## PAGE 25
<!-- 3 paragraphs, raw extraction -->

၁၀

ရုပ်ပုံ ရှင်ကျင့်ဝတ်

ဆရာဘုန်းတော်ကြီးအား သင်္ကန်းကပ်နေပုံ။

## PAGE 26
<!-- 9 paragraphs, raw extraction -->

သင်္ကန်းဝတ်ပေးခဏ်း

(ရှင်လောင်း ကျက်ရန်)

၁၁

သင်္ကန်းတောင်းပါဠိ။ ။သကလ ဝဒုက္ခ နိဿရဏ နိဗ္ဗာ- နဿ သစ္ဆိကရဏတ္ထာယ ဧတံ ကာသာဝံ ဒတွာ, ပဗ္ဗာဇေထ မံ ဘန္တေ, အနုကမ္မံ ဥပါဒါယ။

သင်္ကန်းတောင်းမြန်မာ။ ။အရှင်ဘုရား….အလုံးစုံသော ပဋိ ဒုက္ခ၏ လွတ်မြောက်ရာ နိဗ္ဗာန် ကို မျက်မှောက် ပြုပါရခြင်းအကျိုးငှါ အရှင်ဘုရားလက်၌ ရှိသော ထိုသင်္ကန်းကို ပေးတော်မူ၍ တပည့်တော်ကို သနား စောင့်ရှောက် ချီးမြှောက်သောအားဖြင့် ရှင်သာမဏေ ပြုပေး တော်မူပါကုန်ဘုရား။

ဤသို့ ဆိုစေပြီးလျှင် ဆရာက မိမိလက်မှာရှိသောသင်္ကန်း ကို ရှင်လောင်းအား ပေးလိုက်ရသည်။]

<

အမှာ။ ။ဤသင်္ကန်းကပ်နှင့် သင်္ကန်းတောင်းကိစ္စသည် အရေးကြီးသောကိစ္စ မဟုတ်သေးပါ၊ ဘာမျှ အထူးမဆိုဘဲ ဆရာက “ဝတ်တော့” ဟု ခွင့်ပြုလိုက်လျှင်ပင် ကိုယ့်ဘာသာ ဝတ်ကောင်းပါသည်၊ ထိုင်ကြောင့် ဤသင်္ကန်း ကပ်မှ သင်္ကန်း တောင်းမှုကို မြန်မာလို ဆိုနိုင်သည်ဟု ယုံကြည်စွာ မှတ်ပါလေ၊
ကျက်ချိန်ရသော ကလေးများကို မြန်မာလိုသာ ကျက်ပါစေ၊
ကျက်ချိန်မရသော ကလေးတို့အား မြန်မာလိုသာ ချပေး ကြပါလေ၊ သို့သော် ပါဠိကို ဆိုစေရမှ ကျေနပ်မည့် ပုဂ္ဂိုလ် များအတွက် ပါဠိကို အထက်က ပြထားပါသည်။

ESOR

## PAGE 27
<!-- 7 paragraphs, raw extraction -->

၁၂

ရုပ်ပုံ ရှင်ကျင့်ဝတ်

(ရှင်လောင်း ကျက်ရန်)

ချမ်းပူကို ပယ်ဖျောက်၍ အရှက်အကြောက်ကို ဖုံးလွှမ်းခြင်းငှါ ဤသင်္ကန်းကို ဝတ်ရုံပါ၏။

အေး

သင်္ကန်းဝတ်ခါနီး ဩဝါဒ။ ။သင်္ကန်းကို ရှင်လောင်းအား ပေးပြီးနောက် သင်္ကန်းဝတ် ခါနီး၌ ဆင်ခြင်ဘို့ရန် ဆရာက ပြောပြဘွယ် ရှိပါသေးသည်၊
(နာမည်ကို ခေါ်၍) မောင်ဌေး ..ဤသင်္ကန်းသည် အပူကိုလည်း ကာကွယ်နိုင်၏၊ မှက် ခြင် လေ နေတို့ကိုလည်း ကာကွယ်နိုင်၏၊ သင်္ကန်းမဝတ်ဘဲ ကိုယ်တုံးလုံးနေလျှင် ရွက် စရာ ကိုယ်အင်္ဂါတွေ ပေါ်နေ၏၊ ထိုရှက်စရာ ကိုယ်အင်္ဂါကို လည်း ဤသင်္ကန်းသည် ဖုံးထားနိုင်၏၊ ထိုအး, အပူ လေ နေတို့နှင့် ရှက်စရာ ကိုယ်အင်္ဂါကို ကွယ်ကာဖုံးလွှမ်းဘို့ရာ ဤ သင်္ကန်းကို ဝတ်ရုံပါသည်၊ လှပအောင် ဝတ်ဆင်ခြင်း မဟုတ် ပါ-ဟု စိတ်ထဲမှာ ဆင်ခြင်ပါ၊ ဒီလို ဆင်ခြင်ပြီးဝတ်မှ အပြစ် လွတ်ကင်းတယ်။
သင်္ကန်းဝတ်ပုံ။ ။ အထက်၌ ပြထားသော စကား အတို ကလေးအတိုင်း စိတ်ကလည်း ဆင်ခြင် နှုတ်ကလည်း ရွတ်စေပြီးမှ သင်္ကန်းကို ဝတ်ပါစေ၊
ကိုယ်တိုင် ဝတ်ပေးဘို့ရန် အားလပ်ခွင့် ရပါလျှင်လည်း ကိုယ် တိုင် ဝတ်ပေးပါ၊ သို့မဟုတ် ကောင်းမွန်စွာ ဝတ်ပေးတတ် သော ရဟန်း, ကိုရင်, လူဝတ်ကြောင်တယောက်ယောက်ကို ဝတ်ပေးဘို့ရန် စေခိုင်းပါ၊ သို့မဟုတ် ရှင်သာမဏေလောင်း ကိုယ်တိုင် ညီညွှတ်စွာ ဝတ်တတ်လျှင်လည်း “ဝတ်တော့”ဟု ခွင့်ပြုလိုက်ပါ။

ဆရာ
