## PAGE 148
<!-- 9 paragraphs, raw extraction -->

ရှင်ရာဟုလာ အကြောင်း

ကိုယ်ဖြင့် ပြုမည့်ကြံလျှင် ဆင်ခြင်ပါ

၁၃၃

ရာဟုလာ……. တစုံတခု အမှုကိစ္စကို ကိုယ်ဖြင့်ပြုချင်လျှင် ဆင်ခြင်စဉ်းစားလိုက်ပါဦး..ဘယ်လို ဆင်ခြင်စဉ်းစားရ မလဲ” ဆိုလျှင် “ယခု ငါပြုချင်တဲ့ အမှုကိစ္စသည် ကိုယ့်ကိုယ်ကို ညှဉ်းဆဲရာရောက်မှာလား၊ သူတပါးကို ညှဉ်းဆဲရာရောက်မှာ လား၊ မိမိရော သူတပါးရော ၂-မျိုးလုံးကို ညှဉ်းဆဲရာရောက် မှာလား၊ မကောင်းသော အကုသိုလ်မှုဖြစ်၍ ဒုက္ခအကျိုး ပွါးတိုးစေမှာလား”ဟု ဆင်ခြင် စဉ်းစားလိုက်ပါ။

ထိုသို့ စဉ်းစားသောအခါ“တဦးဦးကို ညှဉ်းဆဲရာရောက် မည့် အလုပ်ကိစ္စ, မကောင်းသော အကုသိုလ်မှုဖြစ်၍ ဒုက္ခ အကျိုး ပါးတိုးစေမည့်ကိစ္စ”ဟု သိလျှင် ထိုအလုပ်ကိစ္စကို စင် စစ် ဧကန် အမှန်မပြုဘဲ ရှောင်လိုက်ပါ။

ရာဟုလာ…. ထိုသို့ စဉ်းစားသောအခါ “မိမိကို၎င်း, သူ တပါးကို၎င်း, ၂-မျိုးလုံးကို၎င်း ညှဉ်းဆဲရာမရောက်၊ ကောင်း သော ကုသိုလ်အမှုဖြစ်၍ သုခအကျိုး ပွါးတိုးစေနိုင်မည့်ကိစ္စ” ဟု သိလျှင် ထိုကိစ္စကို ကိုယ်ဖြင့် ပြုပါလေ။

ကိုယ်ဖြင့် ပြုနေစဉ်လည်း ဆင်ခြင်ပါ

"

ရာဟုလာ…… တစုံတခု အမှုကိစ္စကို ကိုယ်ဖြင့် ပြုနေတုန်း မှာလည်း ဆင်ခြင်စဉ်းစားပါ၊ “ဘယ်လို ဆင်ခြင်စဉ်းစား ရမလဲ” ဆိုလျှင် “ယခု ငါပြုနေသော အလုပ်ကိစ္စသည် ကိုယ့် ကိုယ်ကို ညှဉ်းဆဲရာရောက်သလား၊ သူတပါးကို ညှဉ်းဆဲရာ ရောက်သလား၊ ၂-ဦးလုံးကို ညှဉ်းဆဲရာ ရောက်သလား၊

## PAGE 149
<!-- 11 paragraphs, raw extraction -->

၁၃၄

ရုပ်ပုံ ရှင်ကျင့်ဝတ်

မကောင်းသော အကုသိုလ်မှုဖြစ်၍ ဒုက္ခအကျိုးပွါးတိုးစေ မည်လား” ဟု စဉ်းစားလိုက်ပါ။

ထိုသို့ စဉ်းစားသောအခါ – မိမိကို ဖြစ်စေ, သူတပါးကို ဖြစ်စေ ၂.ဦးလုံးကို ဖြစ်စေ ညှဉ်းဆဲရာ ရောက်နေသည်၊
မကောင်းသော အကုသိုလ်မှုဖြစ်၍ ဒုက္ခအကျိုးပွါးတိုးစေ လိမ့်မည်” ဟု သိလျှင် ထိုလုပ်နေတဲ့ အလုပ်ကိစ္စကို ရုပ်သိမ်း လိုက်ပါ။

"

မိမိပြုနေသောအမှုကို စဉ်းစားသောအခါ – မိမိကို၎င်း သူတပါးကို၎င်း, ၂-ဦးလုံးကို၎င်း ညှဉ်းဆဲရာမရောက်၊ကောင်း သော ကုသိုလ်အလုပ်ဖြစ်၍ သုခအကျိုး ပါးတိုးစေနိုင်သည်” ဟု သိလျှင် ထိုအလုပ်ကို ထပ်၍ ထပ်၍ ပြုလုပ်ပါလေ။

ကိုယ်ဖြင့် ပြုပြီးသောအခါလည်း ဆင်ခြင်ပါ

"

"

ရာဟုလာ… တစုံတခု အမှုကိစ္စကို ကိုယ်ဖြင့် ပြုပြီးသော အခါလည်း ပြန်၍ ဆင်ခြင် စဉ်းစားပါ၊ “ ဘယ်လို ဆင်ခြင် စဉ်းစားရမလဲ ” ဆိုလျှင် “ ယခု ငါပြုပြီးသော အမှုကိစ္စသည် ကိုယ့်ကိုယ်ကို ညှဉ်းဆဲရာရောက်သလား၊သူတပါးကို ညှဉ်းဆဲရာ ရောက်သလား ၊ ၂-ဦးလုံးကို ညှဉ်းဆဲရာ ရောက်သလား၊
မကောင်းသော အကုသိုလ်မှုဖြစ်၍ ဒုက္ခအကျိုးပွါးတိုးစေ သလား”ဟု စဉ်းစားပါ။

ထိုသို့ပြန်၍ စဉ်းစားသောအခါ“မိမိကိုဖြစ်စေ,သူတပါးကို ဖြစ်စေ, ၂-ဦးလုံးကို ဖြစ်စေ ညှဉ်းဆဲရာ ရောက်နေသည်၊
မကောင်းသော အကုသိုလ်မှုဖြစ်၍ ဒုက္ခအကျိုးပွါးတိုးစရာ ရှိသည်”ဟု သိလျှင် ထိုကိုယ်ဖြင့် ပြုမိခဲ့သောအမှုကို(ဖုံးမထား

## PAGE 150
<!-- 9 paragraphs, raw extraction -->

ရှင်ရာဟုလာ အကြောင်း

၁၃၅

ဘဲ) ဆရာသမား အထံ၌ ဖြစ်စေ, တတ်သိ နားလည်သော (သီတင်းသုံးဘော်) မိတ်ဆွေအထံ၌ ဖြစ်စေ ထင်ရှားအောင် ပြောပေးပါ၊ ထိုသို့ဖွင့်ဖော်ပြောပြပြီးနောက် ထိုအမှုမှားမျိုး ကို နောင်တဖန် မပြုမိအောင် စောင့်စည်းပါ။

မိမိပြုခဲ့သော အမှုကို ပြန်၍ စဉ်းစားသောအခါ – မိမိကို ၎င်း သူတပါးကို၎င်း ၂-ဦးလုံးကို၎င်း ညှဉ်းဆဲရာ မရောက်၊
ကောင်းသော ကုသိုလ်အလုပ်ဖြစ်၍ သုခအကျိုးပွါးတိုး ဘွယ်သာရှိသည်” ဟု သိလျှင် မိမိပြုခဲ့သော အလုပ်ကို တွေး ဆင်ခြင်၍ ကြည်ရွှင်ဝမ်းမြောက်သော စိတ်ဖြင့် နေ့ရော ညဉ့်ပါ ကုသိုလ်တရားတို့၌ တိုးပွါးအောင် ကျင့်ပါ။

အမှာ။ ။နှုတ်မှုဆိုင်ရာ ဝစီကံ, စိတ်မှုဆိုင်ရာ မနောကံတို့၌ ဤကာယကံကို ဆင်ခြင်စဉ်းစားသကဲ့သို့ မပြု

ခင်ပြုတုန်း ပြုပြီး ၃-ဌာနတို့၌ ဆင်ခြင်စဉ်းစား၍ အကုသိုလ် ဖြစ်မည့်အရာ၌ မပြောဘို့ မကြံဘို့ တားမြစ်၍ ကုသိုလ်ဖြစ်မည့် အရာ၌သာ ပြောဘို့ ကြံဘို့ ဩဝါဒပေးတော်မူသည်။

ရှေး ခု နောင်ခါ ဤနည်းသာ

ရာဟုလာ….မိမိ၏ ကိုယ်မှု နှုတ်မှု စိတ်မှုကို သန့်ရှင်းအောင် ပြုခဲ့သော ရှေးရှေးက ရဟန်းပုဏ္ဏားတို့သည် ဤနည်းအားဖြင့် ( မပြုခင်- ပြုတုန်း- ပြုပြီး အချိန်မှာ ဆင်ခြင် စဉ်းစားသော အားဖြင့်) သန့်ရှင်းအောင် ပြုခဲ့ကြသည်၊ နောက်နောက်အခါ မိမိ၏ ကိုယ်မှု နှုတ်မှု စိတ်မှု တို့ကို သန့်ရှင်းအောင် ပြုကြမည့် ရဟန်းပုဏ္ဏားတို့လည်း ဤနည်းအားဖြင့် သန့်ရှင်းအောင် ပြု ကြလိမ့်မည်၊ ယခုအခါ မိမိ၏ ကိုယ်မှု နှုတ်မှု စိတ်မှုတို့ကို

L
