## PAGE 22
<!-- 3 paragraphs, raw extraction -->

ခေါင်းရိတ်ခဏ်း

၇

ကမ္မဋ္ဌာန်း ရွတ်ဆို၍ ခေါင်းရိတ်ခံနေပုံ။

## PAGE 23
<!-- 4 paragraphs, raw extraction -->

ရုပ်ပုံ ရှင်ကျင့်ဝတ်

ခေါင်းရိတ်ပြီးနောက်။ ။တချို့ မိဘများသည် ရှင်လောင်း ကိုကျောင်းပို့သောအခါ ကလေး

ကို ပန်းနံ့သာတို့ဖြင့် လိမ်းကျံ ပြင်ဆင်ကာ ပို့တတ်ကြ၏၊
ထိုအခါ ကလေး၏ကိုယ်၌ လူတို့၏ အမွှေးအကြိုင် အနံ့တွေ ရှိနေရကား ဦးခေါင်းရိတ်ပြီးသောအခါ ထို အနံ့တွေ ပျောက် ကင်းအောင် ဦးခေါင်းနှင့်တကွ ကိုယ်ကို နနွင်းမှုန့်ဖြင့် ဖြစ်စေ နံ့သာမှုန့်ဖြင့် ဖြစ်စေ ပွတ်တိုက်ပေးရမည်-ဟု မဟာပါ အဋ္ဌ- ကထာ (ပဗ္ဗဇ္ဇကထာ) ၌ ဆိုထားပါသည်၊ [နံ့သာမှုန့်ဟူရာ၌ ကား သနပ်ခါးမှုန့် ပေါင်ဒါမှုန့်မျိုး စသော လူသုံးအမှုန့်မျိုး မဟုတ်တန်ရာ၊ ယခုခေတ်အတိုင်းဆိုသော် ဆပ်ပြာမွှေးဖြင့် ပွတ်တိုက်၍ ရေချိုးပေးလိုက်လျှင် လူနံ့ပျောက်သွားဘွယ် ရှိ၏၊ ဤ အချိန်မှာ နံ့သာမှုန့် စသည်ကို ပွတ်တိုက်ပေးသော် လည်း ကိုရင် မဝတ်ရသေး၍ မာလာဂန္ဓ သိက္ခာပုဒ်အရ အပြစ်မရှိသေးပါ။

နိဂုံး။ ။ဤမျှသော စကားအစဉ်ဖြင့် ဆံချခြင်းနှင့်ဆိုင်ရာ အစီအစဉ်များ ပြီးပါပြီ၊ ကလေး၏ မိဘများသည် သာသနာတော်၏ ထုံးစံအတိုင်း ကမ္မဋ္ဌာန်းရွတ်ဆိုလျက် ဆံချ (ခေါင်းရိတ်) ခံနေသော ကလေး၏ မြင့်မြတ်သော အခြေ အနေကို မရရအောင် ကြိုးစားကြပါလေ၊ သားကလေး အတွက် ဤ ကုသိုလ်ကား … နောက် သာသနာတော်ဝယ် ရဟန္တာဖြစ်ဘို့အကြောင်း အလွန်ကောင်းသော အထုံဖြစ်ပါ သည်၊ မိမိတို့ကိုယ်တိုင်လည်း ဤ အချက်ကို အလွန်နှစ်သက် ကြည်နူးပါမူ ဤ အထုံသည် မဏ္ဍပ်ကြီးထိုး၍ အလှူပေးရ ခြင်းမျိုးထက် သာလွန်သော ကုသိုလ် ဖြစ် ကြောင်း ကို ကောင်းကောင်းကြီး ယုံကြည်ကြပါလေ။

## PAGE 24
<!-- 7 paragraphs, raw extraction -->

၂-သင်္ကန်းဝဘ်ပေးခဏ်း

(ရှင်လောင်း ကျက်ရန်)

သင်္ကန်းကပ်လှူရန် ပါဠိ

သကလ ဝဒုက္ခ နိဿရဏ နိဗ္ဗာနဿ သစ္ဆိ- ကရဏတ္ထာယ ဣမံ ကာသာဝံ ဂဟေတွာ ပဗ္ဗာဇေထ မံ ဘန္တေ, အနုကမ္မံ ဥပါဒါယ။

သင်္ကန်းကပ်မြန်မာ။ ။အရှင်ဘုရား...အလုံးစုံသော ဝဋ် ဒုက္ခ၏ လွတ်မြောက်ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုပါရခြင်းအကျိုးငှါ တပည့်တော်၏လက်၌ သော ဤသင်္ကန်းကို ယူတော်မူ၍ တပည့်တော်ကို သနား စောင့်ရှောက် ချီးမြှောက်သောအားဖြင့် ရှင်သာမဏေ ပြုပေး တော်မူပါကုန်ဘုရား။

ဤသို့ဆိုပြီးလျှင် ရှင်သာမဏေလောင်း၏လက်မှာရှိသော သင်္ကန်းကို ဆရာဘုန်းတော်ကြီး၏လက်သို့ ကပ်လိုက်ရသည်။]

အမှာ။ ။မိဘစသူတို့ ဝယ်ပေးထားသဖြင့် ရှင်လောင်း သင်္ကန်းပင်ဖြစ်သော်လည်း ဆရာဖြစ်သော ဘုန်းတော် ကြီးက ဝတ်ခွင့် မပြုလျှင် မိမိဘာသာ သင်္ကန်း မဝတ်ကောင်း သောကြောင့် မိမိလက်မှာရှိသောသင်္ကန်းကို ဆရာ့ထံကပ်ပြီးမှ ပြန်တောင်း၍ ဝတ်ရသည်။
