

## PAGE 214
<!-- 9 paragraphs, raw extraction -->



ဘိက္ခုနံ၊ ရဟန်းတို့၏။ အလာဘာယ၊ လာဘ်မရခြင်းငှါ။
ပရိသက္ကတိ၊ အားထုတ်၏။ ဘိက္ခူနံ၊ ရဟန်းတို့၏။ အနတ္ထာယ၊
အကျိုးမဲ့ဖြစ်ခြင်းငှါ။ ပရိသက္ကတိ၊ အားထုတ်၏။ ဘိက္ခုနံ၊
ရဟန်းတို့၏။ အဝါသာယ၊ နေမြဲကျောင်း၌ မနေနိုင်ခြင်းငှါ။
ပရိသက္ကတို့၊ အားထုတ်၏။ ဘိက္ခု ၊ ရဟန်းတို့ကို။ အက္ကော- သတိ၊ ဆဲရေး၏။ ပရိဘာသတိ၊ ခြိမ်းချောက်၏။ ဘိက္ခု၊
ရဟန်းတို့ကို။ ဘိက္ခု ဟိ၊ အခြား ရဟန်းတို့နှင့်။ ဘေဒေတိ၊
ကွဲပြားအောင် ဂုံးတိုက်၏။ ဒသဟိ၊ ဆယ်ပါးကုန်သော။
ဣမေဟိ အင်္ဂေဟိ၊ဤအကြောင်းအင်္ဂါတို့နှင့်။ သမန္နာဂတဿ၊
ပြည့်စုံသော။ သာမဏေရဿ၊ သာမဏေ၏(အပေါ်၌) ။
ဒဏ္ဍကမ္မံ၊ ဒဏ်အမှုကို။ ကာတဗ္ဗ၊ ပြုထိုက်၏။

<

အနက်ပေးပုံ ရှင်းလင်းချက်

"

“ပါဏာတိပါတ-သူ့အသက်ကို ... သတ်လေ့ ရှိသည်”ဟု တလအနက်ကို သုံးစွဲကြ၏၊ သို့သော် “အလေ့”ဟူသည် တကြိမ်တခါ လွန်ကျူးခြင်း မဟုတ်, မကြာခဏ လွန်ကျူးမှ အလေ့အလာ ဝါသနာ”ဟု ဆိုထိုက်သည်၊ ဤလိင်-ဒဏ် အခဏ်း၌ကား တကြိမ်တခါ လွန်ကျူးလျှင်လည်း လိင်ကျ- ဒဏ်ထိုက်၏၊ ထို့ကြောင့် သိက္ခာပုဒ်တိုင်း၌ “အလေ့”ဟု မသုံးဘဲ သဒ္ဒါအနေလိုက်၍ ကတ္တု သာဓနနက်ဖြစ်စေ ရိုးရိုး အဿတ္ထိအနက်ဖြစ်စေ ပေးလိုက်သည်။

နစ္စ။ပ။ ဝိသူကဒဿနော-သာသနဿ အနနုလောမတ္တာ ဝိသူကံ ပဋာဏိဘူတံ ဒဿနန္တိ ဝိသူကဒဿနံ။ (သီလက္ခန် အဋ္ဌကထာ)၊ “သဗ္ဗပါပဿ အကရဏံ။ပ။ ဧတံ ဗုဒ္ဓါန

"



## PAGE 215
<!-- 9 paragraphs, raw extraction -->



"

သာသနံ”ဟူသော အဆုံးအမတော်၌ “မကောင်းမှု အားလုံး ကို မပြုရ”ဟု ဆုံးမတော်မူ၏။ နစ္စ စသည်ကို ကြည့်မှုသည် ကောင်းမှု ဖြစ်ရကား ထို အဆုံးအမတော်နှင့် မလျော် (ဖီလာ)ဖြစ်၏။

မေဂ

ဝိသူကံကို “ဝိသုစတိ သာသနံ ဝိဇ္ဈတိ-အဆုံးအမကို ထိုးဆွ သကဲ့သို့ ဖြစ်၏”ဟု ဋီကာ ဖွင့်၏၊ ပဋိဝိရုဒ္ဓံ (ဆန့်ကျင်ဘက်) ဟုလည်း အဓိပ္ပါယ် ပြ၏၊ [“ဝိသူစိကာ, သူစိ-အပ်”စသည်ကို ထောက်၍ ထိုးခြင်းအနက်၌ “ဝိသူက”ဟု ဒီဃ သင့်မည် ထင်၏၊ စာအုပ်အများ၌ကား “ဝိသုက”ဟု ရှိသည်။]

ထိုဝိသူကံကိုလည်း “ပဋာဏီဘူတံ=ပဋိ (ဆန့်ကျင်ဘက်) +အာဏီဘူတံ”ဟု ဖွင့်၏၊ အာဏီ=ကီလ(သပ်=စ္ဆိ=မယ်န)၊
ဘုရားအဆုံးအမတော်ကို ဆန့်ကျင်ဘက်ပြုလျက် သပ်ဖြင့် စို့ဖြင့် နှက်သကဲ့သို့ ကြည့်ရှု နားထောင်ခြင်း-ဟူလို၊ ဤ အဓိပ္ပါယ်ကို ရည်၍ “ဝိသူကဒဿန”ကို၎င်း “အတ္တနာ နစ္စန နစ္စာပနာဒိဝသေနကို ထောက်၍ နစ္စ ဂီတ ၀ါဒိတကို၎င်း အနက်ပေးထားသည်။

«

မှတ်ချက်။ ။သီလက္ခန်-ဥတုဝိပစ္စနီက,ပုဒ်အဖွင့်၌ “ ဝိသရုက္ခ- အာဏိ (မယ်န=စို့) ကောဋယမာနောဝိယ” ဟု အာဏီအသုံးကို တွေ့ရ၏၊ ထိုအာဏီကို “ကီလ” ဟု ဖွင့်၏၊
ကီလအသုံးကိုလည်း “ကီလ+ဥပ္ပါဠိ= လှူတိုက်၍ မပြီးသေး သော သစ်သား အခြမ်း၌ စိုက်နှက်ထားသော သပ်ကို နှုတ် သည် ” ဟု ဟိတောပဒေသ၌ တွေ့ရ၏၊ ရှေးဆရာတို့ကား “အာကီ=ငြောင့်တန်ကျင်” ဟု အနက်ပြန်ကြသည်။



## PAGE 216
<!-- 8 paragraphs, raw extraction -->



မာလာ ဂန္ဓ သိက္ခာပုဒ်၌ အနက်ပေးပုံမှာ ဆရာများ သိ ဘွယ်၌ အကျယ်ရှင်းပြသည့်အတိုင်း သိလောက်ပြီ၊ ထို့ကြောင့် ထပ်၍ ရေးဘွယ်မလို၊ ထိုအကျယ်ကို ပြန်၍ရှုပါ။

ဥစ္စာသယန မဟာသယန၌“မဟာ”အရဝယ် အထည်ဝတ္ထု ကြီးခြင်း ခမ်းနား ဆန်းကြယ်ခြင်းများ ပါဝင်၏၊ တကျိပ် ခြောက်ယောက်သော ကခြေသည်တို့ ကလောက်သော ကော် ဇောသည် ကြီး၏၊ လက်လေးသစ်ထက် အမွေးရှည်သော ကော်ဇောသည် ခမ်းနား၏၊ ပန်းပွင့် အရုပ်တို့ဖြင့် ယက်လုပ် အပ်သော ကော်ဇောသည် ဆန်းကြယ်၏၊ ထိုအားလုံး သိုး မွှေးဖြစ်လျှင် မအပ်။

«

ဇာတရူပ ရဇတပ္ပဋိဂ္ဂဟဏာ၌ – နေဝ နံ ဥဂ္ဂဏှာတိ, န ဥဂ္ဂဏှာပေတိ, န ဥပနိက္ခိတ္တံ သာဒယတိ” ဟူသော သီလက္ခန် န အဋ္ဌကထာအတိုင်း ပေးသည်၊ ပဋိဂ္ဂဟဏပုဒ်ကို ဧကသေသ် လုပ်စေလိုသည်။

ဘိက္ခူနံ အနတ္ထာယကို အဝါသာယ၏ရှေ့၌ထားခြင်းကား မဟာဝါပါဠိတော်အတိုင်း ထားခြင်းတည်း၊ အဝါသာယကို လည်း “ကိန္တိ ဣမသ္မိံ အာဝါသေ န ဝသေယျတိ ပရက္ကမတိ၊
အဘယ်နည်းဖြင့် ဤ ကျောင်းတိုက်၌ မနေနိုင်ပါ ကုန်ရာအံ့ နည်း” ဟူသော အဖွင့်အတိုင်း ပေးသည်။

လိမ်ဆယ်ပါး ဒဏ်ဆယ်ပါး ပြီး၏။
