## PAGE 115
<!-- 7 paragraphs, raw extraction -->

၁ဝဝ

ရုပ်ပုံ ရှင်ကျင့်ဝတ်

ဆရာ။ ။သမထဘာဝနာဆိုတာ ကမ္မဋ္ဌာန်းအာရုံ တခုခု အပေါ်မှာ စိတ်ကိုတည်နေအောင် ကြည်နေ အောင် ငြိမ်နေအောင် ထားရတဲ့ ဘာဝနာဖြစ် တယ်။ [သမထ= ငြိမ်သက်တည်ကြည်စေတတ် သော (သမာဓိ)။]

ကိုရင်။ ။ကမ္မဋ္ဌာန်းအာရုံတခုခုအပေါ်မှာ စိတ်တည်ကြည် ငြိမ်သက်နေလျှင် ဘာအကျိုးရှိပါသလဲ အရှင်

ဘုရား။

ဆရာ။ ။လူတွေရဲ့စိတ်ဟာ မတည်ကြည်လို့ မငြိမ်သက်လို့

ဟိုဟာ လိုချင် ဒီဟာ လိုချင်နှင့် လောဘ ဖြစ်ရ တယ်၊ လိုချင်တာ မရတော့ စိတ်ဆိုးခြင်း စိတ် မချမ်းသာခြင်း စိတ်မကျေနပ်ခြင်းဆိုတဲ့ ဒေါသ ဖြစ်ရတယ်၊ ကိုယ့်ထက်သာနေတဲ့သူကို မနာလိုတဲ့ ဣဿာဖြစ်ရှတယ်၊ သူတပါးတို့ ကိုယ့်လို ကြီးပွါး ချမ်းသာမှာစိုးတဲ့ မစ္ဆရိယ ဖြစ်တယ်၊ စိတ်ကြီး ဝင်တတ် ဟန်ကြီးပန်ကြီး လုပ်တတ်တဲ့ မာန်မာန လဲ ဖြစ်ရတယ်၊ ကမ္မဋ္ဌာန်းအာရုံ တခုခုအပေါ်မှာ စိတ်က တည်ကြည် ငြိမ်သက်နေပလား ဆိုလျှင် အဲဒီလို ယုတ်မာဆိုးဝါးတဲ့ စိတ်မျိုးမဖြစ်တော့ဘဲ အလွန်ချမ်းသာအေးမြ သုခရှိသောစိတ်များသာ ဖြစ်နေတော့တယ်၊ ဒါ့ကြောင့် ကိုရင်တို့စိတ်ဟာ တည်ကြည်အောင် စိတ်ချမ်းသာအောင် သမထ ဘာဝနာကမ္မဋ္ဌာန်းကို လေ့လာကြရမယ်။

## PAGE 116
<!-- 7 paragraphs, raw extraction -->

ကမ္မဋ္ဌာန်းဘာဝနာ သင်ပြခဏ်း

၁၀၁

ကိုရင်။ ။ဝိပဿနာဘာဝနာ ဆိုဒါကတော့ ဘယ်လိုဟာ မျိုးပါလဲ အရှင်ဘုရား။

ဆရာ။ ။ဝိပဿနာဘာဝနာဆိုတာကတော့မိမိခန္ဓာကိုယ်နှင့် တက္ခ တလောကလုံးရှိ အရာဝတ္ထုတွေကို အနိစ္စ ဒုက္ခ အနတ္တ (မမြဲပုံ မကောင်းပုံ အနှစ် အတ္တ မဟုတ်ပုံကို) သိအောင် မြင်အောင် ရှုရ ဆင်ခြင် ရတဲ့ ဘာဝနာ ဖြစ်တယ်။ [= အထူးထူး အထွေထွေ (အနိစ္စ ဟု၎င်း၊ ဒုက္ခ ဟု၎င်း၊ အနတ္တ ဟု၎င်း)ပဿနာ= ရှုတတ်သော ဉာဏ်။]

ကိုရင်။ ။ဒီလို ဝိပဿနာ ရှုနေတာကတော့ ဘာအကျိုး ရှိပါသလဲ အရှင်ဘုရား။

ဆရာ။ ။ဒီလို ရှုတတ်တဲ့ဉာဏ် အမြင်သန်လာတော့ လော ကကြီး တခုလုံး ဘာအသုံးမှ မကျပါတကားလို့ သိမြင်လာတယ်၊ အဲဒီလို သိမြင်လာတဲ့အခါ မိမိ ကိုယ်နှင့်တကွ လောကကြီးဟာ ငြီးငွေ့စရာ စက် ဆုပ်စရာလို့ ထင်မြင်လာတယ်၊ ဒီလို ထင်မြင် လာတဲ့ အခါကြမှ လောကကြီးနှင့် တဘက် တလမ်းဖြစ်ပြီး ခိုင်မြဲသော ချမ်းသာသော အေးမြ နိဗ္ဗာန်ကို သဘောပေါက်လာတယ်၊ ဒီလို ဝိပဿနာဉာဏ်မရှိသမျှ “နိဗ္ဗာန်မြန်မြန်ရပါလို၏” ဟု ဆုသာတောင်းကြတာ၊ အဟုတ်တော့ မလို ချင်ပါဘူး၊ ဒါ့ကြောင့် ဝိပဿနာရှုခြင်းဟာ နိဗ္ဗာန်ကို မြန်မြန် မြင်ရခြင်း အကျိုးရှိတယ်။

သော

## PAGE 117
<!-- 15 paragraphs, raw extraction -->

၁၀၂

ရုပ်ပုံ ရှင်ကျင့်ဝတ်

ကိုရင်။ ။သမထဘာဝနာ ဆိုတာ ဘယ်လောက် များပါ သလဲ အရှင်ဘုရား။

ဆရာ။ ။သမထဘာဝနာဆိုတာ ပါဠိတော်မှာ ၃ဂ-မျိုး ရှိပါတယ်၊ အဋ္ဌကထာမှာတော့ ၄၀-ရှိတယ်။”

*

ကိုရင်။ ။အဲဒီ အားလုံးကိုဘဲ တပည့်များ အားထုတ်ရမှာ ပါလား အရှင်ဘုရား။

ဆရာ။ ။အဲဒီ ကမ္မဋ္ဌာန်းအားလုံးတော့ မလိုသေးပါဘူး၊
ကိုရင်များနှင့် သင့်တော်ရုံဖြစ်တဲ့ ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို အားထုတ်သင့်ပါတယ်။

ကိုရှင်။ ။ဒီ ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို ဘယ်လို အားထုတ် ရမှာပါလဲ အရှင်ဘုရား။

"

"

ဆရာ။ ။(၁) “ကေသာ လောမာ”စသော ပါဠိကို ပဌမ ကျက်ပါ။ (၂) “ဆံပင် မွေးညှင်း” စသော မြန်မာကို ဒုတိယ ကျက်ပါ။ (၃) ထို ့နောက် သရုပ် ဖော်ထားသော အနက် အကျယ်ကို ကျက်ပါ၊ ဤမှ နောက် အစီအစဉ်ကို ကမ္မဋ္ဌာန်း အားထုတ်နည်း၌ ညွှန်ပြမည်။

32

ဓမ္မသင်္ဂဏီပါဠိတော်၌ အာကာသနှင့် အာလောက ကသိုဏ်း ၂-ပါး မပါ၊ အဋ္ဌကထာတို့၌သာ ပါသည်။

အမှာ။ ။“ကေသာ, လောမာ=ဆံပင်, မွေးညှင်း” အစချီသော ၃၂-စုတွင် တစုစုကို သတိရနေခြင်းကို “ကာယဂတာသတိ

ကမ္မဋ္ဌာန်း”ဟု ခေါ်၏၊ ကာယ=ဆံပင် စသော အစု၌+ဂတာ=
