## PAGE 4
<!-- 1 paragraphs, raw extraction -->

ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံတော် သာသနာရေး ဦးစီးဌာန ဗုဒ္ဓသာသနာအဖွဲ့ပုံနှိပ်တိုက်တွင် ညွှန်ကြားရေးမှူး ဦးလှမောင် M.A., M.S.,B,L ( မှတ်ပုံတင်အမှတ် ၀၀၇၉/၀၅၂၂)က ပုံနှိပ်ထုတ်ဝေသည်။

## PAGE 5
<!-- 5 paragraphs, raw extraction -->

"

ရုပ်ပုံ ရှင်ကျင့်ဝတ် အခြေခံ ဂိုဒါန်း

ရှင်သာမဏေ အစ။ ။ဘုရားပွင့်တော်မူစ၌ သာသနာဝင်လို သူများသည် ရှင်သာမဏေ ဘဝ၌ ရပ်နားခြင်းမရှိဘဲ တခါတည်း ရဟန်းဘဝသို့ ရောက်ကြကုန် ၏၊ နောက်မှသာ “အသက်-၂၀ မပြည့်လျှင် ရဟန်းမပြုရ”ဟု ပညတ်တော်မူသောကြောင့် ရှင်သာမဏေများ ဖြစ်ပေါ်လာ ရပေသည်။ ထိုအခါ သာမဏေအရွယ် အစားစားရှိနေပြန်ရာ အမျိုးတမျိုး၌ “အဟိဝါတ” မည်သော ကူးစက်တတ်သော ရောဂါကြောင့် တမျိုးလုံး သေဆုံး၍ သားအဘ ၂-ယောက် သာ ကျန်ရစ်သဖြင့် ထိုသားအဘ ၂-ယောက်လုံးပင် ရှင် ရဟန်း ပြုကြလေသည်။

သား

ထို့နောက် နံနက်အခါ ဆွမ်းခံသွားလတ်သော် အဘ ရဟန်းအား ဆွမ်းလောင်းသောအခါ နောက်ကျန်ရစ်သော ကိုရင်ကလေးသည် ပြေးလာ၍ “ အဘေ….အဘေရတဲ့ ထမင်းကို ကျုပ်လဲ ပေးပါဦး”ဟု တောင်းရှာ၏၊ ထိုသို့ဖြစ်ပုံကို မြင်၍ သနားတတ်သူတို့က သနားကြမည် ဖြစ်သော်လည်း အတွေးနက်သူတို့ကမူ“ဤရဟန်းတွေဟာ မေထုန်ကို မရှောင် ကြ၊ ဒီ ကိုရင်ကလေးလဲ ဘိက္ခုနီမက မွေးတာဘဲ” ဟု အလွဲ ထင်၍ ပြစ်တင် ကဲ့ရဲ့ကြလေသည်။ ထိုအကြောင်းကို ဘုရားရှင်

## PAGE 6
<!-- 5 paragraphs, raw extraction -->

( ခ )

ရုပ်ပုံ ရှင်ကျင့်ဝတ်

ကြားသိတော်မူ၍ “ တဆယ့်ငါးနှစ် အသက်ပြည့်မှ ကိုရင်ဝတ် ပေးရမည်”ဟု ပဌမ ပညတ်တော်မူသည်။
ကျီးချောက်နိုင်လျှင် ရှင်ပြုတော့။ ။ထိုသို့ပညတ်တော်မူပြီး နောက် အရှင်အာနန္ဒာ ၏ ဒါယကာ အမျိုးလည်း ထို“အဟိဝါတ” ရောဂါဆိုးကြောင့် ပင် ပျက်စီးကြလေရာ လူမမယ်ကလေး ၂-ယောက်သာ ကျန် ရှစ်၏၊ ထိုကလေး ၂-ယောက်သည် မိဘများ လက်ထက်က ရဟန်းများနှင့် အရောတဝင်နေလေ့ ရှိသည့်အတိုင်း ထိုအချိန် မှာ ရဟန်းတော်များကို သာ၍ အားကိုးရှာသဖြင့် ရဟန်း တော်များ မြင်လျှင် ပြေးလာကြကုန်၏၊ ထိုအခါ ကရုဏာ ကင်းမဲ့သော ရဟန်းတို့က ငေါက်ငမ်းကြသောကြောင့် ကလေးတွေ ငိုကြရှာလေသည်။

ထိုဖြစ်ပုံကို အရှင်အာနန္ဒာ မြင်ရ၍ သနားခြင်း ပြင်းပြ သော်လည်း တဆယ့်ငါးနှစ် မပြည့်သေးရကား ရှင်ပြုပေးလိုပါ လျက် မပေးသာသောကြောင့် ဘုရားရှင်အား အကြောင်းစုံ ကို လျှောက်ရလေသည်၊ ထိုအခါ “ကျီးချောက်နိုင်လောက်ပြီ ==(မိမိရှေ့၌ ချထားသော ဆွမ်းကို ကျီးမနှိုက်အောင် ချောက်၍ စားနိုင်လောက်ပြီလား”” ဟု မေးတော်မူ၍ “ချောက်နိုင်လောက်ပါပြီ” ဟု လျှောက်ထားသဖြင့် “ကျီး ချောက်နိုင်လောက်သော ကလေးကို တဆယ့်ငါးနှစ် မပြည့် သေးသော်လည်း ရှင်ပြုပေးနိုင်၏”ဟု ခွင့်ပြုတော်မူသည်။

ကျင့်နိုင်ခြင်းသာ ပဓာန။ ။ဤ ခွင့်ပြုတော် မူချက်သည် သနားစဘွယ် ကလေးများ၏
