## PAGE 49
<!-- 22 paragraphs, raw extraction -->

၃၄

က။

ရုပ်ပုံ ရှင်ကျင့်ဝတ်

လေ့ကျင့်ခဏ်း မေးခွန်း

သင်္ကန်းကို ဆင်ခြင်သော လင်္ကာကို ပြပါ။

ခ ။ ချမ်း၍ သင်္ကန်းခြုံလိုသောအခါ အဘယ်သို့ ဆင်ခြင်မည်နည်း။

၁။

ဂ။

ဂ ။ လေ နေပူကြောင့်— သင်္ကန်းခြုံလိုသောအခါ အဘယ်သို့ ဆင်ခြင် မည်နည်း။

ဃ။ အပူ အအေး မှက် ခြင် မရှိဘဲ ရိုးရိုးသင်္ကန်းဝတ်သောအခါ အဘယ်သို့ ဆင်ခြင်မည်နည်း။

C ||

ဆွမ်းကို ဆင်ခြင်သော လင်္ကာကို ပြပါ။

စ ။ ဆွမ်းစားသောအခါ အတိုချုပ် ဆင်ခြင်ပုံကို ပြပါ။
ကျောင်းကိုဆင်ခြင်သော လင်္ကာကို ပြပါ။

ဆ။

0 11

ချမ်း၍ ကျောင်းထဲသို့ဝင်လျှင် အဘယ်သို့ ဆင်ခြင်မည်နည်း။
ဈ ။ ပူ၍ ကျောင်းထဲသို့ဝင်လျှင် အဘယ်သို့ ဆင်ခြင်မည်နည်း။
ဉ။ ဆေးကို ဆင်ခြင်သော လင်္ကာကို ပြပါ။

ဠ ။ ဆာ၍ ဖျော်ရည် ဘိလပ်ရည် စသည်ကို သောက်လိုလျှင် အဘယ် သို့ ဆင်ခြင်မည်နည်း။

ဌ ။ ရောဂါကြောင့် ဆေးကို သုံးဆောင်သောအခါ အဘယ်သို့ ဆင် ခြင်မည်နည်း။

၃ ။ တစုံတခုမျှ အကြောင်းမရှိဘဲ ဖျော်ရည် ဘိလပ်ရှည် သောက် ကောင်းသလား။

၁။

ရောဂါမရှိဘဲ စတုမဓု ထန်းလျက် ကြံသကာ သကြားလုံး စသည် တို့ကို စားကောင်းသလား။

ပစ္စည်း ၄-ပါး ဆင်ခြင်ပုံ ပြီး၏။

## PAGE 50
<!-- 10 paragraphs, raw extraction -->

၅-လိင် ၁၀-ပါး ဒဏ် ၁၀-ပါးကို

သင်ပြခဏ်း

လိင်ကျခြင်း။ ။ရှင်သာမဏေ၏ အသွင်ကို ပါဠိလို “လိင်္ဂ”ဟု ခေါ်၏၊ “သူ့အသက်ကိုသတ်မှု”စသော ပြစ်မှု

«

ဆယ်ပါးတွင် တပါးပါးကို ပြုကျင့်သော သာမဏေသည် ထို ရှင်သာမဏေ အသွင်ဖြင့် (သင်္ကန်းဝတ်လျက်)မနေကောင်း၊
ထိုသာမဏေ၏ အသွင်ကို ဖျက်၍ လူဝတ်လဲပေးရသည်၊ ထိုသို့ လူဝတ်လဲရလောက်အောင် ပြစ်မှုကျူးလွန်မိခြင်းကို “လိင်+ ကျသည်”ဟု ခေါ်ကြသည်၊ ပြစ်မှုဆယ်ပါးကား—

၁။ ပါဏာတိပါတ=သူ့အသက်ကို သတ်ခြင်း။ [ပိုးကောင် ကလေးများကိုသော်လည်း မသတ်ရ။]

၂။ အဒိန္နာဒါန=သူ့ဥစ္စာကို ခိုးခြင်း။ မြက်တပင်ကိုသော်မှု လိမ်၍ ညာ၍ ခိုး၍ လု၍ မယူရ။]

၃။ အဗြဟ္မစရိယ=မေထုန်အကျင့်ကို ကျင့်ခြင်း။[တိရစ္ဆာန် မ၌သော်မှ မမှီဝဲရ။]

၄။ မုသာဝါဒ-မုသားပြောခြင်း။ ပြောင်လှောင် ကျီစား လို၍သော်မှ လိမ်၍ မပြောရ။]

၅။ သုရာမေရယ= သေရည်အရက်ကို သောက်ခြင်း။
၆။ ဗုဒ္ဓဿ အဝဏ္ဏ ဘာသန=ဗုဒ္ဓမြတ်စွာ၏ အပြစ်ကို ပြောခြင်း။ [ဘုရားမဟုတ်ဘူး, အလုံးစုံကို မသိနိုင်ဘူး စသည်ဖြင့် မပြောရ။]

## PAGE 51
<!-- 11 paragraphs, raw extraction -->

၃၆

၁၀။

ရုပ်ပုံ ရှင်ကျင့်ဝတ်

၇။ ဓမ္မဿ အဝဏ္ဏ ဘာသန=တရားတော်၏ အပြစ်ကို ပြောခြင်း။ [ဤ တရားအတိုင်း ကျင့်လို့ ဝဋ်ဆင်းရဲမှ မလွတ်နိုင်ဘူး စသည်ဖြင့် မပြောရ။

ဂ။ သံဃဿ အဝဏ္ဏ ဘာသန= သံဃာတော်၏ အပြစ်ကို ပြောခြင်း။ [အရိယာ ဖြစ်ပြီးသော သံဃာတော်ကို “ကောင်းမွန်စွာ ကျင့်သူ မဟုတ်ဘူး” စသည်ဖြင့် သံဃာတော်ကို ထိခိုက်၍ မပြောရ။]

«

"

၉။ မိစ္ဆာဒိဋ္ဌိ=မိစ္ဆာအယူရှိခြင်း။ [ကံနှင့် ကံ၏ အကျိုးကို မယုံခြင်း, “မည်သူမဆို ဤဘဝမှ သေလျှင် ဘဝ ပြတ်တော့၏၊ နောက်ထပ် မဖြစ်ရ” ဟု ဥစ္ဆေဒဒိဋ္ဌိ စသော အယူရှိခြင်း။]

ဘိက္ခုနီသန=ဘိက္ခုနီမ၌ မေထုန်ကျင့်ခြင်း။

မှတ်ချက်။ ။ဤပြစ်မှု ၁၀-ပါးတွင် တပါးပါးကို ကျူး လွန်လျှင် ရှင်သာမဏေ အစစ် မဟုတ်တော့,

ရှေးကယူထားသော သရဏဂုံ ပျက်တော့၏။ သင်္ကန်း ဝတ် နှင့်နေသော်လည်း သရဏဂုံမတည်တော့၊ ထို့ကြောင့် ပြောဆို ဆုံးမ၍ ရမည့်သူမဟုတ်လျှင် လူဝတ်လဲစေ၍ ကျောင်းမှ နှင်ထုတ်ရမည်၊ ပြောဆိုဆုံးမ၍ ရလောက်သူဖြစ်လျှင်ကား လူဝတ် မလဲဘဲ ချက်ချင်း သရဏဂုံထပ်၍ ယူစေရမည်။ယခု ခေတ်၌ မကြာမကြာ သရဏဂုံ ထပ်ယူလေ့ ရှိသည်ကား ထိုပြစ်မှုများကို မကျူးလွန်မိဘဲ ထပ်လျှင် အကျိုးမထူးလှ၊
ကျူးလွန်မိ၍ နောက်ထပ် မဖြစ်အောင် စောင့်စည်းမည့်သူ
