## PAGE 193
<!-- 9 paragraphs, raw extraction -->

၁၇၈

ရုပ်ပုံ ရှင်ကျင့်ဝတ်

တော်စရာ ရှိပေသေး၏၊ သရဏဂုံ ထပ်စေပြီးနောက်လည်း ဥပဇ္ဈာယ် ထပ်၍ ယူစေရမည်။

သိက္ခာပဒါနိ ပန သရဏဂမနေနေဝ ဣဇ္ဈန္တိ။ပ။ ဧဝံ- သန္တေပိ ဒဋီကရဏတ္ထံ အာယတိ ံ သံဝရေ ပတိဋ္ဌာပနတ္ထိ ပုန ဒါတဗ္ဗာနိ=သိက္ခာပုဒ်တို့ကား သရဏဂုံ ယူခြင်းဖြင့်ပင် ပြီးစီး ကုန်တော့၏၊ သို့သော်လည်း (မြဲရာ သံပတ်သကဲ့သို့) ခိုင်မြဲ စေခြင်း, နောင်ခါ စောင့်စည်းစေခြင်းအကျိုးငှါ နောက်ထပ် ပေးထိုက်ကုန်၏၊ [ “ပေး"ဆိုသော်လည်း သိက္ခာပုဒ် ၁၀-ပါး [ ကို ချပေးတဲ့ အပေးဖြစ်သည်၊ သမာဒိယာမိထည့်၍ ဆောက် တည်စေခြင်း မဟုတ်။

"

အဒိန္နာဒါနေ တိဏသလာကမတ္တေနာပိ ဝတ္ထုနာ= အဒိန္နာဒါန၌ အဖိုးမထိုက်သော မြက် ဝါးခြမ်းကလေးမျှ လောက် ဝတ္ထုကို ယူခြင်းကြောင့်လည်း လိင်ကျ၏။

အဗြဟ္မစရိယေ တီသု မဂ္ဂေသု ယတ္ထ ကတ္ထစိ ဝိပ္ပဋိ- ပတ္တိယာ=အဗြဟ္မစရိယ၌ ဝစ္စ ပဿာဝ, မုခ မဂ် ၃-ခုတို့တွင် တခုခု၌ ဖောက်လွဲဖောက်ပြန် ကျင့်မှုကြောင့် လိင်ကျ၏။
မုသာဝါဒေ ဟသာဓိပ္ပါယတာယပိ မုသာ ဘဏိတေ အဿမဏော ဟောတိ၊ နာသေတဗ္ဗတံ အာပတိ=မုသာ ဝါဒ၌ ပြောင်သလို လှောင်သလို မုသား ပြောခြင်းကြောင့် လည်း သမဏ(သာမဏေ)မဟုတ်တော့၊ အသွင်ကို ဖျက်ဆီး ထိုက်တော့၏။

မုသားပြောရုံမျှဖြင့်

မှတ်ချက်။ ။“ကျီစားသလို မုသား ပြောရုံမျှဖြင့် လိင် ကျ၏”ဟု ဆိုထား၏၊ ယခုကာလ၌ ကျီစား

## PAGE 194
<!-- 6 paragraphs, raw extraction -->

ဆရာများအတွက် မှတ်ဘွယ်

၁၇၉

သလို ပြောင်သလို မုသားပြောရမှာ ဝန်မလေးကြ၊ အပြစ် စာစုံတရာကို ဆရာများက စစ်ဆေးမေးမြန်းလျှင် အတင်း လိမ်ကြတော့၏၊ (အလွန် စိတ်ပျက်စရာပင်၊) ထိုသို့ လိမ်ပြော ရမှာ ဝန်မလေးသူသည် နောင်ခါ သာသနာတော်၌ ကြီးပွါး လိမ့်မည်လည်း မဟုတ်၊ ထို့ကြောင့်ပင် ဘုရားရှင်သည် ရှင်ရာဟုလာအား ၇-နှစ်အရွယ်၌ မုသားမပြောမိဘို့ရန် ကြပ် တည်းစွာ ဩဝါဒပေးတော်မူပေသည်။ ရာဟုလာဝတ္ထုကို ရှေ့၌ ပြခဲ့ပြီ။]

မဇ္ဇပါနေ ့ ပန ဘိက္ခုနော အဇာနိတျာပိ ဗီဇတော ပဋ္ဌာယ မဇ္ဇံ ပိဝန္တဿ ပါစိတ္တိယံ၊ သာမဏေရော ဇာနိတျာ ပိဝန္တောဝ သီလဘေဒ အာပဇ္ဇတိ= သေရည်သောက်မှု၌ကား ရဟန်းမှာ မဇ္ဈမှန်း မသိသော်လည်း မလုပ်ဘို့ မျိုးစေ့ကစ၍ သောက်လျှင် ပါစိတ်အာပတ် သင့်၏၊ သာမဏေကား မဇ္ဇ မှန်းသိလျက် သောက်မှ သီလပျက်သည်။ [ဘုရားရှင်၏ အပြစ် ပြောခြင်းစသော ၅-ပါးကား ရွှေ့၌ပြခဲ့သော အကျဉ်းမျှဖြင့် သိသာလောက်ပြီ။]

ဒဏ် ၁၀-ပါးနှင့် စပ်၍ မှတ်ဘွယ်

ဒဏ် ၁၀-ပါး။ ။“အနုဇာနာမိ ဘိက္ခဝေ ပဉ္စင်္ဂဟိ သမန္နာဂတဿ သာမဏေရဿ ဒဏ္ဍက ကာတုံ၊ ဘိက္ခူနံ အလာဘာယ ပရိသက္ကတိ”စသည်ဖြင့် မဟာဝါခန္ဓက၌ ၅-ပါးသာ တိုက်ရိုက်လာ၏၊ အဋ္ဌကထာ၌ “ဒသသု သိက္ခာပဒေသု ပုရိမာနံ ပဉ္စနှံ့ အတိက္ကမော နာသန-

## PAGE 195
<!-- 8 paragraphs, raw extraction -->

၁၈၀

ရုပ်ပုံ ရှင်ကျင့်ဝတ်

ဝတ္ထု (လိင်ကျခြင်း၏ အကြောင်း) ပစ္ဆိမာနံ အတိက္ကမော ဒဏ္ဍကမ္မဝတ္ထု (ဝိကာလဘောဇနစသော နောက် ၅-ပါးကို ကျူးလွန်ခြင်းသည် ဒဏ်ပေးခြင်း၏အကြောင်း) ဟု မိန့်လေ သည်၊ ထို့ကြောင့် ဒဏ်ဆယ်ပါး ဖြစ်ရသည်။

ဒဏ်ခေါ်ပုံ။ ။ဒဏ္ဍေန္တိ ဝိနေန္တိ ဧတေနာတိ ဒဏ္ဍော၊
ဧတေန၊ “မည်သည့်ကျောင်းသို့ မဝင်ရ”

"

စသော တားမြစ်ထားမှု သဲ ရေတို့ကို ထမ်းစေမှုစသော အမှုဖြင့်။ သာမဏေရံ၊ ကို။ ဒဏ္ဍေန္တိ ဝိနေန္တိ၊ ဆုံးမကြရကုန်၏။
ဣတိ၊ ဤသို့ ဆုံ မကြောင်း၏အဖြစ်ကြောင့်။ ဒဏ္ဍာ၊ ဒဏ် မည်၏။ ကာတဗ္ဗတိ ကမ္မံ၊ ဒဏ္ဍာယေဝ+ကမ္မံ=ဒဏ္ဍကမ္မံ၊ ဤ အလို “ဒဏ္ဍကမ္မံ၊ ဆုံးမကြောင်းဖြစ်သော အမှုကို။ ကာတဗ္ဗ၊
ပြုထိုက်၏”ဟုပေး၊ တနည်း- “ဒဏ္ဍကမ္မန္တိ ငါ နိဂ္ဂဟကမ္မံ = တားမြစ်ခြင်း, သဲ ရေ စသည်ကို ထမ်းစေခြင်းဟူသော နှိပ်ကွပ်မှုကို။ ကာတဗ္ဗ၊ ပြုထိုက်၏ဟုပေး။ [ တေရသကဏ်, မဟာခန္ဓက။]

-

ဒဏ်ပေးပုံ။ ။ဒဏ်ပေးရာ၌ ပါဠိတော်ဝယ် “ အနုဇာနာမိ ဘိက္ခဝေ အာဝရဏံ(သူနေမြဲကျောင်း, ထွက် ဝင်နေကျကျောင်းသို့ မလာဘို့ရန် တားမြစ်မှုကို) ကာတုံ”ဟု မိန့်တော်မူ၏။ အဋ္ဌကထာ၌ကား – “ အပရာဓာနုရူပံ ဥဒက- ဒါရု ဝါလုကာဒီနိ အာဟရာဏံပိကာတဗ္ဗေ=အပြစ်အား လျော်စွာ ရေထမ်းစေမှု, ထင်း သဲ စသည်တို့ကို ဆောင်ယူ စေမှုကိုလည်း ပြုထိုက်၏”ဟု ဆို၏။
