## PAGE 163
<!-- 7 paragraphs, raw extraction -->

၁၄၈

ရုပ်ပုံ ရှင်ကျင့်ဝတ်

လည်း “စိတ်မရှိသော မြှားအကောက်ကိုတောင် ဖြောင့် အောင် ပြင်လို့ရသေးလျှင် စိတ်ရှိသူ လူတွေသည် မိမိ စိတ်ကို ကိုယ့်အလိုကျအောင် ထား၍ ဘာ့ကြောင့် တရားအားမထုတ် နိုင်ဘဲ ရှိရအံ့နည်း”ဟု စဉ်းစားမိပြန်လေသည်။

လှည်းဘီးလုပ်ပုံကို မေးခြင်း။ ။ဤသို့ စဉ်းစားရင်း ရွှေ့သို့ သွားပြန်လေသော် သစ်သား

တို့ကို လှည်းဘီးလုပ်ဘို့ရန် ပြုပြင်နေသော လက်သမားတို့ကို မြင်ရပြန်၍ အရှင်သာရိပုတြာကို မေးပြန်ရာ အရှင်သာရိပုတြာ လည်း အကြောင်းစုံကို မိန့်တော်မူလေသည်၊ ထိုအခါ၌လည်း “စိတ်မရှိသော သစ်သားတွေကိုပင် အမျိုးမျိုးဖြစ်အောင် ပြုပြင်၍ ရနိုင်သေးလျှင် စိတ်ရှိနေသူ လူတွေသည် မိမိ စိတ်ကို ကိုယ့်အလိုကျအောင် ထား၍ ဘာ့ကြောင့် တရားအားမထုတ် နိုင်ဘဲ ရှိရအံ့နည်း”ဟု စဉ်းစားမိပြန်လေသည်။

ကျောင်းသို့ ပြန်ခြင်း။ ။ဤသို့ ၃-ကြိမ်တိုင်တိုင် စဉ်းစားမိ သောအခါ တရား အားထုတ်လို

သောဆန္ဒက ပြင်းပြလှသဖြင့် အရှင်သာရိပုတြာထံ ဆွမ်းခံ မလိုက်တော့ဘဲ ကျောင်းတိုက်သို့ ပြန်နှင့်ရန် ခွင့်ပန်လေသည်၊
အရှင်သာရိပုတြာမထေရ်မြတ်လည်း“ကျောင်းဆောင် အပြင် ဘက်နေလျှင် မတော်တဆ တစုံတခုဖြစ်မည်”စိုးသောကြောင့် သံကောက်ကို ပေးလိုက်၍ “ကျောင်းခန်းအတွင်းမှာ နေ လေ”ဟု မှာထားပြီးမှ ပြန်လွှတ်လိုက်လေသည်၊ [ရှေးခေတ်က အတွင်း၌ရှိသော ကန့်လန့်(မင်းတုပ်)ကို ပိတ်လို ဖွင့်လိုလျှင် သံကောက်ဖြင့် လှည့်၍ ဖွင့်ရ ပိတ်ရသည်၊ ယခုခေတ်“သေ” မျိုးပင်တည်း။]

## PAGE 164
<!-- 4 paragraphs, raw extraction -->

ရှင်ပဏ္ဍိတ အကြောင်း

D

၁၄၉

ဘုရား, သိကြား, နတ်မင်းများ အစောင့်အရှောက်ဖြင့် ကိုရင်ပဏ္ဍိတ တရား အားထုတ်နေပုံ။

## PAGE 165
<!-- 4 paragraphs, raw extraction -->

၁၅ဝ

ရုပ်ပုံ ရှင်ကျင့်ဝတ်

တရားအားထုတ်ခြင်း။ ။ကိုရင်ပဏ္ဍိတသည် ကျောင်းတိုက် သို့ရောက်၍ အရှင်သာရိပုတြာ၏ ကျောင်းခန်းအတွင်းသို့ ဝင်ပြီးလျှင် မိမိခန္ဓာကိုယ်အတွင်း၌ (အနိစ္စ, ဒုက္ခ, အနတ္တ-ဟု ရှုဆင်ခြင်တတ်သော) ဝိပဿနာကို သွင်း၍ အပူတပြင်း ကြိုးစားလေတော့သည်။ [ထိုအချိန်မှာ ကိုရင်ကလေးသည် ဘာအစာကိုမျှ မစားရသေး၊ အရှင်သာရိ ပုတြာ ဆွမ်းခံပြန်မှ ဆွမ်းစားရတော့မည်၊ တရားအားထုတ်၍ မပြီးမီ အရှင်သာရိပုတြာပြန်ရောက်၍ ဆွမ်းကျွေးလျှင်လည်း တရား၏ အနှောက်အရှက်ဖြစ်ရှာတော့မည်၊ တရားရပြီးမှ ဆွမ်း စားလျှင်လည်း မွန်းလွဲသွားစရာ ရှိသည်။] နတ်သိကြားတို့စောင့်ရှောက်ပုံ။ ။ကိုရင်ကလေး၏ တန်ခိုး အရှိန်သည် တာဝတိံ• သာနတ်ပြည်က သိကြားမင်းကို အသိပေးသကဲ့သို့ ဖြစ်နေ၏၊
ထို့ကြောင့် သိကြားမင်းသည် ကိုရင်ကလေး၏ အကြောင်း အရာကို ဆင်ခြင်သောအခါ တရားအားထုတ်နေပုံမှ စ၍ အလုံးစုံကို မြင်ရကား စတုမဟာရာဇ်နတ်မင်းကြီး ၄-ယောက် ကို ခေါ်၍ ( အသံကြားလျှင် သမာဓိ ပျက်မည်စိုးသော ကြောင့်) ကျောင်းအနီး၌ ငှက်သံစသည်ကို မကြားရအောင် စောင့်ရှောက်စေသည်။

ထို့နောက် မွန်းလွဲသွားမည်စိုးသဖြင့် လနတ်သားနှင့် နေနတ်သားကိုလည်း သူတို့ဗိမာန်များကို ရှေ့တိုးမသွားရ အောင် စောင့်ရှောက်ကြဘို့ အမိန့်ပေး၍ မိမိကိုယ်တိုင်ကမူ ကျောင်းတံခါးပေါက် အနီးအပါး၌ ရပ်တည်ကာ သစ်ရွက် ကြွေသံကိုမျှ မကြားရအောင် စောင့်ရှောက်လေသည်။
