## PAGE 201
<!-- 6 paragraphs, raw extraction -->

၁၉၆

ရုပ်ပုံ ရှင်ကျင့်ဝတ်

သုံးဆောင်ရာအခါ၌၎င်း (ဘာ့ကြောင့် ခံယူသုံးဆောင်သည်) ဟု သတိ၏ အကြောင်းဖြစ်မှသာ(သတိထားမှသာ)အပ်၏။
ဆင်ခြင်မှုဉာဏ်သာ ပဓာန ဤ ပစ္စယသန္နိဿိတ သီလ၌ ပစ္စည်းသုံးဆောင်ရသဖြင့် သာသနာ့ဝန်ကို ထမ်းနိုင်ခြင်း၊
ရောါကင်းခြင်း စသော အကျိုးကို ဆင်ခြင်တတ်သော ဉာဏ်သည်သာ ပဓာန ဖြစ်၏၊ ထို့ကြောင့် နှုတ်တက်ရအောင် ကျက်ထားသော ပုတီးစိပ် ၄-ပုဒ်ကို အမှတ်တမဲ့ ရွတ်နေရုံမျှ ဖြင့် ပစ္စဝေက္ခဏာ ဆင်ခြင်ရာမရောက်၊ ဉာဏ်ဖြင့် စဉ်းစဉ်း ဆင်ခြင်မှသာ ( ထိုရွတ်ဆိုအပ်သော ပါဠိဖြစ်စေ၊
မြန်မာဖြစ်စေ အဓိပ္ပါယ်ကို နားလည်မှသာ ) ပစ္စဝေက္ခဏာ ဆင်ခြင်ရာ ရောက်သည်ဟု မှတ်ပါ။

စာစား

သုံးစွဲခြင်း ၄-မျိုး။ ။ပစ္စည်း ၄-ပါးကို သုံးစွဲရာ၌ သုံးစွဲနည်း ၄-မျိုးကို ကျမ်းစာတို့၌ ပြ၏၊ ၁-ထေ- ယျပရိဘောဂ၊ ၂-ဣဏပရိဘောဂ၊ ၃-ါယဇ္ဇပရိဘောဂ၊
၄-သာမိပရိဘောဂ တို့တည်း၊ ထိုတွင် ပါရာဇိက ကျနေသော ရဟန်း, လိင်ကျနေသော သာမဏေသည် ဒုဿီလ=သီလမရှိ သူ မည်၏၊ မြတ်စွာဘုရားသည် ထို ဒုဿီလအား ပစ္စည်း ၄-ပါး ကို သုံးစွဲဘို့ရန် ခွင့်ပြုတော်မမူ၊ အလှူရှင်တို့ကလည်း ဒုဿီလ မှန်း သိလျှင် လှူကြမည်မဟုတ်၊ ထို့ကြောင့် ဒုဿီလပုဂ္ဂိုလ်၏ ဆွမ်းစသော ပစ္စည်းကို သုံးစွဲခြင်းသည် ခိုး၍ သုံးစွဲရာရောက် သောကြောင့် ထေယျပရိဘောဂ မည်၏၊ [ ထေယျ ခိုးသူ၏ အဖြစ်ဖြင့် (ခိုး၍) + ပရိဘောဂေါ=သုံးစွဲခြင်း။]

သီလရှိသော်လည်း ပစ္စည်း ၄-ပါးကို (ဘာ့ကြောင့် သုံးစွဲ ရသည်ဟု) အကြောင်းကို မဆင်ခြင်ဘဲ သုံးစွဲခြင်း၊ သုံးစွဲ
