## PAGE 127
<!-- 6 paragraphs, raw extraction -->

၁၁၂

ရုပ်ပုံ ရှင်ကျင့်ဝတ်

ဥဒရိယံ – စားသည့်အစာ ဆင်းစုံသာတည်း လျော့စွာဖွဲ့တုပ် ဆန်ထုပ်မယွင်း စာအိမ်တွင်း၌ စားလိုက်သမျှ လုံးဝ စုလျက် ခွေးစားခွက်ဝယ် ထွေးဟက်စွန့်လတ် ခွေး အန်ဖတ်အတု အစာသစ် အစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ် သတ္တဝါ ငါ သူတပါး လားလားမဟုတ် စက်ဆုပ် ဘွယ်သာ ထင်ရှားရှိပါသည်တကား။

အစာသစ်။ ။ရေလဲ အဝတ် တထည်ကို လူ ၂-ယောက် တဘက်စီကိုင်၍ ညှစ်သောအခါ အလယ်၌

ဖောင်းနေသော အဝတ်စီပေါင်းကဲ့သို့ ဖောင်းနေသောအူမကို “ဥဒရ=ဝမ်းအိမ်၊ ဝါ-အစာအိမ်”ဟု ခေါ်၏၊ ထိုအစာအိမ်၏ အတွင်းဘက်သည် ပုပ်ပွနေသော ပိန်းနဲသီးခွံ၏ အတွင်းသား နှင့် တူ၏၊ အပြင်ဘက်ကား ညက်ညော ချောမော၏၊ (ယခု ကာလ နွားဆိတ်တို့၏ ဝမ်းတွင်းသားမျိုးပင်တည်း၊) ထို အစာအိမ်၌ ၃၂-မျိုးသော ပိုးကောင်ကလေးများလည်း ရှိကြသတတ်။

စားသမျှ အစာသည် ထိုအစာသစ်အိမ်၌ ကျရောက်ရ၏၊
စားအပ်သော အစာအတိုင်း အဆင်းအမျိုးစုံ ရှိ၏၊ ပုဝါ ရေစစ်အတွင်း၌ ဆန်ကို ခပ်လျော့လျော့ ထုပ်ထားသော ဆန် များတည်နေပုံကဲ့သို့ ထိုအစာသစ်များသည် အစာအိမ်အတွင်း ၌ တည်နေကြ၏၊ သွားဖြင့် ကြိတ်ခြေ၍ မျိုအပ်သောကြောင့် ထိုအစာသစ်များ ကြေမှုနေရကား ခွေးအန်ဖတ်နှင့် တူပုံကို လည်း သိနိုင်၏၊ ထိုအစာသစ်များကို ငါးပုံပုံ၍ တပုံသည် ပြခဲ့

## PAGE 128
<!-- 8 paragraphs, raw extraction -->

ကမ္မဋ္ဌာန်းဘာဝနာ သင်ပြခဏ်း ၁၁၃

အစာ

ကရီသံ- စာသစ် အိမ်ထက် ဓာတ်မီး ချက်၍ ညက်ညက် ကြေမှု သက်လျှောကျသော် အူမ အဆုံး ဝါးလုံး အဆစ် လက်ရှစ်သစ်မျှ ပမာဏချိန် စာဟောင်း အိမ်ဝယ် စုတွယ်နေလျှက် မြေညက်အတု ဟောင်းအစုသည်။ အတ္တိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါသူတပါး လားလားမဟုတ် စက်ဆုစ်ဘွယ်သာ ထင်ရှားရှိပါ သည် တကား။

သောပိုးတို့၏ အစာဖြစ်၏၊ တပုံကား ဝမ်းမီးလောင်ရာတွင် ကုန်သွား၏၊ ကျန် ၃-ပုံတွင် တပုံသည် ကျင်ကြီး တပုံကား ကျင်ငယ် ဖြစ်၏၊ နောက်ဆုံး တပုံသာ အဆီအနှစ်အဖြစ်ဖြင့် ကျန်၍ သွေးသားများကို တိုးပွါးစေသတည်း။

အစာဟောင်း။ ။ကျင်ကြီး(မစင်) ကိုပင် “အစာဟောင်း” ဟု ဆိုသည်၊ချက်၏အောက်နှင့် ကျောက်

ကုန်းဆူးရိုးတို့၏ အတွင်းဝယ် အူမကြီးအဆုံး၌ အစောက်လက် ဂ-သစ်ခန့် ရှည်လျားသော ဝါးကျည်တောက်နှင့် သဏ္ဌာန် တူသော အစာဟောင်းအိမ် ရှိ၏၊ အစာသစ်အိမ်၌ ကျရောက် သမျှ အစားအစာတွေသည် ဝမ်းမီးကြောင့် ညက်ညက် ကြေမွအောင် ကျက်၍ အူမကြီး၏ အခေါင်းမှ လျှောသက် ပြီးလျှင် အစာဟောင်းအိမ်ဝယ် (ဝါးဆစ် အတွင်း၌ ထည့်ထား အပ်သော မြေဝါညက်နှင့်တူစွာ)စုပေါင်းမိကြလေသည်၊ ထိုသို့ ကြေကျက်စုပေါင်းသော အစာဟောင်းကိုပင် “ကရီသ= ကျင်ကြီး” ဟု ခေါ်၏၊ အရပ်ဒေသအားဖြင့် အစာသစ်သည်

"

0-4-2-0

## PAGE 129
<!-- 12 paragraphs, raw extraction -->

၁၁၄

ရုပ်ပုံ ရှင်ကျင့်ဝတ်

မတ္ထလုင်္ဂ – ဦးခေါင်းခွံတွင်း မှိုဖြူဆင်းသို့ ရှိရင်းဦးဆက် လေးခဏ်းထက်ဝယ် မုံ ညက်ဆိုင်အတု ဦးနှောက် အစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လား လား မဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည်

-

တကား။

ပိတ္တံ – မယ်ဇယ်ဆီနဲ ပြစ်ချွဲချွဲနှင့် အသဲကိုမှီ အိမ်၌တည်သော ဗုဒ္ဓသည်းခြေ, ရေတွင်ဆီများ ပြန့်နှံ့ သွားသို့ ကိုယ် သားကိုယ်ရေ အနှံ့ နေလျက် ဝါရွှေညှိုးနွမ်း ပျဉ်းပွင့် ပန်းအတု အဗဒ္ဓသည်းခြေ အစုသည်။ အတ္ထိ၊ ပုဂ္ဂိုလ် သတ္တဝါ ငါသူတပါး လားလားမဟုတ် စက်ဆုပ် ဘွယ်သာ ထင်ရှားရှိပါသည်တကား။

အထက်ပိုင်းမှာ တည်ရှိ၍ အစာဟောင်းက အောက်ပိုင်းမှာ တည်ရှိလေသည်။

"

ဦးနှောက်။ ။အရိုးအတွင်း၌ “အဋ္ဌိမိဉ္စ=ရိုးတွင်းခြင်ဆီ” ရှိသကဲ့သို့ ဦးခေါင်းခွံရိုး အတွင်းမှာလည်း ခြင်ဆီအများစုလျက် ရှိ၏၊ ထိုခြင်ဆီအစုကိုပင် “ဦးနှောက်” ဟု ခေါ်သည်၊ အဆင်းမှာ မှိုဖြူအဆင်းကဲ့သို့ ဖြူ၏၊ ဦးခေါင်းခွံ အတွင်း၌ ဦးခေါင်းခွံအဆက် ၄-ခုကို မှီ၍ ပေါင်းစုတည်နေ ရကား မုံ့ညက်အခဲ ၄-ခုနှင့် သဏ္ဌာန်တူ၏။

သည်းခြေ။ ။ဗုဒ္ဓ သည်းခြေ, အဗဒ္ဓ သည်းခြေဟု ၂-မျိုး ရှိ၏၊ အိမ်ဖြင့်ဖွဲ့ထားအပ်သော သည်းခြေကို

“ဗဒ္ဓသည်းခြေ”ခေါ်၏၊ နှလုံးသားနှင့်အဆုပ်တို့၏ အကြား၌ အသည်းကို မှီ၍ တည်သော “သည်းခြေအိမ်” ရှိ၏၊ ခဝဲသီး

"
