

## PAGE 253
<!-- 9 paragraphs, raw extraction -->



ဆိုထိုက်ပါသည်၊ ထိုသို့ သင်ပြ လိုက်နာကြမှလည်း မယ်တော် ခမည်းတော်များနှင့် ရှင်ရဟန်း ဒါယကာ ဒါယိကာမတို့မှာ သာသနာပြုရကျိုး နပ်ပါလိမ့်မည်။

သင်မပေးလျှင် အပြစ်။ ။ထိုသို့မသင်ပြ မလိုက်နာကြလျှင် ကား သံကို သံဖျက် သံချေးတက်

သို့ သာသနာတော်ကို သာသနာ့ဝန်ထမ်း ရဟန်းသာမဏေ များနှင့် မိဘ ဒကာ ဒကာမများသည်ပင် ဖျက်ဆီးနေကြရာ ရောက်ပါလိမ့်မည်၊ ထို့ကြောင့် သာသနာတော်၏ အရေးကို ကလေးကစားသလို မလုပ်ကြဘဲ မလုပ်နိုင်လျှင် ဘာသိ ဘာသာ နေ၊ လုပ်လိုလျှင်ကား လုပ်လိုလျှင်ကား လေးလေးစားစား ပြုလုပ်ကြ ပါရန် လေးနက်စွာ တိုက်တွန်းပါသည်။

နိဂုံးချုပ်ချိန်။ ။ဤ ရုပ်ပုံရှင်ကျင့်ဝတ်၏ ကျမ်းပြီးနိဂုံးကို ကမ္ပတ်ဖုံးချိန်ကား (သာသနာနှစ် ၂၄၉၇

တပို့တွဲလဆန်း ဂ-ရက်) ဆဋ္ဌသံဂါယနာတင် စီစဉ်ရေးအတွက် ဩဝါဒါစရိယနှင့် ဝန်ဆောင်ဆရာတော်များ မီးရထားဖြင့် မန္တလေးမှ ရန်ကုန်သို့ ကြွသွားနေချိန် ဖြစ်၏၊ ရထားလမ်း တလျှောက်၌ မြို့နယ်ဆိုင်ရာ အရာရှိကြီးများနှင့် နယ်သူ နယ်သား လူအများတို့ အားရဝမ်းသာ ဆီးကြိုဖူးမျှော်၍ ပေးလှူပူဇော်ကြသည်မှာ သာသနာရေးအတွက် အားတက် စရာကြီး ဖြစ်ပါပေသည်။

စဉ်းစားမိခြင်း။ ။သို့သော် ယနေ့အတွက် စားသောက် ချင်စဘွယ် အသွယ်သွယ် ရှိနေစေကာမူ

နက်ဖန် သဘက် အရေး မြှော်တွေး၍ စိတ်မအေးရသေးလျှင် ပျော်ရွှင် မြိန်ရှက်စွာ မစားသောက်နိုင်သော မိဘကဲ့သို့



## PAGE 254
<!-- 7 paragraphs, raw extraction -->



ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အစိုးရပိုင်းက ကိုင်းရှိုင်း လေးစားချိန်မှာ တခမ်းတနား ခရီးသွား၍ အများဖူးမျှော် အပူဇော်ခံရသော်လည်း တကွက်ကျော် ၂-ကွက်ကျော် မြှော် ၍ မြှော်၍ ကြည့်သောအခါ သာသနာတော်နှင့် စပ်လျက် မြိန်ရှက်ဘွယ်ရာကို မမြင်ရသဖြင့် လက်ရှိအပူဇော်ခံရသည် ကိုလည်း ဟန်လှပြီဟု မမှတ်ထင်နိုင်သေးပါ။

တင်ပြစရာအဖြာဖြာ။ ။ဤနေရာဝယ် ကမ္ဘာ့ပတ်ဝန်းကျင် နှင့် ပြည်တွင်းမငြိမ်မသက် ဖြစ်နေမှု

များကို အရေးကြီးသော်လည်း “မိုးပြိုအများနှင့်” ဖြစ်ရမည့် ကိစ္စဖြစ်၍ မစိစစ်လိုပါ၊ သာသနာတော်သက်သက်နှင့်ဆိုင် သော လက်ရှိအခြေမှန်ကိုသာ ဝေဘန်တင်ပြလိုပါသည်။
၁။ များစွာသော ကျေးရွာ နယ်ပယ်တို့၌ သီတင်းသုံး တော်မူကြသော ဘုန်းတော်ကြီးများ၏ ဩဇာ အာဏာသည် မြန်မာဘုရင်များ၏ လက်ထက်ကို မဆိုထားဘိ အင်္ဂလိပ်အုပ်စိုးခိုက်ဖြစ်သော အနှစ် ၄ဝ ကျော်လောက် အချိန်က ရရှိနေသလောက်မျှ အရှိန် အဝါ မရှိ သိသိသာသာကြီး ဆုတ်ယုတ်နေလေပြီ၊
ဤအချက်၌ “ရှေးလက်ထက်က ဩဇာရှိ၍ ယခု ဘာ့ကြောင့် မရှိရသလဲ”ဟု နက်နက်နဲနဲ စဉ်းစားရ ပေမည်။

"

´က) ရှေးက ကျောင်းထိုင် ဘုန်းတော်ကြီးများသည် အနေ အထိုင်အားဖြင့် ရပ်သူရွာသား လူအများတို့ လေးစား ကျေနပ်လောက်အောင် ဣန္ဒြေသိက္ခာကို ဆောင် တော်မူနိုင်ကြပေသည်၊ ယခုသော်ကား အများ



## PAGE 255
<!-- 6 paragraphs, raw extraction -->



အားဖြင့် ထိုသို့ လေးစား ကျေနပ် လောက်ပါသေး

၏လော။

( ခ ) ရှေးက ဘုန်းတော်ကြီးများသည် ရပ်သူရွာသား ကလေးများကို ယဉ်ကျေးလိမ်မာအောင် ဆုံးမ၍ အတတ်ပညာကိုလည်း ( လုံးလုံး အခမဲ့ တက်မေတ္တာ စေတနာဖြင့်) သင်ပေးတော်မူခဲ့ကြ၏၊ ယခုအခါ၌ ကား ဘုန်းတော်ကြီးများ၏ ကျောင်း၌ စာသင်ယူ မည့် ကလေးများပင် ရှားပါးနေတော့သည်။

( ဂ ) ဘုန်းတော်ကြီး ကျောင်း၌ စာသင်ယူမည့် ကလေး များ ရှားပါးခြင်း၏ အကြောင်းမှာလည်း ဘုန်းကြီး များက သင်မပးလိုကြ၍ မဟုတ်၊ “ဘုန်းတော်ကြီး ကျောင်းမှ ထွက်လာသော ကလေးများသည် များ သောအားဖြင့် အောက်ကျ နောက်ကျ ရှိကြ၏” ဟု ယူဆ၍ ဘုန်းကြီးကျောင်းထွက် မိဘများကိုယ်တိုင်က မိမိသားကို မထားလိုကြတော့ခြင်းကြောင့် ဖြစ်ဟန် တူလေသည်။ (ဝမ်းနည်းဘွယ် ကောင်းလေစွ။) ၂။ တဖန်...မြို့ကြီးမြို့ငယ် အသွယ်သွယ်ရှိ ဘုန်းတော်ကြီး များ၏ ဩဇာအာဏာကို စဉ်းစားကြဦးစို့၊ အနည်း ငယ်သော ဆရာတော်များမှ တပါး အများအပြား ဘုန်းတော်ကြီးတို့မှာ ဩဇာအာဏာများကို မဆို ထားဘိ, လူကြီး လူကောင်း ဆိုသူများ၏ လေးစား ရိုသေခြင်းကို ခံရဘို့ ခဲယဉ်းလေတော့သည်၊ ထိုသို့ ဖြစ်ရာ၌ အကြောင်းကား အသို့ပါနည်း—
