## PAGE 46
<!-- 11 paragraphs, raw extraction -->

ပစ္စည်း ၄-ပါး ဆင်ခြင်ပုံ သင်ပြခဏ်း

(အရကျက်ရန် ဆေးလင်္ကာ)

၃၁

ကျင်နာခံခက်၊ နှိပ်စက်ဖိစီး၊ ဖြစ်ပြီးဖြစ်လာ၊ ဝေဒနာကို၊
စွန့်ခွါပယ်လျင်း၊ ဆင်းရဲကင်း၍၊ လူမင်းမြတ်စွာ၊ သာသနာကို၊
ကြည်သာရွှင်လန်း၊ ဖြည့်ကျင့်စွမ်းနိုင်ဘို့၊ ရည်မှန်း သုံးဆောင် ပါသတည်း။

လင်္ကာ၏ အဓိပ္ပါယ်ပြ ဖတ်စာ

(က) လျက်ဆားစသော ဆေးနှင့် ထောပတ် ဆီဦး ပျားရည် သကြား သကာ ထန်းလျက်များကို “ဆေး” ဟု ခေါ်ပါသည်။

(ခ) ထိုဆေးများကို လေနာ၍ အခံခက်အောင် ကျင်နာ ခြင်း, အားနည်းသော ရောဂါတို့၏ နှိပ်စက် ဖိစီးခြင်း ရှိမှသာ သုံးဆောင်ကောင်းပါသည်။

(ဂ) ထိုကဲ့သို့ ရောဂါဝေဒနာ တခုခုဖြစ်နေခြင်း, သို့မဟုတ် ဖြစ်လာတော့မည်ဟု သိသာ ထင်ရှားခြင်း ဟူသော အကြောင်းရှိလျှင်လည်း သုံးစွဲကောင်းပါသည်။

ဒက

(ဃ) ထိုရောဂါဝေဒနာကို စွန့်ခွါ ပယ်ရှင်း၍ ဆင်းရဲ ကင်းရှင်းစွာဖြင့် ဗုဒ္ဓမြတ်စွာ သာသနာတော်ကို ကြည် သာ ရွှင်လန်း ဖြည့်ကျင့်စွမ်းနိုင်ဘို့ အကျိုးငှါသာ ဤဆေးများကို သုံးစွဲ ကောင်းပါသည်။

(င) မွတ်သိပ် ဆာလောင်ရုံ သက်သက်ဖြင့် ထန်းလျက် ကြံသကာ ချိုချဉ် သကြားလုံး စသည်များ ကို နေလွှဲ အခါ၌ မသုံးဆောင်ကောင်းပါ၊ ထန်းလျက်ရည်

## PAGE 47
<!-- 10 paragraphs, raw extraction -->

၃၂

ရုပ်ပုံ ရှင်ကျင့်ဝတ်

သကြားရည် ဘိလပ်ရည်နှင့် သန့်ရှင်း စင်ကြယ်စွာ စစ်ထားသော (မီးနှင့် ချက်ထားသည်လည်း မဟုတ် သော)ဖျော်ရည်ကိုသာ သောက်ကောင်းပါသည်။

(စ) ယခုအခါ တချို့နေရာ၌ ဆီ ကြက်သွန် စသည်ဖြင့် ရောစပ်၍ ညချင်းသုတ်ကို စားသောက်လေ့ရှိပါသည်၊
ထိုချင်းသုတ်ကား လက်သုတ် သရည်စာတမျိုးဖြစ် နေသောကြောင့် လုံးလုံး မစားအပ်ပါ၊ ချင်းနှင့် သင့် မြတ်သော ရောဂါရှိလျင်ကား ချင်းရည်နှင့် ချင်းသက် သက်ကိုသာ သောက်စားအပ်ပါသည်။

သူ ့နေရာနှင့်သူ အတိုချုပ် ဆင်ခြင်ပုံ

ဖျော်ရှည် ဘိလပ်ရည် စသည်ကို သုံးဆောင်သောအခါ… မွတ်သိပ် ဆာလောင်ခြင်းကို ပယ်ဖျောက်၍ သာသနာ့ဝန်ကို ထမ်းဆောင်နိုင်ခြင်းအကျိုးငှါ ဤဖျော်ရည်(ဘိလပ်ရည်) ကို သုံးဆောင်ပါ၏။

-

လေနာခြင်း အစာမကြေခြင်း စသည်တို့ကြောင့် ဆေးကို သုံးဆောင်သောအခါ – ဤရောဂါ ကင်းပျောက်၍ သာသနာ့ ဝန်ကို ထမ်းဆောင်နိုင်ခြင်းအကျိုးငှါ ဤဆေးကို သုံးဆောင်

ပါ၏။

ဤဆေးအတွက်ကား သူ့နေရာနှင့်သူ မဆင်ခြင်ဘဲ မသုံး စွဲရ၊ အကြောင်းမရှိဘဲ စားသောက်မိလျှင် ရဟန်းများမှာ အာပတ်သင့်၍ ကိုရင်များမှာ ဒဏ်ထိုက်၏၊ ထို့ကြောင့် ဆေးကို စားခါနီး၌“ဘာ့ကြောင့် စားပါသည်”ဟု အကြောင်း

## PAGE 48
<!-- 6 paragraphs, raw extraction -->

7

P-4-4-2-0

ပစ္စည်း ၄-ပါး ဆင်ခြင်ပုံ သင်ပြခဏ်း

ကို ဆင်ခြင်မိအောင် သတိပြုပါ၊ ထိုသို့ ဆင်ခြင်ပြီးသော် လည်း ဘုရားဝတ်တက်ရင်း ပုတီးစိပ်ရင်း ပြခဲ့သော ဆေး လင်္ကာကို ဖြည်းဖြည်းလွှတ်၍ ဆင်ခြင်ပါစေ။

၃၃

ကိုရင်များ တောစပ်နား၌ ပုတီးစိပ်ရင်း ပစ္စဝေက္ခဏာ ဆင်ခြင်နေပုံ။
