## PAGE 145
<!-- 9 paragraphs, raw extraction -->

"

၁၃၀

ရုပ်ပုံ ရှင်ကျင့်ဝတ်

ဘုရားရှင်ကြွ၍ ဩဝါဒပေးတော်မူခြင်း ရာဇဂြိုဟ်မြို့တော်ဝယ် ဗိမ္ဗိသာရမင်းကြီး လှူဒါန်းအပ် သော ဝေဠုဝန်တိုက်တော်ကြီး၏ အစွန်အဖျား၌ ကမ္မဋ္ဌာန်း ကျောင်းကလေး တည်ရှိလေသည်၊ ထို ကမ္မဋ္ဌာန်းကျောင်း အနီး၌ သရက်ပင်ပျိုကလေးလည်း ရှိ၏၊ ထို သရက်ပင်ပျိုကို အမ္ဗလဋ္ဌိကာ ” ဟု ခေါ်၏၊ ကမ္မဋ္ဌာန်းကျောင်းကလေး ဟု လည်း သရက်ပင်ပျိုကို အကြောင်းပြု၍ “ အမ္ဗလဋ္ဌိကာ ကျောင်း” ဟုပင် နာမည်တွင်လေသည်။

"

ဆူးမှန်လျှင် ပေါက်ခါစမှ စ၍ အဖျားထက်သကဲ့သို့ ရှင် ရာဟုလာလည်း ၇-နှစ်သားအရွယ် ငယ်ငယ်ကလေးကပင် သူတော်ကောင်းဘက်၌ ထက်ထက်မြက်မြက် ရှိလှ၏၊ ထို့ ကြောင့် ဆိတ်ငြိမ်သော နေရာဝယ် တပါးတည်း နေလိုရကား ကျောင်းတိုက်ကြီး၏ အစွန်အဖျားဖြစ်သော ထိုကမ္မဋ္ဌာန်း ကျောင်းကလေးမှာ နေလေသည်၊ဗုဒ္ဓမြတ်စွာသည် ညနေချမ်း အခါဝယ် ရှင်ရာဟုလာအား ” ဩဝါဒ ပေးတော်မူလိုသော ကြောင့် ထို အမ္ဗလဋ္ဌိကာ ကမ္မဋ္ဌာန်းကျောင်းကလေးသို့ တော်မူလေသည်။ [လိမ်၍ ပြောသော စကားကို “မုသား ဟု ခေါ်၏။ ငယ်ရွယ်သူတို့သည် မုသား ပြောတတ်ကြ၏၊
ထို့ကြောင့် ၇-နှစ်သားအရွယ် ရှင်ရာဟုလာအား မုသား မပြောဘို့ရန် ဩဝါဒ ပေးတော်မူသည်။]

"

က

ဗုဒ္ဓမြတ်စွာသည် ထိုင်တော်မူပြီးလျှင် ရေခွက်ထဲ၌ ရေ အနည်းငယ်ကို ချန်ထား၍ ရှင်ရာဟုလာကို မေးတော်မူသည် မှာ–“ရာဟုလာ….ရေခွက်ထဲ၌ ရေအနည်းငယ်ကို မြင်ရဲ့လား”။
ရာဟုလာ။ ။မြင်ပါသည် အရှင်ဘုရား။

## PAGE 146
<!-- 9 paragraphs, raw extraction -->

ရှင်ရာဟုလာအကြောင်း

၁၃၁

ဘုရားရှင်။ ။“ရာဟုလာ…မုသားပြောဆိုဘို့ရန် မရှက်တတ် သော ရဟန်း သာမဏေတို့မှာလဲ (ဟောဒီရေ နဲနေသလို ) ကိုယ်ကျင့်တရား နဲနဲကလေးသာ ရှိတယ်” လို့ မှတ်ထား။

ထို့နောက် ဗုဒ္ဓမြတ်စွာသည် ရေခွက်ထဲမှ အနည်းငယ် သော ရေကို သွန်ပြီးလျှင် ရှင်ရာဟုလာကို မေးတော်မူပြန် သည်မှာ… “ရာဟုလာ…ရေခွက်ထဲ၌ ကျန်နေသော ရေ အနည်းငယ်ကို သွန်ပစ်လိုက်ထာ မြင်ရဲ့လား။” ရာဟုလာ။ ။မြင်ပါသည် အရှင်ဘုရား။

ဘုရားရှင်။ ။“ရာဟုလာ…မုသားပြောရမှာကို မရှက်တတ် သော ရဟန်း သာမဏေတို့မှာလဲ (ရေကျန် နဲနဲကလေးကို သွန်ပစ်လိုက်သလို) ကိုယ်ကျင့် တရားကို သွန်ပစ်ရာရောက်တယ်” လို့ မှတ် ထား။ “သူ့မှာ ကိုယ်ကျင့်တရား ဘာမျှမရှိ တော့ဘူး”ဟု မိန့်တော်မူလိုသည်။]

6

o

ထို့နောက် ဗုဒ္ဓမြတ်စွာသည် ရေခွက်ကို မှောက်လိုက်ပြီး လျှင်–ရှင်ရာဟုလာကို မေးတော်မူပြန်သည်မှာ…“ရာဟုလာ… ဟောဒီရေခွက် မှောက်နေတာကို မြင်ရဲ့လား။” ရာဟုလာ။ ။မြင်ပါတယ် အရှင်ဘုရား။

ဘုရားရှင်။ ။“ရာဟုလာ…မုသားပြောရမှာကို မရှက်တတ် သော ရဟန်း သာမဏေတို့မှာလဲ (ဟောဒီ ရေခွက်ကို မှောက်ထားသလို ) . ကိုယ်ကျင့် တရားတွေကို မှောက်ပစ်လိုက်ရာရောက်တယ်” လို့ မှတ်ထား။

## PAGE 147
<!-- 10 paragraphs, raw extraction -->

၁၃၂

ရုပ်ပုံ ရှင်ကျင့်ဝတ်

ထို့နောက် ဗုဒ္ဓမြတ်စွာသည် ရေခွက်ကို လှန်ပြီးလျှင် ရှင်ရာ ဟုလာကို မေးတော် မူပြန်သည်မှာ- “ရာဟုလာ…..လှန်ထား သော ရေခွက်ထဲမှာ ဘာမျှမရှိတာကို မြင်ရဲ့လား။” ရာဟုလာ။ ။မြင်ပါသည် အရှင်ဘုရား။

ဘုရားရှင်။ ။“ရာဟုလာ… မုသားပြောရမှာကို မရှက် တတ်သော ရဟန်းသာမဏေတို့မှာလဲ (ဟောဒီ ရေခွက်ထဲ၌ ဘာမျှ မရှိတော့ သလို) ကိုယ်ကျင့်တရား ဘာမျှမရှိ တော့ဘူး” လို့ မှတ်ထား။

o

ရာဟုလာ…မုသား ပြောရမည်ကို မရှက်တတ်သူသည် ဘယ်မကောင်းမှုမှ မပြုဝံ့တာ မရှိတော့၊ မကောင်းမှုဟူသမျှ ပြုဝံ့တော့၏၊ ထို့ကြောင့် “မုသားဆိုလျှင် ပြောင်သလို လှောင် သလိုတောင်မှ မပြောမိအောင် ရှောင်ကြဉ်မည်”ဟု သတိ ထား၍ ကြိုးစားပြီး ကျင့်ရမယ်။

မှန် ဥပမာပြ၍ ဩဝါဒပေးတော်မူခြင်း

ဘုရားရှင်။ ။ရာဟုလာ… မှန်ဖြင့် ဘာလုပ်ကြသလဲ။
ရာဟုလာ။ ။မှန်ဖြင့် မျက်နှာ၌ အပြစ်ရှိ-မရှိ ကြည့်ကြ

ပါတယ်။

ဘုရားရှင်။ ။ရာဟုလာ… မှန်ကို ကြည့်၍ မျက်နှာကို ပြုပြင်ကြသလို ကိုယ်မှု နှုတ်မှု စိတ်မှုများ ကိုလည်း ပြုသင့်-မပြုသင့် နှိုင်းချင့်ပြီးမှ ပြုသင့်တာကိုသာ ပြုရသည်။
