## PAGE 196
<!-- 10 paragraphs, raw extraction -->

ဆရာများအတွက် မှတ် ဘွယ်

၁၁

တဉ္စဩရမိဿတိ ဝိရ ိဿတီတိ အနုကမ္ပါယ၊ န နဿိဿတိ ဝိဗ္ဘမိဿတီတိ ပါပဇ္ဈာသယေန = ထို ဒဏ်အမှု ကိုလည်း နောင် ရှောင်လိမ့် ကြဉ်လိမ့်မည်ဟူသော ရည်ရွယ် ချက်ဖြင့် သူ့အပေါ် သနားကြင်နာသော စိတ်ဖြင့်သာ ပြုရ မည်၊ ပျက်စီးလိမ့်မည်, လူထွက်လိမ့်မည်ဟု ယုတ်မာသော ရည်ရွယ်ချက် ဆန္ဒဖြင့် မပြုရ။

-

ဒဏ္ဍ ကမ္မံ ကရောမီတိ စ ဥဏှပါသာဏေဝါ နိပဇ္ဇာပေတုံ ပါသာဏိဋ္ဌကာဒီနိဝါ သီသေ နိက္ခိ ဒါပေဘုံ, ဥဒကံဝါပ- သေတုံ န ဝဋ္ဋတိ … ငါ ဒဏ်ပေးဘယ်ဆိုတဲ့ အနေမျိုးဖြင့် ကျောက်ဖျာအပူပေါ် အအိပ်ခိုင်းခြင်း, ကျောက် အဌ်ခဲ စသည်တို့ကို ဦးခေါင်းပေါ် ချထားစေခြင်း, ရေထဲနှစ်ခြင်း အမှုမျိုးကို မပြုရ။

ရဟန်းများလည်း ဒဏ်ထမ်း။

r

-

။ယထာ စ သာမဏေရာနံ၊
ဧဝံ သဒ္ဓိဝိဟာရိကန္တေဝါ- သိကာနံပိ ဒဏ္ဍကမ္မံ ကာတုံ ဝဋ္ဋတိ= သာမဏေများအား ဒဏ်ပေးထိုက်သကဲ့သို့ ထို့အတူ ဥပဇ္ဈာယ်ယူနေသော သဒ္ဓိ- ဝိဟာရိကတပည့်, နိဿယည်းယူနေ စာတက်နေ့, ကမ္မဝါစာ ဖတ်ပေးရသော အန္တေဝါသိကတပည့်တို့အားလည်း ဒဏ်ပေး မှုကို ပြုနိုင်သည်။ [ဒဏ် ၁၀-ပါးတွင် သိက္ခာပုဒ် ၅-ပါးကို ရွှေ့၌ ပြခဲ့ပြီ၊ “လာဘ်မရအောင် အားထုတ်ခြင်း” စသော နောက် ၅-ပါးလည်း ပြခဲ့သော အကျဉ်းမျှဖြင့် သိသာ ထင်ရှားပြီ။]

မှတ်ချက်။ ။ပါဠိတော်၌ ၅-ပါး, အဋ္ဌကထာ၌ ဝိကာလ ဘောဇနစသော ၅-ပါး တိုက်ရိုက်လာသော

## PAGE 197
<!-- 9 paragraphs, raw extraction -->

၁၈၂

ရုပ်ပုံ ရှင်ကျင့်ဝတ်

ကြောင့် ဤ၌ ဒဏ် ၁၀-ပါးကို ပြထားခြင်းဖြစ်၏၊ ဤ ၁၀-ပါးအပြင် သေခိယသိက္ခာပုဒ် စသည်ကို မကျင့်လျှင်လည်း ဒဏ်ထိုက်ကြောင်း ပြဦးလတ္တံ့။

ပစ္စဝေက္ခဏာနှင့် စပ်၍

သီလ ၄-ရပ်ပါ မှတ်သားဘွယ်

သီလ၄-မျိုး။ ။“သီလ”ဟူသည် ကိုယ်နှုတ်စိတ်တို့ကို (အကု သိုလ်အပြစ်မဖြစ်အောင်)ထိန်းသိမ်းစောင့်

စည်းရကြောင်း အကျင့်ကောင်းတမျိုးတည်း၊ ထိုသီလသည် ရဟန်းတော်များနှင့် (တချို့သီလများ၌) ရှင်သာမဏေများ အတွက် ၄-မျိုးရှိ၏၊ ပါတိမောက္ခသံဝရ သီလ, ဣန္ဒိယသံဝရ သီလ, ပစ္စယသန္နိဿိတ သီလ, အာဇီဝပါရိသုဒ္ဓိ သီလ။
ပါတိမောက္ခ သီလ။ ။ထိုတွင် ဝိနည်းပါဠိတော်၌ လာသော (အာဇီဝပါရိသုဒ္ဓိသီလ တချို့မှတပါး သော) သီလသည် ပါတိမောက္ခသံဝရသီလ မည်၏၊ ထိုသီလ များတွင် သေခိယသိက္ခာပုဒ် နောက်၌ ပြမည့် ခန္ဓကဝတ် များနှင့် သုက္ကဝိဿဋ္ဌိ ကာယသံသဂ္ဂ စသော သိက္ခာပုဒ်တချို့ ကို သာမဏေများလည်း စောင့်ထိန်းရမည်သာ၊ မစောင့် ထိန် နိုင်လျှင် ဒဏ်ထိုက်၏၊ ဤသီလ၌ သဒ္ဓါသည် ပဓာနဖြစ်၏၊
သဒ္ဓါ တရားရှိသူသာ ဤသီလကို လုံခြုံအောင် စောင့်ထိန်း နိုင်သည်။

"

ဝိမတိ။ ။အာဘိသမာစာရိကေသု ဝိနေတဗ္ဗောတိ ဣမိနာ “သေခိယဝတ္တ ခန္ဓကဝတ္တေသု အညေသု စ သုက္က ဝိဿဋ္ဌိအာဒိ လောကဝဇ္ဇသိက္ခာပဒေသု ၊ သာမဏေရေဟိ

## PAGE 198
<!-- 7 paragraphs, raw extraction -->

ဆရာများအတွက် မှတ်ဘွယ်

၁၈၃

ဝတ္တိတတ္ထံ၊ တတ္ထ အဝတ္တမာနော အလဇ္ဇီ ဒဏ္ဍကမ္မာရဟော စ ဟောတီ”တိ ဒဘိ။ (မဟာဝဂ္ဂ, ပဗ္ဗဇ္ဇခန္ဓကဝိနိစ္ဆယ။)

ဣန္ဒိယသံဝရ သီလ။ ။စက္ခုန္ဒြေ သောတိန္ဒြေယာနိန္ဒြေ ဇိဝိန္ဒြေ ကာယိန္ဒြေ မနိန္ဒြေ (မျက်စိ

နား, နှာ, လျှာ, ကိုယ်,စိတ်) အားဖြင့် ဣန္ဒြေ ၆-ပါးနှင့်စပ်၍ အကုသိုလ်မဖြစ်ရအောင် (လှပသော အဆင်းကို မြင်လျှင် အဘိဇ္ဈာ တဏှာ မဖြစ်ရအောင်, ဆိုးဝါး ကြောက်မက်ဘွယ် အဆင်းကိုမြင်လျှင် ဒေါသ ဒေါမနဿ မဖြစ်ရအောင် ဤသို့ စသည်ဖြင့်) စောင့်စည်းမှုကို ဣန္ဒိယသံဝရ ဟု ခေါ်၏၊ ဤ ဣန္ဒိယသံဝရသီလ၌ သတိသည် ပဓာနဖြစ်၏၊ သတိတရား အမြဲထားသူမှ လုံခြုံအောင် စောင့်စည်းနိုင်သည်၊ ကမ္မဋ္ဌာန်း တမျိုးမျိုးကို အမြဲကြိုးစားနေသော ပုဂ္ဂိုလ်များ၌ကား ဤ သီလ လုံခြုံလျက် ရှိတတ်ပါသည်။

ဟု

အာဇီဝပါရိသုဒ္ဓိ သီလ။ ။အသက်မွေး ဝမ်းကျောင်းမှုကို “အာဇီဝ” ခေါ်၏၊ မတရား သောနည် ဖြင့် ပစ္စည်းဥစ္စာရှာ၍အသက်မွေးလျှင်“မိစ္ဆာဇီဝ== မှားယွင်းသော အသက်မွေးခြင်း” မည်၏။ ဒကာ ဒကာမတို့ အား သစ်သီးပေးခြင်း ပန်းပေးခြင်း, ပစ္စည်းတစုံတရာပေး ခြင်းကြောင့် လူတို့က ပြန်၍လှူလျှင် ထိုလှူအပ်သောပစ္စည်း ကို ရသောပုဂ္ဂိုလ်သာမက တသာသနာလုံး မသုံးစွဲကောင်း တော့ချေ၊ ကြည်ညိုအောင် ဟန်လုပ်ခြင်း, လှူချင်အောင် သွယ်ဝိုက်၍ စကားပြောခြင်း, မလှူဘဲမနေနိုင်အောင်အတင်း အကြပ်တောင်းခြင်းကို အလှူခံခြင်း စသည်ကြောင့်
