဓမ္မကို။ **န <mark>ဒေသေဿာမိ</mark>** = အံ့။ **ဣတိ** = သို့။ **သိက္ခာ** = သင်ခြင်း ကျင့်ခြင်း အားထုတ်ခြင်းကို။ **<mark>ကရဏီယာ</mark>** = ၏။

**၆၈။** **ဆမာယံ** = မြေ၌။ **<mark>နိသီဒိတွာ</mark>** = ထိုင်၍။ **အာသနေ** = နေရာ၌။ **နိသိန္နဿ** = ထိုင်နေသော။ **<mark>အဂိလာနဿ</mark>** = အား။ **<mark>ဓမ္မံ</mark>** = ပါဠိအဋ္ဌကထာ ဓမ္မကို။ **န <mark>ဒေသေဿာမိ</mark>** = အံ့။ **ဣတိ** = သို့။ **သိက္ခာ** = ကို။ **<mark>ကရဏီယာ</mark>** = ၏။

**၆၉။** **နီစေ** = နိမ့်သော။ **အာသနေ** = နေရာ၌။ **<mark>နိသီဒိတွာ</mark>** = ထိုင်၍။ **ဥစ္စေ** = မြင့်သော။ **အာသနေ** = နေရာ၌။ **နိသိန္နဿ** = ထိုင်နေသော။ **<mark>အဂိလာနဿ</mark>** = အား။ **<mark>ဓမ္မံ</mark>** = ပါဠိအဋ္ဌကထာ ဓမ္မကို။ **န <mark>ဒေသေဿာမိ</mark>** = အံ့။ **ဣတိ** = ဤသို့။ **သိက္ခာ** = ကို။ **<mark>ကရဏီယာ</mark>** = ၏။

## PAGE 236

** (၇၀) န <mark>ဌိတော</mark> နိသိန္နဿ <mark>အဂိလာနဿ</mark> <mark>ဓမ္မံ</mark> <mark>ဒေသေဿာမီတိ</mark>၊ သိက္ခာ <mark>ကရဏီယာ</mark>။ **

** (၇၁) န ပစ္ဆတော ဂစ္ဆန္တော ပုရတော <mark>ဂစ္ဆန္တဿ</mark> <mark>အဂိလာနဿ</mark> <mark>ဓမ္မံ</mark> <mark>ဒေသေဿာမီတိ</mark>၊ သိက္ခာ <mark>ကရဏီယာ</mark>။ **

** (၇၂) န ဥပ္ပထေန ဂစ္ဆန္တော ပထေန <mark>ဂစ္ဆန္တဿ</mark> <mark>အဂိလာနဿ</mark> <mark>ဓမ္မံ</mark> <mark>ဒေသေဿာမီတိ</mark>၊ သိက္ခာ <mark>ကရဏီယာ</mark>။ **

** (၇၃) န <mark>ဌိတော</mark> <mark>အဂိလာနော</mark> ဥစ္စာရံ ဝါ ပဿာဝံ ဝါ ကရိဿာမီတိ၊ သိက္ခာ <mark>ကရဏီယာ</mark>။ **

---

**၇၀။** **<mark>ဌိတော</mark>** = ရပ်လျက်။ **နိသိန္နဿ** = ထိုင်နေသော။ **<mark>အဂိလာနဿ</mark>** = အား။ **<mark>ဓမ္မံ</mark>** = ပါဠိအဋ္ဌကထာ ဓမ္မကို။ **န <mark>ဒေသေဿာမိ</mark>** = အံ့။ **ဣတိ** = သို့။ **သိက္ခာ** = ကို။ **<mark>ကရဏီယာ</mark>** = ၏။

**၇၁။** **ပစ္ဆတော** = နောက်မှ။ **ဂစ္ဆန္တော** = သွားစဉ်။ **ပုရတော** = <mark>ရှေ့မှ</mark>။ **<mark>ဂစ္ဆန္တဿ</mark>** = သွားသော။ **<mark>အဂိလာနဿ</mark>** = အား။ **<mark>ဓမ္မံ</mark>** = ပါဠိအဋ္ဌကထာ ဓမ္မကို။ **န <mark>ဒေသေဿာမိ</mark>** = အံ့။ **ဣတိ** = သို့။ **သိက္ခာ** = ကို။ **<mark>ကရဏီယာ</mark>** = ၏။

**၇၂။** **ဥပ္ပထေန** = လမ်းမဟုတ်သော ခရီးဖြင့်။ **ဂစ္ဆန္တော** = သွားစဉ်။ **ပထေန** = လမ်းဖြင့်။ **<mark>ဂစ္ဆန္တဿ</mark>** = သွားသော။ **<mark>အဂိလာနဿ</mark>** = အား။ **<mark>ဓမ္မံ</mark>** = ပါဠိအဋ္ဌကထာ ဓမ္မကို။ **န <mark>ဒေသေဿာမိ</mark>** = အံ့။ **ဣတိ** = သို့။ **သိက္ခာ** = ကို။ **<mark>ကရဏီယာ</mark>** = ၏။

**၇၃။** **<mark>ဌိတော</mark>** = ရပ်လျက်။ **<mark>အဂိလာနော</mark>** = ဂိလာန မဟုတ်ဘဲ။ **ဥစ္စာရံ ဝါ** = ကျင်ကြီးကို၎င်း။ **ပဿာဝံ ဝါ** = ကျင်ငယ်ကို၎င်း၊ **န ကရိဿာမိ** = မပြုအံ့။ **ဣတိ** = သို့။ **သိက္ခာ** = ကို။ **<mark>ကရဏီယာ</mark>** = ၏။

## PAGE 237

** (၇၄) န ဟရိတေ <mark>အဂိလာနော</mark> ဥစ္စာရံ ဝါ ပဿာဝံ ဝါ <mark>ခေဠံ</mark> ဝါ ကရိဿာမီတိ၊ သိက္ခာ <mark>ကရဏီယာ</mark>။ **

** (၇၅) န ဥဒကေ <mark>အဂိလာနော</mark> ဥစ္စာရံ ဝါ ပဿာဝံ ဝါ <mark>ခေဠံ</mark> ဝါ ကရိဿာမီတိ၊ သိက္ခာ <mark>ကရဏီယာ</mark>။ **

---

**၇၄။** **<mark>အဂိလာနော</mark>** = ဂိလာနမဟုတ်ဘဲ။ **ဟရိတေ** = စိမ်းစိုသော မြက် သစ်ပင်ပေါ်၌။ **ဥစ္စာရံ ဝါ** = ကျင်ကြီးကို၎င်း။ **ပဿာဝံ ဝါ** = ကျင်ငယ်ကို၎င်း။ **<mark>ခေဠံ</mark> ဝါ** = တံထွေးကို၎င်း။ **န ကရိဿာမိ** = မပြုအံ့။ **ဣတိ** = ဤသို့။ **သိက္ခာ** = သင်ခြင်း ကျင့်ခြင်း အားထုတ်ခြင်းကို။ **<mark>ကရဏီယာ</mark>** = ပြုထိုက်၏။

**၇၅။** **<mark>အဂိလာနော</mark>** = ဂိလာနမဟုတ်ဘဲ။ **ဥဒကေ** = သုံးဆောင် ကောင်းသော ရေ၌။ **ဥစ္စာရံ ဝါ** = ကျင်ကြီးကို၎င်း။ **ပဿာဝံ ဝါ** = ကျင်ငယ်ကို၎င်း။ **<mark>ခေဠံ</mark> ဝါ** = တံထွေးကို၎င်း။ **န ကရိဿာမိ** = မပြုအံ့။ **ဣတိ** = ဤသို့။ **သိက္ခာ** = သင်ခြင်း ကျင့်ခြင်း အားထုတ်ခြင်းကို။ **<mark>ကရဏီယာ</mark>** = ပြုထိုက်၏။

**သတ္တမော** = ၇-ခုမြောက်သော။ **ပါဒုကဝဂ္ဂေါ** = ပါဒုကဝဂ်တည်း။

သေခိယပါဌ်အနက် ပြီး၏။

## PAGE 238

**<mark>စုဒ္ဒသ</mark> ခန္ဓကဝတ် ပါဌ်အနက်**

**<mark>စုဒ္ဒသ</mark> ခန္ဓကဝတ္<mark>တာနိ</mark> နာမ ခန္ဓကေ ဝုတ္<mark>တာနိ</mark>၊ ကထံ … “<mark>အာဂန္တုကဝတ္တံ</mark> <mark>အာဝါသိကဝတ္တံ</mark> ဂမိကဝတ္တံ <mark>အနုမောဒနဝတ္တံ</mark> <mark>ဘတ္တဂ္ဂဝတ္တံ</mark> ပိဏ္ဍစာရိကဝတ္တံ <mark>အာရညိကဝတ္တံ</mark> <mark>သေနာသနဝတ္တံ</mark> <mark>ဇန္တာဃရဝတ္တံ</mark> ဝစ္စကုဋိဝတ္တံ ဥပဇ္ဈာယဝတ္တံ သဒ္ဓိဝိဟာရိကဝတ္တံ အာစရိယဝတ္တံ <mark>အန္တေဝါသိကဝတ္တဉ္စာ</mark>”တိ ဣမာနိ <mark>စုဒ္ဒသ</mark> ခန္ဓက ဝတ္<mark>တာနိ</mark>၊ <mark>တာနိ</mark> <mark>ခေါ</mark> သဗ္ဗေသံ သဗ္ဗဒါ စ ယထာရဟံ <mark>ဝတ္တိတဗ္ဗာနိ</mark>။**

---

**<mark>စုဒ္ဒသ</mark>** = <mark>တစ်ဆယ့်လေးပါးကုန်သော</mark>။
**ခန္ဓကဝတ္<mark>တာနိ</mark> နာမ** = ခန္ဓကဝတ် မည်သည်တို့ကို။
**ခန္ဓကေ** = မဟာဝါ စူဠဝါခန္ဓက၌။
**<mark>ဘဂဝတာ</mark>** = မြတ်စွာဘုရားသည်။
**ဝုတ္<mark>တာနိ</mark>** = ဟောတော်မူအပ် ကုန်ပြီ။
**ကထံ ဝုတ္<mark>တာနိ</mark>** = အဘယ်သို့ ဟောတော်မူအပ်ကုန်သနည်း။

**<mark>အာဂန္တုကဝတ္တံ</mark>** = အာရာမ်တွင်းသို့ မဝင်မီ <mark>ဖိနပ်</mark>ချွတ်ခြင်း၊ <mark>ထီးချုပ်ခြင်း</mark>၊ ဦး<mark>ခေါ</mark>င်းကို ခြုံခြင်း၊ ဦး<mark>ခေါ</mark>င်း၌ တင်အပ်သော သင်္ကန်းကို ပခုံးသို့ချခြင်း၊ <mark>အာဝါသိက</mark> ရဟန်းကြီးကို ရှိခိုးခြင်း စသော အာဂန္တုက ရဟန်းသာမဏေတို့ ပြုရာသော<mark>ဝတ်လည်းကောင်း</mark>။

**<mark>အာဝါသိက</mark>ဝတ္တဉ္စ** = အာဂန္တုက ရဟန်းကြီးကို မြင်လျှင် ခရီးဦးဆိုခြင်း၊ သပိတ်သင်္ကန်းကို လှမ်းယူခြင်း၊ အာဂန္တုက ရဟန်းကြီးကို ရှိခိုးခြင်း၊ ခြေဆေးရေ၊ ခြေဆေးအင်းပျဉ် စသည်ကို အနီး၌ထားခြင်း စသော <mark>အာဝါသိက</mark> ရဟန်း သာမဏေတို့ ပြုစုသော <mark>ဝတ်လည်းကောင်း</mark>။

## PAGE 239

**ဂမိကဝတ္တဉ္စ** = သစ်ဘဏ္ဍာ မြေဘဏ္ဍာ စသည်တို့ကို သိုမှီးခြင်း၊ တံခါးမ၊ လေသာပြတင်းတံခါးတို့ကို ပိတ်ခြင်း၊ ပန်ကြားပြောဆို၍ သွားခြင်း စသော ခရီးသွားအံ့သော ရဟန်း သာမဏေတို့ ပြုရာသော <mark>ဝတ်လည်းကောင်း</mark>။

**<mark>အနုမောဒနဝတ္တံ</mark>** = မထေရ်ကြီး တရားဟောခြင်း၊ မထေရ်ကြီးက တိုက်တွန်းမှ ဟောခြင်း၊ ပန်ကြားလျှောက်ထား၍ ဟောခြင်း စသော တရားဟောရာ၌ ပြုရာသော <mark>ဝတ်လည်းကောင်း</mark>။

**<mark>ဘတ္တဂ္ဂဝတ္တံ</mark>** = တရားဟောခြင်း၊ ရဟန်းတို့ကို တိုး၍ မနေထိုင်ခြင်း၊ ရဟန်းငယ်တို့ကို နေရာဖြင့် မတားမြစ်ခြင်း စသော ဆွမ်းစားဇရပ်၌ ပြုရာသော <mark>ဝတ်လည်းကောင်း</mark>။

**ပိဏ္ဍစာရိကဝတ္တဉ္စ** = သစ်ဘဏ္ဍာ မြေဘဏ္ဍာ စသည်တို့ကို သိုမှီးခြင်း၊ သပိတ်ကို ရေကျင်းခြင်း၊ ခါးပန်းကိုဖွဲ့ခြင်း၊ သင်းပိုင် ကိုယ်ဝတ်သင်္ကန်းတို့ကို အဝန်းညီစွာ ဝတ်ရုံခြင်း၊ သေခိယနှင့် အညီသွားခြင်း၊ <mark>မနှေးမလျှင်</mark> ရွာတွင်းသို့ဝင်ခြင်း၊ မရှည်မကြာ ရပ်ခြင်း စသော ဆွမ်းခံ ရဟန်း သာမဏေတို့ ပြုရာသော <mark>ဝတ်လည်းကောင်း</mark>။

**အာရညိကဝတ္တဉ္စ** = သောက်ရေ သုံးရေ တည်ထားခြင်း၊ မီးပွတ်ခုံ ပွတ်ကျည် တောင်ဝှေးထားခြင်း၊ အရပ်လေးမျက်နှာ တာရာနက္ခတ်တို့ကို မှတ်သားခြင်း စသော တောနေ ရဟန်း သာမဏေတို့ပြုရာသော <mark>ဝတ်လည်းကောင်း</mark>။

**သေနာသနဝတ္တဉ္စ** = ညောင်စောင်း အင်းပျဉ် အိပ်ရာနေရာတို့ကို တံမြက်လှည်းခြင်း စသော ကျောင်း၌ ပြုရာသော <mark>ဝတ်လည်းကောင်း</mark>။

## PAGE 240

**<mark>ဇန္တာဃရဝတ္တံ</mark>** = ပြာကိုစွန့်ခြင်း၊ တံမြက်လှည်းခြင်း စသော ချွေးအိုင်အိမ် (ရေနွေးအိမ်) ၌ ပြုရာသော <mark>ဝတ်လည်းကောင်း</mark>။

**ဝစ္စကုဋိဝတ္တဉ္စ** = ချောင်းဟန့်ခြင်း၊ သင်္ကန်းတန်း၌ သင်္ကန်းကို တင်၍ မနှေး မလျှင် ဝင်ခြင်း၊ သင်းပိုင်ကိုပင့်၍ မဝင်ခြင်း၊ နင်းခုံ၌ နင်းပြီးမှ သင်းပိုင်ကို ပင့်ခြင်း၊ ကြမ်းသော ကနုတံ စသည်ဖြင့် မသုတ်ခြင်း၊ သန့်သက်ရေ ဆေးခြင်း၊ နင်းခုံ၌ နင်းလျက် သင်းပိုင်ကို ဖုံးလွှမ်းခြင်း စသော ကျင်ကြီးအိမ်၌ ပြုရာသော <mark>ဝတ်လည်းကောင်း</mark>။

**ဥပဇ္ဈာယဝတ္တဉ္စ** = နံနက်စောစော ထ၍ ကိုယ်ဝတ်ကို လက်ကတော့ တင်၍ မျက်နှာသစ်ရေ ဒန်ပူကပ်ခြင်း၊ ယာဂုဆွမ်း ကပ်ခြင်း၊ သပိတ် ခွက် ဆေးခြင်း၊ ကျောင်း အိပ်ရာနေရာတို့ကို သုတ်သင်ခြင်း၊ နေလှန်းခြင်း၊ တံမြက်လှည်းခြင်း၊ နေရာခင်းခြင်း စသည်ဖြင့် ဥပဇ္ဈာယ်ဆရာ၌ သဒ္ဓိဝိဟာရိက တပည့်တို့က ပြုရာသော <mark>ဝတ်လည်းကောင်း</mark>။

**သဒ္ဓိဝိဟာရိကဝတ္တဉ္စ** = သင်္ဂြိုဟ် ထောက်ပင့် ချီးမြှင့်ခြင်း စသည်ဖြင့် သဒ္ဓိဝိဟာရိက တပည့်တို့၌ ဥပဇ္ဈာယ်ဆရာက ပြုရာ သော <mark>ဝတ်လည်းကောင်း</mark>။

**အာစရိယဝတ္တဉ္စ** = နံနက်စောစောထ၍ ကိုယ်ဝတ်ကို လက်ကတော့တင်၍ မျက်နှာသစ်ရေ ဒန်ပူ ကပ်ခြင်း၊ ယာဂုဆွမ်း ကပ်ခြင်း၊ သပိတ် ခွက် ဆေးခြင်း၊ ကျောင်း အိပ်ရာနေရာတို့ကို သုတ်သင်ခြင်း၊ နေလှန်းခြင်း၊ နေရာခင်းခြင်း စသည်ဖြင့် ဆရာ လေးပါးတို့၌ တပည့်လေးပါးတို့က ပြုရာသော <mark>ဝတ်လည်းကောင်း</mark>။

## PAGE 241

အန္တေဝါသိကဝတ္ထု၊ သင်္ဂြိုဟ် ထောက်ပင့် ချီးမြှင့်ခြင်း စသည်ဖြင့် တပည့်လေးပါးတို့၌ ဆရာလေးပါးတို့က ပြုရာသော ဝတ်၎င်း။

ဣတိ၊ ဤသို့။ **ဣမာနိ စုဒ္ဒသခန္ဓကဝတ္တာနိ**၊ ဤ ၁၄-ပါး ကုန်သော ခန္ဓကဝတ်တို့ကို။ **ဝုတ္တာနိ**၊ ဟောတော်မူအပ်ကုန်ပြီ။ **တာနိစ**၊ ဤဝတ်တို့ကိုလည်း။ **သဗ္ဗေသံ**၊ ခပ်သိမ်းကုန်သော ရဟန်း <mark>သာမဏေ</mark>တို့သည်။ **သဗ္ဗဒါစ**၊ အခါခပ်သိမ်းလျှင်။ **ယထာရဟံ**၊ ထိုက်သည်အားလျော်စွာ။ **စရိတဗ္ဗာနိ**၊ ကျင့်ထိုက် ကုန်၏။

**<mark>ဝတ္တံ</mark> အပရိပူရေန္တော၊ သီလံ န ပရိပူရတိ။**
**အသုဒ္ဓသီလော ဒုပ္ပညော၊ စိတ္တေကဂ္ဂ န ဝိန္ဒတိ။**
**ဝိက္ခိတ္တစိတ္တော <mark>နေကဂ္ဂေါ</mark>၊ သမ္မာ ဓမ္မံ န ပဿတိ။**
**အပဿမာနော သဒ္ဓမ္မံ၊ ဒုက္ခာ န ပရိမုစ္စတိ။**
**တသ္မာ ဟိ <mark>ဝတ္တံ</mark> ပူရေယျ၊ ဇိနပုတ္တော ဝိစက္ခဏော။**
**ဩဝါဒ <mark>ဗုဒ္ဓသေဋ္ဌဿ</mark>၊ တတော နိဗ္ဗာနမေဟိတိ။**
(စူဠဝါ ဝတ္တက္ခန္ဓကပါဠိ)

**<mark>ဝတ္တံ</mark>**၊ ဝတ်ကြီး ဝတ်ငယ်ကို။ **အပရိပူရေန္တော**၊ မဖြည့်ကျင့် သော ရဟန်း <mark>သာမဏေ</mark>သည်။ **သီလံ**၊ သီလကို။ **န ပရိပူရတိ**၊ ဖြည့်ကျင့်သည် မမည်။ **အသုဒ္ဓသီလော**၊ မစင်ကြယ်သော သီလရှိသော။ **ဒုပ္ပညော**၊ ပညာမရှိသော ရဟန်း <mark>သာမဏေ</mark>သည်။ **စိတ္တေကဂ္ဂံ**၊ စိတ်၏ ငြိမ်သက် တည်ကြည် ခြင်းကို။ **န ဝိန္ဒတိ**၊ မရနိုင်။

## PAGE 242

**ဝိက္ခိတ္တစိတ္တော**၊ လေခပ်သော တံခွန်ကဲ့သို့ ပျံ့လွင့်သော စိတ်ရှိသည်။ (**ဟုတွာ**၊ ဖြစ်၍။) **<mark>နေကဂ္ဂေါ</mark>**၊ မတည်ကြည် သော ရဟန်း <mark>သာမဏေ</mark>သည်။ **သမ္မာ**၊ ကောင်းစွာ။ **ဓမ္မံ**၊ မဂ์ ဖိုလ် နိဗ္ဗာန်တရားကို။ **န ပဿတိ**၊ မမြင်ရနိုင်။ **သဒ္ဓမ္မံ**၊ သူတော်ကောင်းတရားကို။ **အပဿမာနော**၊ မမြင်ရသော ရဟန်း<mark>သာမဏေ</mark>သည်။ **ဒုက္ခာ**၊ ဝဋ်ဆင်းရဲမှ။ **န ပရိမုစ္စတိ**၊ မလွတ်မြောက်နိုင်။

**တသ္မာဟိ** (**တသ္မာဧဝ**), ထို့ကြောင့်သာလျှင်။ **ဝိစက္ခဏော**၊ အမြော်အမြင် ပညာမျက်စိရှိသော။ **ဇိနပုတ္တော**၊ ဘုရား သားတော်သည်။ **<mark>ဗုဒ္ဓသေဋ္ဌဿ</mark>**၊ ချီးမွမ်းအပ်သော သူတို့ထက် အထူးသဖြင့် ချီးမွမ်းအပ်သော မြတ်စွာဘုရား၏။ **ဩဝါဒ**၊ အဆုံးအမတော် ဖြစ်သော။ **<mark>ဝတ္တံ</mark>**၊ ဝတ်ကြီး ဝတ်ငယ်ကို **ပူရေယျ**၊ ဖြည့်ကျင့်ရာ၏။ **တတော**၊ ထိုသို့ ဖြည့်ကျင့်ခြင်း ကြောင့်။ **နိဗ္ဗာနံ**၊ နိဗ္ဗာန်သို့။ **ဧဟိတိ**၊ ရောက်ရလိမ့်သတည်း။ [ <mark>အနည်းငယ်</mark> ပြင်ထားသော ရှမ်းကလေးကျွန်းဆရာတော် ဘုရား <mark>အနက်။</mark> ]

မှတ်ချက်။ ။ယခုခေတ်၌ ဤကျင့်ဝတ်များကို ဖြည့်ကျင့်သူ နည်းပါးရုံ မက, ဥပဇ္ဈာယ အာစရိယနှင့် တပည့်တို့အတွက်ကား <mark>စကတည်းကပင်</mark> “ပြုသင့် ပြုထိုက် သောဝတ်ကြီး ဝတ်ငယ်များကို ခွင့်ပြုတော်မူပါ၊ တပည့် တော်ကလည်း ခွင့်ပြုပါ၏”ဟု ပဲစားပဲချေ ပြုလုပ်ထားကြ သည်မှာ စဉ်းစားစရာ ကောင်းလှပေ၏၊ မဟာဝါအဋ္ဌကထာ ၌ကား ဆရာ၌ ဝတ်ပြုမည့်သူ ရှိ၍ “သင်တို့ ဝတ်ပြုဘွယ် မလို၊ ပရိယတ် ပဋိပတ်ကိုသာ အားထုတ်ကြ”ဟု ဆရာက ခွင့်လွှတ်ထားလျှင်သာ အာပတ်မသင့်ဟု ဆိုသည်။

## PAGE 243

စုဒ္ဒသ ခန္ဓကဝတ် ပါဌ်အနက် ပြီး၏။

---
### <mark>ဓုတ</mark>င် <mark>တစ်ဆယ့်သုံးပါး</mark> ပါဌ်အနက်

**<mark>ဓုတ</mark>င်**။ ။**ကိလေသေ ဓုဏောတီတိ <mark>ဓုတ</mark>ော** = ကိလေသာ တို့ကို ခါတွက်ဖျက်ဆီးတတ်သော ယောဂီပုဂ္ဂိုလ် သည် “<mark>ဓုတ</mark>”မည်၏၊ **<mark>ဓုတဿ</mark> + <mark>အင်္ဂံ</mark> = <mark>ဓုတင်္ဂ</mark>** = ကိလေသာကို ခါတွက်ဖျက်ဆီးဘို့ရာ အကြောင်းအင်္ဂါဖြစ်သော ကုသိုလ် စေတနာသည် <mark>ဓုတင်္ဂ</mark>(<mark>ဓုတ</mark>င်)မည်၏။

မှန်၏-တိစီဝရိုက်<mark>ဓုတ</mark>င်ဆောင်သော ပုဂ္ဂိုလ်သည် သင်္ကန်း ၃-ထည်မှ <mark>တစ်ပါး</mark> အပို မထားတော့သဖြင့် အပိုသင်္ကန်းကို လိုလားသော လောဘတဏှာ ကိလေသာကို ခါတွက်ဖျက်ဆီး နိုင်တော့၏၊ ဧကာသနိက် <mark>ဓုတ</mark>င်ဆောင်သော ပုဂ္ဂိုလ်သည် <mark>တစ်ထပ်တည်း</mark>သာ စားတော့သဖြင့် အထပ်ထပ် စားလိုသော လောဘတဏှာ ကိလေသာကို ခါတွက်ဖျက်ဆီးနိုင်တော့၏။

ဤသို့ ကိလေသာကို ခါတွက် ဖျက်ဆီး၍ **အပိစ္ဆတာ** (ပစ္စည်း ၄-ပါးကို အပိုအမို မလိုလားသော) ဂုဏ်, **သန္တုဋ္ဌိတာ** (ရသမျှနှင့် မျှတ ရောင့်ရဲနိုင်သော) ဂုဏ်, **<mark>သလ္လေခ</mark>** (ပစ္စည်း ၄-ပါး၌ တဏှာလောဘ နည်းပါးအောင် ခြစ်ပစ်ကြောင်း) ဂုဏ်, ဤသို့ စသော ဂုဏ်အပေါင်းတို့နှင့် ပြည့်စုံစွာ ကိလေ သာကို ခါတွက်ဖျက်ဆီးနိုင်ကြောင်း ကောင်းသော <mark>ဓုတ</mark>င်<mark>...</mark>

## PAGE 244

ပဋိပတ် အကျင့်မြတ်သည် ၁၃-ပါး ရှိ၏၊ ထို ဓုတင် ၁၃-ပါးကို <mark>ယခု</mark> <mark>ပြပါဦးမည်။</mark>

### ၁-ပံသုကူ ဓုတင်

**ဂဟပတိဒါနစီဝရံ ပဋိက္ခိပါမိ၊ <mark>ပံသုကူလိကင်္ဂံ</mark> သမာဒိယာမိ။**

**ဂဟပတိဒါနစီဝရံ** = အိမ်ရှင်ဒါယကာတို့ လှူဒါန်းအပ်သော သင်္ကန်းကို။ **ပဋိက္ခိပါမိ** = ပယ်ပါ၏။ **<mark>ပံသုကူလိကင်္ဂံ</mark>** = မြေပုံမှာ လွှား မြေမှုန့်အားနှယ် စက်ဆုပ်ဘွယ်သို့ရောက်သော သင်္ကန်းကို ဆောင်ခြင်း အလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်း အင်္ဂါ သမာဒါနစေတနာကို။ **သမာဒိယာမိ** = ဝါ၊ ဆောက်တည်ပါ၏။

### ၂-တေစီဝရိက် ဓုတင်

**စတုတ္ထကစီဝရံ ပဋိက္ခိပါမိ၊ <mark>တေစီဝရိကင်္ဂံ</mark> သမာဒိယာမိ။**

ကောင်းစွာ ယူပါ၏။

**စတုတ္ထကစီဝရံ** = ဝတ်လောက် ရုံလောက် ၄-ထည်မြောက် သင်္ကန်းကို။ **ပဋိက္ခိပါမိ** = ပယ်ပါ၏။ **<mark>တေစီဝရိကင်္ဂံ</mark>** = ၃-ထည်သော သင်္ကန်းကိုသာ <mark>ဆောင်လေ့ရှိသော</mark> ပုဂ္ဂိုလ်၏အကြောင်း အင်္ဂါ သမာဒါနစေတနာကို။ **သမာဒိယာမိ** = ၏။ ဝါ၏။

### ၃-ပိဏ္ဍပါတ် ဓုတင်

**အတိရေကလာဘံ ပဋိက္ခိပါမိ၊ ပိဏ္ဍပါတိကင်္ဂံ သမာဒိယာမိ။**

## PAGE 245

**အတိရေကလာဘံ** = ပိဏ္ဍိယာလောပ ဘောဇနမှ အပို အလွန်ဖြစ်သော လာဘ်ကို။ **ပဋိက္ခိပါမိ** = ပယ်ပါ၏။ **<mark>ပတ္တပိဏ္ဍိကင်္ဂံ</mark>** = အပေါင်းအာမိသ၏ သပိတ်၌ ကျခြင်းကို ရှာလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါနစေတနာကို။ ဝါ၊ ဆွမ်း<mark>အလို့ငှာ</mark> သွားလာ လှည့်လည်ခြင်း အကျင့်ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါန စေတနာကို။ **သမာဒိယာမိ** = ၏။ ဝါ၊ ၏။ [ စိတ်၌ စွဲမြဲစွာယူထားသော စေတနာကို “သမာဒါနစေတနာ”ဟု ဆိုသည်။ ]

### ၄-သပဒါန ဓုတင်

**လောလုပ္ပစာရံ ပဋိက္ခိပါမိ၊ သပဒါနစာရိကင်္ဂံ သမာဒိယာမိ။**

**လောလုပ္ပစာရံ** = အိမ်စဉ်ဖြတ်ကျော် လျှပ်ပေါ်သော သွားခြင်းကို။ **ပဋိက္ခိပါမိ** = ပယ်ပါ၏။ **သပဒါနစာရိကင်္ဂံ** = မလျှပ် မပေါ် မဖြတ်ကျော်ဘဲ အိမ်စဉ် ဆွမ်းရပ်ခြင်း အလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါန စေတနာကို။ **သမာဒိယာမိ** = ၏။ ဝါ၊ ၏။

### ၅-ဧကာသနိက် ဓုတင်

**နာနာသနဘောဇနံ ပဋိက္ခိပါမိ၊ ဧကာသနိကင်္ဂံ သမာဒိယာမိ။**

**နာနာသနဘောဇနံ** = ယာပိုလ်မတည် လှည့်လည် ပြောင်းကူး အထူးထူးသောနေရာ၌စားခြင်းကို။ **ပဋိက္ခိပါမိ** = ပယ်ပါ၏။ **ဧကာသနိကင်္ဂံ** = ဓိဋ္ဌာန်ဆောက်စိုက် ယာပိုလ်မလည်း <mark>တစ်နေရာ</mark>

## PAGE 246

တည်း၌ စားခြင်းအလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါနစေတနာကို။ **သမာဒိယာမိ** = ကောင်းစွာ ယူပါ၏။ ဝါ၊ ဆောက်တည်ပါ၏။

### ၆- ပတ္တပိဏ် ဓုတင်

**ဒုတိယကဘာဇနံ ပဋိက္ခိပါမိ၊ <mark>ပတ္တပိဏ္ဍိကင်္ဂံ</mark> သမာဒိယာမိ။**

**ဒုတိယကဘာဇနံ** = ၂-ခုမြောက်သော ခွက်ကို။ **ပဋိက္ခိပါမိ** = ပယ်ပါ၏။ **<mark>ပတ္တပိဏ္ဍိကင်္ဂံ</mark>** = <mark>တစ်ခွက်တည်း၌သာ</mark> ဆွမ်းကို ယူခြင်း အလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါနစေတနာကို။ **သမာဒိယာမိ** = ၏။ ဝါ၊ ၏။

### ၇-ခလုပစ္ဆာ ဓုတင်

**အတိရိတ္တဘောဇနံ ပဋိက္ခိပါမိ၊ ခလုပစ္ဆာဘတ္တိကင်္ဂံ သမာဒိယာမိ။**

**အတိရိတ္တဘောဇနံ** = ဂိလာနပုဂ္ဂိုလ် ဝိနည်းဓိုရ်တို့၏ ပိုလွန် ကြွင်းကျန်သော ဘောဇဉ်ကို။ **ပဋိက္ခိပါမိ** = ပယ်ပါ၏။ **ခလုပစ္ဆာဘတ္တိကင်္ဂံ** = ပယ်မြစ်ရာကာလ၏ နောက်မှ ရအပ်သော ဆွမ်းကို စားလေ့မရှိသောပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါနစေတနာကို။ ဝါ၊ ခလုငှက်ပမာ နောက်၌ အစာမရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါနစေတနာကို။ **သမာဒိယာမိ** = ၏။ ဝါ၊ ၏။

## PAGE 247

#### <mark>၈-အာရညကင်</mark> <mark>ဓုတင်</mark>

**ဂါမန္တသေနာသနံ ပဋိက္ခိပါမိ၊**
**<mark>အာရညိကင်္ဂံ</mark> <mark>သမာဒိယာမိ</mark>။**

**ဂါမန္တသေနာသနံ** = ရွာနီးကျောင်းကို။ **ပဋိက္ခိပါမိ** = ပယ်ပါ၏။
**<mark>အာရညိကင်္ဂံ</mark>** = တော၌ နေခြင်းအလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါနစေတနာကို။ **<mark>သမာဒိယာမိ</mark>** = <mark>ကောင်းစွာ</mark> <mark>ယူပါ၏။</mark> <mark>ဝါ၊</mark> <mark>ဆောက်တည်ပါ၏။</mark>

#### <mark>၉-ရုက္ခမူ</mark> <mark>ဓုတင်</mark>

**<mark>ဆန္နံ</mark> ပဋိက္ခိပါမိ၊**
**<mark>ရုက္ခမူလိကင်္ဂံ</mark> <mark>သမာဒိယာမိ</mark>။**

**ဆန္န** = <mark>အုတ်ကျောက်</mark> သစ်ရွက် မြက် အင်္ဂတေ ငါးထွေသော အမိုးကို။ **ပဋိက္ခိပါမိ** = ပယ်ပါ၏။
**<mark>ရုက္ခမူလိကင်္ဂံ</mark>** = သစ်ပင်ရင်း၌ နေခြင်းအလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါန စေတနာကို။ **<mark>သမာဒိယာမိ</mark>** = <mark>ကောင်းစွာ</mark> <mark>ယူပါ၏။</mark> <mark>ဝါ၊</mark> <mark>ဆောက်တည်ပါ၏။</mark>

#### <mark>၁၀-အဗ္ဘောကာသိက</mark> <mark>ဓုတင်</mark>

**<mark>ဆန္နံ</mark> <mark>ရုက္ခမူလဉ္စ</mark> ပဋိက္ခိပါမိ၊**
**<mark>အဗ္ဘောကာသိကင်္ဂံ</mark> <mark>သမာဒိယာမိ</mark>။**

**ဆန္န** = <mark>အုတ်ကျောက်</mark>သစ်ရွက် မြက် အင်္ဂတေ ငါးထွေသော အမိုးကို၎င်း။ **<mark>ရုက္ခမူလဉ္စ</mark>** = သစ်ပင်၏ အနီးအောက်ကို၎င်း။ **ပဋိက္ခိပါမိ** = ပယ်ပါ၏။
**<mark>အဗ္ဘောကာသိကင်္ဂံ</mark>** = လွင်တီးခေါင် ဟင်းလင်းအပြင်၌ နေခြင်းအလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါနစေတနာကို။ **<mark>သမာဒိယာမိ</mark>** = <mark>ကောင်းစွာ</mark> <mark>ယူပါ၏။</mark> <mark>ဝါ၊</mark> <mark>ဆောက်တည်ပါ၏။</mark>

## PAGE 248

#### ၁၁-<mark>သုသာန်</mark> <mark>ဓုတင်</mark>

**န သုသာနံ ပဋိက္ခိပါမိ၊**
**သောသာနိကင်္ဂံ <mark>သမာဒိယာမိ</mark>။**

**န သုသာနံ** = <mark>သုသာန်မဟုတ်သော</mark> အရပ်ကို။ **ပဋိက္ခိပါမိ** = ပယ်ပါ၏။
**သောသာနိကင်္ဂံ** = <mark>သုသာန်</mark>၌ နေလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါနစေတနာကို။ **<mark>သမာဒိယာမိ</mark>** = <mark>ကောင်းစွာ</mark> <mark>ယူပါ၏။</mark> <mark>ဝါ၊</mark> <mark>ဆောက်တည်ပါ၏။</mark>

#### ၁၂-ယထာသန္တတိ <mark>ဓုတင်</mark>

**သေနာသနလောလုပ္ပံ ပဋိက္ခိပါမိ၊**
**ယထာသန္တတိကင်္ဂံ <mark>သမာဒိယာမိ</mark>။**

**သေနာသနလောလုပ္ပံ** = ကောင်းမကောင်း စုံစမ်းမေးမြန်းကြည့်ရှုခြင်းဟူသော ကျောင်း၌ လျှပ်ပေါ်လော်လည်ခြင်းကို။ **ပဋိက္ခိပါမိ** = ပယ်ပါ၏။
**ယထာသန္တတိကင်္ဂံ** = ခင်းထားတိုင်းသော နေရာအလား ညွှန်ပြချထားတိုင်းသော ကျောင်း၌ နေလေ့ရှိသော ပုဂ္ဂိုလ်၏ အကြောင်းအင်္ဂါ သမာဒါနစေတနာကို။ **<mark>သမာဒိယာမိ</mark>** = <mark>ကောင်းစွာ</mark> <mark>ယူပါ၏။</mark> <mark>ဝါ၊</mark> <mark>ဆောက်တည်ပါ၏။</mark>

#### ၁၃-နိသဇ္ဇ <mark>ဓုတင်</mark>

**သေယျံ ပဋိက္ခိပါမိ၊**
**<mark>နေသဇ္ဇကင်္ဂံ</mark> <mark>သမာဒိယာမိ</mark>။**

**သေယျံ** = လျောင်းလှည်းခြင်းကို။ **ပဋိက္ခိပါမိ** = ပယ်ပါ၏။
**<mark>နေသဇ္ဇကင်္ဂံ</mark>** = ထိုင်၍ နေခြင်း အလေ့ရှိသော ပုဂ္ဂိုလ်၏

## PAGE 249

အကြောင်းအင်္ဂါ သမာဒါန စေတနာကို။ **<mark>သမာဒိယာမိ</mark>** = <mark>ကောင်းစွာ</mark> <mark>ယူပါ၏။</mark> <mark>ဝါ၊</mark> <mark>ဆောက်တည်ပါ၏။</mark>

### တိုက်တွန်းချက်

၁။ ပြခဲ့သော ရှင်ကျင့်ဝတ်သီလများကို ထိန်းသိမ်းထားခြင်းသည် စစ်ဗိုလ်ချုပ်ကြီးတဦး၏ <mark>ကောင်းစွာ</mark> ရေချိုးခြင်းနှင့် တူ၏။ တိစီဝရိက်သင်္ကန်းကို ဆင်မြန်းထားခြင်းသည် ဗိုလ်ချုပ်ကြီး၏ စစ်ဝတ်တန်ဆာ ဖြစ်သော ချပ်မိန်ညိုကို ဆင်ထားခြင်းနှင့် တူ၏။ တိစီဝရိက်<mark>ဓုတင်</mark>မှ ကြွင်းသော <mark>ဓုတင်</mark> <mark>တစ်ဆယ့်နှစ်ပါး</mark>ကို ဆောင်ထားခြင်းကား <mark>တစ်ကိုယ်လုံး</mark> ဆင်ထိုက်ရာကို တန်ဆာဆင်ထားခြင်းနှင့် တူလေသည်။

၂။ ထိုသို့ သီလစင်ကြယ်စွာဖြင့် တိစီဝရိက် <mark>ဓုတင်</mark>ကို အခြေခံ၍ ကျန်<mark>ဓုတင်</mark> <mark>တစ်ဆယ့်နှစ်ပါး</mark> ဆောင်ထားပြီးသော သူတော်စင်၏ ဝိပဿနာကမ္မဋ္ဌာန်းကို စတင်စီးဖြန်းခြင်းသည် စစ်ဝတ်တန်ဆာ ဆင်ထားသော ဗိုလ်ချုပ်၏ မည်သည့်ရန်သူကိုမျှ ပမာဏမထားသော အသွင်ဖြင့် သန်လျက်စသော လက်နက်ကို စွဲကိုင်ထားသည်နှင့် တူ၏။

၃။ ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်း၍ နောက်မဆုတ်တမ်း တိုးတက်နေသော သူတော်စင်ကား ဗိုလ်ချုပ်၏ ရန်သူတို့ကို ချေမှုန်းနေသည်နှင့် တူ၏၊ ဝိပဿနာဆက်၍ မဂ်ဖိုလ်တက်ကာ နိဗ္ဗာန်ကို မျက်မှောက်ပြုရသည့်အခါမှာမူ ဗိုလ်ချုပ်၏ အောင်တပ်ခင်း၍

## PAGE 250

အောင်ပွဲကျင်းပခြင်းနှင့် တူလေရကား မည်သည့် သူတော်စင်မဆို ဤလမ်းစဉ်ဖြင့် တက်၍ ထိုမဂ်, ထိုဖိုလ်ကို ကိုယ်တိုင်ရအောင် ကြိုးစားနိုင်ကြပါစေ သတည်း။

**သန္တော သီလသုနှာတော စ၊ သုသန္နဒ္ဓ တိစီဝရော။**
**ဘူသိတော <mark>သေသဓုတေဟိ</mark>၊ တိက္ခဝိပဿနာဝုဓော။**
**ဂစ္ဆတေ သော အမတံ <mark>ပါရံ</mark>၊ ဆေတွာ မာရံ သဝါဟနံ။**

(သဝါဟိနိ-ဟုလည်း ပြင်ကြ၏။)

**သန္တော** = ရိုးသားဖြောင့်မတ် စိတ်ဓာတ်ကြည်လင် အစဉ် <mark>မြဲ</mark> ငြိမ်သက်သူလည်း ဖြစ်ထသော။ **သီလသုနှာတော စ** = <mark>စတုပါရိ</mark>သုဒ္ဓိ ၄-ဖြာ သိက္ခာရေမိုးကို ချိုးပြီးလည်း ဖြစ်ပေထသော။ **သုသန္နဒ္ဓတိစီဝရော** = တိစီဝရိုက် သင်္ကန်းတည်းဟူသော ချပ်ပန်းမိန်ညိုကို စိုစိုပြေပြေ ဝတ်ဆင်ပြီးလည်း ဖြစ်ပေထသော။ **<mark>သေသဓုတေဟိ</mark>** = ကြွင်းကျန်အများ ဓုတင်<mark>တစ်ဆယ့်နှစ်ပါး</mark>တို့ဖြင့်။ **ဘူသိတော** = ကိုယ်လုံးမလပ် ရှစ်ပတ် ပြုပြင် တန်ဆာဆင်အပ်ပြီးလည်း ဖြစ်ပေထသော။ **သော ကုလပုတ္တော** = ထိုအမျိုးကောင်းသား ယောက်ျားကောင်းပီ ဇာနည်<mark>မဟုံ</mark> သာကီညွန့်သည်။ **တိက္ခဝိပဿနာဝုဓော** = ထက်မြက်လျင်မြန် အမြင်သန်သည့် ဝိပဿနာဉာဏ်စက် သန်လျက်ကို အချက်ကျစွဲကိုင်တော်မူပြီးလျှင်။ **သဝါဟနံ** = နောက်လိုက် နောက်ပါ ဝဲယာထောင်သောင်း စစ်သည်အပေါင်းနှင့် တကွ ဖြစ်သော။ **မာရံ** = တစ်ထောင့်ငါးရာ ကိလေသာမာရ် သူပုန်ရန်ကို။ **ဆေတွာ** = ကြွင်းမဲ့ဥဿုံ အလုံးစုံကို အကုန်သတ်ညှဉ်း

## PAGE 251

အောင်တပ်ခင်းပြီး၍။ **အမတံ <mark>ပါရံ</mark>** = နဂိုရ်အနေ စိုပြေပြေနှင့် အို သေ မရှိ သန္တိသုခ ကမ္ဘာ့အမြုတေ အငူဘွေနန်း ဟိုဘက် ကမ်းသို့။ **ဂစ္ဆတေ** = <mark>တစ်ဖန်</mark>မဆန်း မပြန်တမ်းဖြင့် စံမြန်းစိုးစံ လေတော့သတည်း။

#### ဓုတင်<mark>တစ်ဆယ့်သုံးပါး</mark> ပါဌ်အနက် ပြီး၏။

## PAGE 252

ကျမ်းပြီးနိဂုံး
#### ပဋိသန္ဓေအသစ်။
ဆရာ့ထံ၌ သားငယ်ကို အပ်နှံခြင်းသည် ဘဝအသစ်၌ ပဋိသန္ဓေအသစ် ယူစေခြင်းနှင့် တူ၏၊ လူ့ဘဝ၌ ပဋိသန္ဓေနေသူသည် မိမိဖြစ်ရာအမျိုး၏ ရိုးရာလိုက်၍ စားသောက်နေထိုင် ကျင့်ကြံလေ့ ရှိသကဲ့သို့ ဆရာကောင်းထံ အပ်နှံမိလျှင် ဆရာကောင်း၏ အတုလိုက်၍ ဆရာမကောင်းထံ အပ်နှံမိလျှင်လည်း ထိုဆရာမကောင်း၏ ထုံးစံကိုသာ လိုက်မိတော့သည်၊ ထို့ကြောင့် ကျနစွာ သင်ပြ မပေးတတ်သော ဆရာ့အထံ၌ နေမိခြင်းသည် အမျိုးညံ့မှာ ပဋိသန္ဓေနေမိခြင်းနှင့် တူ၏၊ ကျနစွာ သင်ပြပေးတတ်သော ဆရာ့အထံ၌ နေမိခြင်းကား အမျိုးကောင်း မိဘကောင်း ထံမှာ ပဋိသန္ဓေနေမိခြင်းနှင့် တူသည်။

**အဋ္ဌကထာ**။ ။**ပဗ္ဗဇ္ဇာ ဟိ နာမေသာ ပဋိသန္ဓိဂ္ဂဟဏသဒိသာ။ ယထာ မနုဿာ <mark>ယတ္ထ</mark> <mark>ပဋိသန္ဓိံ</mark> <mark>ဂဏှန္တိ</mark>၊ တေသံယေဝ ကုလာနံ အာစာရံ <mark>သိက္ခန္တိ</mark>၊ ဧဝံ ဘိက္ခူပိ (သာမဏေရာပိ) ယေသံ သန္တိကေ ပဗ္ဗဇန္တိ၊ တေသံယေဝ အာစာရံ <mark>သိက္ခန္တိ</mark>။** [သဠာယတနသံယုတ်, အာသီဝိသဝဂ္ဂ စတုတ္ထသုတ်။]
#### ကျနစွာ သင်ပေးပါ။
ထို့ကြောင့် ဤရှင်ကျင့်ဝတ်၌ ပြခဲ့သည့်အတိုင်း ကျနစွာ သင်ပေး၍ သင်ပြသည့်အတိုင်းလည်း လိုက်နာသော ရဟန်း သာမဏေများသာ “ဆရာကောင်း တပည့်, တပည့်ကောင်း ဆရာ”ဟု

## PAGE 253

ဆိုထိုက်ပါသည်။ ထိုသို့ သင်ပြလိုက်နာကြမှလည်း မယ်တော် ခမည်းတော်များနှင့် ရှင်ရဟန်း ဒါယကာ ဒါယိကာမတို့မှာ သာသနာပြုရကျိုး နပ်ပါလိမ့်မည်။

#### သင်မပေးလျှင် အပြစ်။
ထိုသို့မသင်ပြ မလိုက်နာကြလျှင်ကား သံကို သံဖျက် သံချေးတက်သို့ သာသနာတော်ကို သာသနာ့ဝန်ထမ်း ရဟန်းသာမဏေများနှင့် မိဘ ဒကာ ဒကာမများသည်ပင် ဖျက်ဆီးနေကြရာ ရောက်ပါလိမ့်မည်။ ထို့ကြောင့် သာသနာတော်၏ အရေးကို ကလေးကစားသလို မလုပ်ကြဘဲ မလုပ်နိုင်လျှင် ဘာသိဘာသာနေ၊ လုပ်လိုလျှင်ကား လေးလေးစားစား ပြုလုပ်ကြပါရန် လေးနက်စွာ တိုက်တွန်းပါသည်။

#### နိဂုံးချုပ်ချိန်။
ဤ ရုပ်ပုံရှင်ကျင့်ဝတ်၏ ကျမ်းပြီးနိဂုံးကို ကမ္ပတ်ဖုံးချိန်ကား (သာသနာနှစ် ၂၄၉၇ တပို့တွဲလဆန်း <mark>၈-ရက်</mark>) ဆဋ္ဌသံဂါယနာတင် စီစဉ်ရေးအတွက် ဩဝါဒါစရိယနှင့် ဝန်ဆောင်ဆရာတော်များ မီးရထားဖြင့် မန္တလေးမှ ရန်ကုန်သို့ ကြွသွားနေချိန် ဖြစ်၏။ ရထားလမ်းတလျှောက်၌ မြို့နယ်ဆိုင်ရာ အရာရှိကြီးများနှင့် နယ်သူနယ်သား လူအများတို့ အားရဝမ်းသာ ဆီးကြိုဖူးမျှော်၍ ပေးလှူပူဇော်ကြသည်မှာ သာသနာရေးအတွက် အားတက်စရာကြီး ဖြစ်ပါပေသည်။

#### စဉ်းစားမိခြင်း။
သို့သော် ယနေ့အတွက် စားသောက်ချင်စဘွယ် အသွယ်သွယ် ရှိနေစေကာမူ နက်ဖန် သဘက်အရေး မြှော်တွေး၍ စိတ်မအေးရသေးလျှင် ပျော်ရွှင်မြိန်ရှက်စွာ မစားသောက်နိုင်သော မိဘကဲ့သို့

## PAGE 254

ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အစိုးရပိုင်းက ကိုင်းရှိုင်း လေးစားချိန်မှာ တခမ်းတနား ခရီးသွား၍ အများဖူးမျှော် အပူဇော်ခံရသော်လည်း တကွက်ကျော် ၂-ကွက်ကျော် မြှော်၍ မြှော်၍ ကြည့်သောအခါ သာသနာတော်နှင့် စပ်လျက် မြိန်ရှက်ဘွယ်ရာကို မမြင်ရသဖြင့် လက်ရှိအပူဇော်ခံရသည်ကိုလည်း ဟန်လှပြီဟု မမှတ်ထင်နိုင်သေးပါ။

#### တင်ပြစရာအဖြာဖြာ။
ဤနေရာဝယ် ကမ္ဘာ့ပတ်ဝန်းကျင်နှင့် ပြည်တွင်းမငြိမ်မသက် ဖြစ်နေမှုများကို အရေးကြီးသော်လည်း “မိုးပြိုအများနှင့်” ဖြစ်ရမည့် ကိစ္စဖြစ်၍ မစိစစ်လိုပါ။ သာသနာတော်သက်သက်နှင့်ဆိုင်သော လက်ရှိအခြေမှန်ကိုသာ ဝေဘန်တင်ပြလိုပါသည်။

၁။ များစွာသော ကျေးရွာ နယ်ပယ်တို့၌ သီတင်းသုံးတော်မူကြသော ဘုန်းတော်ကြီးများ၏ ဩဇာအာဏာသည် မြန်မာဘုရင်များ၏ လက်ထက်ကို မဆိုထားဘိ အင်္ဂလိပ်အုပ်စိုးခိုက်ဖြစ်သော <mark>အနှစ်</mark> <mark>၄၀</mark> ကျော်လောက် အချိန်က ရရှိနေသလောက်မျှ အရှိန်အဝါ မရှိ သိသိသာသာကြီး ဆုတ်ယုတ်နေလေပြီ။ ဤအချက်၌ “ရှေးလက်ထက်က ဩဇာရှိ၍ ယခု ဘာ့ကြောင့် မရှိရသလဲ” ဟု နက်နက်နဲနဲ စဉ်းစားရပေမည်။

(က) ရှေးက ကျောင်းထိုင် ဘုန်းတော်ကြီးများသည် အနေအထိုင်အားဖြင့် ရပ်သူရွာသား လူအများတို့ လေးစားကျေနပ်လောက်အောင် ဣန္ဒြေသိက္ခာကို ဆောင်တော်မူနိုင်ကြပေသည်။ ယခုသော်ကား အများ

## PAGE 255

အားဖြင့် ထိုသို့ လေးစား ကျေနပ်လောက်ပါသေး၏လော။

(ခ) ရှေးက ဘုန်းတော်ကြီးများသည် ရပ်သူရွာသား ကလေးများကို ယဉ်ကျေးလိမ်မာအောင် ဆုံးမ၍ အတတ်ပညာကိုလည်း (လုံးလုံး အခမဲ့ <mark>မေတ္တာ</mark> စေတနာဖြင့်) သင်ပေးတော်မူခဲ့ကြ၏။ ယခုအခါ၌ကား ဘုန်းတော်ကြီးများ၏ ကျောင်း၌ စာသင်ယူမည့် ကလေးများပင် ရှားပါးနေတော့သည်။

(ဂ) ဘုန်းတော်ကြီးကျောင်း၌ စာသင်ယူမည့် ကလေးများ ရှားပါးခြင်း၏ အကြောင်းမှာလည်း ဘုန်းကြီးများက <mark>သင်မပေးလိုကြ၍</mark> မဟုတ်၊ “ဘုန်းတော်ကြီးကျောင်းမှ ထွက်လာသော ကလေးများသည် များသောအားဖြင့် အောက်ကျနောက်ကျ ရှိကြ၏” ဟု ယူဆ၍ ဘုန်းကြီးကျောင်းထွက် မိဘများကိုယ်တိုင်က မိမိသားကို မထားလိုကြတော့ခြင်းကြောင့် ဖြစ်ဟန် တူလေသည်။ (ဝမ်းနည်းဘွယ် ကောင်းလေစွ။)

၂။ တဖန်...မြို့ကြီးမြို့ငယ် အသွယ်သွယ်ရှိ ဘုန်းတော်ကြီးများ၏ ဩဇာအာဏာကို <mark>စဉ်းစားကြဦးစို့</mark>။ အနည်းငယ်သော ဆရာတော်များမှတပါး အများအပြား ဘုန်းတော်ကြီးတို့မှာ ဩဇာအာဏာများကို မဆိုထားဘိ၊ လူကြီးလူကောင်း ဆိုသူများ၏ လေးစားရိုသေခြင်းကို ခံရဘို့ ခဲယဉ်းလေတော့သည်။ ထိုသို့ ဖြစ်ရာ၌ အကြောင်းကား အသို့ပါနည်း—

## PAGE 256

ယခုအချိန်မှာ အထက်တန်းစားဟု ဆိုသော ကုန်သည်များနှင့် အစိုးရ အမှုထမ်းတို့သည် များသောအားဖြင့် ဘုန်းကြီးကျောင်းထွက်များ မဟုတ်ကြ၊ တချို့ကမူ ဘာသာခြား စာသင်ကျောင်းထွက်လည်း ဖြစ်ကြလေသေး၏။

ထို ဘာသာခြား စာသင်ကျောင်းထွက်များသည် ငယ်စဉ်ကပင် ဗုဒ္ဓဘာသာ တရားဓမ္m လုပ်ငန်းကိစ္စ ဟူသမျှနှင့် မျက်နှာစိမ်းခဲ့ကြခြင်း၊ သူတို့ဆရာကြီးများ၏ မေတ္တာကရုဏာကို ခံယူခဲ့ရခြင်းတို့ကြောင့် ကြီးရင့်သောအခါ ဗုဒ္ဓဘာသာကို မစွန့်သော်လည်း ဗုဒ္ဓဘာသာဝင် အရှင်ကောင်း အရှင်မြတ်များကို ဆည်းကပ်မိဘို့မှာ လွန်စွာပင် ခဲယဉ်းတော့သည်၊ ကြုံကြိုက်သော သာမန် ဘုန်းကြီးများကိုသာ ကိုးကွယ် ဆည်းကပ်ကြရသည့် အတွက်လည်း ဗုဒ္ဓဘာသာ အပေါ်မှာ လေးနက်သော စိတ်ကို မထားတတ်ကြတော့ချေ။

ယခု လွတ်လပ်ပြီးသော ပြည်ထောင်စု မြန်မာနိုင်ငံတော်၌ကား ထို ဘာသာခြားစာကို သာ၍ပင် အားကျပါးကျ၊ သင်ယူနေကြသေး၏၊ ပစ္စည်းဥစ္စာ အထက်တန်းကျလေ ဘာသာခြားကျောင်း၌ အထားများလေ ဖြစ်၏၊ လက်ရှိ အခြေအနေကို စဉ်းစားရ<mark>လျှင်</mark>လည်း နိုင်ငံတော်အစိုးရ အဆက်ဆက်သည် ထို ဘာသာခြား ပညာတတ်တွေသာ ဖြစ်ဘွယ်ရှိနေပေသည်။ သို့ဖြစ်၍ ဘာသာခြားစာပေကို သင်သည့်

## PAGE 257

အတွက် အပြစ်မဆိုသာ၊ အများဆုံးနှင့် အမြန်ဆုံး တတ်မြောက်နိုင်သော နည်းလမ်းကိုသာ အသီးအသီး ရှာဖွေရပေမည်။

၃။ <mark>တစ်ဖန်</mark> မိမိတို့ဘက်သို့ လှည့်၍ကြည့်ပြန်သော် အထိုက်အလျောက် အကြည်ညိုခံရသော ဆရာတော်ကြီးများလည်း သက်ရွယ်တော် ရင့်ညောင်း၍ ပြောင်းဘို့ အရေးနှင့် ဝေးကောင်းမှ ဝေးကြပေတော့မည်၊ ဤအတိုင်း သွားခဲ့ပါသော် ကျေးလက်ရော မြို့ပါ သာသနာ့အရေး စိတ်လေးစရာ ဖြစ်နေပါတော့သည်။

၄။ <mark>တစ်ဆင့်</mark> စဉ်းစားဘွယ်ရှိသေး၏၊ ဤသာသနာတော် အရှိန် မှေးမှိန်သော်လည်း ပြည်ထောင်စု မြန်မာနိုင်ငံတော်ကား တိုးတက်မည်သာ ဖြစ်ပါမူ သာသနာတော်၏ကံကြမ္မာကို သာသနာ့ဝန်ထမ်း ရဟန်းတော်တို့သာ <mark>ခံကြရုံပင်</mark> ဖြစ်ပါပေသည်၊ သို့သော် လက်တွေ့အားဖြင့် ထိုသို့ ဟုတ်နိုင်မည်မထင်ပါ၊ အနော်ရထာမင်းစော လက်ထက်မှစ၍ အရာရာ ယဉ်ကျေးမှု တိုးတက်ခြင်းသည် သာသနာတော်ကြောင့် ဖြစ်ရကား သာသနာတော် မှေးမှိန်<mark>လျှင်</mark> တိုင်းပြည်လည်း ကိုယ်ကျင့်မှစ၍ သေးသိမ်ဘို့လမ်းကသာ များနေပါသည်၊ သို့ဖြစ်<mark>လျှင်</mark> သာသနာရေးနှင့် တိုင်းပြည်အရေးကို <mark>သွယ်ခဲ့သင့်</mark>ပါဦးမည်လော။

၅။ “သာသနာတော်၏ အရှိန်အဝါဩဇာအာဏာ ဆုတ်ယုတ်ခြင်းသည် နိုင်ငံတော် ဆုတ်ယုတ်ကြောင်းပင်

## PAGE 258

ဖြစ်ပါသည်” ဟူသော ဝါဒကို လက်ခံနိုင်ပါမူ သာသနာ ဆုတ်ယုတ်ခြင်း၏ အကြောင်းများကို ဖယ်ရှားဘို့ရာ ရဟန်းတော်များ၏ ကိုယ်ကျင့် သိက္ခာများကို ရှေးစံနစ်အတိုင်း ဖြစ်နိုင်သမျှ ဖြစ်အောင် ကြိုးစားသင့်ပါသည်၊ ဝိနည်းတော်နှင့် မဆန့်ကျင်သော <mark>သိပ္ပဝိဇ္ဇာ</mark> ဟူသမျှကိုလည်း ရဟန်းတော်များ ကိုယ်တိုင် ငွေကြေး အထောက်အပံ့ မယူဘဲ ရှေးမူအတိုင်း သင်ပေးနိုင်အောင် အချိန်ရှိခိုက် လုံ့လစိုက်သင့်ပါသည်။

[ဤကိစ္စ၌ကား နည်း အမျိုးမျိုးရှိသောကြောင့် ဤနေရာ၌ အသေးစိတ် မပြလိုတော့ပါ။]

၆။ <mark>ထိုအတိုင်း</mark> ကြိုးစားသောအားဖြင့် (ယောက်ျားကလေးများကို ဘုန်းတော်ကြီးများက သင်ပြ၍ မိန်းကလေးများကို သီလရှင် ဆရာများက သင်ပြပေးနိုင်ကြပါမူ) ဤ မြန်မာနိုင်ငံသည် အဘယ့်ကြောင့် ငြိမ်ငြိမ်သက်သက်နှင့် မတိုးတက်ဘဲ ရှိအံ့နည်း၊ သာသနာ့ အရှိန်အဝါသည် အဘယ်မှာ<mark>လျှင်</mark> ဤနိုင်ငံတော်နှင့် ကွဲကွာနိုင်ပါတော့အံ့နည်း။

၇။ ဤသို့ နိုင်ငံနှင့် သာသနာတော် တိုးတက်ရာတိုးတက်ကြောင်းများတွင် ရဟန်းတော်များ၏ ကိုယ်ကျင့် သိက္ခာ တည်တံ့ ခိုင်မြဲရေးလည်း အပါအဝင် ဖြစ်သောကြောင့် ရှေးဆရာတော်ကြီးများသည် <mark>သာမဏေ</mark> ဖြစ်သည်မှစ၍ ကျင့်ကြရမည့် သိက္ခာစုကို “ရှင်ကျင့်ဝတ်” ဟု အမည်သမုတ်၍ ဖော်ထုတ်ညွှန်ပြတော်မူခဲ့ကြပေသည်။

## PAGE 259

ဂ။ ထို့ကြောင့် ထိုရှင်ကျင့်ဝတ် မူရင်းကိုပင် <mark>သိသင့်သိထိုက်</mark> အသွယ်သွယ် တန်ဆาဆင်၍ စီစဉ်အပ်သော ဤ“ရုပ်ပုံ ရှင်ကျင့်ဝတ်” သည် သာသနာတော်နှင့် အမျိုးပွါးတိုးဘို့ ကြိုးစားရာဝယ် တကယ်ပင် <mark>ရှေ့ဖျား</mark>က မားမားမတ်မတ် တန့်ရပ်တည်နေနိုင်ပါစေသတည်း။

## PAGE 260

### နိဂုံးချုပ် လင်္ကာ

ကျမ်းပြီးမှတ်ထုံး ကမ္ပတ်ဖုံး၍ နိဂုံးအခန်း ပြည်လုံးမှန်းလျက် ခွဲခြမ်းလှစ်ဘွေ စဉ်းစားစေအံ့၊ ဒို့မြေဌာနီ ရှေးခါဆီဝယ် မထေရ်အပေါင်း စံရာကျောင်းမှ ငြိမ့်ငြောင်းသာယာ မိန့်အာဏာကို ရပ်ရွာလူများ လွန်လေးစားခဲ့၊ ခုကားသို့နှယ် မဟုတ်ကွယ်၍ နယ်ပယ်ပွါးစီး သားသမီးတို့ ဘုန်းကြီးကျောင်းတွင် စာမသင်တော့။

ထို့ပြင်မြို့နေ ကလေးတွေကား ဒို့မေဘာသာ မေစာကို သင်ရာကောင်းမျှ မထင်ကြဘဲ ပြင်ကလာပေး စာပထွေးကို အလေးဂရု အရေးပြု၏၊ ယခုလိုသာ နှစ်ပေါင်းကြာလျှင် မြန်မာပြည်ဘွား တိုင်းရင်းသားတို့ ဘုရားကိုစွန့် တရားစွန့်၍ စွန့်လိမ့်မှန်စွာ မြတ်သံဃာတည်း၊ ထိုခါလူများ ကိုယ်ကျင့်အားဖြင့် တရားမပါ အမှားစာကြောင့် များစွာခုထက်တိုး၍ ပျက်လိမ့်။

သို့တွက်များပြား ဘုန်းဘုရားတို့ တရားကိုယ်ကျင့် လုံအောင်ကျင့်၍ မလင့်စေရ ကိုယ့်ဒေသ၌ သိပ္ပဝိဇ္ဇာ ပြသင့်ရာကို ကောင်းစွာပိုင်ပိုင် ပြသနိုင်မှ ဘုန်းလှိုင်ဟောပြဩဝါဒကို စိတ်ကကြည်ဖြူ လိုက်နာယူ၍ ကိုယ်မူနှုတ်ပြောင်း စိတ်လည်းကောင်းလိမ့်၊ အကောင်းမကောင်း အကြောင်းကြောင်းကို သောင်းပြောင်းကုန်စင် အစုံမြင့်၍ ထေရ်ရှင်ရွှေသွား ဘုန်းအများ၏ တရားစဉ်နှင့် အဆင်သင့်သား ရှင်ကျင့်ဝတ်ခေါ် ရှေးစာတော်ကို ခေတ်ပေါ်လှစ်ဆင့် စုံအောင်ဖွင့်သည် မျိုးနှင့်သာသနာ တည်ကြောင်းတည်း။

**ရုပ်ပုံ ရှင်ကျင့်ဝတ် ပြီး၏။**

## PAGE 261

### အဂ္ဂမဟာပဏ္ဍိတ အရှင် ဇနကာဘိဝံသ-ဆရာတော် ရေးသားပြုစုအပ်သော ကျမ်းစာအုပ်များ

၁။ ရတနာ့ဂုဏ်ရည်
၂။ အခြေပြုသင်္ဂြိုဟ်
၃။ အခြေပြုသဒ္ဒါ
၄။ သင်္ဂြိုဟ်ဘာသာဋီကာ
၅။ ဝီထိနှင့် ၃-ချက်စုဘာသာဋီကာ
၆။ ကိုယ်ကျင့်အဘိဓမ္မာ
၇။ ပါတိမောက်ဘာသာဋီကာ
၈။ ရူပသိဒ္ဓိဘာသာဋီကာ (ပ-ဒု)
၉။ ကစ္စည်းဘာသာဋီကာ (ပ-ဒု)
<mark>၁၀</mark>။ အနာဂတ်သာသနာရေး
၁၁။ ရုပ်ပုံ ရှင်ကျင့်ဝတ်
၁၂။ အခြေပြု မင်္ဂလသုတ်
၁၃။ ဗြဟ္မဇာလသုတ် မြန်မာပြန်
၁၄။ သာမညဖလသုတ် မြန်မာပြန်
၁၅။ ဗုဒ္ဓဝင် အမေးအဖြေ
၁၆။ မူလတန်း သဒ္ဒါနှင့် အမေးအဖြေ

## PAGE 262

ကျမ်းစာအုပ်<mark>များ</mark>

၁၇။ ကင်္ခါ<mark>ဘာသာဋီကာ</mark> (ပ-ဒု)
၁၈။ အလင်္ကာရ<mark>ဘာသာဋီကာ</mark>
၁၉။ ဘုရားဥပဒေတော်ကြီး
၂၀။ ဘာသာသွေး
၂၁။ <mark>ပါရာဇိကဏ်ဘာသာဋီကာ</mark>
၂၂။ <mark>သဒ္ဒတ္ထဘေဒစိန္တာဘာသာဋီကာ</mark>
၂၃။ <mark>ကစ္စာယနသာရ</mark><mark>ဘာသာဋီကာ</mark>
၂၄။ ဋီကာကျော်နိဿယ
၂၅။ (က) မူလတန်းဘာသာရေး (ခ) <mark>ပါစိတ်ဘာသာဋီကာ</mark>
၂၆။ မဟာဝါ <mark>ဘာသာဋီကာ</mark>
၂၇။ <mark>အဋ္ဌသာလိနီဘာသာဋီကာ</mark>နှင့် မူလဋီကာ နိဿယ (ပ-ဒု-တ-စ)
<mark>၂၈။</mark> <mark>သီလက္ခန်</mark><mark>ဘာသာဋီကာ</mark> (ပ-ဒု-တ)
၂၉။ ဘာသာရေးပြဿနာ<mark>များ</mark>အဖြေနှင့် စစ်တပ်တရားတော်
၃၀။ ခုဒ္ဒသိက္ခာ<mark>ဘာသာဋီကာ</mark>
၃၁။ ပရိဝါရ<mark>ဘာသာဋီကာ</mark>
၃၂။ ဗုဒ္ဓါနုဿတိဂုဏ်တော်
၃၃။ <mark>သမ္မောဟ</mark> <mark>ဝိနောဒနီ</mark><mark>ဘာသာဋီကာ</mark>

## PAGE 263

## PAGE 264

အဂ္ဂမဟာပဏ္ဍိတ အရှင် <mark>ဇနကာဘိဝံသ</mark>-ဆရာတော် ရေးသား ပြုစုအပ်သောကျမ်း<mark>များ</mark>

၁။ ရတနာ့ဂုဏ်ရည်
၂။ အခြေပြုသင်္ဂြိုဟ်
၃။ အခြေပြုသဒ္ဒါ
၄။ သင်္ဂြိုဟ်<mark>ဘာသာဋီကာ</mark>
၅။ ဝီထိနှင့် ၃-ချက်စု <mark>ဘာသာဋီကာ</mark>
၆။ ကိုယ်ကျင့်အဘိဓမ္မာ
၇။ <mark>ပါတိမောက်ဘာသာဋီကာ</mark>
၈။ ရူပသိဒ္ဓိ<mark>ဘာသာဋီကာ</mark> (ပ-ဒု)
၉။ ကစ္စည်း<mark>ဘာသာဋီကာ</mark> (ပ-ဒု)
<mark>၁၀</mark>။ အနာဂတ် သာသနာရေး
၁၁။ ရုပ်ပုံရှင်ကျင့်ဝတ်
၁၂။ အခြေပြု မင်္ဂလသုတ်
၁၃။ ဗြဟ္မဇာလသုတ် မြန်မာပြန်
၁၄။ သာမညဖလသုတ် မြန်မာပြန်
၁၅။ ဗုဒ္ဓဝင် အမေးအဖြေ
၁၆။ မူလတန်း သဒ္ဒါနှင့် အမေးအဖြေ
၁၇။ ကင်္ခါ<mark>ဘာသာဋီကာ</mark> (ပ-ဒု)
၁၈။ အလင်္ကာရ<mark>ဘာသာဋီကာ</mark>
၁၉။ ဘုရားဥပဒေတော်ကြီး
၂၀။ ဘာသာသွေး
၂၁။ <mark>ပါရာဇိကဏ်ဘာသာဋီကာ</mark>
၂၂။ <mark>သဒ္ဒတ္ထဘေဒစိန္တာဘာသာဋီကာ</mark>
၂၃။ <mark>ကစ္စာယနသာရ</mark> <mark>ဘာသာဋီကာ</mark>
၂၄။ ဋီကာကျော်နိဿယ
၂၅။ (က) မူလတန်းဘာသာရေး (ခ) <mark>ပါစိတ်ဘာသာဋီကာ</mark>
၂၆။ မဟာဝါ<mark>ဘာသာဋီကာ</mark>
၂၇။ <mark>အဋ္ဌသာလိနီဘာသာဋီကာ</mark>နှင့် မူလဋီကာ နိဿယ (ပ-ဒု-တ-စ)
<mark>၂၈။</mark> <mark>သီလက္ခန်</mark> <mark>ဘာသာဋီကာ</mark> (ပ-ဒု-တ)
၂၉။ ဘာသာရေးပြဿနာ<mark>များ</mark> အဖြေနှင့် စစ်တပ်တရားတော်
၃၀။ ခုဒ္ဒသိက္ခာ <mark>ဘာသာဋီကာ</mark>
၃၁။ ပရိဝါရ<mark>ဘာသာဋီကာ</mark>
၃၂။ ဗုဒ္ဓါနုဿတိဂုဏ်တော်
၃၃။ <mark>သမ္မောဟ</mark> <mark>ဝိနောဒနီ</mark> <mark>ဘာသာဋီကာ</mark>

