## PAGE 178
<!-- 8 paragraphs, raw extraction -->

ဆရာများအတွက် မှတ်ဘွယ် ၁၆၃

ဆက်ဦးအံ့’ဤအဋ္ဌကထာ၌ “ဉာဏ်ထက်လျှင် ထိုနေရာ မှာပင် ချပေးလိုက်”ဟု ညွှန်ပြသဖြင့် “ ဉာဏ်မထက်၍ တခဏနှင့်ရမည့်သူ မဟုတ်လျှင် ဖြည်းဖြည်းမှရအောင် ကျက် ပါစေ”ဟု ခွင့်ပြုရာရောက်၏၊ ထိုသိက္ခာပုဒ်ဆယ်ပါးကိုလည်း ဘုရားမိန့်တော်မူသည့်အတိုင်း ချပေးရမည်ဟု ဆို၏၊ ဘုရား မိန့်တော်မူပုံကား- အနုဇာနာမိ ဘိက္ခဝေ သာမဏေရာနံ ဒသသိက္ခာပဒါနိ ဘေသု စ သာမဏေရေဟိ သိဒ္ဓိတုံ၊
ပါဏာတိပါတာ ဝေရမဏိ ။ပ။ ဇာတရူပ ရဇတပ္ပဋိဂ္ဂဟဏာ ဝေရမဏိ” ဤသို့ မိန့်တော်မူသည်။

-

"

မှတ်ချက်။ ။ပါဠိတော်၌ “ဝေရမဏိ”” ဟု … ရတ္တိ”ကဲ့သို့ ဒုတိယာဝိဘတ်ဖြင့် ပြထားသည်မှာ “ အနု ဇာနာမိ+သိက္ခာပဒါနိ = သိက္ခာပုဒ်တို့ကို+ခွင့်ပြုတော်မူ၏” == ဟူသော အပေါင်းဝါကျ၌ သိက္ခာပဒါနိနှင့် လိုက်အောင် ထားခြင်းဖြစ်သည်၊ သိက္ခာပုဒ် ၁၀-ပါးသရုပ်ကို ရေတွက်၍ ပြရာ၌ကား “ဝေရမဏိ”ဟု ပဌမာဝိဘတ်ဖြင့်သာ ပြခွင့် ရှိသည်၊ ပါဠိတော်အတိုင်း အတိအကျ သင်ပြလိုလျှင်လည်း ပါဠိမြန်မာ ၂-မျိုးလုံး သင်ပြသင့်ပါသည်။

«

ပါဠိလိုချည်း သင်ပြခြင်းကား ပါဠိကို နားမလည်သော မြန်မာကလေးများအတွက် အကျိုးမရပါ၊ ထို့ကြောင့် အဋ္ဌကထာ၌ “တာနိ ပါဠိယံ အာဂတနယေန ဥဂ္ဂဟေတုံ အသက္ကောန္တဿ ယာယ ကာယစိ ဘာသာယ အတ္ထဝသေနပိ အာစိက္ခိတုံ ဝဋ္ဋတိ = ထိုသိက္ခာပုဒ်တို့ကို ပါဠိတော်လာသော နည်းဖြင့် သင်ယူခြင်းငှါ မစွမ်းနိုင်သော သာမဏေများ အတွက် မည်သည့်ဘာသာနှင့်မဆို အနက်အဓိပ္ပါယ်အား

-

## PAGE 179
<!-- 9 paragraphs, raw extraction -->

၁၆၄

ရုပ်ပုံ ရှင်ကျင့်ဝတ်

ဖြင့်လည်း ပြောပြသင့်၏”ဟု မိန့်တော်မူသည်၊ ထို့ကြောင့် ဤကျမ်းငယ်၌ သိက္ခာပုဒ် ၁၀-ပါးကို ပါဠိမြန်မာ ၂-မျိုးလုံး တွဲဘက်၍ ပြထားသော်လည်း မြန်မာလို သက်သက်လည်း ပြောနိုင်, ရှမ်းလူမျိုးဖြစ်လျှင် ရှမ်းလို ဘာသာပြန်၍လည်း ပြောနိုင်ကြောင်းကို သိကြပါလေ။

သိက္ခာပဒံသမာဒိယာမိ မထည့်ရ။ ။အဋ္ဌကထာ၌ “ပါဏာ- တိပါတာ ဝေရမဏိ

သိက္ခာပဒံ သမာဒိယာမိ= ပါဏာတိပါတမှ ရှောင်ကြဉ် ကြောင်း သိက္ခာပုဒ်ကို ဆောက်တည်ပါ၏” ဟု လူအများ ဆောက်တည်သလိုဆောက်တည်ပုံကိုပဌမပြထားသော်လည်း ထိုနည်းကို ““ပါဠိတော်နှင့် ရှေးအဋ္ဌကထာတို့၌ မရှိ”ဟု အဋ္ဌ ကထာ ဆရာကိုယ်တိုင် ပယ်ခဲ့လေပြီ။ အန္ဓကဋ္ဌကထာယံ ပန “အဟံ ဘန္တေ ဣတ္ထန္နာမာ ယာဝဇီဝံ ပါဏာတိပါတာ ဝေ- ရမဏိ" သိက္ခာပဒံ သမာဒိယာမီ” တိ ဧဝံ သရဏဒါနံ ဝိယ ံ သိက္ခာပဒဒါနံပိ ဝုတ္တံ၊ တံ နေဝ ပါဠိယံ န အဋ္ဌကထာသု အတ္ထိ၊
တသ္မာ ယထာပါဠိယာဝ ဥဒ္ဒိသိတဗ္ဗာနိ၊ ပဗ္ဗဇ္ဇာ ဟိသရဏ- ဂမနေဟေဝ သိဒ္ဓါ၊ သိက္ခာပဒါနိ ပန ကေဝလံ သိက္ခာပရိ- ပူရဏတ္ထ ဇာနိတဗ္ဗာနိ။ အဋ္ဌကထာ။]

I

ပယ်လည်း ပယ်ထိုက်ပေ၏၊ ဘာ့ကြောင့်နည်း.. သာမဏေများမှာ လူတို့ကဲ့သို့ သိက္ခာပုဒ် ၁၀-ပါးကို တမင်္ဂလာ ဆောက်တည်ဘွယ် မလိုသောကြောင့် တည်း၊ ဤစကားကို သတိထား၍ ယခုခေတ် ရှင်ပြု ပေးရာ သရဏဂုံ ထပ်စေရာတို့၌ “သိက္ခာပဒံ သမာဒိ ယာမိ” မထည့်ဘဲ “ဝေရမဏိ”လောက်တွင်သာ ဆို

"

°

## PAGE 180
<!-- 8 paragraphs, raw extraction -->

ဆရာများအတွက် မှတ်ဘွယ်

၁၆၅

စေသင့်ကြပါသည်။ [အဋ္ဌကထာဝယ် လိင်္ဂနာသန ခဏ်း၌ “ဧဝံ သန္ဓေပိ။ပ။ ပုန ဒါတဗ္ဗာနိ”ဟု လာရာ၌ လည်း ဒါတဗ္ဗာနိအရ ဤပြခဲ့သည့်အတိုင်း ၁၀-ပါး သီလချပေးသော အပေးကိုသာ ယူပါ။] ပါဏာတိ ပါတ-စသော သိက္ခာပုဒ်များကို လိင် ၁၀-ပါး မှတ် ဘွယ်ကျမှ ပြပါမည်။

ဝိကာလဘောဇန။ ။နံနက်စောစော အာရုဏ်တက်သည်မှ စ၍ နေ့လည် မွန်းတည့်တိုင်အောင်

"

အချိန်သည် ရဟန်းသာမဏေနှင့် ဥပုသ်သည်တို့ ဆွမ်းခဲဘွယ် သောက်ဘွယ်တို့ကို စားသောက်နိုင်ရာ အချိန်ကာလမည်၏၊
မွန်းလွဲသည်မှစ၍ နောက်အာရုဏ်တိုင်အောင် ကာလသည် “ဝိကာလ”မည်၏။ “စားသောက်ဘို့ရာ အချိန်လာလ မဟုတ်” ဟု ဆိုလိုသည်၊ ထိုဝိကာလ၌ ဆွမ်းခဲဘွယ်နှင့် လက်ဘက်ရည် စသည်ကို မစားမသောက်ကောင်း၊ စားသောက်လျှင် ဤ ဝိကာလဘောဇန သိက္ခာပုဒ် ပျက်တော့၏၊ နေလဲအခါ၌ မှုတ် သိပ် ဆာလောင်လျှင် ဘိလပ်ရည် ထန်းလျက်ရည်နှင့် ဖျော် ရည်ကို သောက်ကောင်း၏၊ ကြွင်းသော မှတ်ဘွယ်ကို ဆေး ပစ္စည်းခဏ်း၌ ပြခဲ့ပြီ။

ပါဠိတော်။ ။ယာမကာလိကံ၊ ( မွန်းတည့် သည်မှစ၍ နောက်ဆုံး ညဉ့်ယာမ်ကာလ တိုင်အောင်

သောက်ထိုက်သော) ဖျော်ရည်စသည်ကို၎င်း။ သတ္တာဟကာ- လိကံ၊ (၇-ရက် ပတ်လုံး စားသုံးထိုက်သော) စတုမဓူစသည် ကို၎င်း။ ယာဝဇီဝိကံ၊ (အသက်ထက်ဆုံး စားသုံးထိုက်သော) ဆေးကို၎င်း။ အာဟာရတ္ထာယ၊ အာဟာရ အကျိုးငှါ။
