## PAGE 130
<!-- 6 paragraphs, raw extraction -->

ကမ္မဋ္ဌာန်းဘာဝနာ သင်ပြခဏ်း ၁၁၅

သေနှံ – ဝက်ခြေးဘန် ရွက်ရည်ချွဲသို့ ပြစ်ချွဲဖြူလျက် စာအိမ် ထက်ဝယ် တစလယ်ခန့် ကျယ်ပြန့်ပြစ်ထု သလိပ်အစု သည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါသူတပါး လားလား မဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည်တကား။

အကြီးစားအိမ်နှင့် တူ၏၊ ထိုအိမ်အတွင်း၌ ဗုဒ္ဓသည်းခြေ တည်နေသည်၊ အဆင်းအားဖြင့် ပြစ်ချွဲသော မယ်ဇယ်ဆီ အဆင်းနှင့် တူ၏၊ ဤဗုဒ္ဓသည်းခြေ ပျက်လျှင် သတ္တဝါတို့သည် မပြုသင့်တာကိုပြု၊ မပြောသင့်တာကိုပြော၊ မကြံသင့်တာကို ကြံလျက် သည်းခြေရူး ဖြစ်ကြရတော့၏။

အိမ်ဖြင့်မဖွဲ့အပ်သော(အိမ်မရှိသော) သည်းခြေကို“အဗဒ္ဓ သည်းခြေ”ဟု ခေါ်၏၊ အဆင်းအားဖြင့် ညှိုးနေသော ပျဉ်း ပန်းပွင့် အဆင်းနှင့် တူ၏၊ တကိုယ်လုံးစိုသော အသားရှိရာ တိုင်းမှာ(ဆီပေါက်သည် ရေပေါ်မှာ ပြန့်နှံ့ သကဲ့သို့)ပြန့်နှံ ့ ၍ တည်၏။ဤအဗဒ္ဓသည်းခြေပျက်လျှင်မျက်လုံးမှာ ဝါရွှေသော အဆင်းရှိ၍ ချာချာလည်သကဲ့သို့ ဖြစ်၏၊ ကိုယ်တုန်လှုပ်၏၊

ယား၏။

သလိပ်။ ။တစလယ်သားလောက်ရှိ၏၊ဝက်ခြေးဘန်အရွက် ရည်ကဲ့သို့ ပြစ်ချွဲ၍ဖြူ၏၊အစာသစ်အိမ်အထက်မှာ တည်၏၊ မှော်ရှိသော ရေပြင်၌ ဒုတ် စသည်ကို ချသောအခါ မှော်တွေ ၂-ဖြာကွဲသွားပြီးနောက် ပြန်၍ ဖုံးမြဲဖုံးနေသကဲ့သို့ အစာအိမ်၌ အစားအသောက် ကျသောအခါ သလိပ်တွေ ၂-ဖြာကွဲသွား၍ အစာအိမ်ထဲရောက်လျှင်ဖုံးမြဲဖုံးနေ၏၊ မှော် နေပုံနှင့် သလိပ်နေပုံ တူ၏၊] သလိပ်နည်းသောအခါ ကြက်ဥ

## PAGE 131
<!-- 8 paragraphs, raw extraction -->

၁၁၆

-

ရုပ်ပုံ ရှင်ကျင့်ဝတ်

ပုဗ္ဗော – အနာဖြစ်သော် သွေးပုပ်ပေါ်၍ ရွက်ရော်ဆင်းရောင် ပုပ်ဟောင်နံညှီ ပြည်အစုသည်။
အတ္တိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါသူတပါး လားလားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည်တကား။

-

လောဟိတံ – ချိပ်ရည်ပြစ်ဆင်း တစလယ်ခင်းမျှ ရင်တွင်း အဆုတ်ညှို့နှလုံးတို့ထက် တစက်စက်ကျ အသဲမှလျှင် အောက်တွင်ပြည့်စေ စုတည်နေသော သန္နိစိတသွေး ကျဲသောချိပ်ရည် ပမည်ပိုက်ကျုံး … ကိုယ်လုံးအနှံ့ ရောက် အကြောလျှောက်သော သံသရဏ သွေး သည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လားလား မဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည်တကား။
သေဒေါ – မီးပူ နေပူ ဥတုပူမှ စ၍အလီလီ ပူမညီ၍ နှမ်းဆီ အဆင်း ဆံမွေးတွင်းမှ ယိုဆင်း သက်လျှော ချွေး

ပုပ်ကဲ့သို့ အစာအိမ်အတွင်းမှ အပုပ်နံ့သည် အပြင်သို့ ထွက် လာ၏၊ ထို သလိပ်တွေ များနေပြန်လျှင်လည်း အစာအိမ် အတွင်း၌ အပုပ်နံ့သည်(ကျင်ကြီးခွက်ကို ပိတ်ထားသကဲ့သို့) ဖြစ်၏။

ပြည်။ ။ပုပ်သောသွေးကိုပင်“ပြည်”ဟု ခေါ်ရ၏၊အဆင်းမှာ ဖက်ရွက်ရော်(ဖြူဝါ)အဆင်း ရှိ၏၊ သူသေကောင်၌ ရှိသော ပြည်ကား ပြစ်ခဲပုပ်နေသော ထမင်းရည်နှင့်တူ၏။
သွေး။ ။စုနေသောသွေး, သွားနေသောသွေးဟု ၂-မျိုး ရှိ၏၊
စုနေသောသွေးသည် ကျက်၍ ပြစ်နေသောချိပ်ရည်

## PAGE 132
<!-- 9 paragraphs, raw extraction -->

ကမ္မဋ္ဌာန်းဘာဝနာ သင်ပြခဏ်း

၁၁၇

မည်သော ကောဋ္ဌာသသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါသူတပါး လားလားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည် တကား။

-

ဝ

မေဒေါ– ထက်ခြမ်းခဲ့သည့် နနွင်းခဲအတူ ဝဖြိုးသူအား အရေ အသား၏ အကြားတိုင်းသာ ပိန်သူမှာမူ များရာ အသား အရေကြားတည် အဆီခဲမည်သော ကော- ဋ္ဌာသသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လား လားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည်

တကား။

အဆင်း ရှိ၏၊ သွားနေသောသွေးကား ကြည်သော(ကျဲသော) ချိပ်ရည်အဆင်း ရှိ၏၊ ဤသွားနေသောသွေးသည် သွေးကြော များကို အစဉ်လျှောက်၍ တကိုယ်လုံး၌ ပြန့်နှံ ့တည်နေ၏၊
စုနေသောသွေးကား အသဲ၏အောက်ပိုင်းကို ပြန့်နှံ့လျက် နှလုံးအညှို့အဆုတ်တို့၏အထက်၌ တည်၏၊ တစလယ်လောက် ရှိ၏၊ ထိုအသဲ၏ အောက်ပိုင်းနှင့် နှလုံးအချို့ အဆုတ်တို့ကို အမြဲစိုအောင် တစက်စက် ယိုကျနေ၏၊ အညှို့နှလုံးစသည် တို့ကို မစိုစေလျှင် သတ္တဝါတိုင်းပင် ရေဆာတတ်လေသည်။

ချွေး။ ။ခန္ဓာကိုယ်၌ သွေးသည် အမြဲတည်ရှိသကဲ့သို့“ချွေး”” ခေါ်သော ကောဋ္ဌာသသည် အမြဲတည်ရှိသည် မဟုတ်၊ မီးပူ နေပူ နွေအခါ ဥတုအပူဓာတ်တို့ကြောင့် ခန္ဓာ ကိုယ်ပူအိုက်သောအခါ အပူငွေ့မှ အရည်ဓာတ်သို့ ပြောင်း
