## PAGE 10
<!-- 10 paragraphs, raw extraction -->

( စ )

"

ရုပ်ပုံ ရှင်ကျင့်ဝတ်

"

သေခိယ

ကိုယ်ကျင့်များကို ပြုပြင်နှင့်ဘို့ရာ ရှေး ဆရာတော် များသည် “ ရှင်ကျင့်ဝတ်” ဟူသော နာမည်ဖြင့် (ရဟန်းတော်များလည်း ကျင့်ရမည့်) သိက္ခာပုဒ်”များကို ဝိနည်းပါဠိတော်ကြီးမှ ထုတ်ဖော် ညွှန်ပြခဲ့ကြပေသည်၊ ထို ရှင်ကျင့်ဝတ်၌ သင်္ကန်း ဝတ်ပုံ ရုံပုံ စားပုံ သောက်ပုံ မြို့ရွာအတွင်း နေထိုင်ပုံ မှစ၍ စုံလင်စွာပင် ဘုရားရှင် ပညတ်တော်မူထား ပေသည်။

၅။ ထို ရှင်ကျင့်ဝတ်အတိုင်းသာ နေထိုင် သွားလာ စား သောက်ကြပါလျှင် “ရဟန်းကျင့်ဝတ်၊ တပါးတတ်က၊
လူ နတ် ဦးခိုက်၊ ရှိခိုးထိုက်၏” ဟု ရှေး ဆရာမြတ်တို့ မိန့်တော်မူအပ်သည်နှင့် အညီ လူကြီး လူကောင်း အများပင် ရှိခိုးဦးချချင်စရာ လွန်စွာ ကြည်ညိုဘွယ် ကောင်းသော ရှင်သာမဏေကလေးတပါး ဖြစ်ပါ

လိမ့်မည်။

၆။ ထို ရှင်ကျင့်ဝတ်များကို တပါးတလေ ချွတ်ယွင်းနေ ပြန်လျှင်လည်း “ ရဟန်းကျင့်ဝတ်၊ တပါးချွတ်က၊ လူ နတ် မကြိုက်၊ ကဲ့ရဲ့ထိုက်၏” ဟူသော ရှေးဆရာတော် ကြီးများ၏ အမိန့်တော်နှင့်အညီ မြန်မာတိုင်းဘွား ဗုဒ္ဓဘာသာဝင်များပင် ကြည်ညိုချင်ဘွယ် မကောင်း သော မောင်ရှင်ကလေး ဖြစ်မည်သာမက နိုင်ငံခြား သားတို့ကမူ ပြည်ထောင်စုအမျိုးသား အားလုံးကိုပင် သိမ်းကျုံး၍ “ဤ လူမျိုးကား အဝတ်ဝါ ဝတ်သူ

"

## PAGE 11
<!-- 9 paragraphs, raw extraction -->

အခြေခံ နိဒါန်း

( ဆ )

ကိုးကွယ်ကြသောလူမျိုး” ဟု

တွေကို ရှိခိုးဦးချ လက်ညှိုးထိုးကြပါလိမ့်မည်။

၇။ ဤ ပြခဲ့သော အကြောင်းများကို အခြေခံထားပြီး လျှင် ရှင်သာမဏေဘဝမှစ၍ နေပုံထိုင်ပုံ ဝတ်ပုံ စားပုံအားဖြင့် သာသနာတော်နှင့် အမျိုး၏ကျက်သ ရေဆောင် ဖြစ်ကြစေလိုခြင်း၊ ထိုသို့ ကျက်သရေ ဆောင် သံဃတော်များ၏ ဩဝါဒကို နာယူရသော အမျိုးသား အမျိုးသမီးများ၏ ကိုယ်ကျင့် စာရိတ္တ မြင့်စေလိုခြင်းကြောင့် – ရှင်ကျင့်ဝတ်” ဟု ထင်ရှား ပြီးသော သိက္ခာပုဒ်များကို လေးစားသောစိတ်ဖြင့် သားနားသစ်လွင်အောင် ရုပ်ပုံပေါင်းများစွာ တန် ဆာဆင်၍ “ရုပ်ပုံ ရှင်ကျင့်ဝတ်” ဟူသော အမည် သစ် ထွင်ကာ စီစဉ် ရေးသားလိုက်ရပါသည်။

"

ရေးသားပုံ အစီအစဉ်

၁) ရှေးဦးစွာ ခေါင်းရိတ်မှုမှစ၍ ပါဠိတော်နှင့် အဋ္ဌက ထာလာသည့်အတိုင်း မြန်မာလို နားလည်အောင် ရေးသားထား၏၊ စိတ်ဝင်စားဘွယ် ကောင်းသော တချို့ အချက်၌ ရုပ်ပုံများကိုလည်း ပြထား၏၊ [ရုပ် ပုံများကို သားသားနားနားနှင့် များများထည့်မည် ဟု ရည်ရွယ်သော်လည်း ရည်ရွယ်ချက် မကိုက်ဘဲ ဖြစ် နေပါသည်။]

ခ) ထို့နောက် ရှင်သာမဏေများ အတုယူဘွယ်ကောင်း၍ (အလှူကြီးမှ မပေးရလျှင် ကိုရင် မဝတ်ကောင်း

## PAGE 12
<!-- 8 paragraphs, raw extraction -->

C

( ခ )

ရုပ်ပုံ ရှင်ကျင့်ဝတ်

သလောက် အထင်ရောက်နေရှာသော) မိဘတို့လည်း သတိပြုဘွယ်ကောင်းသော ရှေးရှေးက ရှင်သာမဏေ များ၏ ဝတ္ထုကြောင်းကိုလည်း ပြထား၏။

(ဂ) ထို့နောက် ရှင်သာမဏေများကို ဩဝါဒပေးရမည့် ဆရာသမားတို့အတွက် လေးနက်သော မှတ်ချက် အဓိပ္ပါယ်များကို နောက်ဆက်တွဲ အနေအားဖြင့် ပါဠိ အဋ္ဌကထာ,ဋီကာတို့မှ ထုတ်ဖော်ညွှန်ပြထား၏။
(ဃ) ထို့နောက် အမြဲနေနိုင်လောက်သော ရဟန်းလောင်း သာမဏေများနှင့် ဝိနည်းစာပြန်ပွဲများအတွက် လက် မလွတ်ရအောင် ရှင်ကျင့်ဝတ် ပါဌ်အနက် စသည်ကို လည်း ပြထားပါသည်။

( င ) ဤသို့ စုံလင်စွာ ပြထားသဖြင့် ဤရုပ်ပုံ ရှင်ကျင့်ဝတ် ကျမ်းစာသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို မြှင့်တင်ရာဝယ် သာသနာရေးဌာနအတွက် လေးနက် သော အထောက်အပံ့ ဖြစ်ပါစေသတည်း။

အရှင် ဇနကာဘိဝံသ

ကဆုန်လဆန်း ၅-ရက် ၁၃၁၄-ခုနှစ်။
