## PAGE 213
<!-- 4 paragraphs, raw extraction -->

၁၉၈

ရုပ်ပုံ ရှင်ကျင့်ဝတ်

သက္ကတိ၊ ဘိက္ခူနံ အနတ္ထာယ ပရိသက္ကတိ၊ ဘိက္ခူနံ အဝါသာယ ပရိသက္ကတိ၊ ဘိက္ခု၊ အက္ကောသတိ ပရိ ဘာသတိ၊ ဘိက္ခူ ဘိက္ခူဟိ ဘေဒေတိ၊ ဣမေဟိ ခေါ ဒသဟင်္ဂေဟိ သမန္နာဂတဿ သာမဏေရဿ ဒဏ္ဍကမ္မံ ကာတဗ္ဗ။

ဒသဟိ၊ဆယ်ပါးကုန်သော။အင်္ဂေဟိ၊အကြောင်းအင်္ဂါတို့ နှင့်။သမန္နာဂ ၁ဂတဿ၊ ပြည့်စုံသော။ သာမဏေရ၊ သာမဏေ ၏(အပေါ်၌)။ ဒဏ္ဍကမ္မံ၊ ဒဏ်အမှုကို။ ကာတဗ္ဗ၊ ပြုထိုက်၏။
ဝိကာလဘောဇနော၊ နေလွှဲအခါ၌ စားခြင်းရှိသည်။ ဟောတိ၊
ဖြစ်၏။ နစ္စ ဂီတ ဝါဒိတ ဝိသူကဒဿနော၊ ကိုယ်တိုင်ကခြင်း သူတပါးကို ကစေခြင်း, ကိုယ်တိုင် သီဆိုခြင်း, သူတပါးကို သီဆိုစေခြင်း ကိုယ်တိုင် တီးမှုတ်ခြင်း, သူတပါးကို တီးမှုတ် စေခြင်း, ဘုရား အဆုံးအမတော်၏ ဆန့်ကျင်ဘက်စုံပမာ ဖီလာဖြစ်သော ကြည့်ရှု နားထောင်ခြင်း ရှိသည်။ ဟောတိ၊
ဖြစ်၏။ မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ဝိဘူသနော၊
ပန်းပန်ခြင်း,နံ့သာပျောင်းတို့ဖြင့် နိမ့်ရာအရပ်ကို ပြည့်စေ ခြင်း အရောင်တင်ဆေး, ရေမွှေးနံ့သာဆီနံ့သာရည် သနပ်ခါးတို့ဖြင့် လိမ်းကျံ ခြယ်လှယ်ခြင်း ရှိသည်။ ဟောတိ၊
ဖြစ်၏။ ဥစ္စာသယန မဟာသယနော၊ မြင့်သောနေရာ ကြီးကျယ်ခမ်းနား ဆန်းပြားသောနေရာ၌ ထိုင်ခြင်း, အိပ်ခြင်း ရှိသည်။ ဟောတိ၊ ဖြစ်၏။ ဇာတရူပ ရဇတပ္ပဋိဂ္ဂဟဏော၊
ရွှေ ငွေကို ကိုယ်တိုင် ခံယူခြင်း, သူတပါးကို ခံယူစေခြင်း, အပ်နှံ ချထား၍ လှူသည်ကို သာယာခြင်းရှိသည်။ ဟောတိ၊
ဖြစ်၏။
