## PAGE 166
<!-- 9 paragraphs, raw extraction -->

ရှင်ပဏ္ဍိတ အကြောင်း

၁၅၁

ဘုရားစောင့်ရှောက်ပုံ။ ။မြတ်စွာဘုရားသည် ထိုနေ့၌ ခပ်စောစော ဆွမ်းဘုဉ်းပေး

"

တော်မူပြီးလျှင် တရားအားထုတ်နေသော ကိုရင်ပဏ္ဍိတကို ဆင်ခြင်တော်မူလတ်သော် “ယနေ့ပင် ရဟန္တာဖြစ်လိမ့်မည် ဟု မြင်တော်မူလေသည်၊ သို့သော် အရှင်သာရိပုတြာ ပြန်လာ၍ တရားအားထုတ်နေသော သာမဏေကို ဆွမ်း ကျွေးလျှင် တရားအပြီးအဆုံးမရောက်မည်ကိုလည်း မြင်တော် မူသောကြောင့် အရှင်သာရိပုတြာလာမည့် တံခါးပေါက်သို့ ကြွ၍ နေတော်မူနှင့်လေသည်။

သ

အရှင်သာရိပုတြာဆွမ်းခံပြန်လာပုံ။ ။အရှင်သာရိပုတြာလည်း ကိုရင် ကလေးကို ပြန် လွှတ်ပြီးနောက် ဆွမ်းခံဝင်တော်မူလေသည်၊ ကိုရင်ကလေး၏ ရှေးဘုန်း ရှေးကံကြောင့် အရှင်သာရိပုတြာကို အထူးကြည် ညိုသော အိမ်၌ ငါးကြင်းသားဟင်းဖြင့် ဆွမ်းကပ်ရန် မျှော် နေစဉ် အရှင်သာရိပုတြာကို မြင်၍ ကြည်လင်ဝမ်းမြောက်စွာ ဆွမ်းကပ်လေသော် အရှင်သာရိပုတြာသည် အိမ်မှာ မဘုဉ်း ပေးဘဲ ကျောင်းတော်သို့ ယူသွားမည့်အခြင်းအရာကို ပြလေ သည်။

"

အိမ်သူ အိမ်သားတို့လည်း “အရှင်ဘုရား…ဒီမှာ ဘုဉ်းပေး တော်မူပါ၊ ပြန်ကြွတော့လည်း ထည့်လိုက်ပါဦးမည်” ဟု လျှောက်ကြသဖြင့် ဘုဉ်းပေးတော်မူပြီးလျှင် နောက်ထပ် ထည့်လှူအပ်သော ငါးကြင်းသားဟင်းနှင့် ဆွမ်းကို ယူ၍ ပြန်ကြွတော်မူလာလေသော် တံခါးမုခ်ပေါက်၌ ဘုရားရှင်နှင့် တွေ့သဖြင့် ရုတ်တရက် ရှေ့တိုး၍ မကြွသာဘဲ ဖြစ်ရလေသည်၊

## PAGE 167
<!-- 6 paragraphs, raw extraction -->

၁၅၂

ရုပ်ပုံ ရှင်ကျင့်ဝတ်

ကိုရင်ပဏ္ဍိတလည်း ထိုအချိန်မှာ သောတာပန် သကဒါဂါမ် အနာဂါမ်တိုင်အောင် ဖြစ်ပြီး၍ ရဟန္တာဖြစ်အောင် ကြိုးစ နေခိုက် ဖြစ်လေသည်။

ရဟန္တာဖြစ်ခြင်း။ ။ထို့ကြောင့် ဘုရားရှင်သည် အရှင်သာ- ရိပုတြာ မကြွသာအောင် အချိန်ဆွဲ ထားတော်မူလို၍ ပြဿနာ ၄-ရပ်ကို မေးတော်မူလေသည်၊
အရှင်သာရိပုတြာလည်း (ဘုရားနှင့် စပ်လာလျှင် အောင်မြင် မည်သာဟု ယုံကြည်ရင်းစွဲရှိသောကြောင့်) ဘုရားမေးအပ် သောပြဿနာ ၄-ရပ်ကို ဖြည်းဖြည်းပင် ဖြေဆိုတော်မူလေ ၏၊ထိုပြဿနာကို ဖြေဆို၍ ပြီးချိန်မှာပင် ကိုရင်ကလေးလည်း ရဟန္တာ ဖြစ်လေသည်၊ ထုံးစံအတိုင်းဆိုလျှင် ထိုအချိန်မှာ မွန်းလွဲလောက်ပြီ၊ သို့သော် နေနတ်သားနှင့် လနတ်သားတို့ က နေဗိမာန်နှင့် လဗိမာန်ကို တားထားသောကြောင့် မွန်း မလွဲသေး။

o

ဆွမ်းကျွေးခြင်း။ ။အရှင် သာရိပုတြာလည်း ဘုရားထံမှ သွားခွင့်ရ၍ ကျောင်းသို့သွားပြီးလျှင် ကျောင်းတံခါးကို ခေါက်လိုက်ရာ ပွင့်သစ်စ ပဒုမ္မာကြာပန်း အသွင် အလွန်ကြည်လင်စွာ ထွက်လာသော ၇-နှစ်အရွယ် ရဟန္တာ သာမဏေငယ်ကို မြင်ရ၍ ရွှင်ပျသော မိဘသဘွယ် သာမဏေကို ယုယစွာ ဆွမ်းကျွေးတော်မူသည်၊ ကိုရင် ကလေး ဆွမ်းစားပြီးလျှင် ပြီးခြင်း လနေတို့ကို ဆိုင်ရာ နတ် သားတို့က လွှတ်လိုက်သောအခါ အတော်မွန်းလွဲသောအချိန် သို့ ရောက်ပြီးဖြစ်လေသည်။]

## PAGE 168
<!-- 11 paragraphs, raw extraction -->

ရှင်ပဏ္ဍိတ အကြောင်း

၁၅၃

မှတ်သားဘွယ်

ကိုရင်များ.. ပဏ္ဍိတသာမဏေရဲ့ ဝတ္ထုကြောင်းကို ဖတ်ပြီး တဲ့အခါ ကိုရင်တို့အတွက် “ဘာတွေ မှတ်စရာ ပါသလဲ” စဉ်းစားကြစမ်းပါ။

၁။ မဟာဒုဂ်ဘဝတုန်းက ငါးကြင်းသားဟင်းနဲ့ ဆွမ်း ကပ်ခဲ့လို့ ဒီဘဝမှာ နေရာတိုင်း၌ ငါးကြင်းသားဟင်း အကျိုးပေးတယ် မဟုတ်လား။

၂။ ရှေးက ကုသိုလ်ကံပါလာလို့ သူဌေးမျိုးမှာ ဖြစ်ပြီး ဉာဏ်ပညာနှင့် စဉ်းစားဉာဏ်လဲ အရာရာမှာ ထက်

တယ်။

၃။ ရှေးဘုန်းရှေးကံ ပါလို့ တရားအားထုတ်တဲ့ နေရာမှာ တောင် နတ်သိကြားတို့သာမက ဘုရားရှင်၏ စောင့် ရှောက်တော်မူခြင်းကို ခံရတယ်။

၄။ ဒါလောက် အဆင့်အတန်းမြင့်တဲ့ ကိုရင်ပဏ္ဍိတ ရှင်ပြု တုန်းက (ယခုကာလလို) မဏ္ဍပ်ကြီးလဲ မထိုးခဲ့ရ၊
ဘိသိက်လဲ မခံခဲ့ရ၊ ဒါပေမဲ့ ၇-နှစ်သားအရွယ် ငယ် ငယ်ကလေးနဲ့ ရဟန္တာဖြစ်ရတယ်။

၅။ ကိုရင် ပဏ္ဍိတကို အားကျပြီးတော့ ကိုရင်တို့လဲ ကုသိုလ်များများ ပြုကြပါ၊ ကိုရှင်များနှင့် ထိုက်တန် သော ကမ္မဋ္ဌာန်းတမျိုးမျိုးကို နေ့စဉ် ကြိုးစား ကြပါ။

ရှင်သာမဏေကလေးများဝတ္ထု ပြီး၏။
