## PAGE 202
<!-- 6 paragraphs, raw extraction -->

ဆရာများအတွက် မှတ်ဘွယ် ၁၈၇

ခြင်းကြောင့် ရလတံ့အကျိုးကိုလည်း မဆင်ခြင်ဘဲ သုံးစွဲခြင်း သည် ကြွေးယူ၍ သုံးစွဲရာရောက်သောကြောင့် ဣဏပရိ- ဘောဂ မည်၏၊ ဣဏ=ကြွေးအဖြစ်ဖြင့် (ကြွေးယူ၍)+ပရိ- ဘောဂေါ=သုံးစွဲခြင်း။ ထို့ကြောင့် ဣဏပရိဘောဂ မဖြစ် အောင် ဆွမ်းစသော ပစ္စည်းများကို သုံးစွဲရာ၌ ပြခဲ့သည့် အတိုင်း သတိကောင်းသော ဉာဏ်ဖြင့် ဆင်ခြင်မှုကို ပြုရမည်။

သေက္ခပုဂ္ဂိုလ်များ၏ ပစ္စည်း ၄-ပါးကို … သုံ စွဲခြင်းသည် ဒါယဇ္ဇပရိဘောဂ မည်၏၊ [ဒါယဇ္ဇ = ဘုရားခွင့်ပြုတော်မူသည့် အတွက် ဘုရားအမှုကို ခံယူသူ အဖြစ်ဖြင့်+ ပရိဘောဂ= သုံးစွဲခြင်း။] သီလရှိသော ပုထုဇဉ်တို့၏ သုံးစွဲခြင်းလည်း ဒါယဇ္ဇ ပရိဘောဂ၌ ပါဝင်၏၊ ကြွေးမတင်သောကြောင့် “အာနဏုပရိဘောဂ = ကြွေးမတင်သော သုံးစွဲခြင်း” ဟု လည်း သီးခြား နာမည် တပ်ကြသေး၏၊ ရဟန္တာပုဂ္ဂိုလ်၏ ပစ္စည်း ၄-ပါး သုံးစွဲခြင်းကား ကိုယ်ပိုင်ပစ္စည်းကို သုံးစွဲရ သကဲ့သို့ ဖြစ်သောကြောင့် သာမိပရိဘောဂ အစစ်တည်း။
[သာမီ=ပိုင်ရှင်၏ အဖြစ်ဖြင့် + ပရိဘောဂ= သုံးစွဲခြင်း။]

6

အမှာ။ ။ဤမျှသော စကားအစဉ်ဖြင့် ရုပ်ပုံ ရှင်ကျင့်ဝတ် ကား ပြီးပါပြီ၊ သို့သော် ရှင်ကျင့်ဝတ်ပါဌ် အနက် ကိုလည်း (ခေတ္တဝတ်သူ မဟုတ်ဘဲ အမြဲနေမည့် ရဟန်း လောင်း သာမဏေတို့ ) အရကျက်ဘို့ရာ ဆက်လက် ပြပါ ဦးမည်။

ဆရာများအတွက်မှတ်ဘွယ် ပြီး၏။
