## PAGE 124
<!-- 8 paragraphs, raw extraction -->

ကမ္မဋ္ဌာန်းဘာဝနာ သင်ပြခဏ်း

၁ဝ၉

ပိဟကံ- ကြောင်ပန်းပွင့်လို အဆင်းညို၍ နွားညိုလျာဟန် ပုံသဏ္ဌာန်ဖြစ် ခုနစ်သစ်ရှည်လျား နှလုံးသားနှင့် ဝဲဘက်သင့်လျက် စာအိမ်ထက်ဝယ် သရက်ရွက်တွင် ဘေအပျဉ်(အဖျဉ်း)မည်ငြား ဝမ်းလျှာအသားသည်။
အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါသူတပါး လားလားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည်တကား။

အရင်း၌ တခုတည်းဖြစ်၍ အဖျားကျမှ ၂-မြွှာကွဲသွား၏၊ ထို အသည်းသည် ဉာဏ်ထိုင်းသူတို့၌ တခုတည်း ကြီးကြီးမားမား ရှိ၍ ဉာဏ်ထက်သူတို့၌ ၂-ခု ၃-ခု ရှိသတတ်၊ တည်ရာအားဖြင့် သားမြတ် ၂-ခုအလယ်မှာ လက်ျာဘေးကို မှီ၍ တည်ရှိ လေသည်။

အမြှေး။ ။ဖုံးလွှမ်းသော အမြှေး, မဖုံးလွှမ်းသော အမြှေး အားဖြင့် ၂-မျိုးရှိ၏၊ အဆင်းအားဖြင့် အဝတ်

ဖြူလွှာကဲ့သို့ ဖြူ၏၊ ဖုံးလွှမ်းသော အမြှေးကား တကိုယ်လုံးရှိ အသားတွေကို မြေးယှက်တည်၏၊ ထိုအမြှေး၏ အပေါ်၌ အရေတည်ရသည်၊ အမဲသား စသည်၌ ထို အမြှေးကလေး များကပ်၍ ပါနေသည်ကို မြင်နိုင်ကြသည်။

အပျဉ်။ ။ဤ အပျဉ်ကို ကျမ်းစာ၌ “ဥဒရ ဇိဝှါမံသံ-ဝမ်း လျှာအသား” ဟု ဆို၏၊ အဆင်းအားဖြင့် ကြောင်ပန်းပွင့်ကဲ့သို့ ညှိ၏၊ ပုံသဏ္ဌာန်အားဖြင့် နွားညိုကလေး ၏ လျှာသဏ္ဌာန် ရှိ၏၊ လက် ၇-သစ်ရှည်၏၊ ဤအပျဉ် (အဖျဉ်း)ကို “သရက်ရွက်”ဟု၎င်း “ဝမ်းလျှာ”ဟု၎င်း“ဘေ ဟု၎င်း ခေါ်သည်၊ နေရာအားဖြင့် နှလုံးသား၏ လက်ဝဲဘက်မှာ

"

## PAGE 125
<!-- 9 paragraphs, raw extraction -->

၁၀

ရုပ်ပုံ ရှင်ကျင့်ဝတ်

ပါသံ- သဖန်းရွှင်းပြင်း အဆင်းနီနီ မညီဖြတ်ခဲ့ မှုံပြတ်နဲ သို့ အသဲနှလုံး တွဲရရွဲဖုံးတွယ် သုံးဆယ်နှင့် နှစ် အသားတစ်ဟူသော အဆုပ်သည်။ အတ္ထိ၊ ပုဂ္ဂိုလ် သတ္တဝါ ငါ သူတပါး လားလားမဟုတ် စက်ဆုပ် ဘွယ်သာ ထင်ရှားရှိပါသည်တကား။

-

အန္တ – ယောက်ျားတို့ဝယ် သုံးဆယ်နှင့် နှစ် မိန်းမ ဖြစ်မူ နှစ်ဆယ့်ရှစ်တောင် ဖြူရောင်အဆင်း သွေးစကျင်းနေ ခေါင်းပြတ် မြွေလို လည်မျိုမှ သက် ဝစ္စမဂ်ဝယ်

ရှိ၍ အစာသစ်အိမ်ဟု ခေါ်ရသော အိမ်၏ အထက်ထိပ် ဘေးစောင်းကို မှီလျက် တည်၏၊ သူ့မှာ တစုံတခု အတွယ်မရှိ ရကား ခြေဖြင့်ကန်ခြင်း စသည်ကြောင့် သူ့နေရာ၏အပြင်ဘက် ထွက်သွားလျှင် ချက်ခြင်း သေနိုင်၏။ [“အဖျဉ်း”ဟုလည်း ခေါ်၏။ ။]

"

အဆုပ်။ ။အသားတုံးကလေး ၃၂-တုံး ပေါင်းစပ်ထား သော အသားစုကို “အဆုပ်”ဟု ခေါ်သည်၊
အဆင်းအားဖြင့် မမှည့်လွန်းသော သဖန်းသီး အသွေးကဲ့သို့ နီ၏၊ ပုံသဏ္ဌာန်အားဖြင့် မညီမညွတ် ဖြတ်ထားသော ပြစ်ခဲ သော မုန့်နှင့် တူ၏၊ ယခုကာလ “ဝက်သဲ ဝက်ဆုပ်”စသော အသားများ၌ ပါသော အဆုပ်ပင်တည်း၊ နေရာအားဖြင့် သားမြတ် ၂-ခုတို့၏ အလယ်ဝယ် နှလုံးနှင့် အသည်းကို အပေါ်က လွှမ်းဖုံးကာ တွဲလျားကျလျက် တည်လေသည်။
အူမ။ ။အအကြီးစားကိုပင် “အူမ”ဟု ခေါ်၏၊ ယောက်ျား တို့၏အူမသည် ၃၂-တောင် ရှိ၏၊ မိန်းမတို့၏ အူမ

«

## PAGE 126
<!-- 6 paragraphs, raw extraction -->

ကမ္မဋ္ဌာန်းဘာဝနာ သင်ပြခဏ်း

၁၁၁

နှစ်ဆယ်တတွန့် လိမ်တွန့်ရစ်နေ အူမခွေအစုသည်။
အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါသူတပါး လားလားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည်တကား။

အန္တဂုဏံ’ကြာသိမ်မြစ်ဟန် ဆင်းသဏ္ဌာန်နေ အူမခွေကို နေရာတကျ မလျောကျအောင် ဖွဲ့နှောင်ချည်တုပ် ခြေသုတ်ကြိုးဝယ် ကြိုးငယ်အလား … အူကြားမှာ တည် အသိမ်မည်သော အူအနုသည်။ အတ္ထိ၊ ပုဂ္ဂိုလ် သတ္တဝါ ငါသူတပါး လားလားမဟုတ် စက်ဆုပ် ဘွယ်သာ ထင်ရှားရှိပါသည်တကား။

ကား ၂၀-တောင် ရှိ၏၊ လည်မျိုနှင့် ကျင်ကြီးလမ်းပေါက် အတွင်းဝယ် နှစ်ဆယ့်တစ်ဌာနတို့၌ အတွန့်အတွန့် အခွေအခွေ ဖြစ်၍ တည်နေ၏၊ ပုံသဏ္ဌာန်အားဖြင့် သွေးစားကျင်း တခု၌ ဦးခေါင်းပြတ်သော မြွေကို ခွေထားပုံနှင့် တူ၏၊ အဆင်းအား ဖြင့် အက်တေ (ကန်ကရစ်) လုပ်ထားသော ကျောက်ပြုတ် ကလေးများ၏ အဆင်းကဲ့သို့ ပြု၏။

အူသိမ်။ ။အူအသေးစားကိုပင် “အူသိမ်”ဟု ခေါ်၏၊ ပြခဲ့ သော အူမခွေတို့ကို လျောကျ၍ မသွားအောင် ဖွဲ့တုပ်ထားသော အူကလေးများတည်း၊ အဆင်းအားဖြင့် ကြာသိမ်မြစ်ကဲ့သို့ ဖြူ၏၊ တည်ရာအားဖြင့် (ခြေသုတ်ကြိုး၏ အကြား၌ ကြိုးခွေတခုနှင့် တခုကို ဖွဲ့ချည်ထားသော ကြိုးသေး ကလေးများကဲ့သို့)အူမခွေတို့၏ အကြား၌ တည်၏။
