## PAGE 16
<!-- 9 paragraphs, raw extraction -->

ရုပ်ပုံရှင်ကျင့်ဝတ်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

၁-ခေါင်းရိတ်ခဏ်း

(ရှင်လောင်း ကျက်ရန်)

တစပဉ္စက ကမ္မဋ္ဌာန်းလင်္ကာ

ငါ၏ကိုယ်မှာ၊ နံ့သာမွှေးကြိုင်၊ မြဲခိုင်လှစွာ၊
ကောင်းရာမမြင်၊ ဆံပင်သာရှိ၊ အမွေးရှိ၍ ၊ ရှိသည့် လက်သည်း၊ ခြေအသည်းနှင့် ၊ သွားလည်းတထွေ၊
အရေတမျိုး၊ ညှီနံ့ဆိုးသည်၊ အသိုးအပုပ်ချည်းပါ

တကား။

သံဃာ့ထံ ခွင့်ပန်ခြင်း။ ။ရှင် သာမဏေ လောင်းအား

ဦးခေါင်း … ရှိတ်ပေ ခြင်းကို “ဆံချခြင်း”ဟုခေါ်၏၊“ဆံပင်ကို အောက်သို့ရှိတ်၍ချခြင်း”ဟု ဆိုလိုသည်၊ ထိုသို့ ဆံမချမီ သာသနာတော်မှာ ထုံးစံတခု ရှိသေး၏၊ ထို ထုံးစံကား-ကျောင်းတိုက်ရှိ သံဃာတော် အများထံရှင်လောင်းကို ဆံချမည့်အကြောင်း လျှောက်ထား ခွင့်ပန်ရခြင်းတည်း။

## PAGE 17
<!-- 7 paragraphs, raw extraction -->

၂

ရုပ်ပုံ ရှင်ကျင့်ဝတ်

ရွှေပန်းထိမ်သည်သား ဝတ္ထု

ဘုရားလက်ထက်တော်၌ ရွှေပန်းထိမ်သည်၏သားကလေး တယောက်သည် မိဘနှင့်စိတ်ဆိုး၍ ကျောင်းသို့ ထွက်ပြေးကာ ရှင်သာမဏေ ပြုနေ၏၊ မိဘတို့သည်ကျောင်းတိုက်သို့ လာ၍ ကလေး၏ ပုံသဏ္ဌာန်ကို ပြောပြပြီးလျှင် “သည်လို ပုံသဏ္ဌာန် ရှိသော ကလေးတယောက်ကို မမြင်ကြပါဘူးလားဘုရား”ဟု လိုက်၍ မေးကြလေသည်၊ရဟန်းတော်များကလည်း အမှန်ပင် မမြင်သောကြောင့် “မမြင်ဘူး”ဟု ပြောလိုက်ကြလေသည်။

ထိုနောက် လိုက်၍ရှာသော မိဘတို့သည် ရှင်သာမဏေ ဖြစ်နေသည်ကိုတွေ့ရသောအခါ“ကိုယ်တော်တွေလိမ်တယ်” ကဲ့ရဲ့ကြလေသည်၊ ထိုဝတ္တုကို အကြောင်းပြု၍ ဆံချခါနီး၌ ဆံချမည့်အကြောင်းကို (သို့မဟုတ် ရှင်ပြုမည့်အကြောင်းကို) သံဃာများထံ ခွင့်ပန် လျှောက်ထားဘို့ရာ ဘုရားရှင် ပညတ် တော်မူလေသည်။ [ဝိနည်းမဟာဝါ, မဟာခန္ဓက, ကမ္မာရ- ဘ ဝတ္ထု။]

ထိုသို့ ခွင့်ပန်ရာ၌——

(၁) ရဟန်းသံဃာ နည်းပါးသောကျောင်းဖြစ်လျှင်ထိုရဟန်း တော်များ နေရာအသီးအသီးသို့ (ရဟန်းတပါးပါး ဖြစ်စေ, သာမဏေတပါးပါးဖြစ်စေ) ရှင်လောင်းကို ခေါ်သွား၍ “ဤကလေးကို ချမလို့ပါ”ဟု ဖြစ်စေ, “ဤ ကလေးကို ရှင်သာမဏေ … ဝတ်ပေးမလို့ပါ”ဟု ဖြစ်စေ လျှောက်ထားရသည်။

## PAGE 18
<!-- 8 paragraphs, raw extraction -->

ခေါင်းရိတ်ခဏ်း

22

(၂) သံဃာများသော ကျောင်းတိုက်ဖြစ်လျှင် သံဃာတော် အားလုံးကို တနေရာ၌ စုဝေးစေ၍ ရှေးနည်းအတိုင်း လျှောက်ထား ခွင့်ပန်နိုင်၏။

(၃) ရှင်လောင်းကို သံဃာ့အထံ မခေါ်ဘဲလည်း ရဟန်း တပါးပါး သို့မဟုတ် ကိုရင် တပါးပါးကို စေလွှတ်၍ “မည်သည့်ကလေးကို ရှင်ပြုပေးမလို့ပါ” စသည်ဖြင့် ရှေးနည်းအတိုင်း ခွင့်ပန်နိုင်၏။

"

(၄) သာ၍များသော ကျောင်းတိုက်ဖြစ်၍ အားလုံးကို ခွင့်ပန်ဘို့ ခဲယဉ်းလျှင် ကျောင်းတိုက်အတွင်းရှိ “ခဏ္ဍ သိမ်” ခေါ်သော သိမ်အတွင်းသို့ ခေါ်သွား၍လည်း မည်သူကိုမျှ ခွင့်မပန်ဘဲ ဆံချနိုင်၏။ [ထိုသိမ်၌ ရဟန်း ရှိလျှင်ကား ထို ရဟန်းကို ခွင့်ပန်ရဦးမည်။

(၅) အိမ်တုန်းကပင် ဆံချပြီးခဲ့သူ သို့မဟုတ် လက်နှစ်သစ်မျှ ဆံပင် မရှည်သေးသူဖြစ်လျှင် ဆံချဘွယ်မလို့၊ ဆံကို တပ်၍ ရိတ်စေကာမူ ခွင့်ပန်ဘွယ်လည်း မလို။ ရဟန်း သာမဏေများမှာ ဆံပင်ကို လက် ၂-သစ်ထက်ရှည် အောင် မထားရ။]

တစပဉ္စက ကမ္မဋ္ဌာန်း။ ။သံဃာ့ထံ ခွင့်ပန်ပြီးနောက် ရှင်လောင်းကို ဆံချခါနီး၌ ဆရာ့ ရွှေမှာ ရိုသေစွာ ထိုင်စေ၍ တစပဉ္စက ကမ္မဋ္ဌာန်းကို ပြောပြ ပါ၊ ထိုသို့ ပြောပြခိုက်၌ မိဘ ဉာတိများ လာနိုင်လျှင် မိဘ ဉာတိတို့ သဒ္ဓါတရားဖြစ်အောင် အနားမှာ နေပါစေ၊ မအား၍ မလာနိုင်သူကိုကား မခေါ်ပါနှင့်။
