## PAGE 100
<!-- 8 paragraphs, raw extraction -->

ခန္ဓကဝတ်ကို သင်ပြခဏ်း

ဂ၅

(၆) ကျင်ကြီးခွက် ကျင်ငယ်ခွက် (ကျင်ကြီးပေါက် ကျင် ဘေး၌ မရောက်စေဘဲ ခွက်

ငယ်မြောင်း) တို့၏ တဲ့တဲ့ အပေါက်တဲ့တဲ့)ကျအောင် စွန့်ပါ။

(၇) ကျင်ငယ်မြောင်း(ကျင်ငယ်ခွက်)ထဲ၌ နှပ် တံထွေးကို မညှစ်-မထွေးပါနှင့်။

<

(ဂ) ကြမ်းသော ပုပ်သော ဆွေးသော ကနုတ် (ဒုတ် ချောင်း) ဖြင့် မသုတ်ပါနှင့်၊ သုတ်ပြီး ကနုတံကို ကျင်ကြီးတွင်း (ကျင်ကြီးခွက်) ထဲ၌ မကျပါစေနှင့်။
(၉) ဖင်ဆေးရေကို “ သန့်သက်ရေ”ဟု ခေါ်၏၊ ထို သန့်သက်ရေကို ရှေးခေတ်၌ ကုဋိအတွင်း မထားဘဲ သီးခြားအခန်းမှာ ထားသည်။ ယခုခေတ်၌ကား ကျင် ကြီးစွန့်ရာ အခန်းမှာပင် ထားသည်၊ ထို သန့်သက်ရေ သေးသောအခါ အသံမမြည်အောင် ဆေးပါ၊ သန့် သက်ရေခွက်ထဲ၌ ရေကို ချန်မထားခဲ့ပါနှင့်။ (ခွက်ကို မှောက်ထားပါ။)

(၁ဝ) ကျင်ကြီးစွန့်ပြီးသောအခါ ခြေနင်းခုံပေါ်၌ ရပ်နေ တုန်းမှာပင် ပင့်ထားသော သင်းပိုင်ကို ချလိုက်ပါ၊
သင်းပိုင် (မ) လျက် ကုဋိပြင်ဘက်သို့ မထွက်ခဲ့ပါနှင့်။
(၁၁) ကုဋိ၌ ကျင်ကြီးပေနေလျှင် ရေဖြင့် ဆေးပါ၊ ကနုတံ ပုံး ပြည့်နေလျှင် ကနုတံများကို အပြင်ဘက် သင့် တော်သော နေရာ၌ စွန့်ပစ်ပါ၊ ကု၌ အမှိုက်ရှုပ်နေ လျှင် တံမြက်လှည်းပါ၊ သန့်သက်ရေအိုး၌ ရေမရှိလျှင် ရေထည့်ပါ။

## PAGE 101
<!-- 8 paragraphs, raw extraction -->

၁၆

ရုပ်ပုံ ရှင်ကျင့်ဝတ်

(၁၂) ပြခဲ့သော ကျင့်ဝတ်များကို မကျင့်လျှင် စုံဟန်းများ မှာ အာပတ်သင့်၍ သာမဏေများမှာ ဒဏ်ထိုက်ပါ သည်၊ ထို့ကြောင့် ဧကန် ကျင့်ရမည့် ဝတ်များ ဖြစ် ကြောင်းကို နားလည်ပါ။

(ဋ) ဥပဇ္ဈာယဝတ်

"

ကိုရင် ဗုဒ္ဓရက္ခိတ...မိဘတို့သည် သားသမီးတို့ အပေါ်၌ အမြဲကြည့်ရှု၍ သွန်သင်ဆုံးမသကဲ့သို့ တပည့်အပေါ်၌ အမြဲ ကြည့်ရှု၍ သွန်သင်ဆုံးမသော ဆရာကို “ ဥပဇ္ဈာယ်ဆရာ” ဟု ခေါ် ၏၊ ထို့ကြောင့် ရှင်သာမဏေပြုပြီးလျှင် ပြီးခြင်း မိမိဆရာ အရင်းကို “ဥပဇ္ဈာယော မေ ဘန္တေ ဟောဟိ=တပည့်တော် ၏ ဥပဇ္ဈာယ် ဖြစ်တော်မူပါဘုရား” ဟု ၃-ခေါက်ဆို၍ ဥပဇ္ဈာယ် ယူထားကြရသည်၊ ထို ဥပဇ္ဈာယ် ဆရာသည် သာ သနာတော်မှာ မိဘရင်းကဲ့သို့ အရင်းဆုံး ဖြစ်သည်၊ ထို ဥပဇ္ဈာယ်ဆရာ၌ အတူနေတပည့်က ပြုရမည့်ဝတ္တရားတွေ လည်း အများအပြားပင် ရှိ၏၊ ထို့ကြောင့် ဥပဇ္ဈာယ်နှင့် အတူ နေသော တပည့်သည် မိမိကိုယ်တိုင် နေထိုင်ကောင်းလျှင်.. ( ၁ ) နံနက်စောစောထ၍ ကိုယ်ဝတ်ဧကသီကို လက်ကတော့ တင်ပြီးလျှင် မျက်နှာသစ်ရေနှင့် ဒန်ပူ ကပ်ရသည်။

( ၂ ) ယာဂုဖြစ်စေ ဆွမ်းဖြစ်စေ ရှိလျှင်လည်း ကပ်ရသည်။

( ၃ ) ဥပဇ္ဈာယ်ဆရာ၏ ကျောင်း အိပ်ရာ နေရာတို့ကိုတံမြက် လှည်း ရသည်။

## PAGE 102
<!-- 9 paragraphs, raw extraction -->

ခန္ဓကဝတ်ကို သင်ပြခဏ်း

02

( ၄ ) အိပ်ရာခင်း စသည်ကို နေလှန်းသင့်လျှင် နေလှန်း၍ ထိုင်ဘို့နေရာ စသည်ကိုလည်း ခင်းပေးရသည်၊ ဤ သို့ စသည်ဖြင့် ဥပဇ္ဈာယ်ဆရာ၌ ပြုကြရသော ဝတ္တရား တွေ များစွာ ရှိပေသည်။

မှတ်ချက်။ ။ဥပဇ္ဈာယ်ဆရာ၌ တပည့်အများရှိရာတွင် တပါး ပါးက “ ဥပဇ္ဈာယ်ဆရာ၏ ဝတ်ကြီး ဝတ်ငယ်

"

များကို တပည့်တော်ပြုပါမည်”ဟု တာဝန်ယူထားသော်၎င်း ဥပဇ္ဈာယ်ဆရာကိုယ်တိုင်က “ငါ့မှာ ဝတ်ပြုမည့်သူ ရှိပြီ၊ သင်တို့ ချမ်းသာစွာနေ၍ ပရိယတ် ပဋိပတ်ကို အားထုတ်ကြ” ဟု ခွင့်ပြုထားသော်၎င်း ဝတ်ကြီးဝတ်ငယ် မပြုဘဲ နေခွင့်ရပါ သည်၊ ဥပဇ္ဈာယ်ဆရာမှာ ဝတ်ပြုမည့်သူလည်း မရှိ၊ ခွင့်ပြု ချက်လည်း မရှိပါဘဲ ဝတ်မပြုသော ရဟန်းသာမဏေတို့မှာ အာပတ်သင့်ခြင်း, ဒဏ်ထိုက်ခြင်းဟူသော အပြစ်ရှိသည်။

(ဌ) သဒ္ဓိဝိဟာရိကဝက်

ကိုရင် ဗုဒ္ဓရက္ခိတ … ဥပဇ္ဈာယ်ယူကားသော တပည့်ကို သဒ္ဓိဝိဟာရိက အတူနေတပည့်”ဟု ခေါ်၏။ သ အတူ+ဝိဟာရိက … နေလေ့ရှိသူ။ ] ဥပဇ္ဈာယ်ဆရာ့အတွက် တပည့်မှာသာ တာဝန်၀တ္တရားရှိသည် မဟုတ်သေး၊ ဥပဇ္ဈာယ် ဆရာမှာလည်း တပည့်အပေါ်ပြုရသောဝတ္တရားတွေ ရှိသေး၏ ထိုဝတ္တရားအချို့ကား---

(၁) စာချပေးခြင်း ဆုံးမဩဝါဒပေးခြင်းတို့ဖြင့် သင်္ဂြိုဟ် ချီးမြှောက်ရသည်။
