## PAGE 190
<!-- 5 paragraphs, raw extraction -->

ဆရာများအတွက် မှတ်ဘွယ်

၁၇၅

မှတ်ချက်။ ။ဥပဇ္ဈာယ်ဆရာသည် မိဘကဲ့သို့ အမြဲ ကြည့်ရှု ဆုံးမရမည့် ဆရာရင်းဖြစ်ကြောင်း ပြခဲ့ပြီ၊ ယခု အခါ၌ကား ရဟန်းခံခါနီးဝယ် ဥပဇ္ဈာယ်အင်္ဂါနှင့် ပြည့်စုံ၍ အမြဲ အတူနေမည့် ဆရာရင်းရှိပါလျက် အတူနေမဟုတ်သော ဂုဏ်ကြီး ဝါကြီး မထေရ်ကြီများကို ဥပဇ္ဈာယ်ပြု၍ ရဟန်း ခံလေ့ရှိကြ၏၊ ထို အငှါးဆရာနှင့် တပည့်ရဟန်းတို့သည် အတော်ကြာလျှင် (စောင့်ရှောက် ဆုံးမဘို့ကို မဆိုထားဘိ) ကိုယ့်တပည့်မှန်းပင် မသိတော့ချေ၊ ထို့ကြောင့် အငှါးဆရာ ထက် အရင်းဆရာကိုသာ(အင်္ဂါလုံလောက်ပါလျှင်)ဥပဇ္ဈာယ် ပြုသင့်ကြသည်။

ဥပဇ္ဈာယ်ပြောင်းနိုင်ပုံ။ ။န ဘိက္ခဝေ အညဿ ပရိသာ အပလာငွေတဗ္ဗာတိ ဧတ္ထ သာ- မဏေရာ ဝါ ဟောန္တု ဥပသမ္ပန္နာ ဝါ၊ အန္တမသော ဒုဿီလ- ဘိက္ခုဿာပိ ပရဿ ပရိသဘူတေ ဘိန္ဒိန္နာ ဂဏှိတုံ ဝဋ္ဋတိ = သာမဏေဖြစ်ဖြစ် ရဟန်းဖြစ်ဖြစ် သူ့ပရိသတ်ကို ဖြားယောင်း၍ မယူအပ်၊ အယုတ်သဖြင့် ဒုဿီလရဟန်း၏ ပရိသတ်ကိုသော်မှလည်း ခွဲ၍ မယူအပ်။

အာဒီနဝံ ပန ဝ ဝဋ္ဋတိ’“တယာ နှာယိတုံ အာဂတေန ဝတ္တု ဂူထမက္ခနံ ၀ိယ ကတံ ဒုဿီလံ နိဿာယ ဝိဟရန္တေန = ဒုဿီလ ဆရာကို မှီ၍နေသော သင်ဟာ ရေချိုးမည်ဟု လာပြီး မစင်ဖြင့် သုတ်လိမ်းမှုကို ပြုနေတာနဲ့ တူနေပြီ၊ သစေ သော သယမေဝ ဇာနိတာ ဥပဇ္ဈာယံ ဝါ နိဿယံ ဝါ ယာစတိ, ဒါတုံ ဝဋ္ဋတိ’(ဒီလိုပြောတာနဲ့)သူ့ဘာသာ သဘောပေါက်ပြီး ကိုရင်ဖြစ်သူက ဥပဇ္ဈာယ်တောင်းလျှင် ဥပဇ္ဈာယ်ပေး

## PAGE 191
<!-- 10 paragraphs, raw extraction -->

၁၇၆

ရုပ်ပုံ ရှင်ကျင့်ဝတ်

"

ကောင်း၏၊ ရဟန်းဖြစ်သူက နိဿယည်းတောင်းလျှင် နိဿ ယည်း ပေးကောင်း၏။ ဤစကားအရ “သာမဏေများ သည် ပဌမ ဥပဇ္ဈာယ်ဆံရာနှင့် ကွဲကွာနေသောအခါ ဖြစ်စေ နဂို ဥပဇ္ဈာယ်ကို သဘောမကျ၍ဖြစ်စေ ဥပဇ္ဈာယ်အသစ် ပြောင်း၍ ယူကောင်း၏”ဟု မှတ်ပါ။

«

လိင်ဆယ်ပါးနှင့်စပ်၍ မှတ်ဘွယ်

အနုဇာနာမိ ဘိက္ခဝေ ဒသဟင်္ဂေဟိ သမန္နာဂတံ သာမဏေရီ နာသေတုံ” စသည်ဖြင့် ပါဏာတိပါတမှု စသော ဆယ်ပါးကို … သာမဏေ၏ အသွင်ကို ဖျက်၍ လူထွက်စေ ကြောင်း အင်္ဂါဟု ဟောတော်မူ၏၊ ထို ၁၀-ပါးတွင်— ပါဏာတိပါတ။ ။ကုန္ထကိပိလ္လိကမ္ပိ မာရေၻာမဂုံရှဏ္ဍကမ္ပိ ဘိန္ဒိန္နာ နာသေတဗ္ဗတံယေဝ ပါပုဏာ တိ=ခြ, ပန္နက်ကိုသော်လည်း သတ်လျှင်၎င်း၊ ကြမ်းပိုးဥကို သော်လည်း တုတ်လျှင် ခဲ့လျှင်၎င်း ဖျက်ဆီးထိုက်သူ၏ အဖြစ် သို့သာ ရောက်၏။

0.

LOO

တာဝဒေဝဿ သရဏဂမနာနိ စ ဥပဇ္ဈာယဂ္ဂဟဏဉ္စ သေနာသနဂ္ဂါဟော စ ပဋိပဿမ္ဘတိ၊သံဃလာဘံ န လဘတိ၊
လိင်္ဂမတ္တမေဝ ဧကံ အဝသိပ္ပံ ဟောတိ=ထို ပါဏာတိပါတမှုကို ပြုသည့် ခဏ၌ပင် သူ၏ ( ရှေးက ယူထားသော ) သရဏဂုံ ၃-ပါးသည်၎င်း၊ ဥပဇ္ဈာယ်သည်၎င်း၊ နေဘို့ရာ ခံယူထားသော သံဃိကကျောင်း ခံယူခြင်းသည်၎င်း ငြိမ်းပျောက် ပြတ်စဲ တော့၏၊ သံဃာလာဘ်ဟူသမျှ မရထိုက်တော့၊ သင်္ကန်းဝတ် ထားသည့် အသွင်တခုသာ ကျန်တော့သည်။

## PAGE 192
<!-- 6 paragraphs, raw extraction -->

ဆရာများအတွက် မှတ်ဘွယ် ၁၇၇

သော သစေ အာကိဏ္ဏဒေါသောဝ ဟောတိ, အာယတိ ံ သံဝရေန တိဋ္ဌတိ ုနိက္ကတဗ္ဗော = သူသည် အကယ်၍ အပြစ်တွေ ဗလပွေရှုပ်နေသူ (အဒိန္နာဒါန, မုသာဝါဒမှ စသည်ဖြင့် အမှုပွေနေသူ ) ဖြစ်အံ့, နောင်ခါ စောင့်စည် မှု၌ မတည်သူဖြစ်အံ့ တခါးတည်း နှင်ထုတ်လိုက်ရမည်။

အထ သဟသာ ဝိရုဇ္ဈိတွာ ဒုက္ကဋီ မယာ ကတန္တိ သံဝရေ ဌာတုကာမော ဟောတိ၊ လိင်္ဂနာသနကိစ္စံ နတ္ထိ, ယထာ နိဝတ္ထပါရုတဿေဝ သရဏာနိ ဒါဘဗ္ဗာနိ, ဥပဇ္ဈာ ယောဒါတဗ္ဗော=သို့မဟုတ် ရုတ်တရက် ချွတ်ယွင်းမိပြီး နောက်၌ “ ငါမကောင်းတာ လုပ်မိပြီ” ဟု တွေး၍ နောက် ထပ် စောင့်စည်းမှု၌ တည်လိုသူဖြစ်လျှင် သာမဏေ၏အသွင် ကိုဖျက်၍ လူထွက်စေဘွယ် မလိုတော့၊ . နဂိုဝတ်မြဲ ရန်းမြဲ အတိုင်းပင် သရဏဂုံပေး၍ ဥပဇ္ဈာယ်လည်း ပေးရမည်။
မှတ်ချက်။ ။ပြစ်မှု မကျူးလွန်လျှင် သရဏဂုံထပ်ဘွယ်မလို၊
ပြစ်မှု ကျူးလွန်ပြန်လျှင်လည်း နောက်ထပ် စောင့်စည်းပုံမရလျှင် သရဏဂုံ ပေးဘွယ်ပင် မလို၊ နှင်ထုတ်ရုံ သာရှိ၏၊ ယခုကာလ၌ကား ပြစ်မှု မကျူးလွန်ဘဲနှင့်လည်း ဥပုသ်နေ့၌ သရဏဂုံထပ်စေရိုး ရှိကြ၏၊ အတော် မကောင်း နေသော သာမဏေအားလည်း သရဏဂုံ ထပ်ပေးလေ့ရှိကြ၏ ထိုတွင် ဥပုသ်နေ့၌ ပြစ်မှုမရှိဘဲ သရဏဂုံ ထပ်စေခြင်းမှာ အပြစ်မဟုတ်သော်လည်း အတော်မကောင်းသော သာမဏေ ကို နှင်၍ မထုတ်ခြင်းမှာ တာဝန်မကြေဘဲ ရှိသည်၊ သို့သော် သူ့ကို နှင်ထုတ်လျှင် ဘေးအန္တရာယ် ဖြစ်ဘွယ်ရှိ၍ “ သူ့အပြစ် နှင့်သူ ထင်ရှားလိမ့်မည်”ဟု သဘောထားလျှင်ကား သင့်

-

၁၂ -----သ-0

"
