

## PAGE 238
<!-- 9 paragraphs, raw extraction -->


ဝုဒ္ဒသ ခန္ဓကဝတ် ပါဌ်အနက်


စုဒ္ဒသ ခန္ဓကဝတ္တာနိ နာမ ခန္ဓကေ ဝုတ္တာနိ၊ကထံ … “အာဂန္တုကဝတ္တံ အာဝါသိကငတ္တံ ဂမိကဝတ္တံ အနု- မောဒနတ္တံ ဘဂ္ဂဝတ္တံ ပိဏ္ဍစာရိကဝတ္တံ အာရှညီက- ဝတ္တံ သေနာသနဝန္တံ ဇန္တာသရဝတ္တံ ဝစ္စကုဋိဝတ္တံ ဥပဇ္ဈာယဝတ္တံ သဒ္ဓိဝိဟာရိကဝတ္တံ အာစရိယဝတ္တံ အန္တေ၀ါသိငဉ္စာ”တိ ဣမာနိ စုဒ္ဒသ ခန္ဓက ဝတ္တာနိ၊ တောနိ ခ သဗ္ဗေသံ သဗ္ဗဒါ စ ယထာရဟံ ဝရှိတဗ္ဗာနိ။

ခုဒ္ဒသ၊ တဆယ့်လေးပါးကုန်သော။ ခန္ဓကဝတ္တာနိ နာမ၊
ခန္ဓကဝတ် မည်သည်တို့ကို။ ခန္ဓကေ၊ မဟာဝါ စူဠဝါခန္ဓက၌။
ဘ၀င်တာ၊ မြတ်စွာဘုရားသည်။ ဝုတ္တာနိ၊ ဟောတော်မူအပ် ကုန်ပြီ။ ကသံ ဝုတ္တာနိ၊ အဘယ်သို့ ဟောတော်မူအပ်ကုန်

သနည်း။

5030

ဂဠုကဠ၊ အာရာမ်တွင်းသို့ မဝင်မီ ဘိနပ်ချွတ်ခြင်း တီးချုပ်ခြင်း ဦးခေါင်းခွံကိုခြင်း ဦးခေါင်း၌ တင်အပ်သော အင်္ကန်းကို ပခုံးသို့ချခြင်း အာငါသိက ရဟန်းကြီးကို ခိုးခြင်း သော အာဂန္တုက ရဟန်းသာမဏေတို့ ပြုရာသောဝတ်၎င်း။
အာဒါဘိကဉ္စ၊ အာဂန္တုက ရဟန်းကြီးကို မြင်လျှင် ခရီးဦး ကိုဆိုခြင်း သပိတ်သင်္ကးကို လှမ်းယူခြင်း အာဂန္တုက ရဟန်းကြီးကို ရှိခိုးခြင်း ဆေးရေ ခြေဆေးအင်းပျဉ် စသည်ကို အနီး၌ထားခြင်း သော အာဝါသိက ရဟန်း သာမဏေတို့ ပြုစုသော နှုတ်၎င်း။

E



## PAGE 239
<!-- 9 paragraphs, raw extraction -->



ဂမိကဝတ္တဉ္စ၊ သစ်ဘဏ္ဍာမြေဘဏ္ဍာစသည်တို့ကို သိုမှီးခြင်း တံခါးမ ငလသာတံခါးတို့ကို ပိတ်ခြင်း ပန်ပြော၍ သွားခြင်း စသောခရီးသွားအံ့သော ရဟန်း သာမဏေတို့ ပြုရာသော ဝတ်၎င်း။

အနုမောဒနဝတ္ထု၊ မထေရ်ကြီး တရားဟောခြင်း မထေရ် ကြီးက တိုက်တွန်းမှ ဟောခြင်း ပန်လျှောက်၍ ဟောခြင်း စသော တရားဟောရာ၌ ပြုရာသော ဝတ်၎င်း။

ဘတ္တဂ္ဂဝတ္ထု၊ တရားဟောခြင်း ရဟန်းတို့ကို တိုး၍ မနေထိုင်ခြင်း ရဟန်းငယ်တို့ကို နေရာဖြင့် မတားမြစ်ခြင်း စသော ဆွမ်းစားစရပ်၌ ပြုရာသော ဝတ်၎င်း။

ပိဏ္ဍစာရိကဝတ္တဉ္စ၊ သစ်ဘဏ္ဍာမြေဘဏ္ဍာ စသည်တို့ကို သိုမှီးခြင်း သပိတ်ကို ရေကျင်းခြင်း ခါးပန်းကိုဖွဲ့ခြင်း သင်းပိုင် ကိုယ်ဝတ်သင်္ကန်းတို့ကို အဝန်းညိစ္စာ ဝတ်ရုံခြင်း သေခိယနှင့် အညီသွားခြင်း မနှေးမလျင် ရွာတွင်းသို့ဝင်ခြင်း မရှည်မကြာ ရပ်ခြင်း စသော ဆွမ်းခံ ရဟန်း သာမဏေတို့ ပြုရာသော ဝတ်၎င်း။

အာရညိကဝတ္တဉ္စ၊ သောက်ရေ သုံးရေ တည်ထားခြင်း မီးပွတ်ခုံပွတ်ကျည် တောင်ဝှေးထားခြင်း အရပ်လေးမျက်နှာ တာရာနက္ခတ်တို့ကို မှတ်သားခြင်း စသော တောနေ ရဟန်း သာမဏေတို့ပြုရာသော ဝတ်၎င်း။

သေနာသနဝဉ္စ၊ ညောင်စောင်းအင်းပျဉ် အိပ်ရာနေရာ တို့ကို တံမြက်လှည်းခြင်း စသော ကျောင်း၌ ပြုရာသော ဝတ်၎င်း။

L



## PAGE 240
<!-- 8 paragraphs, raw extraction -->



ဇန္တာသရဝတ္ထု၊ ပြာကိုစွန့်ခြင်း တံမြက်လှည်းခြင်းစသော ချွေးဧရုံးအိမ်၌ ပြုရာသော ဝတ်၎င်း။

ဝစ္စကုဋိဝတ္တဉ္စ၊ ချောင်းဟန့်ခြင်း, သင်္ကန်းတန်း၌ သင်္ကန်း ကို တင်၍ မနှေး မလျင် ဝင်ခြင်း, သင်းပိုင်ကိုပင့်၍ မဝင်ခြင်း နင်းခုံ၌ နင်းပြီးမှ သင်းပိုင်ကို ပင့်ခြင်း ကြမ်းသော ကနုတံ စသည်ဖြင့် မသုတ်ခြင်း, သန့်သက်ရေ ဆေးခြင်း, နင်းခုံ၌ နင်းလျက် သင်းပိုင်ကို ဖုံးလွှမ်းခြင်း စသော ကျင်ကြီးအိမ်၌ ပြုရာသော ဝတ်၎င်း။

ဥပဇ္ဈာယဝတ္တဉ္စ၊ နံနက်စောစော ထ၍ ကိုယ်ဝတ်ကို လက် ကတော့ တင်၍ မျက်နှာသစ်ရေ ဒန်ပူကပ်ခြင်း, ယာဂုဆွမ်း ကပ်ခြင်း, သပိတ် ခွက် ဆေးခြင်း ကျောင်း အိပ်ရာနေရာတို့ကို သုတ်သင်ခြင်း နေလှန်းခြင်း တံမြက်လှည်းခြင်း နေရာခင်း ခြင်း စသည်ဖြင့် ဥပဇ္ဈာယ်ဆရာ၌ သဒ္ဓိဝိဟာရိက တပည့်တို့က ပြုရာသော ဝတ်၎င်း။

သဒ္ဓိဝိဟာရိကဝတ္တဉ္စ၊ သင်္ဂြိုဟ် ထောက်ပင့် ချီးမြှင့်ခြင်း စသည်ဖြင့် သဒ္ဓိဝိဟာရိက တပည့်တို့၌ ဥပဇ္ဈာယ်ဆရာက ပြုရာ သော ဝတ်၎င်း။

အာစရိယဝတ္တဉ္စ၊ နံနက်စောစောထ၍ ကိုယ်ဝတ်ကို လက် ကတော့တင်၍ မျက်နှာသစ်ရေ ဒန်ပူ ကပ်ခြင်း, ယာဂုဆွမ်း ကပ်ခြင်း သပိတ် ခွက် ဆေးခြင်း ကျောင်း အိပ်ရာနေရာတို့ကို သုတ်သင်ခြင်း, နေလှန်းခြင် နေရာခင်းခြင်း စသည်ဖြင့် ဆရာ လေးပါးတို့၌ တပည့်လေးပါးတို့က ပြုရာသော ဝတ်၎င်း။

၁၅-ပ-မ-သ-စ
