## PAGE 43
<!-- 7 paragraphs, raw extraction -->

၂၀

ရုပ်ပုံ ရှင်ကျင့်ဝတ်

(ဃ) မစားသောက်ဘဲနေလျှင် ရောဂါဝေဒနာ အဟောင်း အသစ် ဖြစ်ပေါ်လာတတ်သောကြောင့် ထိုရောဂါ အဟောင်း, အသစ် တို့ မဖြစ်စေနိုင်ခြင်းငှါ၎င်း၊
ဣရိယာပုထ် ၄-ပါး၌ မျှတ၍ ရောဂါအပြစ်, ကိလေ သာ အပြစ်တို့ မဖြစ်စေဘဲ _ ချမ်းမြေ့ ကြည်လင်စွာ နေနိုင်ခြင်းငှါ၎င်း သုံးဆောင်စားသောက်ပါသည်။

ဆွမ်းစားသောအခါ အတိုချုပ် ဆင်ခြင်ပုံ မွတ်သိပ်ဆာလောင်ခြင်းကို ပယ်ဖျောက်၍ သာသနာ့ ဝန်ကို ထမ်းဆောင်နိုင်ခြင်းအကျိုးငှါ ဤ ခဲဘွယ် ဘောဇဉ်ကို သုံးဆောင်စားသောက်ပါသည် ”။

ရ

0

ဆွမ်း မှုံ ခဲဘွယ်များကို စားခါနီးဖြစ်စေ၊ စားနေတုန်း ဖြစ်စေ၊ စားပြီးနောက်မှဖြစ်စေ၊ ဤ စကးစဉ်အတိုင်း နှုတ် ဖြင့် တိုးတိုးရွတ်၍ဖြစ်စေ၊ နှုတ်က ရွတ်ဘဲ စိတ်ထဲမှာဖြစ်စေ ဆင်ခြင်ပါ၊ ဤသို့ တကြိမ်တခါ ဆင်ခြင်ပြီးလျှင် နောက်ထပ် မဆင်ခြင်သော်လည်း အပြစ်မရှိတော့ပါ၊ သို့ရာတွင် ဘုရား ဝတ်တက်ရင်းဖြစ်စေ၊ပုတီးစိပ်ရင်းဖြစ်စေ ပြအပ်ခဲ့သော ဆွမ်း လင်္ကာကို ဖြည်းဖြည်း ရွတ်ဆို၍လည်း ဆင်ခြင်ပါစေ။

## PAGE 44
<!-- 10 paragraphs, raw extraction -->

ပစ္စည်း ၄-ပါး ဆင်ခြင်ပုံ သင်ပြခဏ်း

(အရကျက်ရန် ကျောင်းလင်္ကာ)

၂၉

ချမ်းပူကိုဖျက်၊ ခြင် မှက် လေ နေ၊ ကင်း မြွေ ဝေးမှု၊
ဥတု ဘေးဘျမ်း၊ မသန်း ကင်းစင်၊ စိတ်ကြည်လင်ကြောင်း၊
နေရာကျောင်းကို၊ ကိန်းအောင်း မှီခိုပါသတည်း။

လင်္ကာ၏ အဓိပ္ပါယ်ပြ ဖတ်စာ

(က) ချမ်းးသောအခါ ကျောင်းတွင်းသို့ ဝင်နေလျှင် အချမ်းသက်သာ၏၊ ပူသောအခါလည်း ကျောင်း အောက်စသည်မှာနေလျှင် အပူသက်သာ၏။

( ခ ) ခြ မှက်ကိုက်သောအခါ ကျောင်းတံခါးကို ပိတ် ၍ ကျောင်းတွင်းမှာနေလျှင် ခြင် မှက် မကိုက်နိုင်၊
လေပူ လေအေးနှင့် နေပူတို့ကို၎င်း၊ မြွေကင်းတို့ကို ၎င်း ကျောင်းသည် ကာကွယ်နိုင်၏။

(ဂ) တရံတခါ မခံသာအောင် ဥတုဖောက်ပြန်လာ သဖြင့် အပူလွန်ခြင်း အးလွန်ခြင်းများကိုလည်း ကာကွယ်နိုင်၏။

(ဃ) ထိုသို့ အချမ်းအပူမှစ၍ ဥတုဘေးရန် အန္တရာယ် တို့ကို ကာကွယ်နိုင်ခြင်း, မိမိ၌ မကပ် မရောက် မယှက်မသန်းနိုင်ခြင်းအကျိုးငှါ ဤကျောင်းကို သုံးဆောင်မှီခိုပါ၏။

( င ) ကျောင်းတွင်း၌ နေထိုင်ရသောအခါ ပြခဲ့သော ဘေးရန်အန္တရာယ်တို့မှ လွတ်ကင်းသောကြောင့်

## PAGE 45
<!-- 12 paragraphs, raw extraction -->

၃ဝ

ရုပ်ပုံ ရှင်ကျင့်ဝတ်

စိတ်ကြည်လင်၏၊ ထိုသို့ စိတ်ကြည်လင်ခြင်း၏ အကြောင်းဖြစ်သောကြောင့်လည်း ဤကျောင်း၌ ကိန်းအောင်း မှီခိုပါသည်။

သူ ့နေရာနှင့်သူ အတိုချုပ် ဆင်ခြင်ပုံ

ကျောင်းထဲသို့ ဝင်ချင်လျှင် “အ

း၍ ချမ်း၍ အချမ်းကို ကွယ်ကာ ဘို့ရာ ဤကျောင်းကို သုံးစွဲပါ သည်” – ဟု ဆင်ခြင်ပါ။

-

ကျောင်းထဲသို့ ဝင်လိုလျှင် “အပူ

လေပူ နေပူ၍ ကို ကွယ်ကာဘို့ရာ ဤကျောင်းကို သုံးစွဲပါသည်”ဟု ဆင်ခြင်ပါ။

မှက် ခြင်စသည်တို့ ကိုက်မည်စိုး၍ ကျောင်းထဲသို့ ဝင်သောအခါ “ခြင် မှက်စသော ဘေးရန်ကို ကွယ် ကာဘို့ရာ ဤကျောင်းကို သုံးစွဲပါသည်”ဟု ဆင်ခြင်

ပါ။

ဤသို့ သူ့နေရာနှင့်သူ ဆင်ခြင်သွားလျှင် နောက်ထပ် မဆင်ခြင်သော်လည်း အပြစ်မရှိတော့ပါ၊ သို့သော် ဘုရား ၁ဘ်တက်သောအခါဖြစ်စေ ပုတီးစိပ်ရင်းဖြစ်စေ’ ပြခဲ့သော ကျောင်းလင်္ကာကို ဖြည်းဖြည်းချွတ်၍ ဆင်ခြင်ပါစေ။
