## PAGE 37
<!-- 14 paragraphs, raw extraction -->

၂၂

ရုပ်ပုံ ရှင်ကျင့်ဝတ်

၉။ ဥစ္စာသယနမဟာသယနာ ဝေရမဏိ= မြင့်သော နေရာ ကြီးကျယ်ဆန်းပြား ခမ်းနားသော နေရာ၌ နေထိုင် အိပ်စက်ခြင်းမှ ရှောင်ကြဉ်ရခြင်း။

၁၀။ ဇာတရူပရဇတ ပဋိဂ္ဂဟဏာ ဝေရမဏိ=ရွှေငွေကို ခံယူခြင်းမှ ရှောင်ကြဉ်ရခြင်း။

ဤဆယ်ပါးသီလ၌ မှတ်ဘွယ်ကို နောက်ဆက်တွဲမှာ ပြထားသည်။

ဥပဇ္ဈာယ် ယူစေခြင်း

ဆယ်ပါးသီလကို ပြောပြပြီးနောက် ဥပဇ္ဈာယ်ဆရာ၏အကြောင်း ကို ပြောပြ၍ ဥပဇ္ဈာယ်ယူပါစေ၊ ဥပဇ္ဈာယ်ယူရခြင်း၏ အကြောင်းကို နောက်ဆက်တို့၌ အကျယ်ပြထားသည်။

"

"

ကိုရင်…. “ဥပဇ္ဈာယော မေ ဘန္တေ ဟောဟိ” ဤသို့ ၃-ခေါက်ဆို၍ ဥပဇ္ဈာယ်ယူပါ၊ [မြန်မာလို – “တပည့် တော်၏ ဥပဇ္ဈာယ်ဆရာ ဖြစ်တော်မူပါဘုရား”… ဟု ဆိုလိုသည်။]

ဆရာ...“ပါသာဒိကေန သမ္ပာဒေဟိ”ဤသို့ ဆရာကဆို၍

ဥပဇ္ဈာယ်ယူခြင်းကို လက်ခံလိုက်ရသည်၊ [မြန်မာလို-

ကြည်ညိုဘွယ်ကို ဆောင်သော ကိုယ်အမူအရာ နှုတ် အမူအရာဖြင့် သီလ သမာဓိ ပညာ သိက္ခာ ၃-ပါးကို ပြည့်စုံစေလော”…ဟု ဆိုလိုသည်၊ တပည့် ၂-ပါး ၃-ပါးစသည်များလျှင် “သမ္ပာဒေထ”-ဟု ဆိုပါ။] ဤမျှသော အစဉ်ဖြင့် ရှင်သာမဏေပြုပေးခြင်းနှင့် စပ် သော ကိစ္စများ ပြီးပေပြီ၊ ထို ့နောက် ရှင်သာမ

«

## PAGE 38
<!-- 12 paragraphs, raw extraction -->

သရဏဂုံပေးခဏ်း

၂၃

ဏေဘဝ၌ ပြုကျင့်ရမည့် တာဝန်များကို ဆက်လက် သင်ပြပါဦး။

လေ့ကျင့်ခဏ်း မေးခွန်း

က။ ဆယ်ပါးသီလကို ပါဠိလိုသက်သက် ရေတွက်ပြပါ။
“ပါဏာတိပါတာ ဝေရမဏိ”စသည်ဖြင့် ရေတွက်ပါစေ။] ခ။ ဆယ်ပါးသီလတွင် “ဝိကာလဘောဇနာ ဝေရမဏိ” အထိ ၆-ပါးကို မြန်မာလိုသက်သက် ပြောပြပါ။
ဂ။ နစ္စ ဂီတ, ဝါဒိတ ၃-မျိုးကို မြန်မာလို ပြောပြပါ။
ဃ။ ဝိသူကဒဿနကို မြန်မာလို ပြောပြပါ။

င။ မာလ, ဂန္ဓ, ဝိလေပန ၃-ပုဒ်ကို ဓာရဏ, မဏ္ဍန ဝိဘူသန ၃-ပုဒ်နှင့်တွဲ၍ မြန်မာလို ပြောပြပါ။

i1

၈။ ဥစ္စာသယန မဟာသယန သိက္ခာပုဒ်ကို မြန်မာလို ပြောပြပါ။

ဆ။ ရှင်သာမဏေများသည် အဘယ်သိက္ခာပုဒ်ကြောင့် ရွှေ့ ငွေ ပိုက်ဆံကို အလှူ မခံကောင်းပါသနည်း။

011

ရှင်သာမဏေများသည် အဘယ်သိက္ခာပုဒ်ကြောင့် ပွဲ မကြည့်ရ မက သီချင်းမဆိုရပါသနည်း။

ဈ။ ဥပဇ္ဈာယ်ယူပုံကို ပြပါ။

## PAGE 39
<!-- 3 paragraphs, raw extraction -->

၄-ပစ္စည်း ၄-ပါး ဆင်ခြင်ပု သင်ပြခဏ်း

ရှင်သာမဏေများနှင့် ရဟန်းတော်များ၏ အရေးတကြီး လိုလားအပ်သော (မရှိလျှင်မဖြစ်သော) ပစ္စည်းများသည် သင်္ကန်း, ဆွမ်း, ကျောင်း ဆေး အားဖြင့် ၄-ပါး ရှိ၏၊ ထို ပစ္စည်းလေးပါးသည် မိမိကိုယ်တိုင် လုပ်ကိုင်ရှာဖွေ၍ ရသော ပစ္စည်းများမဟုတ်ကြ၊ လူဝတ်ကြောင်များက (“ငါတို့ထက် ကောင်းမွန်စွာ နေထိုင်ကြသည်”ဟု ယုံကြည်၍) ပေးလှူ အပ်သော ပစ္စည်းများ ဖြစ်ကြသည်၊ ထို ့ကြောင့် ထိုပစ္စည်း များကို သုံးစွဲသောအခါ အမှတ်တမဲ့ သုံးစွဲလျှင်၎င်း အဆင်း လှပအောင် သုံးစွဲလျှင်၎င်း သုံးစွဲသော ရဟန်းသာမဏေတို့မှာ အပြစ်မကင်းတော့ချေ။

“ဣဏပရိဘောဂ= ကြွေးယူ၍ သုံးစွဲခြင်း”ဟု ကျမ်းဂန် တို့၌ ဆို၏၊ ကြွေးတင်လျှင် ကြွေးဆပ်ရ၏၊ မဆပ်နိုင်လျှင် ထောင်ချခံရသကဲ့သို့ နောက်သံသရာရေးအတွက် တာဝန် တက်လျက် ရှိလေသည်၊ ထို့ကြောင့် ပစ္စည်း ၄-ပါးနှင့်စပ်၍ ဆင်ခြင်သုံးစွဲဘို့ရာ ဗုဒ္ဓမြတ်စွာသည် “ပစ္စဝေက္ခဏာ”ဟု ခေါ်သော ၄-ပုဒ်ကို ဟောပြတော်မူ၏၊ ထို ၄-ပုဒ်ကို ရှေးရှေး သာမဏေတို့သည် ပုတီးစိပ်ရင်း ဆင်ခြင်ကြသောကြောင့် ပုတီးစိပ် ၄-ပုဒ်ဟုလည်း ခေါ်ကြသည်၊ ထို ၄-ပုဒ်အတွက် ဤနေရာ၌ ဆရာတော်ကြီးများ၏ လင်္ကာကို အဓိပ္ပါယ်နှင့် တကွ ပြ၍ နောက်ဆက်ဘွဲကျမှ ပါဠိအနက်ကို ပြပါမည်။
