## PAGE 40
<!-- 11 paragraphs, raw extraction -->

ပဉ္စည်း ၄-ပါး ဆင်ခြင်ပုံ သင်ပြခဏ်း

(အရကျက်ရန် သင်္ကန်းလင်္ကာ)

၂၅

ချမ်းပူကိုဖျက်၊ ခြင် မှက် လေ နေ၊ ကင်းမြွေလွှဲသုဉ်၊ ဟိရီ ဂုဏ်ကို၊ ကုန်စေတတ်စွာ၊ ကိုယ်အင်္ဂါကို၊ လုံပါစေလို၊ ကိုယ်ကို စံပါယ်၊ ဆင်ပြင်မယ်ဟု၊ စိတ်ဝယ်မမှန်း၊ ဤသင်္ကန်းကို၊ဖုံးလွှမ်း ဝတ်ရုံပါသတည်း။

လင်္ကာ၏ အဓိပ္ပါယ်ပြ ဖတ်စာ

(က) ငါသည် အချမ်း အးကို ပယ်ဖျောက်၍ နွေးစေခြင်း အကျိုးငှါ ဤသင်္ကန်းကို ဝတ်ပါသည်။

( ခ) ငါသည် မီးနှင့်စပ်သော အပူနှင့် လေပူ နေပူကို ကွယ် ကာခြင်းအကျိုးငှါ ဤသင်္ကန်းကို ဝတ်ပါသည်။

( ဂ) ငါသည် မှက် ခြင်နှင့် မြွေကင်းတို့ကို ကွယ်ကာခြင်း အကျိုးငှါ ဤသင်္ကန်းကို ဝတ်ပါသည်။

(ဃ) ရှက်သင့်သော အရာဌာန၌ ရှက်တတ်ခြင်းကို ပါဠိလို “ဟိရီ”ဟု ခေါ်၏။ ထိုသို့ ရှက်တတ်ခြင်းကား အမျိုး ကောင်းသားသမီးတို့၏ ဂုဏ်တမျိုး ဖြစ်လေသည်။

( င) လူတို့၏ ကိုယ်အင်္ဂါအရပ်ရပ်တွင် အင်္ဂါဇာတ် ပေါ်နေ လျှင် ထိုဟိရီဂုဏ်ကို ကုန်စေ ပျက်စေတော့၏။

(စ) ငါသည် ထိုဟိရီဂုဏ်ကို ကုန်စေ ပျက်စေ တတ်သော ကိုယ်အင်္ဂါကို လုံခြုံစေခြင်း အကျိုးငှါ ဤသင်္ကန်းကို ဝတ်ပါသည်။

## PAGE 41
<!-- 7 paragraphs, raw extraction -->

၂၆

ရုပ်ပုံ ရှင်ကျင့်ဝတ်

(ဆ) ငါသည် ဤသင်္ကန်းကို ဝတ်၍ ကိုယ်ကို လှပ တင့်တယ် အောင် ဆင်ပြင်မယ် ဟူသော ရည်ရွယ်ချက်ဖြင့် ဝတ် ခြင်းမဟုတ်ပါ။

သူ ့နေရာနှင့်သူ အတိုချုပ် ဆင်ခြင်ပုံ

ဧး၍ ချမ်း၍ သင်္ကန်းခြုံလိုလျင်– “ အေး အချမ်းကို ကွယ်ကာဘို့ရာ ဤသင်္ကန်းကို ဝတ်ပါ၏”-ဟု ဆင်ခြင်ပါ။
လေပူ နေပူကြောင့် ခြုံလိုလျှင် --“အပူကို ကွယ်ကာဘို့ရာ ဤသင်္ကန်းကို ဝတ်ပါ၏”-ဟု ဆင်ခြင်ပါ။

မှက် ခြင် ကိုက်၍ ခြုံလိုလျှင် – – မှက် ခြင်ကို ကွယ်ကာ ဘို့ရာ ဤသင်္ကန်းကို ဝတ်ပါ၏”… ဟု ဆင်ခြင်ပါ။
အပူ အး မှက် ခြင် မရှိဘဲ ဝက်သောအခါ… “ အရှက် အကြောက်ကို ဖုံးလွှမ်းခြင်းငှါ ဤသင်္ကန်းကို ဝတ်ပါ၏””ဟု ဆင်ခြင်ပါ။

ဤသို့ သူ့နေရာနှင့် သူ ဆင်ခြင်သွားလျှင် နောက်ထပ် မဆင်ခြင်သော်လည်း အပြစ်မရှိတော့ပါ။ သို့သော် ဘုရား ဝတ်တက်သော အခါဖြစ်စေ၊ ပုတီးစိပ်ရင်းဖြစ်စေ ပြခဲ့သော သင်္ကန်းလင်္ကာကို ဖြည်းဖြည်းချွတ်၍ ရှင်သာမဏေကလေး များ ဆင်ခြင်ပါစေ။

## PAGE 42
<!-- 8 paragraphs, raw extraction -->

ပစ္စည်း ၄-ပါး ဆင်ခြင်ပုံ သင်ပြခဏ်း

(အရကျက်လှန် ဆွမ်းလင်္ကာ)

၂၇

ဤသည့်စားဘွယ်၊ အမယ်မယ်ကို၊ မြူးရယ် မာန်ကြွ၊ လှပ ရေဆင်း၊ ပြည့်ဖြိုးခြင်းငှါ၊ မသုံးပါဘူး၊ ၄-ဖြာဓာတ်ဆောင်၊
ဤကိုယ်ကောင်သည်၊ ရှည်အောင်တည်လျက်၊အသက်မျှတမ်း၊
မမောပန်းသား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါ နိုင်စေ၊ ဝေဒနာဟောင်းသစ်၊ မဖြစ်စေရ၊ ယာပိုလ်မျှသစ် ခပ်သိမ်းပြစ်ကို၊ မဖြစ်လေအောင်၊ ချမ်းမြေ့အောင်ဟု၊ သုံး ဆောင် မှီဝဲပါသတည်း။

လင်္ကာ၏ အဓိပ္ပါယ်ပြဖတ်စာ

(က) ငါ၏ရှေ့မှောက် ရောက်ရှိနေသော ဤ စားသောက် ဘွယ် အမယ်မယ်ကို မြူးတူးပျော်ပါးခြင်း ရယ်ရွှင် ခြင်း မာန်မာန တက်ကြွ၍ အရေအဆင်း လှပပြည့်ဖြိုး ခြင်းငှါ စားသောက်သည် မဟုတ်ပါ။

ခ) ပထဝီ အာပေါ တေဇော ဝါယော ဟူသော ဓာတ် ကြီးလေးပါးတို့ စုပေါင်း ဆောင်ရွက်လျက် ရှိသော ဤ ကိုယ်ကောင်၏ တာရှည် တည်နေ နိုင်အောင် အကျိုးငှါ စားသောက်ပါသည်။

( ဂ ) အသက်တမ်းပြည့်အောင် တည်နေသမျှ ကျမ်းစာ ပိဋကတ်ကို သင်အံလေ့ကျက် ဆောင်ရွက်ပို့ချခြင်း ဟူသော ဂန္တဓုရ တာဝန်ကို၎င်း၊ ဘာဝနာကမ္မဋ္ဌာန်း စီးဖြန်းခြင်းဟူသော ဝိပဿနာဓုရ တာဝန်ကို၎င်း မမောမပန်း ထမ်းဆောင်နိုင်ခြင်း အကျိုးငှါလည်း သုံးဆောင်စားသောက်ပါသည်။
