## PAGE 136
<!-- 6 paragraphs, raw extraction -->

ကမ္မဋ္ဌာန်းဘာဝနာ သင်ပြခဏ်း

၁၂၁

သိင်္ဃာဏိကာ-ငရုပ်စသည် စားမိသည်နှင့် တလီငိုငြား ဓာတ် ချောက်ချား၍ ထက်ဖျားဦးနှောက် အရည် ဖောက် လျက် ဦးခေါင်းထက်မှ ဆင်းသက် အာစောက် အထက်ပေါက်ဖြင့် လျှောလျှောက်နှာဘု နှပ်အစု သည်။ အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါသူတပါး လားလား မဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည်တကား။
လသိကာ-တရာ့ရှစ်ဆယ် ကိုယ်ဝယ်အောက်ထက် အရိုး ဆက်တည် နယ်ဆီအတု ပြစ်ချွဲသောအစေးအစုသည်။
အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လားလားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည် တကား။

နှပ်။ ။ဦးနှောက်မှ ယိုစီးလာသော မသန့်ရှင်းသောအရည် အရွှဲကို “နှပ်”ဟု ခေါ်၏၊ ဤနှပ်သည်လည်း အမြဲ ဟု တည်ရှိသော ကောဋ္ဌာသ မဟုတ်၊ ငိုသောအခါဖြစ်စေ မသင့် သောအစာ မသင့်သော ဥတုကြောင့် ဓာတ် ၄-ပါးတို့ ချောက်ချား ပျက်ပြားသောအခါဖြစ်စေ ဦးခေါင်း အတွင်းမှ ဦးနှောက်သည် သလိပ်ပုပ်အဖြစ်ဖြင့် ယိုစီးကာ အာခေါင် အထက်ပေါက်မှ နှာခေါင်းသို့ သက်လျော၍ နှာခေါင်းဘု၌ တန့်ရပ်၍သော်လည်း နေ၏၊နှာခေါင်းဘုမှ ယိုစီး၍သော်လည်း ကျလာ၏၊ ထိုနှပ်ကို ကမ္မဋ္ဌာန်းရှုသူကား နှာခေါင်းဘု၌ ပြည့် နေသောနှပ်ကို မှန်း၍ ကမ္မဋ္ဌာန်း ရှုရသည်။

အစေး။ ။တရာ့ရှစ်ဆယ်သော အရိုးတို့၏ တခုနှင့် တခု အဆက်အစပ်၌ ခြေနယ်ဆီကဲ့သို့ တည်ရှိသော

အစေးတမျိုးတည်း၊ အဆင်းအားဖြင့် မဟာလှေကားပန်း၏

## PAGE 137
<!-- 6 paragraphs, raw extraction -->

၁၂၂

ရုပ်ပုံ ရှင်ကျင့်ဝတ်

မုတ္တံ-စားသောက်သမျှ အာဟာရမှ ရသည့်မသွေ အရေတချို့ ဆီးအိမ်သို့လျှင် စိမ့်၍ဝင်သော ကျင်ငယ်အစုသည်။
အတ္ထိ၊ ပုဂ္ဂိုလ်သတ္တဝါ ငါ သူတပါး လားလားမဟုတ် စက်ဆုပ်ဘွယ်သာ ထင်ရှားရှိပါသည်တကား။

အစေးနှင့်တူသော အဆင်းရှိ၏၊ ထို အစေးနည်းပါးနေသူမှာ ထလိုက် ထိုင်လိုက်သောအခါ သွားလာသောအခါ ကွေးလိုက် ဆန့်လိုက်သောအခါတို့၌ အရိုးအဆက်တို့သည်(လက်ချောင်း ကို ချိုးသောအခါ မြည်သော အသံမျိုးကဲ့သို့) အသံမြည်၏၊
ထိုအစေးနည်းသူသည် ဝါယောဓာတ်ပျက်လွယ်သောကြောင့် ခရီးများများ သွားရလျှင် ပင်ပန်း၏၊ ထိုအစေး များသူမှာ ကား ထလိုက် ထိုင်လိုက်သောအခါ စသည်၌ အသံလည်း မမြည်၊ ဝါယောဓာတ် မပျက်လွယ်သောကြောင့် ခရီးရှည် သွားသော်လည်း မပင်ပန်း။

"

ကျင်ငယ်။ ။စည်ပေါင်း(ဆီးအိမ်)၏ အတွင်း၌ တည်သော အာပေါဓာတ်ကို “ကျင်ငယ်” ဟု ခေါ်သည်၊
[မစင်ကို “ကျင်ကြီး” ဟု ခေါ်သောကြောင့် ဤ အရည်ကို “ကျင်ငယ်”ဟု ခေါ်သည်၊] ဆီးအိမ်မှာ ဝင်စရာအပေါက် မရှိ၊
ခွက်ဆေးရည်စသည်ကို သွန်ထား၍ ဗွက်ဖြစ်နေသော တံစည်း အိုင်၌ အပေါက်မရှိသော အိုးငယ်တလုံးကို ချထားသောအခါ အိုအိုးငယ်အတွင်းသို့ တံစည်းဗွက်ရေသည် စိမ့်ဝင်သကဲ့သို့ ထို့အတူ ခန္ဓာကိုယ်၌ရှိသော (စားသောက်သမျှ အစာမှ အရည်တချို့သည် ထို ဆီးအိမ်တွင်းသို့ စိမ့်၍ ဝင်ရ၏၊ ထို ဆီးအိမ်၌ ဆီးပြည့်လာသောအခါ ကျင်ငယ်စွန့်ချင်စိတ် ဖြစ်

## PAGE 138
<!-- 12 paragraphs, raw extraction -->

ကမ္မဋ္ဌာန်းဘာဝနာ သင်ပြခဏ်း

1

၁၂၃

တိုက်တွန်းချက်။ ။ဤ အနက်ကို ကြေအောင် ကျက်ပါ၊
ထိုသို့ ကြေနေမှသာ ဝမ်းတွင်း၌ရှိသော

"

"

ကောဋ္ဌာသတို့ စိတ်ထဲ၌ ထင်လာနိုင်မည်၊ ဥပမာ- ဤအနက် ကို မကြေလျှင် “အဋ္ဌိမိဉ္စ-ရိုးတွင်းခြင်ဆီ” ဆိုတာ ဘာဆိုမှန်း မသိဘဲ “ဝတ္တံ- အညှို့” ဆိုတာ ဘယ်နေရာမှာ ရှိမှန်း မသိဘဲ နေလိမ့်မည်၊ ထို့ကြောင့် ဤအနက်မြန်မာပြန်အတိုင်း စဉ်းစား ၍ ကြည့်ဘို့ရန် ဤ အနက်မြန်မာပြန်ကို အစွမ်းကုန် ကြေနေ အောင် ကျက်ပါလေ။

o

အားထုတ်နည်း။ ။ဤ ကမ္မဋ္ဌာန်း အားထုတ်နည်းကို ဝိသုဒ္ဓိ မဂ်၌ ဈာန်ရသည်အထိ အကျယ်ညွှန်ပြ ထားသည်၊ သို့သော် သာသနာတော်၌ မွေ့လျော်ခြင်း လောကီအာရုံ ကာမဂုဏ်အတွက် လှုပ်လှက်စိတ် မရှိခြင်း ပစ္စည်း လာဘ်လာဘကို မငဲ့ကွက်ခြင်း, ဂုဏ် ပကာသနကို မတောင့်တခြင်း နေရာတိုင်းမှာ ဣန္ဒြေသိက္ခာရှိသော ရဟန်း သာမဏေဘပါး ဖြစ်ခြင်း တည်းဟူသော သာသနာတော်၏ အခြေခံအကျိုးကို မြှော်၍ ဤကမ္မဋ္ဌာန်းကို ဤရှင်ကျင့်ဝတ်၌ ထည့်သွင်းခြင်း ဖြစ်သောကြောင့် ထိုအကျိုးများ ရလောက် သော အစီအစဉ်မျှကိုသာ အကျဉ်းညွှန်ပြပါမည်။

၁။ နှုတ်ရွတ်။ ။ဤကမ္မဋ္ဌာန်းကို အားထုတ်သော ပုဂ္ဂိုလ် သည် ရှေးဦးစွာ “ကေသာ လောမာ နခါ

«

ဒန္တာ တစော”စသည်ဖြင့် ပါဠိလိုဖြစ်စေ “ဆံပင်, မွေးညှင်း ခြေသည်း လက်သည်း, သွား, အရေ” စသည်ဖြင့် မြန်မာလို ပေါ်လာသည်၊ ထို့ကြောင့် ထိုဆီးအိမ်၌ ဝင်ပေါက်မရှိသော် လည်း အောက်မှ ထွက်ပေါက်ကား ထင်ရှားရှိပေသည်။
