## PAGE 200
<!-- 7 paragraphs, raw extraction -->

ဆရာများအတွက် မှတ်ဘွယ်

၁၈၅

တချိန်ချိန်မှာ(ဆွမ်းမစားမီအချိန် ဆွမ်းစားပြီးအချိန် ညဉ့် ဦးယာမ်အချိန် သန်းခေါင်ယာမ် မိုးသောက် နောက်ဆုံးယာမ် တချိန်ချိန်မှာ) ဆင်ခြင်ရမည်၊ တကြိမ်တခါမျှ မဆင်ခြင်မိဘဲ အရုဏ်တက်သွားလျှင် ထိုနေ့၌ပစ္စည်း ၄-ပါးကိုသုံးစွဲခြင်းသည် ဣဏပရိဘောဂ=ကြွေးယူ၍ သုံးစွဲခြင်း' ဖြစ်တော့၏။

"

ဝိသုဒ္ဓိမဂ်။ ။သီလဝတော အပစ္စဝေက္ခိတွာ ပရိဘောဂေါ ဣဏပရိဘောဂေါ နာမ။ တသ္မာ စီဝရံ ပရိဘောဂ ပရိဘောဂေ (ကိုယ်မှခွါ၍ နောက်ထပ်ဝတ်တိုင်း ဝတ်တိုင်း) ပစ္စဝေက္ခိတဗ္ဗ၊ ပိဏ္ဍပါတော အာလောပေ အာလောပေ၊ တထာ အသက္ကောန္တေန(ထိုမျှလောက် မစွမ်း နိုင်လျှင်) ပုရေဘတ္တ ပစ္ဆာဘတ္တ ပုရိမယာမ မဇ္ဈိမယာမ- ပစ္ဆိမယာမေသု။ သစေ အပစ္စဝေက္ခတောဝ အရုဏံ ဥဂ္ဂစ္ဆတိ၊
ဣဏပရိဘောဂဋ္ဌာနေ တိဋ္ဌတိ။ သေနာသနံပိ ပရိဘောဂ ပရိဘောဂေ(ကျောင်းတွင်း ဝင်တိုင်း ဝင်တိုင်း)ပစ္စဝေက္ခိတ ဗွီ။

ဆေးပစ္စည်းကိုကား အကပ်ခံတုန်း (သာမဏေဖြစ်လျှင် စားမည် သောက်မည်ဟု ယူတုန်း)၌၎င်း၊ စားသောက်တုန်း၌ ၎င်း သတိထား၍ “မည်သည့်အကြောင်းကြောင့် စားသောက် ပါသည်”ဟု ဆင်ခြင်မိစေရမည်၊ ထိုသို့ မဆင်ခြင်လျင် အရုဏ် မတက်မီ ဘချိန်ချိန်မှာ ဆင်ခြင်စေကာမူ အကြောင်းမရှိဘဲ သုံးစားသောကြောင့် အာပတ်သင့်၏၊ တချိန်ချိန်မှာလည်း မဆင်ခြင်မိမူ ဣဏပရိဘောဂလည်း ဖြစ်သည်။

ဝိသုဒ္ဓိမဂ်။ ။ဘေသဇ္ဇံ ပဋိဂ္ဂဟဏေပိပရိဘောဂေပိသတိပစ္စယ တာဝ ူတိ=ဆေးသည် ခံယူရာအခါ၌၎င်း၊
