## PAGE 133
<!-- 8 paragraphs, raw extraction -->

၁၁၀

ရုပ်ပုံ ရှင်ကျင့်ဝတ်

အ – မီးခိုးမြူဝင် ရယ်ရွှင်ငိုကြွေး စပ်ပူရေးကြောင့် ချွေးသို့ အဆင်း မျက်စိတွင်းတည် မျက်ရည်မည်သော ကော- ဋ္ဌာသသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လား လားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည်

တကား။

လျက် မွှေးညှင်းပေါက် ဆံပင်ပေါက်တို့မှ ထွက်လာသော အာပေါဓာတ် (အရည်) တမျိုးကို “ သေဒ=ချွေး” ဟု ဟု ခေါ် သည်၊ အဆင်းအားဖြင့် အထူးကြည်သော နှမ်းဆီအ ဆင်း ရှိ၏။

အဆီခဲ။ ။ပြစ်ချွဲနေသော အဆီကိုပင် “ အဆီခဲ” ခေါ်၏၊ အဆင်းအားဖြင့် နနွင်းတက်ကို ခွဲခြမ်း လိုက်သောအခါ အထဲက နနွင်းကဲ့သို့ ဝါဝင်းသော အဆင်း ရှိ၏၊ ဝဖြိုးသူတို့၏ တကိုယ်လုံးဝယ် အရေနှင့် အသားတို့၏ အကြားတိုင်းမှာ တည်ရှိသည်၊ ဝါသော ပိုးသားပုဆိုးလွှာ ကလေးနှင့် တူ၏၊ ပိန်သူတို့၌ကား ခြေသလုံးသား ပေါင်သား ကျောက်ကုန်းသား ဝမ်းပြင်းသား စသော အသားများရာကို မှီ၍ ( ၂-ထပ် ၃-ထပ် ခေါက်အပ်သော ပိုးပုဆိုးဝါကလေး ကဲ့သို့) တည်၏။

"

မျက်ရည်။ ။မျက်စိ တို့မှ ယိုစီးသော အရည်တမျိုးကို မျက်ရည်” ဟု ခေါ်၏၊ အဆင်းအားဖြင့် အထူးကြည်သော … နှမ်းဆီအဆင်း ရှိ၏၊ သည်းခြေအိမ်၌ သည်းခြေသည် အမြဲတည်ရှိသကဲ့သို့ ထို့အတူ ဤ မျက်ရည် သည် အမြဲတည်ရှိသည် မဟုတ်၊ အလွန်ဝမ်းမြောက်၍ အကြီး

## PAGE 134
<!-- 9 paragraphs, raw extraction -->

ဝသာ-

ကမ္မဋ္ဌာန်းဘာဝနာ သင်ပြခဏ်း

၁၁၉

- မီးပူနေပူ ဥတုပူမှ စ၍ အလီလီ ပူမညီ၍ အုန်းဆီ ဆင်းနေ လက်ခြေနှာစွန်း ပုခုံးစွန်းမှီ ဆီကြည် မည် သော ကောဋ္ဌာသသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လားလားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည်တကား။

အကျယ် ရှယ်သောအခါ အလွန်စိတ်မချမ်းသာ၍ ငိုသော အခါ ငရုပ်သီး စသည်ကို စားသောအခါ မျက်လုံး၌ မီးခိုး မြူမှုန် စသည်တို့ ထိခိုက်မိသောအခါတို့၌ ထို အလွန်ဝမ်း မြောက်ခြင်း အလွန်စိတ်မချမ်းသာခြင်း စသော အကြောင်း ကြောင့် မျက်လုံးအိမ်တွင်း၌ ပြည့်၍သော်လည်း တည်နေ၏၊
ယိုစီးသော်လည်း ယိုစီး၏။ မျက်ရည်ကို မှန်း၍ ကမ္မဋ္ဌာန်း ရှုသော ပုဂ္ဂိုလ်သည် မျက်လုံးတည်ရာ တွင်းငယ်၌ ပြည့်နေ သော မျက်ရည်ကိုမှန်း၍ ရှုရသည်။]

ဝသာ

ဆီကြည်။ ။“မေဒေါ=အဆီခဲ”ဟုရှိခဲ့သောကြောင့် ကို “ဆီကြည်”ဟု ခေါ်ကြသည်၊ အဆင်း

«

အားဖြင့် အုန်းဆီ အဆင်းရှိ၏၊ များသောအားဖြင့် လက်ဖဝါး ခြေဖဝါး လက်ဖမိုး ခြေဖမိုး နှာခေါင်းဘု နဖူး ပုခုံးစွန်းတို့၌ တည်၏၊ “ဆီကြည်”ဟု ဆိုသော်လည်း အမြဲ ကြည်နေသည် မဟုတ်၊မီးပူ နေပူ နွေပူစသည်တို့နှင့် ကြုံကြိုက်သောအခါကျမှ အကြည်ရည် ဖြစ်လာသည်။ ထိုအခါဝယ် ထိုဆီကြည်သည် လက်ဖဝါးစသော အရပ်တို့၌ ပြန့်နှံ့ နေ၏၊ မီးပူ စသည်တို့နှင့် မကြုံကြိုက်ဘဲ နဂိုရ်အတိုင်း အားဖြင့်ကား ဆောင်းအခါ အုန်းဆီခဲကလေးကဲ့သို့ ပြစ်ချွဲ ခဲနေသည်၊ နှာခေါင်းဘုကို

## PAGE 135
<!-- 6 paragraphs, raw extraction -->

၁၂ဝ

ရုပ်ပုံ ရှင်ကျင့်ဝတ်

ခေဠော-ချဉ်ငန်စပ်ခါး အရသာများကို စားသော်မြင်သော် အကြံပေါ်၍ နာသော်နှလုံး ရွှံမုန်းမယွင်း ရေမြှုပ်

ဆင်းသို့ လျှာရင်းပြစ်ချဲ့ လျှာဖျားကျဲကြည် လျှာရည် ဖြစ်သော တံထွေးသည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး … လားလားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည်တကား။

ဖျစ်ညှစ်ကြည့်သောအခါ ထို အဆီပြစ်ကလေးများ ထွက်လာ တတ်ပါသည်။

တံထွေး။ ။ပါးစပ်အတွင်း၌ အမြှုပ်ကလေးများ တနေ သော အရည်တမျိုးကို “တံထွေး”ဟု ခေါ်၏၊
အဆင်း ဖြူ၏၊ ရေမြှုပ်သဏ္ဌာန် ရှိ၏၊ တည်ရာအားဖြင့် ပါးစောင် ၂-ဘက်တို့မှ လျှောသက်၍ လျှာပေါ်၌ တည်၏၊
ဤတံထွေးသည် အမြဲ တည်ရှိနေသည် မဟုတ်၊ အချဉ် အခါး စသော သွားရည် ယိုလောက်သော အစာကို ခံတွင်း၌ ထား သောအခါ အချဉ် စသည်ကို မြင်သောအခါ အမှတ် ရသော အခါတို့၌သာ ပါးစောင် ၂-ဘက်မှ လျှောသက်၍ လျှာ၌ တည် လာသည်၊ ဝမ်းတွင်း နှလုံးမကောင်းသောအခါ ရွှံ့ဘွယ်ရာ ဝတ္ထုကို မြင်၍ စက်ဆုပ် ရွံ့ရှာခြင်း ဖြစ်သောအခါ၌လည်း တံထွေး ဖြစ်လာတတ်၏၊ ခဲဘွယ် ဘောဇဉ်ကို စားသောအခါ ၌ကား (မြစ်ကမ်းပါး၌ လက်ယက်တွင်းကလေးဝယ် ရေမကုန် နိုင်သကဲ့သို့) ထိုတံထွေးသည် မကုန်နိုင်ဘဲ အစားအစာများကို စိုစေနိုင်သောအစွမ်း ရှိလေသည်။
