## PAGE 142
<!-- 9 paragraphs, raw extraction -->

ရှင်ရာဟုလာ အကြောင်း

၁၂

ရှင်သာမဏေများ ဝတ္ထု

မှာထားချက်။ ။အို ကိုရင်များ... ပြခဲ့သော ဤကမ္မဋ္ဌာန်း တရားမျိုးကို ကြိုးစား၍ နိဗ္ဗာန်ချမ်းသာ

ကို မျက်မှောက်ပြုသွားကြသော အမျိုးကောင်းသားသမီး တွေ ဤဘုရားသာသနာတော်မှာပင် မရေမတွက်နိုင်အောင် များခဲ့ပေပြီ၊ ကိုရင်တို့လဲ ထိုအမျိုးကောင်းသားတွေ နောက် သို့ ထပ်ကြပ်မကွာ လိုက်ပါနိုင်အောင် .. ကြိုးစားစေလိုလှ သောကြောင့် ကိုရင်တို့ အားကျဘို့ရာ ယခု ညွှန်ပြမည့် ကိုရင်ကလေးများ၏ ဝတ္ထုကိုလည်း ဆက်လက် ဖတ်ရှုကြပါ

လေ။

ရှင်ရာဟုလာ အကြောင်း ရှင်သာမဏေ ပြုခဏ်း

ဘုရားရှင်၏ သားတော်ဖြစ်သော ရှင်ရာဟုလာသည် စကြာမင်းဖြစ်လောက်သော ရုပ်လက္ခဏာဖြင့် လွန်စွာ တင့် တယ်ပါပေသည်၊ ထိုသားတော်ရာဟုလာ ဖွားမြင်တော်မူပြီး နောက် ညဉ့် သန်းခေါင် အချိန်လောက်မှာပင် ဘုရား အလောင်း တောထွက်တော်မူခဲ့သည်၊ ဘုရားဖြစ်၍ မိဂဒါဝုန် ၌ တဝါဆိုပြီးနောက် ရာဇဂြိုဟ်မြို့ရောက်၍ တပေါင်းလ လောက်မှာ ကပိလဝတ်ပြည်သို့ ကြွတော်မူလာသောအခါ သက်တော် ၃၆-နှစ်လောက်သာ ရှိသေး၍ ရာဟုလာလည်း ၇-နှစ်အရွယ်သာ ရှိလေသည်။

နေပြည်တော်ရောက်၍ ငါးရက်လောက်အကြာတွင် ဘုရား ရှင်သည် ခမည်းတော်သုဒ္ဓေါဒနမင်းကြီး၏ နန်းတော်၌ သံဃာ

## PAGE 143
<!-- 7 paragraphs, raw extraction -->

၁၂၈

ရုပ်ပုံ ရှင်ကျင့်ဝတ်

တော်များနှင့်အတူ ဆွမ်းဘုဉ်းပေးတော်မူစဉ် ယသော်ဓရာ မိဖုရားသည် သားတော်ကို အဝတ်တန်ဆာဆင်၍ ပြောပြ သည်မှာ---

“သားတော်...ဟောဟိုမှာ ကြည့်စမ်း၊ ရွှေအဆင်းကဲ့သို့ ဝါဝင်းသော အဆင်းရှိတဲ့ ရဟန်းတော်ကို မြင်ရဲ့လား၊ အဲဒီ ရဟန်းတော်ဟာ သားတော်ရဲ့ ခမည်းတော်ဘုရား ဖြစ်တယ်၊
သားတော်ရဲ့ ခမည်းတော်မှာ သုံးစွဲလို့ မကုန်နိုင်အောင် ကြီးကျယ်သော ရွှေအိုး ၄-လုံးရှိတယ်၊ တောထွက်သွားတဲ့ အခါကစ၍ ရွှေအိုးကြီးများကို မတွေ့ရတော့ဘူး၊ သွားပြီး တော အဲဒီ အဲဒီ ရွှေအိုးကြီးများကို “အမွှေပေးပါ”ဟု တောင်း ချေ၊”ဤသို့ သင်ပြ၍သားတော်ကို ဘုရားအထံသို့ လွှတ်လိုက် လေသည်။

°

"

သားတော် ရာဟုလာသည် “ခမည်းတော်” ဟူသော ချစ်ခြင်းဖြင့် ရဲတင်းစွာ ဘုရားအထံတော်သို့ လာ၍ “ခမည်း တော်ရဲ့ အရိပ်ဟာ သိပ်ပြီးတော့ အေးချမ်းသာယာပါတယ်” စသည်ဖြင့် တွတ်တီးတွတ်တာ ပြောဆိုလျက် အမွေတောင်း လေသည်၊ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးတော် မူပြီး သောအခါ ကျောင်းတော်သို့ ကြွတော်မူ၏၊ ရာဟုလာ မင်းသားလည်း ဘုရားရှင်၏ နောက်တော်မှ အမွေတောင်း ရင်း လိုက်ပါလာလေ၏၊ ကျောင်းတော်သို့ ရောက်သောအခါ သားတော်အား လောကုတ္တရာအမွေ ပေးတော်မူမည်”ဟု မိန့်တော်မူပြီးလျှင် အရှင်သာရိပုတြာကို ခေါ်တော်မူ၍ ရှင်သာမဏေ ပြုပေးဘို့ရန် အမိန့်တော်ရှိလေသည်။

## PAGE 144
<!-- 4 paragraphs, raw extraction -->

ရှင်ရာဟုလာ အကြောင်း

၁၂၉

ရေခွက်ကို အမျိုးမျိုးပြ၍ မုသားမပြောဘို့ရန် ရာဟုလာအား ဩဝါဒပေးတော်မူပုံ။

၉—ပမ-သ-စ
