## PAGE 184
<!-- 9 paragraphs, raw extraction -->

ဆရာများအတွက် မှတ်ဘွယ်

-

၁၆၉

လှပသော သနပ်ခါး, မျက်နှာချေ ပေါင်ဒါမှုန့်) – [တေရသ- ကဏ်ဋီကာ။]

“ဦနဋ္ဌာနံ ပူရေန္တော မဏေတိ နာမ” အရ ကျောက် ပေါက်ခွက်စသော နိမ့်ရာအရပ်ကို ဖြည့်သိပ်ရာ၌ နံ့သာအမှုန့် စသော ပြခဲ့သော ဂန္ဓများဖြင့် ဖို့သိပ်၍ မဖြစ်၊ ဝိလေပနတွင် ပါဝင်သော သနပ်ခါးနံ့သာအပြစ်တို့ဖြင့်သာ ဖို့သိပ်၍ ဖြစ် စရာရှိ၏၊ “ဂန္ဓဝသေန ဆဝိရာဂဝသေန စ သာဒယန္တော ဝိဘူ- သေတိ နာမ၌လည်း ဂန္ဓဝသေနကို ထောက်၍ ဂန္ဓနှင့်ရော ဝိလေပနနှင့်ရော ဝိဘူသနကို တွဲစေလိုကြောင်း ထင်ရှား၏။

Lo

ထို ့ကြောင့် “မာလာ+ဂန္ဓ+ဝိလေပန” ၃-ပုဒ်၌ “ဓာရ- ဏ+မဏ္ဍန+ဝိဘူသန၃-ပုဒ်နှင့် အစဉ်အတိုင်း တွဲစပ်ရသော ယထာသင်္ချာနည်းဟု မယူဘဲ ရသင့်သလို တွဲစပ်ရသော ယထာ လာဘယောဇနာနည်းဟုသာ ယူသင့်မည်ထင်သည်။ [ခုဒ္ဒက အဋ္ဌကထာ၌ “မာလာဒီသု ဓာရဏာဒီနိ ယထာသင်္ချေ ယော- ဇေတဗ္ဗာနိ” ဟူသော အဖွင့်ကိုလည်း မဟာခန္ဓကအဖွင့် တေရသကဏ် ဤဋီကာသည်ပင် နှစ်သက်ဟန် မတူ၊ ထို ကြောင့် “ကဋ္ဌကထာယံ။ပ။ ဧတ္တကမေဝ ဝုတ္တံ=ခုဒ္ဒက အဋ္ဌကထာ၌ (သေချာစွာ ရှင်း၍ မဖွင့်ဘဲ) အစဉ်အတိုင်း တွဲစပ်ရမည်ဟု ဤမျှလောက်သာ ဆိုသည်”ဟု မနှစ်သက်သံ ဖြင့် ဖွင့်သွားလေသည်။

L3

ဥစ္စာသယန မဟာသယန။ ။“ဥစ္စာသယန= မြင့်သောနေ ရာ” ဟူသည် တတောင့်ထွာ ထက် မြင့်သော ခြေရှိသော ထိုင်ခုံ ခုတင်စသော နေရာ များတည်း၊ အခြေတတောင့်ထွာထက်ပိုနေလျှင် ထိုပိုသော

## PAGE 185
<!-- 6 paragraphs, raw extraction -->

၁၇၀

ရုပ်ပုံ ရှင်ကျင့်ဝတ်

အခြေကို ဖြတ်ပြီးမှသာ ထိုင်ကောင်း အိပ်ကောင်းသည်၊
အခြေ၌ ခြင်္သေ့ရုပ် ကျားရုပ်စသော တောကောင် သားရဲ ရုပ်ပါသော ပလ္လင်လည်း ဥစ္စာသယနဟုပင် (ခုဒ္ဒသိက္ခာဋီကာ ၌) ဆိုသတတ်။ “မဟာသယန”ဟူသည် ရဟန်းသာမဏေတို့ “မထိုင်ကောင်း မအိပ်ကောင်း” ဟု ဘုရားပညတ်တော် မူထားသေား အခမ်းအနား ဆန်းကြယ်သော အခင်းများ တည်း။

ထို မဟာသယနတချို့ကား-ဂေါနက=လက် ၄-သစ်ထက် လွန်အောင် အမွေးရှည်သော ကော်ဇောကြီး၊ စိတ္တက= အကွက်အပြောက်တို့ဖြင့် ဆန်းကြယ်စွာ ချုပ်အပ် ယက်အပ် သော သားမွေးအခင်း၊ ပဋိက=ဆေးရောင်အမျိုးမျိုးမဆိုးဘဲ အဖြူထည်သက်သက် သားမွေးဖြင့် ယက်အပ်သော အခင်း၊
ပဋလိက=ပန်းပြောက်ခြယ်လျက် သားမွေးဖြင့် ယက်အပ် သောအခင်း၊ တူလိက=လဲဝါဂွမ်း အဆာသွတ်ထားသော အခင်း၊ ဤသို့စသည်ဖြင့် မဟာသယန များစွာရှိ၏။

မှတ်ချက်။ ။ယခုခေတ် သိုးမွေးကော်ဇော အခင်းများ သည်ဤမဟာသယန၌ ပါဝင်နေသောကြောင့် ခုတင် ကုလားထိုင်ပေါ်၌ခင်း၍ ရဟန်းသာမဏေ ဥပုသ်သည် တို့ မအိပ်မထိုင်ကောင်း၊ ကြမ်းပြင်ပေါ်၌ကား ခင်း၍ ထိုင် ကောင်း၊ အိပ်ကောင်းပါ၏၊ လဲသွတ်ထားသော မွေ့ရာဖုံ (ထိုင်စရာ) ကိုမူ ဘယ်မှာမှ မအိပ် မထိုင်ကောင်း၊ [“အနု- ဇာနာမိ ဘိက္ခဝေ အာသန္ဒိယာ ပါဒေ ဆိန္ဒိတွာ ပရိဘုဉ္စိတုံ

00

## PAGE 186
<!-- 9 paragraphs, raw extraction -->

ဆရာများအတွက် မှတ်ဘွယ်

၁၇၁

။ပ။ အဝသေသံ ဘူမတ္ထရဏံ(မြေပြင် ကြမ်းပြင်ပေါ်၌ အခင်း ကို) ကာတုံ” [သေနာသနက္ခန္ဓက ပါဠိတော်။]

°

I

တရံတခါ ဆွမ်းကျွေး တရားနာစသော ကိစ္စများ၌ လူတို့ က ခုတင် ကုလားထိုင်ပေါ်မှာ ခင်းပေးသော်လည်း လဲဝါဂွမ်း အဆာသွတ်သော အခင်း၌ မထိုင်ကောင်း၊ ဂေါနက စသော ကော်ဇောများ၌ကား ထိုင်ကောင်း၏၊ ထို ဂေါနက စသည် ၌လည်း လဲလျောင်း၍ကား မအိပ်ကောင်း။ [“အနုဇာနာမိ ဘိက္ခဝေ ထပေက္ခာ တီဏိ (အာသန္ဓိ ပလ္လင်္က” တူလိကံ) ဂိဟိဝိကတံ အဘိနိသီဒိတုံ၊ နတွေဝ အဘိနိပဇ္ဇိတုံ”။] ဇာတရူပ ရငတ ပဋိဂ္ဂဟဏ။ ။ဇာတရူပ=ရွှေ+ရဇတ= ငွေ၊“ငွေ”ဟူသော စကား၌ အရောင်းအဝယ်လုပ်နိုင်သော ငွေစက္ကူများလည်း ပါဝင်၏၊
“ပဋိဂ္ဂဟဏ = ခံယူခြင်း” ဟူရာ၌ ငွေလှူလျှင် ကိုယ်တိုင် အလှူခံခြင်း, သို့မဟုတ် ကပ္ပိယ တယောက်ယောက်ကို (ယူလိုက်ပါ စသည်ဖြင့်) ခံယူစေခြင်း,“အရှင်ဘုရားအား လှူပါ၏ဟုပြော၍ အနီး၌ ချထားသည်ကို (တနေရာ၌ အပ်နှံ ထားသည်ကို) စိတ်ဖြင့် သာယာခြင်း ဤ ၃-မျိုးလုံး ပါဝင်၏၊
ရဟန်းများ၌ ခံယူလျှင် ပါစိတ်အာပတ်သင့်၏၊ ကိုင်လျှင် ( အနာမာသဒုက္ကဋ် ) အာပတ်သင့်၏၊ ရှင်သာမဏေနှင့် ၁၀-ပါးသီလ ဥပုသ်သည်များမှာ ဤသိက္ခာပုဒ် ပျက်၏။
အဋ္ဌကထာ။ ။ဇာတရူပန္တိ သုဝဏ္ဏီ။ ရဇန္တိ ကဟာ- ပဏော၊(ကျပ်) လောဟမာသကော(ကြေး

"

ဂ

ပဲပိုက်ဆံ) ဇတုမာသကော ( ချိပ်ပဲပိုက်ဆံ ) ဒါရုမာသကော (သစ်သားပဲပိုက်ဆံ) ယေ ဝေါဟာရံ ဂစ္ဆန္တိ (ရောင်းဝယ်၍
