## PAGE 34
<!-- 10 paragraphs, raw extraction -->

သရဏဂုံပေးခဏ်း

"

၁၉

သရဏဂမန (သရဏဂုံ)ဟု ခေါ်၏၊ မိမိမှာ ထို သရဏဂုံစိတ် ရှိနေပါသည် ဟု ဝန်ခံသောအားဖြင့် “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသည်ဖြင့် ရွတ်ဆိုမှုကို “သရဏဂုံ ဆောက်တည်ခြင်း”ဟု ခေါ်ကြ၏၊ သာ၍ လေးစားရာ ရောက်အောင် ၃-ခေါက် ဆိုကြရသည်။

"

ဤသရဏဂုံပါဠိဝယ် “ဒ္ဓံ ဓမ္မံ သံစ္ဆာ” တို့၌ ခပ်ပြင်းပြင်း ချွတ်ရကြောင်း သိဘို့ရန် စာလုံးမဲဖြင့် ပြထား၏၊ ရွတ်ပုံကို ဆရာက သင်ပြပါ၊ ဤ သရဏဂုံ ၃-ပါးကို ပီပီသသ ရွတ်နိုင် လျှင် “တတိယမ္ပိ သံဃံ သရဏံ ဂစ္ဆာမိ”လဲဆုံးရော ရှင်သာ မဏေလဲ ဖြစ်ရော ဟု မှတ်၊ သို့သော် ဆရာရော တပည့်ပါ ၂-ဦးလုံး ပီဘို့ အရေးကြီး၏၊ တဦးက မပီလျှင်လည်း ရှင်သာ မဏေအစစ် မဖြစ်သေး၊ ထို့ကြောင့် ဤ သရဏဂုံနှင့်စပ်၍ လေးလေးနက်နက် မှတ်ဘွယ်တွေ များသေးသောကြောင့် နောက်၌ “သရဏဂုံနှင့်စပ်၍ မှတ်ဘွယ်”ဟု အခဏ်း သီးခြား ပြထားပါသည်။

၂-လေ့ကျင့်ခဏ်း မေးခွန်း

က။ သရဏဂုံနှင့် သီသတောင်းသော ပါဠိကို ရွတ်ပြပါ။
ထို သရဏဂုံနှင့် သီလကောင်းပုံကို မြန်မာလို ပြောပြပါ။
ဂ။ “ယမဟံ ဝဒါမိ တံ ဝဒေဟိ” ပါဠိကို မြန်မာလို ပြော ပြပါ။

>

ဃ။ “အာမ ဘန္တေ”ဆိုသော ပါဠိကို မြန်မာလို ပြောပြပါ။

## PAGE 35
<!-- 17 paragraphs, raw extraction -->

၂ဝ

ရုပ်ပုံ ရှင်ကျင့်ဝတ်

င။ “နမော တဿ”စသော ပါဠိကို မြန်မာလိုပြောပြပါ။

Oll

"

"

"

စသော

သရဏဂုံ သီလတောင်းနှင့် “နမော တဿ ပါဠိကို ဌာန်ကရိုဏ်းကျအောင် မရွတ်တတ်လျှင် ကိုရင်

ဖြစ်ပါ့မလား။

ဆ။ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသည်ဖြင့် သရဏဂုံယူရာ၌ ခပ် ပြင်းပြင်းရွတ်ရမည့် အက္ခရာ(စာလုံး)များကို ဖော်ပြပါ။

ဆယ်ပါးသီလ ပြောပြခြင်း

အမှာ။ ။သရဏဂုံ ပေးပြီးနောက် အောက်ပါအတိုင်း ၁၀-ပါးသီလ ပြောပြပါးလ၊ ရအောင် ကျက်ချိန်ရလျှင် တဖြည်းဖြည်းပါရော မြန်မာလိုပါ အရှကျက်ပါ၊ “သိက္ခာပဒံ သမာဒိယာမိ”မပါခြင်း၏ အကြောင်းကိုကား နောက်ဆက်တွဲ မှာ ကြည့်ပါ။

၁။ ပါဏာတိပါတာ ဝေရမဏိ= သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ရခြင်း။

၂။ အဒိန္နာဒါနာ ဝေရမဏိ=သူ့ဥစ္စာကို ခိုးဝှက်တိုက်ခိုက် လုယူခြင်းမှ ရှောင်ကြဉ်ရခြင်း။

၃။ အဗြဟ္မစရိယာ ဝေရမဏိ= မေထုန်အကျင့်မှ ရှောင် ကြဉ်ရခြင်း။

၄။ မုသာဝါဒါ ဝေရမဏိ … လိမ်လည် လှည့်ပတ်ခြင်းမှ ရှောင်ကြဉ်ရခြင်.

## PAGE 36
<!-- 7 paragraphs, raw extraction -->

သရဏဂုံပေးခဏ်း

၂၁

၅။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ=မူးယစ်စေ တတ်၍ မေ့လျော့ခြင်း၏ အကြောင်း ဖြစ်သော သေရည်အရက်ကို သောက်စားခြင်းမှ ရှောင်ကြဉ် ရခြင်း။

၆။ ဝိကာလဘောဇနာ ဝေရမဏိ=မွန်းလွဲအခါ၌ ထမင်း မှုံ စသောအစာကို စားခြင်းမှ ရှောင်ကြဉ်ရခြင်း။

၇။ နစ္စ ဂီတ ဝါဒိတ ဝိသူကဒဿနာ ဝေရမဏိ=(နစ္စ) ကိုယ်တိုင် ကခြင်း သူတပါးကို .. အကခိုင်းခြင်း၊
(ဂီတ) ကိုယ်တိုင် သီချင်းဆိုခြင်း သူတပါးကို အဆိုခိုင်းခြင်း၊ (ဝါဒိတ) ကိုယ်တိုင် တီးမှုတ်ခြင်း သူတပါးကို တီးမှုတ်ခိုင်းခြင်း၊ ( ဝိသူကဒဿန ) ဘုရား အဆုံးအမတော်၏ ဆန့်ကျင်ဘက် စူပမာ ဖီလာဖြစ်သော ကြည့်ရှု နားထောင်ခြင်းမှ ရှောင် ကြဉ်ရခြင်း။

ဂ။ မာလာ ဂန္ဓ ဝိလေပန ဓာရဏ မဏ္ဍန ၀ိဘူသနဋ္ဌာနာ ဝေရမဏိ= ( မာလာဓာရဏ) ရွှေပန်း ငွေပန်းမှ စ၍ ပန်းအမျိုးမျိုးကို ပန်ဆင်ခြင်း၊ ( ဂန္ဓမဏ္ဍန ) နံ့သာပြစ်တို့ဖြင့် နိမ့်ရာအရပ်၌ ပြည့်ဖြိုးအောင် သိပ်ခြင်း၊ (ဂန္ဓ ဝိလေပန ဝိဘူသန) အရောင်တင် ဆေး ရေမွှေးနံ့သာဆီ မျက်နှာချေ ပေါင်ဒါမှုန့်တို့ ကို လိမ်းကျံခြယ်လှယ်ခြင်းဟူသော (ဌာန ) ကိလေ· သာပွါးကြောင်းအမှုတို့မှ ရှောင်ကြဉ်ရခြင်း။

၂၁၉၉၁
