

## PAGE 256
<!-- 8 paragraphs, raw extraction -->



ယခုအချိန်မှာ အထက်တန်းစားဟု ဆိုသော ကုန် သည်များနှင့် အစိုးရ အမှုထမ်းတို့သည် များသော အားဖြင့် ဘုန်းကြီးကျောင်းထွက်များ မဟုတ်ကြ၊
တချို့ကမူ ဘာသာခြား စာသင်ကျောင်းထွက်လည်း ဖြစ်ကြလေသေး၏။

I

ထို ဘာသာခြား … စာသင်ကျောင်းထွက် များသည် ငယ်စဉ်ကပင် ဗုဒ္ဓဘာသာ တရားဓမ္မ လုပ်ငန်းကိစ္စ ဟူသမျှနှင့် မျက်နှာ စိမ်းခဲ့ကြခြင်း၊ သူတို့ဆရာကြီး များ၏ မေတ္တာကရုဏာကို ခံယူခဲ့ရခြင်းတို့ကြောင့် ကြီးရင့်သောအခါ ဗုဒ္ဓဘာသာကို မစွန့်သော်လည်း ဗုဒ္ဓဘာသာဝင် အရှင်ကောင်း အရှင်မြတ်များကို ဆည်းကပ်မိဘို့မှာ လွန်စွာပင် ခဲယဉ်းတော့သည်၊
ကြုံကြိုက်သော သာမန် ဘုန်းကြီးများကိုသာ ကိုး ကွယ် ဆည်းကပ်ကြရသည့် အတွက်လည်း ဗုဒ္ဓဘာသာ အပေါ်မှာ လေးနက်သော စိတ်ကို မထားတတ်ကြ

တော့ချေ။

ယခု လွတ်လပ်ပြီးသော ပြည်ထောင်စု မြန်မာနိုင်ငံ တော်၌ကား ထို ဘာသာခြားစာကို သာ၍ပင် အား ကျ ပါးကျ ၊ သင်ယူ နေကြ သေး၏၊ ပစ္စည်းဥစ္စာ အထက်တန်းကျလေ ဘာသာခြားကျောင်း၌ အထား များလေ ဖြစ်၏၊ လက်ရှိ အခြေအနေကို စဉ်းစားရ လျင်လည်း နိုင်ငံတော်အစိုးရ အဆက်ဆက်သည် ထို ဘာသာခြား ပညာတတ်တွေသာ ဖြစ်ဘွယ်ရှိနေ ပေသည်။ သို့ဖြစ်၍ ဘာသာခြားစာပေကို သင်သည့်

၁၆---------



## PAGE 257
<!-- 6 paragraphs, raw extraction -->



အတွက် အပြစ်မဆိုသာ၊ အများဆုံးနှင့် အမြန်ဆုံး တတ်မြောက်နိုင်သော နည်းလမ်းကိုသာ အသီးအသီး ရှာဖွေရပေမည်။]

ဘဝ

၃။ တဖန် ... မိမိတို့ဘက်သို့ လှည့်၍ကြည့်ပြန်သော်… အထိုက် အလျောက် အကြည်ညိုခံရသော ဆရာတော် ကြီးများလည်း သက်ရွယ်တော် ရင့်ညောင်း၍ ပြောင်းဘို့ အရေးနှင့် ဝေးကောင်းမှ ဝေးကြပေတော့ မည်၊ ဤအတိုင်း သွားခဲ့ပါသော် ကျေးလက်ရော မြို့ပါ သာသနာ့အရေး စိတ်လေးစရာ ဖြစ်နေပါတော့ သည်။
၄။ တဆင့် စဉ်းစားဘွယ်ရှိသေး၏၊ ဤသာသနာတော် အရှိန် မှေးမှိန်သော်လည်း ပြည်ထောင်စု မြန်မာနိုင်ငံ တော်ကား တိုးတက်မည်သာ ဖြစ်ပါမူ သာသနာ တော်၏ကံကြမ္မာကို သာသနာ့ဝန်ထမ်း ရဟန်းတော် တို့သာ ခံကြကိုပင် ဖြစ်ပါပေသည်၊ သို့သော် လက် တွေ့အားဖြင့် ထိုသို့ ဟုတ်နိုင်မည်မထင်ပါ၊ အနော် ရထာမင်းစော လက်ထက်မှစ၍ အရာရာ ယဉ်ကျေးမှု တိုးတက်ခြင်းသည် သာသနာတော်ကြောင့် ဖြစ်ရ ကား သာသနာတော် မှေးမှိန်လျှင် တိုင်းပြည်လည်း ကိုယ်ကျင့်မှစ၍ သေးသိမ်ဘို့လမ်းကသာ များနေပါ သည်၊ သို့ဖြစ်လျှင် သာသနာရေးနှင့် တိုင်းပြည် အရေးကို သွေးခဲ့သင့်ပါဦးမည်လော။

၅။ “သာသနာတော်၏ အရှိန်အဝါဩဇာအာဏာ ဆုတ် ယုတ်ခြင်းသည် နိုင်ငံတော် ဆုတ်ယုတ်ကြောင်းပင်



## PAGE 258
<!-- 6 paragraphs, raw extraction -->



ဖြစ်ပါသည်” ဟူသော ဝါဒကို လက်ခံနိုင်ပါမူ သာသ နာ ဆုတ်ယုတ်ခြင်း၏ အကြောင်းများကို ဖယ်ရှား ဘို့ရာ ရဟန်းတော်များ၏ ကိုယ်ကျင့် သိက္ခာများကို ရှေးစံနစ်အတိုင်း ဖြစ်နိုင်သမျှ ဖြစ်အောင် ကြိုးစား သင့်ပါသည်၊ ဝိနည်းတော်နှင့် မဆန့်ကျင်သော သိပ္ပ ဝိဇ္ဇာ ဟူသမျှကိုလည်း ရဟန်းတော်များ ကိုယ်တိုင် ငွေကြေး အထောက်အပံ့ မယူဘဲ ရှေးမူအတိုင်း သင် ပေးနိုင်အောင် အချိန်ရှိခိုက် လုံ့လစိုက်သင့်ပါသည်။
[ဤကိစ္စ၌ကား နည်း အမျိုးမျိုးရှိသောကြောင့် ဤနေရာ၌ အသေးစိတ် မပြလိုတော့ပါ။]

၆။ ထို အတိုင်း ကြိုးစားသောအားဖြင့် (ယောက်ျား ကလေးများကို ဘုန်းတော်ကြီးများက သင်ပြ၍ မိန်း ကလေးများကို သီလရှင် ဆရာများက သင်ပြပေးနိုင် ကြပါမူ)ဤ မြန်မာနိုင်ငံသည် အဘယ့်ကြောင့် ငြိမ် ငြိမ်သက်သက်နှင့် မတိုးတက်ဘဲ ရှိအံ့နည်း၊ သာသနာ့ အရှိန်အဝါသည် အဘယ်မှာလျှင် ဤနိုင်ငံတော်နှင့် ကွဲကွာနိုင်ပါတော့အံ့နည်း။

၇။ ဤသို့ နိုင်ငံနှင့်သာသနာတော် တိုးတက်ရာတိုးတက် ကြောင်းများတွင် ရဟန်းတော်များ၏ ကိုယ်ကျင့် သိက္ခာ တည်တံ့ ခိုင်မြဲရေးလည်း အပါအဝင် ဖြစ် သောကြောင့် ရှေးဆရာတော်ကြီးများသည် သာမ ကိုရင်ဖြစ်သည်မှစ၍ ကျင့်ကြရမည့် သိက္ခာစုကို “ရှင်ကျင့်ဝတ်”ဟု အမည်သမုတ်၍ ဖော်ထုတ်ညွှန်ပြ တော်မူခဲ့ကြပေသည်။

ဏေ
