## PAGE 121
<!-- 6 paragraphs, raw extraction -->

၁၀၆

ရုပ်ပုံ ရှင်ကျင့်ဝတ်

အဋ္ဌိ - ခြေဖျားမှတက် ဦးခေါင်းထက်သို့ ဆက်ကာ ဆက် ကာ သုံးရာသော အရိုးအစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ် သတ္တဝါ ငါသူတပါး လားလားမဟုတ် စက်ဆုပ် ဘွယ်သာ ထင်ရှားရှိပါသည် တကား။

အဋ္ဌိမိဉ္စ-အရိုးတွင်းခေါင်း အဆန်ပေါင်းသို့ ပြော့ပျောင်း ဖြူနု ခြင်ဆီအစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လားလားမဟုတ် စက်ဆုပ်ဘွယ်သာထင် ရှားရှိပါသည် တကား။

အကြော။ ။အကြောမကြီးနှင့် အကြောသေးဟု ၂-မျိုး ရှိ၏၊ လည်ပင်းမှစ၍ အကြောမကြီး တို့သည် တကိုယ်လုံးကို မြှေးယှက်လျက် ရွှေဘက်မှ ငါးသွယ် နောက် ဘက်မှ ငါးသွယ် … လက်ယာဘက်မှ ငါးသွယ် လက်ဝဲဘက်မှ ငါးသွယ်ဖြာလျက် အောက်သို့ သက်ဆင်းကြကုန်၏။ လက်တံ ၌လည်း ရှေ့ဘက်ငါးသွယ် နောက်ဘက်ငါးသွယ်စီ ( ဝဲ-ယာ လက် ၂ ဘက်လုံးမှာ မြှေးယှက်၍ တည်ကုန်၏၊ ခြေတံ ၂-ဘက်၌လည်း ဤနည်းအတိုင်း တဘက်လျှင် ရွှေငါးသွယ် နောက်ငါးသွယ်စီအားဖြင့် ၂၀-သော အကြောတို့ မြှေးယှက် ၍ တည်ကုန်၏၊ ဤကား အကြောမကြီး ၆ဝတည်း၊ အရိုး အသားတို့ကို ဖွဲ့တုပ် မြှေးယှက်၍နေသော အကြောကလေး များလည်း ကြိုးကလေးများကဲ့သို့ တကိုယ်လုံး၌ အနှံ ့အပြား တည်ရှိကြလေသည်၊ အကြောသေး အကြောမ အားလုံး ပေါင်းလျှင် ၉-ရာ ရှိသတတ်။

°

## PAGE 122
<!-- 11 paragraphs, raw extraction -->

-

ကမ္မဋ္ဌာန်းဘာဝနာ သင်ပြခဏ်း

၁၀၇

ဝက္ကံ – ၂-လုံး သရက် ညှာ တခက်၌ ဖြာလျက် တည်ဟန် လည်တံ သက်လျှော အကြောကြီးမှ ၂-ဖြာ၍ ဟဒယပတ်လည် ဇဉ်ငယ်နီသော အညို ၂.ခုသည်။
အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လားလားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည် တကား။
ဟဒယံ – အောက်သို့ မှောက်ခုံ ကြာပဒုံ၏ အငုံသဘွယ် ရင်လည်မှာတည် အဆင်းနီသော နှလုံးသားသည်။

အရိုး။ ။လက်ရိုး ၆၄-ချောင်း, ခြေရိုး ၆၄-ချောင်း စသည် ဖြင့် ဦးခေါင်းအခွံရိုး ၉-ခုတိုင်အောင် အရိုးပေါင်း

၃-ရာခန့် ရှိသတတ်။

ခြင်ဆီ။ ။ထို အရိုး ၃-ရာခန့်၏ အတွင်း၌ “ခြင်ဆီ အဆန်” ခေါ်သော ကောဋ္ဌာသ တမျိုး ရှိ၏၊

ကြက် စသော သတ္တဝါများ၏ အရိုးကို ထုခွဲလိုက်သည့်အခါ အတွင်းမှာရှိသော အရာဝတ္ထုမျိုးပင် ဖြစ်၏။

အညို။ ။ဤ အချို့သည် လည်ပင်းမှ သက်ဆင်းသော အကြောမမှ ၂-ဖြာခွ၍ တည်သော အသား ၂-ခု

တွဲတည်း၊ ပုံသဏ္ဌာန်အားဖြင့် အညှာတခု၌ တွဲနေသော သရက်သီး ၂-လုံးပြုတ်သဏ္ဌာန်ရှိ၏၊ အဆင်းအားဖြင့် အနည်း ငယ်နီ၏၊ နေရာအားဖြင့်(နောက်၌ပြမည့်)နှလုံးသားကို ရံ၍ တည်၏။

နှလုံး။ ။ဤ“နှလုံး”သည် အသားတမျိုးပင်တည်း၊အဆင်း အားဖြင့် နီ၏၊ ပုံသဏ္ဌာန်အားဖြင့် အပြင်ဘက် အဖတ်တို့ကိုဖယ်၍ အောက်သို့ စောက်ထိုးထားအပ်သော

## PAGE 123
<!-- 7 paragraphs, raw extraction -->

၁၀၀

ရုပ်ပုံ ရှင်ကျင့်ဝတ်

အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လားလားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည်တကား။
ယကနံ−ကုမုဒြာကြာနီပွင့်ဖတ် ကြောရပ်သဘွယ် ဗဉ့်ငယ် နီလျက် ကသစ်ရွက်သို့ အစဘက် တဖုံ ဖျားအစုံ ဖြင့် ရှင်ခုံလယ်ဗွေ ယာမှာနေသော အသဲလွှာသည်။
အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လားလားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည်တကား။
ကိလောမကံ – အဝတ်လွှာဖြူ ပမာတူသို့ နှလုံးအညို့ကို ဖုံးဆို့၍ တည် တလီအသား အရေကြား၌ အသားယှက်ထွေး ၂-မျိုးသော အမြှေးသည်။ အတ္တိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လားလားမဟုတ် စက်ဆုပ်ဘွယ်သာ ထင် ရှားရှိပါသည်တကား။

ပဒုမ္မာကြာငုံသဏ္ဌာန် ရှိ၏၊ အပြင်ဘက်၌ ချော၍ အတွင်း ဘက်၌ ခဝဲသီး(တနည်း-သပွတ်သီး)အတွင်းသားနှင့် တူ၏၊
ဉာဏ်ပညာရှိသူများ၏ နှလုံးသားသည် အနည်းငယ် ပွင့်၍ ဉာဏ်ပညာနုံ ့သူတို့၏ နှလုံးသားကား အငုံအတိုင်းပင်ဖြစ်၏၊
ထိုအငုံအတွင်းဝယ် တွင်းငယ်တခု ရှိ၏၊ ထို တွင်းငယ်၌ တလက်ခုပ်၏ တဝက်လောက် သွေးများ တည်ရှိလေသည်၊
ထို နှလုံးသားသည် သားမြတ် ၂-ခု၏ အလယ်၌ တည်ရှိ

သတတ်။

ထ

အသဲ။ ။ဤ အသည်း(အသဲ)ဟူသည် အသားလွှာ တမျိုး တည်း၊ ကုမုဒြာကြာနီပွင့်ဖတ်၏ ကျောပြင်ကဲ့သို့ အဆင်း နီဖြော့ဖြော့ရှိ၏၊ ပုံသဏ္ဌာန်အားဖြင့် ကသစ်ရွက်ကဲ့သို့
