## PAGE 151
<!-- 6 paragraphs, raw extraction -->

၁၃၆

ရုပ်ပုံ ရှင်ကျင့်ဝတ်

သန့်ရှင်းအောင်ပြုနေသော ရဟန်းပုဏ္ဏားတို့လည်း ဤနည်း အားဖြင့် သန့်ရှင်းအောင် ပြုနေကြသည်။

ထို့ကြောင့် အသင်ရာဟုလာလဲ “မပြုခင် ပြုတုန်း ပြုပြီး ၃-ဌာန၌ စဉ်းစဉ်းစားစား သတိထားလျက် ကိုယ်မှု နှုတ်မှု စိတ်မှုကို သန့်ရှင်းအောင် ပြုမည်”ဟု အလေ့အကျင့်ပြုရမည်။
ဤသို့ ၇-နှစ်သားအရွယ် ငယ်သေးသော ရှင်ရာဟုလာ အား သူ့အရွယ်နှင့် တန်ရုံဖြစ်သော ဩဝါဒကို ပေးတော် မူသည်။

ရှင်ရာဟုလာ သဘောကောင်းပုံ

ရှင်ရာဟုလာသည် … အမျိုးအားဖြင့် မင်းမျိုးအစစ်မှာ ဖွားမြင်ခဲ့၏၊ မိမိကိုယ်တိုင်လည်း စကြာမင်းဖြစ်လောက်သော ဘုန်းကံပါရှိ၍ ရုပ်အဆင်းအားဖြင့် ကြော့ရှင်းခန့်ညား အများ ကြည်နူးလောက်အောင် ကျက်သရေကို ဆောင်၏၊ ရှင်သာ မဏေဘဝသို့ ရောက်လာသောအခါ ဗုဒ္ဓမြတ်စွာ၏ ရင်သွေး တော်ရတနာဖြစ်သောကြောင့်လည်း ရဟန်းတော်အများပင် လေးစားမြတ်နိုးကြရုံမက ကောသလမင်း အနာထပိဏ် ဝိသာခါ စသော မင်းပိုင်း သူဌေး သူကြွယ်ပိုင်းကလည်း ကိုင်းရှိုင်း ကြည်ညို ရိုသေ ချစ်ခင်ကြလေသည်၊ ဤအခြေ အနေကို ဆင်ခြင် စဉ်းစားလျှင် စိတ်ကြီးဝင်စရာ ဟန်ကြီး ပန်ကြီး လုပ်ချင်စရာ လွန်စွာကောင်းပါသော်လည်း စိတ်ကြီး မဝင်သည့်ပြင် နူးညံ့ပြော့ပျောင်း၍ အလွန် စိတ်သဘော ကောင်းသည်။

## PAGE 152
<!-- 10 paragraphs, raw extraction -->

ရှင်ရာဟုလာ အကြောင်း

၁၃၇

ရဟန်းတော်များသည် ရှင်ရာဟုလာ သဘောကောင်း ကြောင်း ကျော်ကြားလှသဖြင့် စမ်း၍ ကြည့်လိုရကား ရှင်ရာဟုလာ လာနေတာကို အဝေးကမြင်လျှင် သူလာမည့် လမ်း၌ တံမြက်စည်းကိုဖြစ်စေ အမှိုက်ကျုံးတောင်းကိုဖြစ်စေ ပစ်ထားကြ၏၊ ရှင်ရာဟုလာ လွန်သွားသောအခါ တပါးပါးက “ဒီ တံမြက်စည်းကို လမ်းမှာ ဘယ်သူထားသလဲ”ဟု မေးလျှင် အခြား ရဟန်းများက “ရှင်ရာဟုလာတော့ ဒီလမ်းက လာ တာဘဲ”ဟု ပြောကြကုန်၏။

"

"

ထိုစကားကို ကြားလျှင် “တပည့်တော် မသိဘူး၊ တပည့် တော် မထားဘူး”ဟု ငြင်းမနေဘဲ ထိုတံမြက်စည်းကို သိမ်း ဆည်း၍ ရဟန်းတော်များကို “သည်းခံကြပါဘုရား”ဟု တောင်းပန်၍ သွားရှာသေးသည်၊ ဤမျှလောက် စိတ်သဘော ကောင်းသော ရှင်ရာဟုလာသည် … ရဟန်းဖြစ်သောအခါ တဝါမျှ မရသေးခင် ရဟန္တာ ဖြစ်လေသည်။

မှတ်သားဘွယ်

"

ကိုရင်များ … ဘုရားသားတော် ရှင်ရာဟုလာရဲ့ ဝတ္ထု ကြောင်းကို ဖတ်ပြီးတဲ့အခါ ကိုရင်တို့အတွက် “ဘာများ မှတ်သားစရာ ပါသလဲလို့” စဉ်စားကြစမ်းပါ။

၁။ ကိုရင်ရာဟုလာကလေးဟာ ၇-နှစ်အရွယ် ငယ်ငယ် ကလေးနှင့် ကမ္မဋ္ဌာန်းကျောင်းကလေးမှာ … တပါး တည်း နေတယ် မဟုတ်လား၊ ဒါ့ကြောင့် ကိုရင်တို့လဲ တပါးတည်း အေးအေးဆေးဆေးနေ၍ စာကို တိုးတိုး

## PAGE 153
<!-- 7 paragraphs, raw extraction -->

၁၃၈

ရုပ်ပုံ ရှင်ကျင့်ဝတ်

အံတတ်အောင် တရားအားထုတ်၍ နေတတ်အောင် ကြိုးစားကြပါ။

၂။ စာကို တိုးတိုး အံခြင်းဖြင့် မိမိ သမာဓိကို တိုးပွါးစေ နိုင်၏၊ စာကြည့်, စာချ တရားနှလုံးသွင်းနေသော အခြား ပုဂ္ဂိုလ်များကိုလည်း သမာဓိ မပျက်စေနိုင်ပါ၊
ယဉ်ကျေးသော စာသင်ကျောင်းတို့၌ စာကို တိုးတိုး အံကြရပါသည်။

I

၃။ ဗုဒ္ဓမြတ်စွာသည် သားတော် ရာဟုလာကို မုသားပြော တတ်တဲ့အရွယ်မှာ မုသား မပြောမိဘို့ရန် အထူး ဆုံးမ တော်မူတယ်၊ ဒါ့ကြောင့် ကိုရင်တို့လဲ မုသားမပြောမိ အောင် အထူးသတိထားကြပါ၊ မုသားပြောတဲ့ ကိုရင် ဟာ လိင်ကျတယ်၊ လိင်ကျလျှင် လူနဲ့မထူးတော့ဘူး။
၄။ “အလုပ်တခုခု ပြုမည်ကြံလျှင် မိမိကိုဖြစ်စေ သူတပါး ကို ဖြစ်စေ နှိပ်စက်ရာမရောက်မှ ( ဒုက္ခ မပေးမှ) ပြုရ မည်”ဟူသော ဘုရားအမိန့်တော်ကို လေးစားသော အားဖြင့် ကိုရင်တို့လဲ သူများဒုက္ခပေးမည့် အလုပ်, မိမိကို ပြန်ပြီး ဒုက္ခပေးမည့်အလုပ်ကို မပြုမိကြပါစေ နှင့်၊ ကိုရင် ရာဟုလာကလေးမှာ စိတ်ကောင်း နှလုံး ကောင်း ရှိသလို ကိုရင်တို့လဲ စိတ်ကောင်း နှလုံး ကောင်းရှိအောင် ကြိုးစား၍ ဆရာတို့ ဆုံးမသမျှကို လိုက်နာကြပါ။

၅။ အမျိုးကောင်း၍ ဖြစ်စေ မိဘက ပစ္စည်းဥစ္စာ ပေါ၍ ဖြစ်စေ ဉာဏ်ပညာထက်၍ဖြစ်စေ(ရှင်ရာဟုလာကဲ့သို့) မာန်မာန မရှိစေဘဲ ကိုယ့်အောက်ကျသူများကို ညှာ
