## PAGE 181
<!-- 6 paragraphs, raw extraction -->

၁၆၆

ရုပ်ပုံ ရှင်ကျင့်ဝတ်

(အကြောင်းထူးမရှိဘဲ စားချင်လို့)။ ပဋိဂ္ဂဏှာတိ၊ခံယူအံ့။
(အကပ်ခံအံ့။) အာပတ္တိ ဒုက္ကဋဿ၊ ဒုက္ကဋ်အာပတ်သင့်၏။
အဖျော့ဟာရေ အဇ္ဈော့ဟာရေ၊မျိုတိုင်းမျိုတိုင်း၌။ အာပတ္တိ- ဒုက္ကဋ္ဌဿ၊၏။ပ။ပစ္စယေ၊(ယာမကာလိကအတွက် ဆာလောင် မွတ်သိပ်ခြင်း ငတ်ခြင်း, သတ္တာဟနှင့် ယာဝဇီဝိကအတွက် အနာရောဂါ)အကြောင်းသည်။ သတိ၊ရှိလျှင်။ပရိဘုဉ္ဇတိ၊သုံး ဆောင် စားသောက်အံ့။ အနာပတ္တိ၊အာပတ် မသင့်။ [“အာ ပတ်”ဟူရာဝယ် ရှင်သာမဏေ၌ ဒဏ်ထိုက်၏၊ ဥပုသ်သည်၌ သီလညှိုး၏။ ]

နစ္စ ဂီတ။ပ။ ဝိသူက ဒဿန။ ။ရဟန်းသာမဏေ ဥပုသ်

သည်တို့မှာ ကိုယ်တိုင် မကကောင်း, သီချင်းမဆိုကောင်း, မတီးမှုတ်ကောင်းသည့် ပြင် (ကလေးစသော) သူတပါးကိုလည်း အက, အဆို အတီး အမှုတ် မခိုင်းကောင်းကြောင်းကို“နစ္စ ဂီတ, ဝါဒိတ ဟူသော စကား ၃-ခွန်းဖြင့် ပြ၏၊ သူတို့ဘာသာ ဖြစ်စေ အဖိုးအခပေး၍ ဖြစ်စေ က-ဆို တီးမှုတ်ရာအရပ်သို့ သွား၍ မကြည့်ကောင်းကြောင်း နားမထောင်ကောင်းကြောင်းကို ကား “ဝိသူကဒဿန”ဟူသောစကားဖြင့် ပြသည်။

ဋီကာ။ ။အတ္တနာ နစ္စန နစ္စာပနာဒိဝသေန နစ္စာ စ ဂီတာ စ ဝါဒိတ္တာ စ အန္တမသော မယူရနစ္စာဒိဝသေနာပိ ပဝတ္တာနံ နစ္စာဒီနံ ဝိသူကဘူတာ (“သဗ္ဗပါပဿ အကရဏံ ဟူသော ဘုရား အဆုံးအမတော်နှင့် မလျော်သဖြင့် ဆန့် ကျင်ဘက် စုံသဘွယ် ဖြစ်သော) ဒဿနာ စ ဝေရမဏီတိ

## PAGE 182
<!-- 10 paragraphs, raw extraction -->

ဆရာများအတွက် မှတ်ဘွယ်

၁၆၇

ဧဝမေတ္ထ အတ္ထော ဒဋ္ဌဗ္ဗော။ တေရသကဏ် မဟာခန္ဓက အဖွင့်။

•

မိမိနေရာအရပ်သို့ ရောက်လာလျှင်ကား ရဟန်းသာမဏေ တို့မှာ ကြည့်ရှုနားထောင်သည့် အတွက် သိက္ခာပုဒ်ကား မပျက်ပေ၊ သို့သော် စိတ်ထည်းမှာ သာယာလျှင် (ခုကာလ ပြောသလို) သီလညှိုးဘွယ်ရှိသောကြောင့် မျက်စိအောက် ရောက်လာစေကာမူ ဂရုစိုက်၍ မကြည့်ဘဲ ရှောင်လွှဲနိုင်မှသာ သီလ စင်ကြယ်သည်ဟု ဆိုရပေမည်။ ဗြိတနိသိန္နသယနော- ကာသေ ပန အာဂတံ ဂစ္ဆန္တဿဝါ အာပါတဂတံ ပဿတော သိယာ သံကိလေသော န ဝီတိက္ကာမော”-ဋီကာ။] မာလာဂန္ဓ…ဋ္ဌာန။ ။ “မာလာ+ဂန္ဓ+ဝိလေပန” ၃-ပုဒ်ကို “ဓာရဏ+မဏ္ဍန+ဝိဘူသန” ၃-ပုဒ် နှင့် အစဉ်အတိုင်းတွဲ၍ “မာလာဓာရဏ =ပန်းကိုဆောင်ခြင်း ပန်ခြင်း”နိမ့်ရာအရပ်ကို ပြည့်လာအောင် ဖို့သိပ်ကောင်းသော သနပ်ခါး စသည်ကို “ဂန္ဓနံ့သာ”ဟု ခေါ်၍ ထိုနံ့သာဖြင့် ကျောက်ပေါက်ရာ စသည်၌ ဖို့သိပ်ခြင်းကို “ဂန္ဓ မဏ္ဍန”ဟု

ခေါ်၏။

"

o

ရေမွေးစသော မွှေးကြိုင်သော အနံ့ အရေအဆင်း ကြည်လင်လှပအောင် လိမ်းကျံခြယ်လှယ်ရသော မျက်နှာချေ ပေါင်ဒါမှုန့် စသည်ကို “ဝိလေပန”ဟု ခေါ်၍ ထိုရေမွှေး မျက်နှာချေ စသည်တို့ဖြင့် ဆွတ်ဖျန်း လိမ်းကျံခြင်းကို “ဝိလေပန ဝိဘူသန”ခေါ်၏၊ ထိုသို့ ပန်းပန်ခြင်း နံ့သာပြစ် တို့ဖြင့် နိမ့်ရာအရပ်ကို ဖိသိပ်ခြင်း, ရေမွှေး မျက်နှာချေ စသည်တို့ဖြင့် ဆွတ်ဖျန်း လိမ်းကျံခြင်း၏ အကြောင်းရင်း

,

## PAGE 183
<!-- 10 paragraphs, raw extraction -->

၁၆၇

ရုပ်ပုံ ရှင်ကျင့်ဝတ်

"

ဖြစ်သော စေတနာကို “ဌာန”ဟု ခေါ်သည်။ [ဤကား အများယူရိုးဖြစ်၏၊ ဤကျမ်းအယူကို နောက်၌ မှတ်ချက် ပြအံ့။

အဋ္ဌကထာ။ ။မာလာတိ ယံ ကိဉ္စိ ပုပ္ဖ။ ဂန္ဓန္တိ ယံ ကိဉ္စိ ဂန္ဓ- ဇာတံ။ ဝိလေပနန္တိ ဆဝိရာဂ ကရဏံ။ တတ္ထ

အသား

ပိဠန္ဓန္တော ဓာရေတိ နာမ= ပန်းပန်သူသည် ပန်းကိုဆောင်သူ မည်၏။ ဦနဋ္ဌာနံ ပူရေန္တော မဏေတိ နာမ=သနပ်ခါးနံ့သာ ပြစ်တို့ဖြင့် နိမ့်ရာအရပ်ကို ပြည့်အောင် ဖိသိပ်သူသည် အရေကိုတန်ဆာဆင်သူမည်၏။ဂန္ဓဝသေန ဆဝိရာဂဝသနစ သာဒယန္တောဝိဘူသေတိ နာမ=အနံ့ကိုဖြစ်စေ အသားအရေ တပ်စွဲဘွယ်ရှိအောင်ဖြစ်စေ သာယာသူသည် လိမ်းကျံ ခြယ် လှယ်သူ မည်၏။ [သီလက္ခန်စသည်။

မှတ်ချက်။ ။ဤအဋ္ဌကထာ၌ “ပိဠန္ဓန္တော ဓာရေတိ နာမ” ကို ထောက်၍ မာလာနှင့် ဓာရဏတွဲ၍ အနက် အဓိပ္ပါယ် ယူရမည်မှာ သေချာ၏၊ ထို့အတူပင် ဂန္ဓနှင့် မဏ္ဍန ဝိလေပနနှင့် ဝိဘူသနကိုလည်း တွဲစပ်၍ အနက်အဓိပ္ပါယ် မှတ်လေ့ ရှိကြ၏။ ထိုမှတ်သားမှုကိုကား စဉ်းစားသင့်၏၊
. ထင်ရှားစေအံ့——-ဂန္ဓန္တိဿ ဝါသစုဏ္ဏဓူမာဒိကံ (နံ့သာအမှုန့် နံ့သာအခိုး=အမွှေးတိုင်အစရှိသော) ဝိလေပနတော အညံ ယံကိဉ္စိ ဂန္ဓဇာတံ (ဝိလေပနတွင် မပါဝင်သော အမွှေးအကြိုင် ဟူသမျှ = ရေမွှေးနံ့သာဆီစသည်၊) ဝိလေပနန္တိ ဝိလေပနတ္ထံ (လိမ်းဘို့ရာ) ပိသိက္ခာ ပဋိယတ္တံ(ကြိတ်ချေ၍ စီမံအပ်သော) ယံကိဉ္စိ ဆဝိရာဂကရုဏံ (သူ့ကို လိမ်းလျှင် အရေအဆင်း´

I

lo
