## PAGE 169
<!-- 10 paragraphs, raw extraction -->

၁၅၄

ရုပ်ပုံ ရှင်ကျင့်ဝတ်

ဆရာများအတွက် မှတ်ဘွယ်

သင်္ကန်းဝတ်ခြင်းနှင့် စပ်၍ မှတ်ဘွယ်

ဥပဇ္ဈာယ်ဆရာ အင်္ဂါ။ ။ဥပဇ္ဈာယ်ပေး၍ တပည့် ပရိသတ်ကို မွေးမြူသော ဆရာသည်....၁-ဆယ်ဝါ

ရပြီးဖြစ်ခြင်း၊ ၂-ဘိက္ခုဝိဘင်း ဘိက္ခုနီဝိဘင်းဟု ခေါ်သော (ပါတိမောက် သိက္ခာပုဒ်များကို အကျယ်ဖွင့်ပြသော) ဝိဘင်း ၂-မျိုးကို တတ်သိ နားလည်ခြင်း၊ ၃-ကံကြီး ကံငယ်ပြုလုပ် နည်းကို နားလည်ခြင်း၊ ၄-မဟာဝါ စူဠဝါခန္ဓက၌ သိက္ခာပုဒ်များကိုနားလည်ခြင်း၊၅-နာမ်တရား ရုပ်တရားတို့ကို ဟောပြောနိုင်ခြင်း ဤသို့ အင်္ဂါ ၅-ပါးနှင့် ပြည့်စုံစေရသည်၊
ဤအင်္ဂါ ၅-ပါးနှင့် ပြည့်စုံသောပုဂ္ဂိုလ်သာ ဥပဇ္ဈာယ်ဆရာ ဂုဏ်အင်္ဂါနှင့် ညီညွတ်သည်။

[ ဆောင် ] ဆယ်ဝါပြည့်တင်း ဝိဘင်း ၂.ဖြာ ကမ္မာကမ္မ ခန္ဓကပုဒ် နာမ်ရုပ်ပိုင်ပိုင် ဟောပြနိုင် ကျောင်းထိုင်

ငါးအင်္ဂါ။

ရှင်သာမဏေ ဝတ်ပေးမှု။ ။ရှင်သာမဏေ ပြုပေးရာ၌..

။ရှင်သာမဏေပြုပေးရာ၌…. ၁-ခေါင်းရိတ်မှု၊ ၂-သင်္ကန်း ဝတ်ပေးမှု၊ ၃-သရဏဂုံပေးမှုဤ ၃-ခုလုံးကို “ရှင်ပြုပေးခြင်း ဟု ခေါ်၏၊[“ကေသစ္ဆေဒန ကာသာယစ္ဆာဒန သရဏဒါနာနိ ပဗ္ဗာဇနံ နာမ”-ဝိမတိဋီကာ ပဗ္ဗဇ္ဇခန္ဓက။] ထိုကိစ္စ ၃-မျိုး လုံးကို ဥပဇ္ဈာယ်ကိုယ်တိုင် တတ်နိုင်လျှင် ကိုယ်တိုင် ပြုသင့်၏၊
အခြားကိစ္စများသဖြင့် အားလပ်ခွင့် မရလျှင်လည်း ရဟန်းငယ် တပါးပါးကို (ရှင်ပြုပေးလိုက်ပါ)ဟု စေခိုင်းနိုင်၏။ [“သစေ

## PAGE 170
<!-- 7 paragraphs, raw extraction -->

ဆရာများအတွက် မှတ်ဘွယ် ၁၅၅

ဩကာသော ဟောတိ, သယံ ပဗ္ဗာဇေတဗ္ဗော၊ သစေ ဥဒ္ဒေသ ပရိပုစ္ဆာဒီဟိ ဗျာဝဋော ဟောတိ, ဩကာသံ လဘတိ၊ ဧကော ဒဟရဘိက္ခု၊ ၀တ္တဗ္ဗော-(ဧတံ၊ ဤရှင် လောင်းကို။ ပဗ္ဗာဇေဟိ၊ ဆံချ သင်္ကန်းဝတ် သရဏဂုံပေးကာ ရှင်ပြုပေးလိုက်ပါ။) ဣတိ ဝတ္တဗ္ဗော”-ပဗ္ဗဇ္ဇခန္ဓကဋ္ဌကထာနှင့် ဝိမတိဋီကာ။

ဥပဇ္ဈာယ်ကိုယ်စား ဥပဇ္ဈာယ် ဆရာကပင် မခိုင်းသော်လည်း ရှင်ပြုပေးခြင်း “ရဟန်းငယ်က ဥပဇ္ဈာယ်ကို ရည်စူး၍ (ဥပဇ္ဈာယ်ကိုယ်စား)ရှင်သာမဏေပြုပေး

လျှင်လည်း အပ်၏”ဟု အဋ္ဌကထာဆို၏၊ ထို့ကြောင့် ယခုအခါ ဥပဇ္ဈာယ် ဂုဏ်အင်္ဂါနှင့် မညီသေးဘဲ ရှင်သာမဏေ ပြုပေးကြ ရသောရဟန်းငယ်များသည် မိမိ၏ဥပဇ္ဈာယ်ဆရာကို ရည်စူး၍ ဥပဇ္ဈာယ်၏ ကိုယ်စားအနေဖြင့်သာရှင်သာမဏေ ပြုပေးသင့် ကြသည်၊ရှင်သာမဏေပြုပေးပြီးနောက်လည်း ဥပဇ္ဈာယ်ရှိရာ သွား၍ ဥပဇ္ဈာယ်ယူစေသင့်ကြသည်။

သာမဏေနှင့် လူဝတ်ကြောင်က ဥပဇ္ဈာယ်ဆရာ သ ည် သင်္ကန်းဝတ်ပေးမှု

(ကျောင်း၌ ခိုင်းဘို့ရာ ရဟန်းငယ် မရှိ၍သော်

၎င်း ရှိစေကာမူ မခိုင်းလို၍သော်၎င်း) သာမဏေ တပါးပါးကို “ဤ ကလေးအား ခေါင်းရိတ်၍ သင်္ကန်းဝတ်ပေးလိုက်ပါ”ဟု စေခိုင်းနိုင်၏၊ သာမဏေကို မခိုင်းဘဲ သင်္ကန်းဝတ်ပေးတတ်သူ လူဝတ်ကြောင် တယောက်ယောက်ကိုလည်း ခိုင်းနိုင်၏၊ ထိုသို့ ခိုင်းသောအခါ အခိုင်းခံရသူသည် ခေါင်းရိတ်၍ သင်္ကန်း ပေးပြီးလျှင် ဝတ်ပေးကောင်း၏၊ ထိုသို့ သာမဏေနှင့် လူဝတ်

## PAGE 171
<!-- 13 paragraphs, raw extraction -->

၁၅၆

ရုပ်ပုံ ရှင်ကျင့်ဝတ်

ကြောင်ကို စေခိုင်းရာ၌ သင်္ကန်းဝတ်ပြီးသောအခါ သရဏဂုံ ကိုကား ဥပဇ္ဈာယ်ဆရာကိုယ်တိုင် ပေးရမည်။

ကိုယ့်ဘာသာမဝတ်ကောင်း။ ။ဥပဇ္ဈာယ်ဆရာသည် မည်သူ့ ကိုမျှ မခိုင်းဘဲ သူ့ဘာသာ

"

"

ol

ဝတ်တတ်သော ရှင်လောင်းအား သင်္ကန်းပေး၍ “ သင့်ဘာ သာ ဝတ်တော့” ဟု ခွင့်ပြုလျှင်လည်း ရှင်လောင်းကိုယ်တိုင် သင်္ကန်းဝတ်ကောင်း၏၊ ရှင်သာမဏေလောင်းသည် ဥပဇ္ဈာယ် ဆရာက “ဝတ်တော့” ဟု ခွင့်မပြုဘဲ (သူပိုင်သင်္ကန်း ဖြစ်စေ ကာမူ) ကိုယ့်ဘာသာ သင်္ကန်းယူ၍ မဝတ်ကောင်းကြောင်း ရွှေအစ၌ မှာထားခဲ့ပြီ၊ ထိုသို့ ကိုယ့်ဘာသာယူ၍ ဝတ်လျှင် ရှင်သာမဏေ မဖြစ်ဟု ဆိုကြ၏၊ ထို့ကြောင့် နားမလည်၍ ကိုယ့်ဘာသာဝတ်ထားသူကို သင်္ကန်းချွတ်စေ၍ ဥပဇ္ဈာယ် ဆရာက ထပ်မံပြီး သင်္ကန်းပေးရ၏၊ [ – ဘိက္ခုနာ ဟိ သဟတ္ထေန ဝါ အာဏတ္တိယာ ဝါ ဒိန္နမေဝ ကာသာဝံ ဝဋ္ဋတိ၊
အဒိန္နံ န ဝဋ္ဋတိ —- ပဗ္ဗဇ္ဇခန္ဓကဋ္ဌကထာ။ ]

"

သင်္ကန်းကပ်, သင်္ကန်းတောင်း ပြခဲ့သော စကားစဉ်အရ

ဖြစ်ပေါ်လာပုံ

ဥပဇ္ဈာယ်ဆရာက သင်္ကန်း ပေးမှ ဖြစ်စေ၊ ဥပဇ္ဈာယ်

ဆရာက တဆင့် အခိုင်းခံရသူ ပေးမှဖြစ်စေ သင်္ကန်း ဝတ် ကောင်း၍( ကိုယ်ပိုင်သင်္ကန်း ဖြစ်စေကာမူ ) ကိုယ့်ဘာသာ မဝတ်ကောင်းသောကြောင့် ယခုအခါ၌ မိမိလက်မှာရှိသော ကိုယ်ပိုင်သင်္ကန်းကို ဆရာ့လက်သို့ ကပ်ရခြင်း ဆရာ့လက်မှ ပြန်၍ တောင်းရခြင်းဟူသော ထုံးစံ ၂-ခု ဖြစ်ပေါ်လာပေ
