## PAGE 139
<!-- 7 paragraphs, raw extraction -->

၁၂၄

"

ရုပ်ပုံ ရှင်ကျင့်ဝတ်

ဖြစ်စေ နှုတ်ဖြင့် ရွတ်ဆိုနိုင်ပါသည်။ [မြန်မာလူမျိုးအတွက် မြန်မာလို ရွှတ်ခြင်းက သာ၍ ထင်ရှားပါသည်။] အမှာ။ ။ဤသို့ ရွတ်ဆိုရာ၌ “ဆံပင်”ဟု ရှုတ်သည်နှင့်တပြိုင် နက် စိတ်ကလည်း ဆံပင်မှာ ရောက်လျက် အာရုံ ပြုလျက်ရှိရမည်၊ “မွေးညှင်း”စသည်ကို ရှုတ်သောအခါလည်း ဤနည်းပင်တည်း၊ ထို့ကြောင့် ရွတ်ဆိုသောအခါ နှုတ်တက် သလို မြန်မြန် မရွတ်ဆိုရ၊ အသံထွက်သည်နှင့် တပြိုင်နက် သရုပ်ထင်လာအောင် မနှေး မမြန် ခပ်မှန်မှန် ရှုတ်ရမည်၊
တခါ တခါ ပြခဲ့သော အနက်မြန်မာပြန်ကို ရွတ်ဆိုပါလေ။
၂။ စိတ်ရှုတ်။ ။နှုတ်ဖြင့် ရွတ်၍ ၃၂-ကောဋ္ဌာသလုံး အတော် ထင်ရှားသောအခါ (နှုတ်ရှုတ်

"

"

သည့် အစဉ်အတိုင်း) စိတ်ဖြင့် စဉ်းစားပါ၊ ဤသို့ ဆင်ခြင် ဘန်များသောအခါ “ဆံပင်”ကို ဆင်ခြင်လိုက်လျှင် “ဆံပင်” တည်းဟူသော အထည်ဒြဗ်ပေါ်တွင် စိတ်မနားဘဲ “ဆံပင်၏ စက်ဆုပ်ရွံရှာ မသတီစရာ” တိုင်အောင် စိတ်ရောက်သွားပါ လိမ့်မည်၊ ထိုအတိုင်း“ကျင်ငယ်၏ စက်ဆုပ်ရွံရှာ မသတီစရာ” အထိ စိတ်ရောက်အောင် မှန်မှန်ကြိုးစားပါလေ။] ရှုတ်၍ ကမ္မဋ္ဌာန်းပေါက်။ ။ရှေးတုန်းက “မဟာရေဝ”ဆရာ တော်ကြီးထံ၌ မထေရ် ၂-ပါး ကမ္မဋ္ဌာန်းတောင်းကြသည်၊ ဆရာတော်ကြီးသည် ဤကော ဋ္ဌာသကမ္မဋ္ဌာန်းကိုပင် လေးလလုံးလုံး ချွတ်ဆိုနေဘို့ရန် မိန့် တော်မူ၏၊ ထိုမထေရ် ၂-ပါးသည် နိကာယ် ၂.ပါး ၃-ပါး ဆောင်ထားသော စာတတ်ပုဂ္ဂိုလ်များ ဖြစ်ကြသော်လည်း ဆရာဘော်ကြီးစကားကို လေးစားသောအားဖြင့် ရွတ်ဆိုနေ

## PAGE 140
<!-- 8 paragraphs, raw extraction -->

ကမ္မဋ္ဌာန်းဘာဝနာ သင်ပြခဏ်း

၁၂၅

ရှင်းပင် ၃၂-ပါးသော ကောဋ္ဌာသတို့ အလွန် ထင်ရှားလာရ ကား လေးလအတွင်း၌ သောတာပန်များ ဖြစ်ကြလေသည်၊
[ တတိယသံဂါယနာ၏ ခေါင်းဆောင် ရဟန္တာအရှင် မောဂ္ဂ လိပုတ္တတိဿထေရ်လည်း ဤ ကောဋ္ဌာသကမ္မဋ္ဌာန်းဖြင့်ပင် သာမဏေဘဝ၌ သောတာပန် ဖြစ်ခဲ့ပေသည်။]

ကေ

(က) ယထေဝ မတသရီရံ၊ ဇီဝံပိ အသုဘံ တထာ။
အာဂန္တုကာလင်္ကာရေန၊ ဆန္ဒတ္တာ တံ န ပါကဋ။

မတသရီရံ၊ ဥဒ္ဓုမာတက စသည်မြားမြောင် သူသေ ကောင်သည်။ အသုဘံ ယထေ၊ စက်ဆုပ်ရွံဘွယ် မတင့်တယ် သကဲ့သို့။ တထာ၊ပုံစံထားယူ မခြားအတူသာလျှင်။ ဇီဝံပိ၊
ဝတ်စား ဆင်ပြင် အသက်ရှင်ဆဲ ကိုယ်သည်လည်း။ အသုဘုံ အသုဘီယေဝ၊ စက်ဆုပ် ရွှံ့ဘွယ် မတင့်တယ်သည် သာတည်း။
အာဂန္တုကာလင်္ကာရေန၊ ညစ်ကြေးသုတ်သင် အငှါးဆင်၍ ပြုပြင်ဖန်ထား တန်ဆာများဖြင့်။ ဆန္ဒတ္တာ၊ မဖွယ်ရာကို ကွယ် ကာဖုံးထားအပ်သည်၏ အဖြစ်ကြောင့်။ တံ၊ ထိုရွှံ့ဘွယ်ညစ်ပေ အသုဘ သဘောတွေသည်။ န ပါကဋံ၊ အမြင်အားဖြင့် မထင် ရှားဘဲ ရှိရလေသတည်း။

(ခ) ဣမံ ဟိ သုဘတော ကာယံ၊ ဂဟေတွာ တတ္ထ မုစ္ဆိတာ။
ဗာလာ ကရောန္တာ ပါပါနိ၊ ဒုက္ခာ န ပရိမုစ္စရေ။

ဣမံ ဟိ ကာယံ၊ အသုဘသဘောရှုံ့ဘွယ်ပေါသည့် ကိုယ် ရောသူပါ ဤခန္ဓာကိုပင်။ သုဘတော၊ စွဲမက်သဘွယ် လွန် တင့်တယ်၏ ဟူ၍။ ဂဟေတွာ၊ ရှိရင်းပြောင်းပြန် မမှန်ကန်

## PAGE 141
<!-- 6 paragraphs, raw extraction -->

၁၂၆

ရုပ်ပုံ ရှင်ကျင့်ဝတ်

အောင် ကြံဖန်စွဲလမ်းကြကုန်လျက်။ တတ္ထ၊ ထိုအယုတ်တမာ များစွာပြည့်လှောင် အပုပ်ကောင်၌။ မုစ္ဆိတာ၊ စရိုက်ဓလေ့ အမိုက်ငွေ့ဖြင့် အတွေ့ကြီးတွေ့ မေ့ကြီးမေ့ကြကုန်သည်ဖြစ်၍။
ဗာလာ၊ ရာဂစရိုက်ပွါး ငမိုက်သားတို့သည်။ ပါပါနိ၊ မိစ္ဆာစာရ စသည်ညစ်ကျ ယုတ်မာမှုတို့ကို။ ကရောန္တာ၊ အမဲရိုး၌ ခွေးငတ်ကြိုက်သို့ နှစ်ခြိုက်ရွှင်မြူး လွန်ကျူးကြကုန်လျက်။
ဒုက္ခာ၊ အပါယ်လေးဖြာ . အိုနာသေရေး ဆင်းရဲဘေးမှ။
န ပရိမုစ္စရေ၊ ကရွတ်ကင်းလျှောက် ထပ်ပြန်ရောက်သဖြင့် လွှတ်မြောက်ခွင့် မရကြလေကုန်။

(ဂ) တသ္မာ ပယျ မေဓာဝီ၊ ဇီဝတောဝါ မတဿ ဝါ။
သဘာဝံ ပူတိကာယဿ၊ သုဘဘာဝေန ဝဇ္ဇီတံ။

တသ္မာ၊ ထိုသို့ အသုဘပင် သုဘထင်သမျှ ဒုက္ခဝဋ်တွင်းမှ မလွတ်ကင်းနိုင်ကြလေသောကြောင့်။ မေဓာဝီ၊ သတိတမန် ပညာဉာဏ်ဖြင့် လမ်းမှန်မြှော်မြင် သူတော်စင်သည်။ ဇီဝ တော ဝါ၊ ဝတ်စားဆင်ပြင် အသက်ရှင်သူမူလည်း ဖြစ်သော။
မတဿ ဝါ၊ ဥဒ္ဓုမာတက စသည်မြားမြောင် အသေကောင် မူလည်းဖြစ်သော။ ပူတိကာယဿ၊ အပုပ်တွေလှောင် ဤ ကိုယ်ကောင်၏။ သုဘဘာဝေန၊ အမှန်စင်စစ် တင့်တယ်သော အဖြစ်မှ။ ဝဇ္ဇီတံ၊ လုံးဝအစဉ် ရှောင်ကြဉ်အပ်ပြီးဖြစ်သော။
သဘာဝံ၊ မတင့်မတယ် ရွှံ့ဘွယ်စင်စစ် မူလအဖြစ်ကို။ ပ- ယျ၊အမိုက်ကင်းပျောက် အလင်းရောက်အောင် ထွင်းဖောက် ရှုစားသင့်ပေတော့သတည်း။

ကမ္မဋ္ဌာန်း သင်ပြခဏ်း ပြီး၏။
