## PAGE 103
<!-- 13 paragraphs, raw extraction -->

100

ရုပ်ပုံ ရှင်ကျင့်ဝတ်

၂) တပည့်မှာ သပိတ် သင်္ကန်း စသော ပရိက္ခရာမရှိ၍ ဥပဇ္ဈာယ်မှာ အဆိုရှိလျှင် ထို သပိတ် သင်္ကန်း စသည်ကို ပေးခြင်းဖြင့် ချီးမြှောက်ရသည်။

(၃) ဥပဇ္ဈာယ်မှာ အပိုမရှိလျှင် “ဘယ်လိုနည်းဖြင့် တပည့်မှာ သပိတ် သင်္ကန်း ရပါ့မလဲ”ဟု ကြောင့်ကြစိုက်ရသည်။
(၄) တပည့် မကျန်းမမာဖြစ်သော အခါ၌ကား ဒန်ပူပေး ခြင်း မျက်နှာသစ်ရေပေးခြင်း ယာဂုပေးခြင်း, တပည့် နေရာ၌ အမှိုက်ရှုပ်လျှင် တံမြက်လှည်းခြင်းစသော ဂတ်များကို (တပည့်က ဆရာ့အပေါ်၌ အမြဲပြုရ သကဲ့သို့ ဆရာကလည်း တပည့်အပေါ်၌) ပြုရသည်။

(၃) အာစရိယဝတ်

ကိုရင် ဗုဒ္ဓရက္ခိတ...ဆရာ ၄-မျိုးအပေါ်၌ ဟပည့် ၄-မျိုးက ပြုရသောက်ကို “အာစရိယဝတ်”ဟု ခေါ်၏ ဆရာ ၄-မျိုး

ကား-

(၁) ရှင်ပြုတုန်းက သရဏဂုံပေး သာ “ပဗ္ဗဇ္ဇာစရိယ=ရှင်ပြု ပေးသော ဆရာ ၊

"

(၂) ရဟန်းပြုတုန်းက ကမ္မဝါစာရွတ်ဘတ်သော “ဥပသမ္ပဒါ. စရိယ=ရဟန်းပြုပေးသော ဆရာ”။

(၃) စာချပေးသော “ဓမ္မာစရိယ”၊

(၄) နိဿယည်းပေးသော “နိဿယာစရိယ”တို့တည်း။

က

## PAGE 104
<!-- 16 paragraphs, raw extraction -->

ခန္ဓကဝတ်ကို သင်ပြခဏ်း

၈၉

ထိုဆရာ ၄-မျိုး၌ တပည့် ၄-မျိုးက ပြုရသော တာဝန် ဝတ္တရားတို့မှာ ဥပဇ္ဈာယဝတ်နှင့် အများအားဖြင့် တူ၏၊
ထို့ကြောင့် ဆရာ ၄-ပါးအပေါ်၌ တပည့် ၄-ပါးတို့က မျက်နှာ သစ်ရေကပ်ခြင်း, ယာဂုကပ်ခြင်းစသော ကျင့်ဝတ်များကို ပြုကြရသည်။

(ခ) အန္တေဝါသိကဝတ်

<

ကိုရင် ဗုဒ္ဓရက္ခိတ….ဆရာ ၄-ပါး ရှိသကဲ့သို့ တပည့် ၄-ပါး ရှိ၏၊ ထိုတပည့်များကို “အန္တေဝါသိက=အနီးနေတပည့်”ဟု ခေါ်သည်၊ ထို ၄-ပါးကား’

"

(၁) “ပဗ္ဗဇ္ဇန္တေဝါသိကရှင်ပြုပေးအပ်သော တပည့်”။

(၂) “ဥပသမ္ပဒန္တေဝါသိက တပည့်”။

"

=====

ပဉ္စင်း ပြုပေးအပ်သော

(၃) “မ္မန္တေဝါသိက=စာချပေးအပ်သော တပည့်”။

(၄) “နိဿယန္တေဝါသိက= တပည့်”။

နိဿယည်း ယူ၍ နေသော

ဤတပည့် ၄-မျိုး အပေါ်၌ ဆရာ ၄-မျိုးက ပြုရသော တာဝန် ဝတ္တရားများလည်း ဥပဇ္ဈာယ်က သဒ္ဓိဝိဟာရိက တပည့် အပေါ်၌ ပြုရသော ဝတ္တရားနှင့် သဘောတူ၏၊ ထို့ ကြောင့် ဆရာ ၄-မျိုးတို့သည် တပည့်၄-မျိုးတို့ အပေါ် စာချခြင်း, ဆုံးမဩဝါဒပေးခြင်း သပိတ်သင်္ကန်း စသည်ကို ပေးခြင်း, မကျန်းမမာသောအခါ ပြုစုခြင်း စသော ဝတ္တရား များကို ပြုကြရသည်။

## PAGE 105
<!-- 8 paragraphs, raw extraction -->

၉ဝ

ရုပ်ပုံ ရှင်ကျင့်ဝတ်

"

အမှာ။ ။ဥပဇ္ဈာယ်နှင့် အတူမနေရသော ရဟန်းငယ်တို့ သည် အရည်အချင်းရှိသော ဆရာ့အထံ၌ “အာ စရိယော မေ ဘန္တေ ဟောဟိ, အာယသ္မတော နိဿာယ ဝစ္ဆာမိ=အရှင်ဘုရား… တပည့်တော်၏ ဆရာဖြစ်တော်မူပါ၊
အရှင်ဘုရားကို မှီခို၍ နေပါအံ့”ဟု ၃-ခေါက်ဆို၍ နိဿယည်း ယူနေရသည်။

ဝတ်ကြေမှသာ နိဗ္ဗာန်ရောက်

အာ

ကိုရင် ဗုဒ္ဓရက္ခိတ……ဤပြခဲ့သော ကျင့်ဝတ် ၁၄-ပါးကို ဝိနည်း ပါဠိတော် စူဠဝဂ္ဂခန္ဓက၌ လာသောကြောင့် “ခန္ဓက ဝတ်”ဟု ခေါ်ကြသည်၊ ဤကျင့်ဝတ်များ မကြေလျှင် ပတ်သင့် - ဒဏ်ထိုက်သောကြောင့် သီလမပြည့်စုံသူ ဖြစ်၏ သီလမစင်ကြယ်လျှင် စိတ် မတည်ကြည်နိုင်၊ စိတ်ပျံ့လွင့်၍ မတည်ကြည် သူသည် (ကရးအားထုတ်သော အခါ)တရားကို မမြင်နိုင်ပါ။

“သံသာရ ပဋက္ခတော မောစနတ္ထာယ ပဗ္ဗဇ္ဇီ ယာ- စာမိ=သံသရာဝဋ်ဒုက္ခမှ လွတ်မြောက်ခြင်း အကျိုးငှါ ရှင်ပြု ပေးပါရန် တောင်းပန်ပါ၏”ဟု ရှင်ပြုတုန်းကဆိုခဲ့သော်လည်း တရားမမြင်သမျှ သံသရာဝဋ်ဒုက္ခမှ မလွတ်နိုင်၊ ထို့ကြောင့် ဘုရားအဆုံးမတော်ကို လိုက်နာသော ဘုရားသားကောင်း ရဟန်းသာမဏေ အပေါင်းသည် ပြခဲ့သော ဆိုင်ရာ ကျင့်ဝတ် များကို မချွတ်မယွင်းရအောင် ပြုကျင့်ရမည်၊ ထိုသို့ပြုကျင့် မှသာ နိဗ္ဗာန်သို့ ရောက်နိုင်သည်။
