## PAGE 52
<!-- 8 paragraphs, raw extraction -->

လိင်ဒဏ်များကို သင်ပြခဏ်း

၃၇

ဖြစ်လျှင် အပြစ်ရှိသည်နှင့်တပြိုင်နက် ဆရာ့ထံသွား၍ သရ- ဏဂုံထပ်သင့်သည်။ [ လိင် ဆယ်ပါး ပါဠိနှင့် အနက်ကို နောက်ဆက်တွဲကျမှ ပြမည်။]

"

ရှင်းလင်းချက်။ ။ပြခဲ့သော ပြစ်မှုဆယ်ပါးတွင် ရွှေငါးပါး သည် ဆယ်ပါးသီလတွင် ပါဝင်သော သိက္ခာပုဒ်များတည်း၊ ဘိက္ခုနီမကို မေထုန်ကျင့်မှုသည် ၃- နံပါတ် (အဗြဟ္မစရိယ) သိက္ခာပုဒ်နှင့် ထပ်နေသော်လည်း ဘိက္ခုနီမ၌ ကျင့်မှု၏ သာ၍ အပြစ်ကြီးကြောင်း ပြလိုသော ကြောင့် သီးခြားပညတ်ထားတော်မူသည်။

မှန်၏…အဗြဟ္မစရိယ ရိုးရိုးကို ပြုကျင့်သူသည် နောင်ခါ စောင့်စည်းလိုသောစိတ် ရှိလျှင် ရှင်သာမဏေ ထပ်၍ ဖြစ်ခွင့် ရ၏၊ အသက်စေ့လျှင် ရဟန်းပြုခွင့်လည်း ရ၏၊ ဘိက္ခုနီမ၌ ကျင့်မိသူကား (ရဟန်းပြုဘို့ မဆိုထားဘိ) ရှင်သာမဏေ ထပ်၍ ပြုခွင့်မျှ မရတော့ချေ။

ဒဏ်ထိုက်ခြင်း။ ။“ရေဒဏ် ဆယ်ခေါက် ထမ်းရမည်, သဲ ဒဏ် ငါးခေါက် ထမ်းရမည်, ကျောင်း ဝိုင်း အတွင်း၌ အမှိုက်ရှင်းရမည်” စသည်ဖြင့် အပြစ်ပေးမှု (နောင်မပြုဝံ့အောင် နှိပ်ကွပ်မှု)ကို “ဒဏ်ပေးခြင်း”ဟု ခေါ်၏၊
ထိုသို့ ဒဏ်ပေးခံရလောက်အောင် ပြစ်မှု ကျူးလွန်မိခြင်းကို ဒဏ်ထိုက်သည် ”ဟုခေါ်၏၊ “ဒဏ်ပေးခြင်းငှါ+ ထိုက်သည် ဟု ဆိုလိုသည်၊ ထို ဒဏ်ထိုက်လောက်သော ပြစ်မှု ဆယ်ပါး

ကား-

## PAGE 53
<!-- 10 paragraphs, raw extraction -->

၃၇

ရုပ်ပုံ ရှင်ကျင့်ဝတ်

၁။ ဝိကာလဘောဇန သိက္ခာပုဒ်ကို မစောင့်ရှောက်ခြင်း။
၂။ နစ္စ ဂီတ သိက္ခာပုဒ်ကို မစောင့်ရှောက်ခြင်း။
၃။ မာလာဂန္ဓ သိက္ခာပုဒ်ကို မစောင့်ရှောက်ခြင်း။

၄။ ဥစ္စာသယန မဟာသယန သိက္ခာပုဒ်ကို မစောင့် ရှောက်ခြင်း။

၅။ ဇာတရူပသိက္ခာပုဒ်ကို မစောင့်ရှောက်ခြင်း။
[ ဤ ငါးပါးသည် ဆယ်ပါးသီလတွင် ပါဝင်သော သိက္ခာပုဒ်များတည်း။ ]

၆။ ရဟန်းတော်များကို လာဘ်မရအောင် အားထုတ် ခြင်း။ [ ဆွမ်း သင်္ကန်း စသည်ကို မလှူချင်အောင် မဟုတ်မမှန်သော အပြစ်ကို လုပ်ကြံ၍ လူတို့အား ပြောဆိုခြင်း။ ]

၇။ ရဟန်းတော်များကို နေမြဲ ကျောင်း၌ မနေနိုင်အောင် အားထုတ်ခြင်း။ [ တစုံတခုသော အမှုအပြစ်ကြောင့် ထိုကျောင်းမှ ထွက်သွားရအောင် အားထုတ်ခြင်း, ကောင်းမွန်စွာ မနေသူကို ထွက်သွားအောင် ပြုလုပ် ခြင်း၌ ဒဏ်မထိုက်။ ]

ဂ။

ရဟန်းတော်များကို အကျိုးမဲ့ ( အကျိုးမရှိ ) ဖြစ် အောင်(ဘေးအန္တရာယ်ဖြစ်အောင်)အားထုတ်ခြင်း။

၉။ ရဟန်းတို့ကို ဆဲခြင်း, ရိုက်မည် နှက်မည် စသည်ဖြင့် ခြိမ်းချောက်ခြင်း။

## PAGE 54
<!-- 13 paragraphs, raw extraction -->

လိင်ဒဏ်များကို သင်ပြခဏ်း

၃၉

၁၀။ ရဟန်းတော်ချင်း ကွဲပြားအောင် (မအောင်) ဂုံး တိုက်ခြင်း=ရန်တိုက်ခြင်း။

ဤ ဆယ်ပါးတွင် တပါးပါးကျူးလွန်သော ရှင်သာမဏေ ကို “ ဤကျောင်းသို့ မလာနှင့်”ဟု တားမြစ်သော အားဖြင့် ၎င်း သဲဒဏ် ရေဒဏ် ပေးသောအားဖြင့်၎င်း နှိပ်ကွပ် ဆုံးမ ရမည်။[ ဒဏ် ၁၀-ပါး ပါဠိအနက်ကို နောက်ဆက်တွဲ ကျမှ ပြမည်။ ]

လေ့ကျင့်ခဏ်း မေးခွန်း

က။ လိင်ဆယ်ပါးကို ရေတွက်ပြပါ။

ခ ။ လိင်ဆယ်ပါးတွင် ဆယ်ပါးသီလနှင့်တူသော သိက္ခာများ ကို ပြပါ။

ဂ ။ ဒဏ်ဆယ်ပါးကို ရေတွက်ပြပါ။

သ။ ဒဏ်ဆယ်ပါးတွင် ဆယ်ပါးသီလနှင့်တူသော သိက္ခာများ ကို ပြပါ။

C II

လိင်ဆယ်ပါးတွင် တပါးပါး ကျူးလွန်သူကို အဘယ်သို့ ပြုရမည်နည်း။

စ ။ ဘိက္ခုနီမ၌ မေထုန်ကျင့်မှုသည် အဗြဟ္မစရိယနှင့် တူပါ လျက် ဘာ့ကြောင့် သီးခြားပြရသနည်း။

ဆ။ ဒဏ်ဆယ်ပါးတွင် တပါးပါး ကျူးလွန်သူကို အဘယ်သို့ ပြုရမည်နည်း။
