## PAGE 199
<!-- 8 paragraphs, raw extraction -->

၁၈၄

ရုပ်ပုံ ရှင်ကျင့်ဝတ်

ရအပ်သောပစ္စည်းကိုလည်း တသာသနာလုံး မသုံးအပ်တော့

ချေ။

ထိုမသုံးအပ်သော ပစ္စည်းကို (ဆွမ်း,သင်္ကန်း, ကျောင်း စသည်တို့ကို) သုံးစွဲခြင်းသည် မိစ္ဆာဇီဝမည်၏၊ ထိုမိစ္ဆာဇီဝမှ ရှောင်ကြဉ်၍ တရားသဖြင့် ရအပ်သော ပစ္စည်းကိုသာ သုံးစွဲ ခြင်းသည် သမ္မာအာဇီဝမည်၏၊ အာဇီဝခေါ် အသက်မွေးမှု၏ စင်ကြယ် သန့်ရှင်းမှုကြောင့် အာဇီဝပါရိသုဒ္ဓိ သီလလည်း မည်၏၊ ဤသီလ၌ (တရားသဖြင့် အရှာသွားခြင်း, ဆွမ်းခံ ဘို့ရန် မပျင်းရိခြင်း စသော) လုံ့လဝီရိယသည် ပဓာနဖြစ်၏၊
လုံ့လဝီရိယမရှိသူ ဆွမ်းခံရမှာ ပျင်းရိသူတို့သာ ချောင်ချောင် လည်လည်နှင့် ပစ္စည်းရအောင် မတရားရှာတတ်ကြသည်။
ပစ္စယသန္တုဿိတသီလ။ ။ဆွမ်း သင်္ကန်း ကျောင်း ဆေး ပစ္စည်းများကို ဉာဏ်ဖြင့် ဆင်ခြင်၍ သုံးဆောင် စားသောက်ခြင်းသည် ပစ္စယ+ သန္နိဿိတ+ သီလ မည်၏၊ “ပစ္စည်း၌+မှီ၍ဖြစ်သော+သီလ”ဟု ဆိုလိုသည်၊
“ချမ်းပူကိုဖျက် ခြင် မှက် လေ နေ စသည်ဖြင့် ပြထားသည့် အတိုင်း မြန်မာလိုဖြစ်စေ ပါဠိလိုဖြစ်စေ ဆင်ခြင်၍ သုံးစွဲလျှင် ဤ သီလ လုံခြုံ၏၊ မဆင်ခြင်ဘဲ သုံးစွဲမိလျှင် ဤသီလ ပျက်၏၊
သူများပစ္စည်း ကြွေးယူ၍ သုံးစွဲခြင်းနှင့် တူသောကြေင့် “ဣဏပရိဘောဂ”ဖြစ်သည်ဟု ဆိုသည်။
ဆင်ခြင်ရာကာလ။ ။ထို ပစ္စည်း ၄-ပါးကို ဆင်ခြင်ရာ၌ သင်္ကန်းကို သုံးတိုင်းသုံးတိုင်း ဆွမ်းကို

"

လ

အလုပ်တိုင်း အလုပ်တိုင်း ကျောင်းကိုလည်း သုံးတိုင်းသုံးတိုင်း ဆင်ခြင်ရမည်ဟုဆို၏၊ထိုသို့မဆင်ခြင်နိုင်လျှင်အရုဏ်မတက်ခင်
