## PAGE 19
<!-- 9 paragraphs, raw extraction -->

၄

အမှာ။

ရုပ်ပုံ ရှင်ကျင့်ဝတ်

။“ကေသာ လောမာ နခါ ဒန္တာ တစော”ဟု

"

တစောကို အဆုံးထားသော ငါးပါးကို “တစပဉ္စက=တစလျှင် ငါးခုမြောက်ရှိသော အစု” ဟု ခေါ်၏၊ ထို ကမ္မဋ္ဌာန်းကို ပါဠိလို နားလည်မည် မဟုတ်သောကြောင့် မြန်မာလိုသာ အကျဉ်းမျှ နားလည်အောင် ပြောပြပါလေ။

မိဘများရှေ့မှာ ဆရာဘုန်းတော်ကြီးက ရှင်လောင်းအား

ပပ

ကမ္မဋ္ဌာန်း ပြောနေပုံ။

## PAGE 20
<!-- 7 paragraphs, raw extraction -->

ခေါင်းရိတ်ခဏ်း

3

ကမ္မဋ္ဌာန်း အကျဉ်းမျှ ပြောပုံ။ ။(ရှင်လောင်း၏ နာမည် ခေါ်၍ ) “မောင်ဌေး…… မင်းကင်းမှာ ဘာတွေ ရှိသလဲလို့ ခဏလောက် စဉ်း စားလို.၊ ဆံပင်ရှိတယ်၊ လက်မောင်းတို့ ခြေသလုံး တို့မှာ … မှူးအမျှင်ရှိတယ်၊ ခြေသဲ လက်သဲရှိတယ်၊ သွား တွေ့ရှိတယ်၊ တကိုယ်လုံးမှာ ဖုံးထားတဲ့ အရေရှိတယ်၊ အဲဒီ အားလုံးကိုစုပြီး ခွက်တခုတည်းမှာ ထည့်ထားလျှင် ဒီဟာ တွေဟာ ရွံ့စရာတွေလား သိမ်းထားစရာတွေလား”။
မောင်ဌေး။ ။ရွှံ့စာတွေပါဘုရား။

ဒီ

ဆရာ။ ။ ဧး, အားလုံး … ရွံ့စရာတွေဘဲ၊ ဒီ အား လုံးရဲ့ အဆင်းအရောင်တွေကလဲ မလှဘူး၊ အနံ့ ကလဲ မကောင်းဘူး၊ ဤ “ဆံပင် အမွေး ခြေသည်း, လက်သည်း သွား အရေ” တို့လို မကောင်းတာတွေ သင်၏ ကိုယ်ထဲမှာ ပြည့်နေ တာဘဲ၊ နံ့သာတို့ အမွှေးအကြိုင်တို့ ဘာတခုမျှ မရှိဘူးနော်။

မောင်ဌေး။ ။မှန်ပါ့ဘုရား။

ဆရာ။ ။အဲဒီမကောင်းတာတွေ စုပေါင်းနေတဲ့မင့်ကိုယ် ဟာလဲ ခိုင်မြဲတဲ့ အနှစ်တုံး မဟုတ်ဘူး၊
တဖြေး ဖြေး ရွှတ်တူ ယိုယွင်း အိုမင်း ဆွေးမြေ့ရမယ်၊
ဒါကြောင့် ခေါင်းရိတ်နေတုန်းမှာ အစ၌ ပြခဲ့ သော ကမ္မဋ္ဌာန်းလင်္ကာကလေးကို ရွတ်ရင်း စိတ်ထဲမှာ စဉ်းစားနေပါကွယ်။

## PAGE 21
<!-- 6 paragraphs, raw extraction -->

6

ရုပ်ပုံ ရှင်ကျင့်ဝတ်

အမှာ။ ။ဤ တစပဉ္စက ကမ္မဋ္ဌာန်း လင်္ကာကလေးကို အရ မကျက်ရသေးလျှင် လက်ရေးကောင်းကောင်းနှင့် ရေး ပေး၍ ဖြစ်စေ၊ ဤ ရှင်ကျင့်ဝဘ် စာအုပ်ကို ကြည့်၍ ဖြစ်စေ၊
ခေါင်းရိတ်တုန်းမှာ ခပ်တိုးတိုး ရွတ်ဆိုနေပါစေ။

ကမ္မဋ္ဌာန်းအကျိုး။ ။ဤကမ္မဋ္ဌာန်းအကျိုးကို ဝိနည်းမဟာဝါ တဋ္ဌကထာ၌ အလွန်အားတက်ဖွယ်ရာ

ညွှန်ပြလျက် ရှိ၏၊ ရှေးရှေးဘဝများစွာက ကမ္မဋ္ဌာန်း အခြေခံ ပါလာသူဖြစ်လျှင် မိုးကြိုးစက်သည် ကျောက်တောင်ကို ခွဲဖျက် လိုက်သကဲ့သို့ ကလေးမှာရှိသော ကိလေသာ အတုံးအခဲတွေ အမှုန့်အမှုန့်ပြိုကွဲကာ ခေါင်းရှိတ်အပြီးမှာပင် ရဟန္တာဖြစ်နိုင်ပါ သည်၊ ဘုရားလက်ထက်တော်၌ ခေါင်းရိတ်အဆုံးမှာ ရဟန္တာ ဖြစ်သွားသော သာမဏေတို့သည် ဤကဲ့သို့ ကမ္မဋ္ဌာန်းပေး၍ ခေါင်းရိတ်ကြသော ဆရာကောင်းများကို အမှီရကြသူများ သာ ဖြစ်ပါသည်။

ထို့ကြောင့် ခေါင်းရိတ်ခါနီး၌ ဤ တစပဉ္စက ကမ္မဋ္ဌာန်း မျှကို ပြောပြပါလေ ဟု အဋ္ဌကထာဆရာတို့ တိုက်တွန်းကြပါ သည်၊ယခုခေတ် ကလေးများသည် ရှေးရှေးဘဝက ကမ္မဋ္ဌာန်း အထုံမရ၍ ရဟန္တာမဖြစ်စေကာမူ ဤ ကမ္မဋ္ဌာန်းသည်ပင် သာမဏေဘဝ၌ နေသမျှ နှလုံးသွင်းကာ အထုံပါစေရမည် ဖြစ်၍ နောက် သာသနာအတွက် အဆက်ကောင်း ရဘို့ရာ ယခုခေတ် ဆရာကောင်းဖြစ်သူများသည် ယခုခေတ် ကလေး များအား ပြောပြဖြစ်အောင် ကြိုးစားကြပါလေ။
