

## PAGE 250
<!-- 4 paragraphs, raw extraction -->


အောင်ပွဲကျင်းပခြင်းနှင့် တူလေရကား မည်သည့် သူတော်စင်မဆို ဤလမ်းစဉ်ဖြင့် တက်၍ ထိုမဂ်, ထိုဖိုလ်ကို ကိုယ်တိုင်ရအောင် ကြိုးစားနိုင်ကြပါစေ သတည်း။

သန္တော သီလသုနှာတော စ၊ သုသန္နဒ္ဓ တိစီဝရော။
ဘူသိတော သေသဓုတေဟိ၊ တိက္ခဝိပဿနာဝုဓော။
ဂစ္ဆတေ သော အမတံ ပါရုံ၊ ဆေတွာ မာရံ သဝါဟနံ။
(သဝါဟိနိ-ဟုလည်း ပြင်ကြ၏။)

သန္တော၊ ရိုးသားဖြောင့်မတ် စိတ်ဓာတ်ကြည်လင် အစဉ် မြေ ငြိမ်သက်သူလည်း ဖြစ်ထသော။ သီလသုနှာတော စ၊
စတုပါရှိ သုဒ္ဓိ ၄-ဖြာ သိက္ခာရေမိုးကို ချိုးပြီးလည်း ဖြစ်ပေ ထသော။ သုသန္နဒ္ဓတိစီဝရော၊ တိစီဝရိုက် သင်္ကန်းတည်း ဟူသော ချပ်ပန်းမိန်ညိုကို စိုစိုပြေပြေ ဝတ်ဆင်ပြီးလည်း ဖြစ်ပေထသော။ သေသခုတေဟိ၊ ကြွင်းကျန်အများ ဓုတင် တဆယ့်နှစ်ပါးတို့ဖြင့်။ ဘူသိတော၊ ကိုယ်လုံးမလပ် ရှစ်ပတ် ပြုပြင် တန်ဆာဆင်အပ်ပြီးလည်း ဖြစ်ပေထသော။ သော ကုလပုတ္တော၊ ထိုအမျိုးကောင်းသား ယောက်ျားကောင်းပီ ဇာနည်မရုံ သာကီညွန့်သည်။ တိက္ခဝိပဿနာဝုဓော၊ ထက် မြက်လျင်မြန် အမြင်သန်သည့် ဝိပဿနာဉာဏ်စက် သန်လျက် ကို အချက်ကျစွဲကိုင်တော်မူပြီးလျှင်။ သဝါဟနံ၊ နောက်လိုက် နောက်ပါ ဝဲယာထောင်သောင်း စစ်သည်အပေါင်းနှင့် တကွ ဖြစ်သော။ မာရံ၊ တထောင့်ငါးရာ ကိလေသာမာရ် သူပုန်ရန် ကို။ ဆေတွာ၊ ကြွင်းမဲ့ဥဿုံ အလုံးစုံကို အကုန်သတ်ညှဉ်း



## PAGE 251
<!-- 4 paragraphs, raw extraction -->



အောင်တပ်ခင်းပြီး၍။ အမတံ ပါရီ၊ နဂိုရ်အနေ စိုပြေပြေနှင့် အို သေ မရှိ သန္တိသုခ ကမ္ဘာ့အမြုတေ အငူဘွေနန်း ဟိုဘက် ကမ်းသို့။ ဂစ္ဆတေ၊ တဖန်မဆန်း မပြန်တမ်းဖြင့် စံမြန်းစိုးစံ လေတော့သတည်း။

ဓုတင်တဆယ့်သုံးပါး ပါဌ်အနက် ပြီး၏။



## PAGE 252
<!-- 5 paragraphs, raw extraction -->


ပဋိသန္ဓေအသစ်။ ။ဆရာ့ထံ၌ သားငယ်ကို အပ်နှံခြင်းသည် ဘဝအသစ်၌ ပဋိသန္ဓေအသစ် ယူစေ ခြင်းနှင့် တူ၏၊ လူ့ဘဝ၌ ပဋိသန္ဓေနေသူသည် မိမိဖြစ်ရာအမျိုး ၏ ရိုးရာလိုက်၍ စားသောက်နေထိုင် ကျင့်ကြံလေ့ ရှိသကဲ့သို့ ဆရာကောင်းထံ အပ်နှံမိလျှင် ဆရာကောင်း၏ အတုလိုက်၍ ဆရာ မကောင်းထံ အပ်နှံမိလျှင်လည်း ထိုဆရာ မကောင်း၏ ထုံးစံကိုသာ လိုက်မိတော့သည်၊ ထို့ကြောင့် ကျနစွာ သင်ပြ မပေးတတ်သော ဆရာ့အထံ၌ နေမိခြင်းသည် အမျိုးညံ့မှာ ပဋိသန္ဓေ နေမိခြင်းနှင့် တူ၏၊ ကျနစွာ သင်ပြပေးတတ်သော ဆရာ့အထံ၌ နေမိခြင်းကား အမျိုးကောင်း မိဘကောင်း ထံမှာ ပဋိသန္ဓေ နေမိခြင်းနှင့် တူသည်။

အဋ္ဌကထာ။ ။ပဗ္ဗဇ္ဇာ ဟိ နာမေသာ ပဋိသန္ဓိဂ္ဂဟဏသ ဒိသာ။ ယထာ မနုဿာ ယတ္တ ပဋိသန္ဓေ ဂဏှန္တိ၊ တေသံယေဝ ကုလာနံ အာစာရံ သိက္ခန္တိ၊ ဝံ ဘိက္ခူပိ (သာမဏေရာပိ) ယေသံ သန္တိကေ ပဗ္ဗဇန္တိ၊ တေသံယေဝ အာစာရံ ၀ဏှန္တိ။ [သဠာယတနသံယုတ်, အာသီဝိသဝဂ္ဂ စတုတ္ထသုတ်။]

°

ကျနစွာ သင်ပေးပါ။ ။ထို့ကြောင့် ဤရှင်ကျင့်ဝတ်၌ ပြခဲ့ သည့်အတိုင်း ကျနစွာ သင်ပေး၍ သင်ပြသည့်အတိုင်းလည်း လိုက်နာသော ရဟန်း သာမဏေ များသာ “ဆရာကောင်း တပည့်, တပည့်ကောင်း ဆရာ”ဟု
