

## PAGE 259
<!-- 3 paragraphs, raw extraction -->



ဂ။ ထို့ကြောင့် ထိုရှင်ကျင့်ဝတ် မူရင်းကိုပင် သိသင့်သိ ုယ် အသွယ်သွယ် တန်ဆာဆင်၍ စီစဉ်အပ်သော ဤ“ရုပ် ပုံ ရှင်ကျင့်ဝတ်” သည် သာသနာတော်နှင့်အမျိုး ပွါးတိုးဘို့ ကြိုးစားရာဝယ် တကယ်ပင် ရွှေ့ဖျားက မားမားမတ်မတ် တန့်ရပ်တည်နေနိုင်ပါစေသတည်း။



## PAGE 260
<!-- 5 paragraphs, raw extraction -->

နိဂုံးချုပ် လင်္ကာ

ကျမ်းပြီးမှတ်ထုံး ကမ္ပတ်ဖုံး၍ နိဂုံးအခန်း ပြည်လုံး မှန်းလျက် ခွဲခြမ်းလှစ်ဘွေ စဉ်းစားစေအံ့၊ ဒို့မြေဌာနီ ရှေးခါ ဆီဝယ် မထေရ်အပေါင်း စံရာကျောင်းမှ ငြိမ့်ငြောင်းသာယာ မိန့်အာဏာကို ရပ်ရွာလူများ လွန်လေးစားခဲ့၊ ခုကားသို့နှယ် မဟုတ်ကွယ်၍ နယ်ပယ်ပွါးစီး သားသမီးတို့ ဘုန်းကြီး ကျောင်းတွင် စာမသင်တော့။

OL

ထို့ပြင်မြို့နေ ကလေးတွေကား ဒို့မေဘာသာ မေစာကို သင်ရာကောင်းမျှ မထင်ကြဘဲ ပြင်ကလာပေး စာပထွေးကို အလေးဂရု အရေးပြု၏၊ ယခုလိုသာ နှစ်ပေါင်းကြာလျှင် မြန်မာပြည်ဘွား တိုင်းရင်းသားတို့ ဘုရားကိုစွန့် တရားစွန့်၍ စွန့်လိမ့်မှန်စွာ မြတ်သံဃာတည်း၊ ထိုခါလူများ ကိုယ်ကျင့် အားဖြင့် တရားမပါ အမှားစာကြောင့် များစွာခုထက်တိုး၍ ပျက်လိမ့်။

သို့တွက်များပြား ဘုန်းဘုရားတို့ … တရားကိုယ်ကျင့် လုံအောင်ကျင့်၍ မလင့်စေရ ကိုယ့်ဒေသ၌ သိပ္ပဝိဇ္ဇာ ပြသင့် ရာကို ကောင်းစွာပိုင်ပိုင် ပြသနိုင်မှ ဘုန်းလှိုင်ဟောပြဩဝါ ဒကို စိတ်ကကြည်ဖြူ လိုက်နာယူ၍ ကိုယ်မူနှုတ်ပြောင်း စိတ်လည်းကောင်းလိမ့်၊ အကောင်းမကောင်း အကြောင်း ကြောင်းကို သောင်းပြောင်းကုန်စင် အစုံမြင့်၍ ထေရ်ရှင် ရွှေသွား ဘုန်းအများ၏ တရားစဉ်နှင့် အဆင်သင့်သား ရှင်ကျင့်ဝတ် ခေါ် ရှေးစာတော်ကို ခေတ်ပေါ်လှစ်ဆင့် စုံအောင်ဖွင့်သည်..မျိုးနှင့်သာသနာ တည်ကြောင်းတည်း။
ရုပ်ပုံ ရှင်ကျင့်ဝတ် ပြီး၏။



## PAGE 261
<!-- 10 paragraphs, raw extraction -->

အဂ္ဂမဟာပဏ္ဍိတ

အရှင် ဇနကာဘိဝံသ-ဆရာတော် ရေးသားပြုစုအပ်သော

C

၁။ ရတနာ့ဂုဏ်ရည်

၂။ အခြေပြုသင်္ဂြိုဟ်

ကျမ်းစာအုပ်များ

၃။ အခြေပြုသဒ္ဒါ ၄။ သင်္ဂြိုဟ်ဘာသာဋီကာ

၅။ ဝီထိနှင့် ၃-ချက်စုဘာသာဋီကာ ၆။ ကိုယ်ကျင့်အဘိဓမ္မာ ၇။ ပါတိမောက်ဘာသာဋီကာ ဂ။ ရူပသိဒ္ဓိဘာသာဋီကာ (ပ-ဒု) ၉။ ကစ္စည်းဘာသာဋီကာ (ပ-ဒု) ၁၀။ အနာဂတ်သာသနာရေး ၁၁။ ရုပ်ပုံ ရှင်ကျင့်ဝတ် ၁၂။ အခြေပြု မင်္ဂလသုတ် ၁၃။ ဗြဟ္မဇာလသုတ် မြန်မာပြန်

၁၄။ သာမညဖလသုတ် မြန်မာပြန် ၁၅။ ဗုဒ္ဓဝင် အမေးအဖြေ

၁၆။ မူလတန်း သဒ္ဒါနှင့် အမေးအဖြေ
